အခန်း ၁၄၉
Vol. 15 Ch. 149
149 01
အပိုင်း (၁၄၉) ခွဲခြမ်းစိတ်ဖြာမှု
စုပေါ်ကျွင်းက C မြို့အခြေစိုက်စခန်းသို့ ရောက်သည်မှာ တစ်လနီးပါးခန့် ကြာလေပြီ။ အချိန်ကလည်း အလကားဖြုန်းနေခြင်း မဟုတ်ပေ။ သူဟာ သုတေသန အသက်မွေးဝမ်းကြောင်းထဲသို့ဝင်ရန် ကြိုးစားပြီး မဝင်ရသည့် အချက်ကြောင့် မည်သည့် အကြောင်းအရာကိုမှ မသိရသည်ကလွဲပြီး အရာအားလုံးနီးပါးကို သိနေပြီ ဖြစ်သည်။ ထို့ကြောင့် C မြို့၏ အခြေစိုက်စခန်း၏ အင်အားကိုလည်း အကြမ်းဖျင်းနားလည်နေပြီ ဖြစ်သည်။ သူတို့၏ အခြေစိုက်စခန်းနှင့် များများစားစား မကွာခြားပေ။
မထွက်ခွာခင် ခေါင်းဆောင် ညွှန်ကြားချက်အရ C မြို့ အခြေစိုက်စခန်းကသာ သူတို့နှင့် သိပ်ပြီး မကွာခြားနေခဲ့လျှင် ရေရှည် ပူးပေါင်းဖော် မဟာမိတ်များ ဖြစ်နိုင်သည်။ ထို့ကြောင့် အခြားသော စီမံကိန်းများကို အတူလုပ်ဆောင်နိုင်လေသည်။
သို့သော် အင်အားကသာ အလွန်အမင်း နောက်ကောက်ကျနေလျှင်မူ အလေးအနက် ထားရန် မလိုအပ်ဘဲ တိုက်ရိုက်သာ တောင်းဆိုနိုင်သည်။
ပူးပေါင်းမည့် ဦးတည်ရာဘက်နှင့် စီမံကိန်းများကို ကြိုတင်ကာ ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။ စုပေါ်ကျွင်းနှင့် ရှုန်းဟုန်သာ့တို့ကလည်း အခြေစိုက်စခန်းနှစ်ခု အကြားမှ အကျိုးအမြတ် ခွဲဝေမည့် ကိစ္စကိုသာ ဆွေးနွေးကြသည်။ နောက်ဆုံးတွင် နှစ်ဖက်လုံးကို ခြေတစ်လှမ်းစီ နောက်ဆုတ်ခြင်းအားဖြင်း ယာယီအားဖြင့် သဘောတူညီမှု ရသွားသည်။
ပူးပေါင်းမှုကို သဘောတူညီမှု ရရှိပြီးသည်နှင့် စုပေါ်ကျွင်းကလည်း ထပ်ပြီး မနေလိုတော့ပေ။ သူသည် C မြို့ အခြေစိုက်စခန်းတွင် လုံလောက်အောင် နေပြီးလေပြီ ထို့ကြောင့် သူ၏ အလုပ်အကြောင်း ပြန်ပြီး တင်ပြသင့်နေလေပြီ။
ယန်ရှီးချောင်နှင့် ယန်ကျစ်ဇယ်တို့ကို ယန်မော့က ပြန်ပေးဆွဲသွားသည့်ကိစ္စအတွက်ကမူ ကြာလှပြီ ဖြစ်သည်။ စုပေါ်ကျွင်းကလည်း ဒီအတောအတွင်း သူတို့ကို ပြန်ခေါ်သွားရန်ပင် မစဉ်းစားတော့ပေ။ ထိုသူများ သေသလား ရှင်သလားပင် မသိတော့ပါပေ။
သူ၏ တွက်ချက်မှုအရ ထိုနှစ်ယောက်က အသက်မရှင်လောက်တော့ပေ။
မည်သို့ပင်ဆိုစေ ကမ္ဘာကပ်ဘေးကာလတွင် စားစရာက အဖိုးတန်သည်။ ယန်မော့တို့ကလည်း ထိုကဲ့သို့သော သူနှစ်ယောက်ကို အလကားစားနေရန် အိမ်တွင် ဖိတ်ခေါ်ထားလိမ့်မည် မဟုတ်ပေ။ သူတို့ကို သတ်ဖြတ်ပြီးလောက်လေပြီ။ ယန်ရှင်းချောင်နှင့် ယန်ကျစ်ဇယ်တို့၏ ကံကြမ္မာတို့ကမူ စုပေါ်ကျွင်းက ခန့်မှန်းထားမိပြီးသား ဖြစ်သည်။
ပုရှန်းဝမ်က တိုက်ခိုက်လိုနေသည်မှာ ကြာပြီ ဖြစ်သည်။ ယခုအခါ ထိုလူက သူ့လက်ထဲ ရောက်လာလေရာ မတိုက်ခိုက်ဘဲ မနေပေ။
ပထမတစ်ရက်တွင် ပုရှန်းဝမ်သည် ပိုင်ဟူနှင့် ရွှယ်လန်တို့အား ထိုနှစ်ယောက်၏ အရှေ့တွင် အစားအသောက်ရှိုးပွဲ ပြခိုင်းသည်။ နေရာလပ်နယ်မြေထဲမှ ရှုရှင်းမွေးထားသော သမင်နှင့်သိုးအရှင်ကို သူတို့၏အရှေ့တွင် ထားကာ စားပြခိုင်းလိုက်သည်။ မြင်ကွင်းက သွေးသံရဲရဲနိုင်ပြီး ထိန်းချုပ်မှုပင် လွတ်သွားမတတ် ဖြစ်သွားသည်။
နောက်တစ်ရက်တွင် နည်းလမ်းအသစ်ကို သုံးကာ ထိုနှစ်ယောက်ကို ပိန်းပိတ်အောင် မဲမှောင်သောအခန်းတွင် ပိတ်ထားလိုက်သည်။ အလွန်ပိတ်ပြီး မဲမှောင်နေသောဝန်းကျင်ကလည်း လူနှစ်ယောက်၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို ပြင်းထန်သည့် နှိပ်စက်မှုကြီး ဖြစ်လေရာ သူတို့သည် မဲမှောင်သော အခန်းထဲတွင် သုံးရက်ဆက်တိုက် ပစ်ထားလိုက်သည်။ ထိုနှစ်ယောက်၏ စိတ်အခြေအနေက လုံးဝ ပြိုလဲကျသွားသည်အထိ ပစ်ထားလိုက်သည်။ ထို့နောက် ပုရှန်းဝမ်က သူတို့၏ ဆိုးရွားသော အခြေအနေကို ကြည့်လိုက်ပြီး သူ၏နှလုံးသားထဲမှ ဒေါသများက ရုတ်ချည်းပျက်ပြယ်သွားသည်။ သူသည်လည်း တစ်ဖက်သူများကို နှိပ်စက်ရန်အတွက် စိတ်ဝင်စားမှု ပျောက်ဆုံးသွားကာ သူတို့၏လက်နှင့်ခြေထောက်မှ အကြောများကို ဖြတ်တောက်ပစ်လိုက်ပြီး ဇွန်ဘီများ လှုပ်ရှားသော နေရာသို့ ပစ်လိုက်ခြင်းအားဖြင့် အဆုံးသတ်ပေးလိုက်လေသည်။
“ဖြေရှင်းပြီးသွားပြီလား”
ယန်မော့က အပြင်မှ ပြန်လာသော ပုရှန်းဝမ်ကို တစ်ချက် ကြည့်သည်။
“အင်း ဒီလောကမှ ဒီနှစ်ယောက် မရှိတော့ဘူး ဆိုတော့ လေက လတ်ဆတ်သွားပြီ”
ပုရှန်းဝမ်ကပင် အနားသို့ လျှောက်လာပြီး ခပ်အေးအေးပြောသည်။
“စကားမစပ် ယန်ရှီးချောင်နဲ့ယန်ကျစ်ဇယ်တို့က အတူပြန်မလိုက်သွားဘူးဆိုတော့ ယန်ချွယ်ကလည်း အခြေအနေကို မေးမြန်းမှာပဲ။ အဲဒီအခါ စုပေါ်ကျွင်းကလည်း ပြောပြမှာပဲ။ ဆိုတော့ ယန်ချွယ်က လူလွှတ်ပြီး မင်းကိုပြဿာနာရှာလောက်လား”
149 02
“အင်း မရှာပါဘူး။ ယန်ချွယ်က အရူးမဟုတ်ဘူး။ သူတို့နှစ်ယောက် ငါ့ရဲ့လက်ထဲမှာ အသက်မရှင်နိုင်မှန်းသိတယ်။ ဆိုတော့ သေသွားတဲ့ သားနှစ်ကောင်အတွက် ငါ့ကိုပြဿနာ လာရှာဖို့ မဖြစ်နိုင်ဘူးလေ။ ငါက အသက်ရှင်နေသေးတဲ့ အင်အားကြီးမားတဲ့ သား ဒါက သူ့ရဲ့ ကိစ္စတွေကို လုပ်ဆောင်တဲ့ ပုံစံနဲ့မကိုက်ညီဘူး။ သူက အကျိုးအမြတ်ကို အရင်အရှေ့ထားမှာ”
“သူ့ကို လှုပ်ရှားစေနိုင်တာက ထာဝရအကျိုးအမြတ်၊ အဲဒီလိုမှ မဟုတ်ရင် သူက ယန်မိသားစုရဲ့ နောက်ထပ်ဆက်ခံသူကို ဒီနှစ်ကောင်ထဲက တစ်ကောင်ကောင်ကို ရွေးလိုက်မှာပေါ့။ ဒါပေမဲ့ ငါ့ကို လုပ်ခိုင်းပါ့မလား။ သူကလည်း တစ်ယောက်ချင်းစီရဲ့ အလေးချိန်ကို ကောင်းကောင်း သိတယ်။ သူ့ကို အကျိုးအမြတ် အများဆုံး ရှာပေးနိုင်တဲ့ သူ့ကိုပဲ ပံ့ပိုးမှာ”
“ယန်ရှီးချောင်နဲ့ ယန်ကျစ်ဇယ်တို့ သေသွားတာနဲ့ သူ့ရဲ့ နှလုံးသားထဲက ထူးခြားတဲ့ ခံစားချက်က ပျောက်သွားမှာ။ပဲ သူက သတင်းကို ရပြီးတဲ့နောက်မှာ လူလွှတ်ပြီး ငါ့ကို ရှာခိုင်းမှာ”
ယန်မော့ကလည်း လက်ထဲမှစာအုပ်ကို ချလိုက်ပြီး ဆိုဖာအနောက်ဖက်ကို မှီကာ ယန်ချွယ်၏ တုန့်ပြန်မှုကို ခပ်အေးအေး ခွဲခြမ်းစိတ်ဖြာပြသည်။
******