အခန်း ၁၄၈
Vol. 15 Ch. 148
148 01
အပိုင်း (၁၄၈) အရူး
မူချီမိုင်က နောက်ဆုံးတစ်ပွဲကို အနိုင်ရရန် အင်အားအများကြီး စိုက်ထုတ်လိုက်ရသည်။ သူတို့အခြေစိုက်စခန်းက ခြောက်ပွဲတွင် သုံးပွဲ နိုင်သွားပြီး တစ်ပွဲက သရေဖြစ်သည်။ ထို့ကြောင့် အနည်းငယ် အားသာချက်ဖြင့် အနိုင်ရသွားသည်။
“ဟားဟား ခေါင်းဆောင်စု ကြည့်ရတာ ငါတို့ဘက်က နည်းနည်းသာတာပဲ။ ဒါပေမဲ့ ပြိုင်ပွဲရဲ့ ရလဒ်တွေကို အရမ်းကြီး အလေးအနက် မထားပါနဲ့။ အခြေစိုက်စခန်းနှစ်ခု ပူးပေါင်းတဲ့အပေါ် သက်ရောက်သွားရင် မကောင်းဘူးလေ”
ရှုန်းဟုန်သာ့၏အနိုင်ရသောကြောင့် ပျော်ရွှင်နေသော အပြုံးကြီးက ဖုံးကွယ်ထား၍ပင် မရပေ။ သူသည် မတ်တပ်ပင် ထရပ်လိုက်ပြီး စုပေါ်ကျွင်း၏ ပခုံးကို ဂုဏ်ယူစွာသွားပုတ်သည်။
“ဒါပေါ့ ပြိုင်ပွဲက အခြေစိုက်စခန်း နှစ်ခု အကြားက ရင်းနှီးတဲ့ အနေနဲ့ ဖလှယ်တဲ့ သဘောပဲ သဘာဝကျကျပဲငါတို့ရဲ့ ပူးပေါင်းမှုအပေါ် မသက်ရောက်ပါဘူး”
စုပေါ်ကျွင်းကလည်း ပြိုင်ပွဲ၏ ရလဒ်ကို အရမ်း ဂရုစိုက်ပုံမရပေ။
အနိုင်က ကောင်းသည်။ ရှုံးလျှင်လည်း အများကြီး မသက်ရောက်ပါပေ။ ဒီအတိုင်း စမ်းသပ်မှုသာ ဖြစ်သည်။ သူတို့ ဒီတစ်ခေါက် ပြိုင်ပွဲ ပြိုင်ရသည့် ရည်ရွယ်ချက်ကမူ C မြို့ အခြေစိုက်စခန်းမှ စိတ်စွမ်းအား ပညာရှင်များ၏ အင်အားကို သိလို၍ ဖြစ်သည်။ သူတို့၏ ကိုယ်ပိုင် အခြေစိုက်စခန်းက အဆင့်အမြင့်ဆုံး အဆင့်စွမ်းရည်က အဆင့်လေးသို့ ရောက်နေသည်။ လက်ရှိ အခြေအနေအရ C မြို့တွင် အဆင့်တူသော အနေအထားမျိုးမှ လူများ ရှိနေ၏။ ထိုလူများကိုသာ သူတို့၏ အခြေစိုက်စခန်းသို့ ခေါ်လာနိုင်မည်ဆိုလျှင်….
စုပေါ်ကျွင်း၏ အတွေးက တက်ကြွသွားသည်။ မရေမတွက်နိုင်သော အတွေးပေါင်းများစွာ ဖြတ်ပြေးသွား၏။ အာရုဏ်ဦးအသင်းမှ လူတိုင်း၏အင်အားက အဆင့်လေးအစောပိုင်း အဆင့်ဖြစ်လောက်သည်။ ခေါင်းဆောင်အနေနှင့် ယန်မော့ကလည်းအင်အားပိုကြီး နိုင်သည်။ ယန်မော့က ယန်ချွယ်၏ သားဖြစ်သည်။ ထို့ကြောင့် ခေါ်ရလွယ်လောက်သည်။
ဒါပေမဲ့ သူတို့သားအဖ နှစ်ယောက်ရဲ့ ဆက်ဆံရေးက မကောင်းဘူးဆိုပဲ။ ငါတို့ ဒီနည်းလမ်းကို သုံးပြီး လူတွေကို ချဉ်းကပ်ရင်းနဲ့ ယန်ချွယ်ရဲ့ အင်အားကို ယူနိုင်လောက်မလား။
သူ၏အကြံလေးကပင် မစတင်သေးခင် သူ့ကိုပိုပြီး ဖိအားများစေသော သတင်းက ရောက်လာသည်။
“ထပ်ပြော ဘာဖြစ်တယ်”
“ယန်ကျစ်ဇယ်က အာရုဏ်ဦးအသင်းရဲ့ စံအိမ်ဝင်ပေါက်မှာ သွားပြီး ပြဿနာရှာနေတယ်။ အဲ့ဒီလိုနဲ့ အာရုဏ်ဦးအသင်းက သူ့ကို ဖမ်းသွားတယ်။ အဲဒီနောက် ဘာဖြစ်လဲ မသိရတော့ဘူး”
“သူက ဘာဖြစ်လို့ အာရုဏ်ဦးအသင်းကို သွားပြီး ပြဿနာရှာတာလဲ”
“ကြည့်ရတာ ယန်ရှီးချောင်ကို ကုပေးတဲ့ ဆရာဝန်က သူ့ခြေထောက်က ကျိုးသွားပြီး ပြန်မတ်တပ် မရပ်နိုင်လောက်ဘူးလို့ ပြောလို့လေ”
“အရူး”
စုပေါ်ကျွင်းက ယန်ကျစ်ဇယ်၏တုံးအမှုကြောင့် ဒေါသလည်း ထွက်ကာ သေအောင် ကြောက်သွားပြီး ခေါင်းကပင် တဝီဝီ မြည်လာသည်။ ချက်ချင်းဆိုသလို ထထွက်လာသည်။ သူသည်လည်း သူတို့အကြားတွင် ရန်ငြိုးရှိမှန်းသိသည်။ သို့တိုင်အောင် တစ်ဖက်သူထံသို့ အပြေးအလွှားသွားခဲ့သေး၏။ ရလဒ်ကမည်သို့ပင် ဖြစ်ဖြစ် မျှတသည်။
ယခုအခါ H မြို့မှ စေလွှတ်လိုက်သည့် ကိုယ်စားပြု ခေါင်းဆောင် တစ်ယောက် အနေဖြင့် ထိုသို့လွှတ်ထား၍ မရချေ။ ထိုအရူးအပေါ် ရွံရှာစိတ်ကို ဖိနှိပ်လိုက်ကာ ယန်မော့ကိုသာ သွားရှာရတော့ပေမည်။
ယန်မော့ကလည်း သူ၏မျက်နှာချင်းဆိုင်တွင် ထိုင်နေသာ စုပေါ်ကျွင်းက ယန်ကျစ်ဇယ်အတွက် အသနားခံနေသည်က ရယ်စရာကောင်းသည်ဟု ခံစားရသည်။ သူသည် ထိုကောင်ကို အတော်လေး ဉာဏ်ကောင်းသည်ဟု ထင်နေခြင်း ဖြစ်သည်။ ယခုမူ ထင်သလောက် မဟုတ်လောက်ပေ။
သူက တုံးသွားတာလား။
“ခေါင်းဆောင်စု ဒီနေ့ ဘာကြောင့် ဒီကို လာတာလဲဆိုတာ ငါသိပါပြီ။ ဒါပေမဲ့ ဒီလူကို မလွှတ်ပေးနိုင်ဘူး ဆိုတော့ ဘာလို့ အလကားနေရင်း လေလာဖြုန်းနေတာလဲ”
148 02
ယန်မော့ကလည်း တစ်ဖက်သူ ပြောသည့် စကားကို ဖြတ်ပြောလိုက်ပြီး တိုက်ရိုက်ပင် နှင်ထုတ်သည့် အမူအရာပြသည်။
စုပေါ်ကျွင်းကလည်း ထွက်သွားရတော့ပေမည်။ သူက စံအိမ်ထဲမှ ထွက်သောအခါ နောက်မှ ခံစားချက်ကင်းမဲ့သော အသံက ထွက်လာသည်။
“ငါတို့ အခြားတစ်ယောက်ကိုလည်း ခေါ်ထားမယ်ဆိုတဲ့ အကြောင်းကို ခေါင်းဆောင်စုကို ကြိုပြောရအုံးမယ်”
စုပေါ်ကျွင်း : ကြိုပြောတဲ့အတွက်တောင် ကျေးဇူးတင်ရအုံးမှာလား
ယန်မော့ : ဆန္ဒရှိရင်တော့ ရတယ်
စုပေါ်ကျွင်း : …
စုပေါ်ကျွင်းက အလွယ်တကူ လက်လျော့တတ်သောသူမျိုး မဟုတ်ပေ။ သူသည်လည်း ထိုကိစ္စနှင့် ပတ်သက်ပြီး ရှုန်းဟုန်သာ့ကို သွားပြောသေးသည်။ သူ့ကို ကူညီပြီး ဖြန်ဖြေပေးရန် မျှော်လင့်သည်။ သို့ရာတွင် ထိုမြေခွေးအိုကြီးကလည်း ရုံးခန်းထဲတွင် ပုန်းနေပြီး အတွေ့မခံဘဲ နေလိမ့်မည်ဟု မထင်ထားမိပေ။
သူသည် တတ်နိုင်သမျှ အရာအားလုံးကို လုပ်ပြီးသွားလေပြီ။ ဖြေရှင်းချက်လည်း မရှိတော့ပေ။ ထို့ကြောင့် နောက်ပိုင်း ဆက်ဖြစ်သည့် ကိစ္စက သူနှင့် မဆိုင်တော့ပါပေ။
ပြောရမည် ဆိုလျှင် သူသည်လည်း ယန်ချွယ်က သူ့ထံ လူလာတောင်းမည့် ကိစ္စကို မစိုးရိမ်ပါပေ။ ထို့အပြင် တစ်ဖက်သူက ဒေါသထွက်သွားမည့် အခြေအနေကိုလည်း စိုးရိမ်စရာ မလိုအပ်ပေ။
ယန်မော့၏နာမည်ကို ထုတ်ပြောလိုက်သည်နှင့် ယန်ချွယ်ဟာ သူတို့အကြားမှ ရန်ငြိုးကို မသိဘဲမနေပေ။ သူက တစ်ယောက်ယောက်ကို အပြစ်တင်လိုလျှင် အခြေစိုက်စခန်းက သဘောတူမတူ ဆိုသည့် ကိစ္စကို ကြည့်ရအုံးပေမည်။
******