အခန်း ၁၄၆
Vol. 15 Ch. 146
146 01
အပိုင်း (၁၄၆)
ထို့နောက် မကြာခင်မှာတင် ရှုရှင်း၏ အာရုံကလည်း ထိုအတွဲက အစစ်အမှန်ဟုတ်မဟုတ် ဂရုမစိုက်နိုင်တော့ဘဲ ပြိုင်ပွဲဘက်သို့ ရောက်သွားသည်။
ရှောင်းလုံ၏ ပြိုင်ဘက်က မီးအခြေပြု စွမ်းအားရှိသော တတိယအလယ်အလတ်အဆင့်မှ စွမ်းအားပညာရှင် ဖြစ်သည်။ သူတို့၏စွမ်းရည်ကလည်း မြင့်မားသော ခြိမ်းခြောက်နိုင်စွမ်းရည်ရှိပြီး အလွန်အမင်း ခမ်းနားထည်ဝါစွာ အသုံးပြုနိုင်သော အနေအထားမျိုးဖြစ်သည်။
တိုက်ခိုက်လိုက်ချိန်တိုင်းလိုလို မီးပွားများလက်ကာ လျှပ်စီးများ လက်သည်။ အလွန်အမင်းလည်း လှသည်။ ထို့ကြောင့် သူဟာ မီးပန်းကြည့်နေရသည်ဟုပင် ထင်ယောင်းထင်မှား ခံစားမိလာသည်။ နေ့အချိန်ထက် ညအချိန်က ပိုလှမည်ဟုပင် နောင်တရမိသေးသည်။
သူမပစ္စည်းများ စုဆောင်းခဲ့ချိန်က မီးပန်းများက အလွန်အသုံးမဝင်သောကြောင့် ထည့်သွင်းစဉ်းစားခဲ့ခြင်း မရှိပေ။ သူမ၏ နေရာလပ်နယ်မြေထဲတွင် မရှိလေသောကြောင့် မဟုတ်လေဘဲ သူမက ယမ်းမှုန့်များ ဝယ်သောအခါ ဆိုင်ရှင်က ဗူးငါးဆယ် လက်ဆောင်ပေးလိုက်ခြင်း ဖြစ်သည်။ သူမကလည်း ယခင်က ဆိုလျှင် ထိုဗျောက်အိုးများကိုသုံးပြီး ဇွန်ဘီများကို ဆွဲဆောင်ရန်သာ အသုံးပြုခဲ့ခြင်း ဖြစ်သည်။ မီးပန်းက တောက်ပပြီး လှပသော်လည်း အခြားသော အရာများကြောင့် အလျှင်းမသင့်ပေ။ ထို့ကြောင့် အသုံးပြုခဲ့ခြင်း ဖြစ်သည်။
အခြေစိုက်စခန်းတွင် ညဘက် မီးပန်းထဖောက်ရန်လည်း မဖြစ်နိုင်လောက်ပေ။ အဝေးမှ ဇွန်ဘီများကိုလည်း ဆွဲဆောင်မိလောက်သည်။ ဇွန်ဘီကပ်ဘေး ဖြစ်လာသောအခါ လူတိုင်းက ဝင်မည် ဖြစ်သည်။ မည်သို့ပင်ဆိုစေ အဆုံးသတ်ကာလတွင် စားစရာက ရှားပါးသည်။ နေ့စဉ်အသုံးအဆောင် ပစ္စည်းများကလည်း ရှားသည်။ ထို့ကြောင့် မည်သူကမှ ဗိုက်လည်း မပြည့် ကိုယ့်ကိုယ်ကိုယ်လည်း မကာကွယ်နိုင်သော မီးပန်းကို စိတ်ဝင်စားလိမ့်မည် မဟုတ်ပေ။
ရှုရှင်း၏အတွေးကလည်း အစစ်အမှန်မီးပန်းကို မကြည့်နိုင်သည့်အခါ ဒီတိုက်ပွဲကိုသာ ကြည်မည်ဆိုပြီး အာရုံပြန်ပြောင်းလိုက်သည်။
ကွင်းထဲမှ သဘာဝလွန်စွမ်းအားရှင် နှစ်ယောက်က ပြင်းပြင်းထန်ထန် တိုက်ခိုက်သမျှ ရှုရှင်း၏ မျက်လုံးက တောက်ပသထက် တောက်ပလာသည်။
ယန်မော့ကပင် ရှုရှင်းဟာ ရှောင်းလုံ၏ ပြိုင်ပွဲကို အလွန်အာရုံစိုက်နေသည်ကို ကြည့်ပြီး နည်းနည်း သဝန်တိုသွားသည်။ သို့သော် သူ၏ပေါင်ပေါင် အာရုံစိုက်နေသောအရာကို နောက်ပိုင်း သိပြီးမှသာ ရယ်ရခက် ငိုရခက် ဖြစ်သွားသည်။
အာ..တကယ်ကို အရူးလေးပဲ။
ကွင်းထဲမှ လူနှစ်ယောက်ကသာ သူတို့၏ပြိုင်ပွဲကို မီးပန်းအဖြစ် သတ်မှတ်ခံရမှန်းသာသိရင် ဘယ်လိုများ တွေးကြမလဲ။ ပထမတစ်ပွဲက ခပ်မြန်မြန် အဆုံးသတ်သွားသည်။ ငါးမိနစ်သာ ကြာ၏။
ရှောင်းလုံက အကြွင်းမဲ့ အနိုင်မျိုးဖြင့်နိုင်သွားသည်။
“ဝါး… ငါတို့ နိုင်တယ်။ ခေါင်းဆောင်ရှောင်း နိုင်တယ် ဝူး ဟူး”
ထိုသို့ဖြင့် ကြည့်ရှုနေသူများထံမှ အော်ဟစ်သံများ ထွက်လာသည်။
“ဟားဟား ကောင်းတယ်”
အလယ်ခုံတွင် ထိုင်နေသော ရှုန်းဟုန်သာ့က ပျော်ရွှင်မှုကို မဖုံးကွယ်ထားဘဲ အော်ရယ်သည်။
နံဘေးမှ စုပေါ်ကျွင်းကလည်း မည်သည့် အမူအရာကိုမှ မပြသပေ။ ရလဒ်ကို ဂရုစိုက်ပုံမရပေ။
“ခေါင်းဆောင်စု ငါတို့ ဒီတစ်ပွဲနိုင်တယ်”
146 02
“ငါးပွဲကျန်သေးတာပဲ။ အလျှင်မလိုပါဘူး”
ဝံပုလွေကြီးနှင့် ဝံပုလွေလေးတို့က အချင်းချင်း ကြည့်ကြသည်။ ထို့နောက် ပြိုင်ပွဲကို အာရုံပြန်စိုက်သည်။ နောက်ထပ် နှစ်ပွဲတွင် Hမြို့မှ လူများ နိုင်သွားသည်။ ရှုန်းဟုန်သာ့၏ မျက်နှာပေါ်မှ အပြုံးများက စုပေါ်ကျွင်းစီ ပြန်ရောက်သည်။ ပထမသုံးပွဲတွင် တစ်ပွဲသာ နိုင်ထားပြီးသောကြောင့် လေးပွဲမြောက်က အလွန်အမင်း အချက်အချာ ကျသွားသည်။ သူတို့ကသာ လေးပွဲ မြောက်ကိုနိုင်မည်ဆိုလျှင် နိုင်ရန် အခွင့်အရေးရှိသေးသည်။ လေးပွဲမြောက်ကို ရှုံးပါက နောက်ထပ် တိုက်ပွဲ နှစ်ပွဲအရ သရေဖြစ်သွားနိုင်သည်။
လေးယောက်မြောက် ပေါ်လာသော သူက လန်ကျင်းမင် ဖြစ်သည်။ ထို့ကြောင့် ရုတ်တရက် ဖိအားမြင့်သွားသည်။
“ဟူး…”
လန်ကျင်းမင်က အသက်ကို ပြင်းပြင်းရှူပြီးနောက် ကွင်းထဲသို့ဝင်သည်။ တိုက်ဆိုင်သည်လားမသိ တစ်ဖက်မှ လွှတ်လိုက်သောလူကလည်း လန်ကျင်းမင်နှင့် သဘာဝလွန်စွမ်းအား တူနေသူ ဖြစ်သည်။ တစ်ဖက်သူသည် အခြေပြုစွမ်းအားကို ပိုင်ဆိုင်ထားသည်။ သူတို့၏ သဘာဝလွန်စွမ်းအားအဆင့်ကလည်းတူသည်။ ထိုအချိန်တွင် နှစ်ဖက်လုံးက သူတို့၏စွမ်းရည်ဖြင့် မည်သို့ကောင်းမွန်စွာအသုံးပြုနိုင်ကြောင်း မည်မျှ ကျွမ်းကျင်ကြောင်း ခန္ဓာကိုယ်ထဲတွင် မည်မျှ သိုလှောင်ထားကြောင်းစသဖြင့် အချက်များကိုသာ ယှဉ်ပြိုင်ကြရမည်။
နှစ်ဖက်လုံးကလည်းပြိုင်ပွဲ၏ အရေးပါမှုကို သိသည်။ ထို့ကြောင့် နှစ်ဖက်လုံးကလည်း အင်အားကို ထုတ်သုံးကြ၏။ ထိုပြိုင်ပွဲတွင် ရှုန်းဟုန်သာ့နှင့် စုပေါ်ကျွင်းတို့ကလည်း နှစ်ယောက် သဘောတူ လက်ခံမှုအပြည့်နှင့်သရေအဖြစ် သတ်မှတ်လိုက်ပြီး အဆုံးသတ်သွားသည်။
နှစ်ဖက်စလုံးက ပြင်းပြင်းထန်ထန်း ဒဏ်ရာရသွားလေရာ အခြားသော သူများက ကူပြီး အောက်သို့ တွဲချပေးရသည်။ ယခုအခါ ပြိုင်ပွဲက ငါးပွဲမြောက်သို့ ရောက်သွားသည်။
******