အခန်း ၁၄၇
Vol. 15 Ch. 147
147 01
အပိုင်း (၁၄၇)
“အို မကောင်းတော့ဘူး။ ဖိအားက နင်…..လူငယ်လေးဆီ ရောက်သွားပြီ”
ရှုရှင်းက ပုရှန်းဝမ်၏ပခုံးကို စနောက်သော လေသံမျိုးဖြင့် ပြုံးကာ လှမ်းပုတ်လိုက်သည်။
မျက်လုံးမှိတ်မတတ် ပြုံးနေသော jpg
“ကျွတ်စ်… ဘာဖိအားမှ မရှိဘူး ဟုတ်ပြီလား။ နောက်ပြီး ငါ့ကို မနိုင်ရင်တောင်မှ အဲဒီလောက်ထိ ပြင်းပြင်းထန်ထန် ကြိုးစားနေစရာမှ မလိုတာ။ အနည်းဆုံး အိပ်ယာထဲမှာ တစ်ပတ်လောက် လဲနေရအောင်ပဲ လုပ်ပေးထားလိုက်မယ်”
ပုရှန်းဝမ်၏ နှုတ်ခမ်းက ကော့တက်သွားပြီး ပြောသည်။
“ဟုတ်တယ် ဟုတ်တယ်။ နင်ပြောတာမှန်တယ်”
ရှုရှင်းက မျက်နှာချင်းဆိုင်ဘက်မှ စောင့်ဆိုင်းသော နေရာဘက်သို့ ကြည့်လိုက်ပြီး အသားကို စားရသော ကြောင်ပေါက် တစ်ကောင်ကဲ့သို့ ပြုံးနေသည်။ သူမ၏ မျက်လုံးထဲတွင် အလင်းများ လက်နေသည်။
???
ရှုရှင်း၏ထူးဆန်းသော အမူအရာကို ပုရှန်းဝမ်က နည်းနည်းမကောင်းသော အနံ့ရလိုက်သည်။ သို့သော် အကြောင်းပြချက်ကိုလည်း နားမလည်ပေ။
သူဟာ ပြိုင်ပွဲထဲသို့ ဝင်သွားပြီး တစ်ဖက်မှ ထွက်လာသောသူကို မြင်လိုက်သောအခါ သူ၏ စိတ်ရှုပ်ထွေးမှုနှင့် ရှုရှင်း၏ ပုံမှန်မဟုတ်မှုကို ရှင်းပြနိုင်သွားသည်။
မျှတစေရန်အလို့ငှာမည်သည့် ဘက်ကမှလည်း မည်သည့် သူများပေါ်လာမည်ဟု အကြောင်းမကြားထားပေ။ ထို့ကြောင့် ကွင်းထဲ ရောက်မှသာ ပြိုင်ဘက်ကို သိနိုင်လေသည်။
တစ်ဖက်မှ သူက ယန်ရှီးချောင် ဖြစ်နေသည်။ သူကလည်း ကြမ်းတမ်းစွာ မလှုပ်ရှားခဲ့ဘဲ အကျိုးအမြတ်ကို ကြိုမယူပါက သူဆုံးရှုံးထားခဲ့သော အပြစ်ကင်းစင်မှုနှင့် ကိုက်ညီတော့မည် မဟုတ်ပေ။
ယန်ရှီးချောင်ကလည်း သိသာစွာပင် ပုရှန်းဝမ်ကို မြင်လိုက်သည်။ သူ၏ အမူအရာကလည်း အလွန်အမင်း စိတ်လှုပ်ရှားစရာ ကောင်းသည်။ ကြည့်ရှုသူများဘက်မှ ယန်ကျစ်ဇယ်၏ အမူအရာက မပျော်မရွှင် ဖြစ်သွားသည်။
“ကျွတ် ကျွတ် ကျွတ် ယူရမယ့် အကျိုးအမြတ်က တံခါးဝရှေ့ရောက်လာတာပဲ”
ပုရှန်းဝမ်က လက်ကောက်ဝတ်နှင့် ခြေမျက်စိကို လှုပ်နေရင်း စင်မြင့်ပေါ်သို့ အသာတက်သွားလိုက်သည်။
ယန်ရှီးချောင်၏စွမ်းရည်က သစ်သားစွမ်းရည် ဖြစ်နေသည်မှာ ပို၍ပင် ကံဆိုးသည်။ အကြောင်းမူကာ ပုရှန်းဝမ်၏စွမ်းရည်က မီးစွမ်းအားဖြစ်သည်။ သဘာဝအရပင် တစ်ဖက်သူ၏ စွမ်းအားကိုချုပ်ထိန်းနိုင်နေပြီးသား ဖြစ်သည်။
မည်သည့်ဘက်ကမှ မထိန်းချန်ထားကြသလို စမ်းသပ်ရန်လည်း မလိုအပ်ပေ။ သူတို့က အစတွင်ကတည်းက ပြိုင်ဘက်ကင်းအကွက်ကို ထုတ်သုံးလိုက်သည်။ တစ်ဖက်ချင်းစီတိုင်းက ပြိုင်ဖက်၏အားနည်းသောနေရာကို ထိုးရန် ဆုံးဖြတ်ထား၏။ အောက်ဖက်မှ ကြည့်နေသော သူများကလည်း အံ့အားတကြီးပင် ဖြစ်သွားကြသည်။
အလယ်မှ ထိုင်နေသော သူများက အခြားသော သူများလောက် မအံ့ဩချေ။ အလွန်တည်ငြိမ်နေသည်။ အကြောင်းမူကား အစောပိုင်းက သူတို့၏ ပြောစကားအရ အခြေအနေကို အနည်းငယ် နားလည်ထားလိုက်သည့်အတွက် သူတို့က ထိုသို့ အကြိတ်အနယ် တိုက်ခိုက်ကြသည်ကို မအံ့ဩချေ။
ပို၍ဆိုးသည်မှာ ရှုန်းဟုန်သာ့နှင့် စုပေါ်ကျွင်းတို့က ဘာကိုမှ မပြောဘဲ တိုက်ခိုက်သည့် ပုံစံကို နားလည်ထားသည်ဖြစ်လေရာ အခြားသော သူများကလည်း မပြောနိုင်ကြပေ။
147 02
သိပ်သည်းသော ဆူးပါသည့်နွယ်ပင်များက မြေပြင်ထဲမှ ဖောက်ထွက်လာပြီး ပုရှန်းဝမ်အား ရှေ့ပြန်နောက်ပြန် တိုက်ခိုက်သည်။
ပုရှန်းဝမ်ကလည်း ထိုအဆင့်တိုက်ခိုက်မှုလောက်ကို အလေးအနက် ထားမနေပေ။ သူက လက်ကို ဆန့်ထုတ်လိုက်ပြီး မီးနဂါးနှစ်ကောင်ဖြင့် နွယ်ပင်များအားလုံးကို လောင်ကျွမ်းပစ်လိုက်သည်။
မီးနဂါးများက နွယ်ပင်များကို လောင်ကျွမ်းပြီးသည့်တိုင်အောင် မပျက်ပြယ်သွားသေးဘဲ တူညီသော အပူချိန်ကို ထိန်းသိမ်းရင်း ယန်ရှီးချောင်ထံသို့ ဝင်ရောက်သွားသည်။
“အား…”
ယန်ရှီးချောင်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ၏ အရှေ့တွင် သိပ်သည်းသော နွယ်ပင်များက ဒိုင်းတစ်ခုအဖြစ် ထိုမီးနဂါးကို တားသည်။ သူကပင် စိတ်အေးစွာ သက်ပြင်းမချနိုင်သေးခင် ရုတ်တရက် အနောက်ဖက် လေထဲမှ ကွဲအက်သံသဲ့သဲ့ကို ကြားလိုက်ရသည်။ သူက ကြောက်လန့်တကြား ခေါင်းကို လှည့်လိုက်ချိန်တွင် အဖြူရောင်ပုံရိပ်တစ်ခုကို ဖြတ်ကနဲ မြင်လိုက်ရပြီး ရင်ဘတ်က စူးကနဲ အောင့်သွားသည်။ မြင်ကွင်းနှစ်ခုလုံးကလည်း လျှင်မြန်စွာပြောင်းလဲပြီး ခန္ဓာကိုယ်ကလည်းမြေပြင်ပေါ်သို့ ဝုန်းကနဲ ပြုတ်ကျကာ ဖုန်များ မြောက်တက်လာသည်။
“အစ်ကို”
ဘေးဘက်မှ ရပ်ကြည့်နေသော ယန်ကျစ်ဇယ်ကလည်း လက်အောက်မှ တိုင်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး စိုးရိမ်စိတ်များလာသည်။ သူသည်လည်း ပြိုင်ပွဲထဲသို့ ချက်ချင်း အပြေးဝင်သွားချင်နေ၏။
“အဟွတ် အဟွတ်”
“ကျွတ် အားနည်းလိုက်တာ။ တစ်ချက် ကိုင်လိုက်ရုံနဲ့ သွေးအန်သွားတယ် ဟုတ်လား။ ငါ့ကို လာလိမ်ချင်နေတာလား”
ပုရှန်းဝမ်က ယန်ရှီးချောင် တူးထားသော တွင်းအရှေ့တွင် ရပ်နေရင်း ကိုယ့်ကိုယ်ကိုယ် စကားပြောနေသည်။
“အဟမ်း”
သူ၏ မျက်လုံးရှေ့မှ အမှောင်ထု ပျက်ပြယ်သွားသောအခါ ယခုလေးတင် အာရုံခံငါးပါး ပြန်လည်ခံစားနိုင်ခါစ ပုရှန်းဝမ်၏ စကားလုံးများကြောင့် သေအောင် ဒေါသထွက်မတတ် ဖြစ်သွားသည်။
ထိုပြိုင်ပွဲကလည်း သံသယဝင်စရာပင် မရှိပေ။ အနိုင်က ပုရှန်းဝမ် ဖြစ်သည်။
******