အခန်း ၁၅၀
Vol. 15 Ch. 150
150 01
အပိုင်း (၁၅၀)
“ဘယ်လိုပဲဖြစ်ဖြစ် နောက်တစ်ခေါက် ယန်ချွယ် ငါတို့ဆီ ပြဿနာလာရှာမှာကို စိုးရိမ်စရာ မလိုဘူး။ အခု အဲဒီလူတွေက C မြို့ကနေ ထွက်သွားပြီ ဆိုတော့ ငါတို့ တာဝန်လုပ်သင့်ပြီနော်”
Mousse ကိတ်လေးကို ကိုင်ကာ စားနေသော ရှုရှင်းက ယောက်ျားဖြစ်သူ၏ ခွဲခြမ်းစိတ်ဖြာမှုကို ကြားသောအခါ မော့ကြည့်ပြီး မေးသည်။
သူမက တာဝန်လုပ်ရသည်ကို သဘောကျသည်။ လူများကို သတ်ဖြတ်လိုနေသောကြောင့် မဟုတ်ချေ။ ထို့အစား သူမ၏ နေရာလပ် နယ်မြေထဲမှ တတိယအဆင့်သို့ ရောက်နေသည့် အသားစားသော သားရဲကောင်များက အစာတောင်းနေကြသည်။ သူမကလည်း အခြေစိုက်စခန်းထဲတွင်သာနေသော ဆားစိမ်ငါးဘဝကို မကျေနပ်သောကြောင့် မဟုတ်သလို အိပ်ယာကို လုံလောက်အောင် မပျော်သောကြောင့်ဟု အထွန့်တက်လို၍ မဟုတ်ဘဲ အစာရှာရမည့် အတွက်ကြောင့် ဖြစ်သည်။
သူမသည် တတိယအဆင့်မှ ထိုအခြေစိုက်စခန်းကို သလင်းအမြူအတေများ ပေးနေသည်မှာ နှစ်နှစ်နီးပါးပင် ကြာသွားပြီ ဖြစ်သည်။ ပထမအဆင့်မှ အမြူအတေများကလည်း ထိုအခြေစိုက်စခန်းထဲသို့ ရောက်သည်။ အခြေပြုစွမ်းအားနှင့် သလင်းအမြူအတေများကိုလည်း သူမက ဒုတိယအဆင့် တတိယအဆင့်များနှင့် တောက်လျှောက် လဲလှယ်ခဲ့ပြီး ဖြည့်ရခြင်း ဖြစ်သည်။
ထိုသို့ဖြင့် ပထမအဆင့် အမြူအတေများအားလုံးကို ထည့်သွင်းသည့်တိုင်အောင် ရရှိသည့် အမှတ်ပမာဏက နည်းပါးသည်။ သို့တိုင်အောင် ထိုအခြေစိုက်စခန်း၏ တိုးတက်မှုအဆင့်က အလွန်နှေးကွေးနေသည်။ ဒီနေ့အချိန်အထိ တိုးတက်မှု ဘားတန်းကလည်း သုံးပုံ တစ်ပုံသို့သာ ရောက်သေးသည်။
“အင်း…ငါတို့ အပြင်ထွက်ပြီး လမ်းထွက်လျှောက်သင့်ပြီ။ အခြေစိုက်စခန်းထဲမှာ တစ်လလုံးလုံးနေတော့ အချို့ပြဿနာတွေတောင် ရှိလာတော့မလို ခံစားရတယ်။ ဇွန်ဘီ မသတ်ရတာ ကြာပြီလေ။ နည်းနည်းတောင် မသက်မသာ ဖြစ်လာပြီ”
မူချီမိုင်ကလည်း သဘောတူသည်။
“အင်း ကောင်းပြီ။ ဒီည ပစ္စည်းတွေသိမ်း မနက်ဖြန်ကျရင် ထွက်သွားကြမယ်”
အားလုံးက စိတ်အားထက်သန်နေကြောင်း မြင်သောအခါ ယန်မော့ကလည်း မငြင်းတော့ပေ။
ကံဆိုးသည်မှာ သူတို့၏ နောက်တစ်ရက်ထွက်မည့် အကြံအစည်ကလည်း ဆက်လက်ပြီး ထိန်းထားရန် ဖြစ်လာသည်။
ညသန်းခေါင်ပြီးနောက် ကောင်းကင်ပေါ်မှ လက်သီးဆုပ် အရွယ်အစားခန့်ရှိသော ကျောက်တုံးကြီးများ ပြုတ်ကျလာသည်။ အိမ်ခေါင်မိုး၊ ကားခေါင်မိုး၊ မြေပြင်၊ ရေကန် စသဖြင့် နေရာတိုင်းကိုပြုတ်ကျ၏။ အိပ်ပျော်ကာစသူများကလည်း ကျယ်လောင်သော အသံကြောင့် နိုးထလာကြပြီး ပြတင်းပေါက် အပြင်ဘက်သို့ ကြည့်ကြသည်။
“ဟင် အပြင်ဘက်က ဆူညံနေတာလား ဘာဖြစ်တာလဲ”
သူမ၏အထူးကာလကြောင့် ဗိုက်က မသက်မသာ ဖြစ်နေသော ရှုရှင်းကလည်း အိပ်ပျော်ကာစ အခြေအနေတွင် ဆူညံသံကို ကြားလိုက်ရသည်။ သူမက အိပ်ယာထဲမှ ချက်ချင်းထလိုက်ကာ ယန်မော့ကို ရှာသောအခါ နံဘေးတွင် မရှိတော့ပေ။
“အင်း ဥက္ကာခဲမိုး ရွာတာ”
ပြတင်းပေါက် နားမှ ယန်မော့က ကိုယ်ကို နည်းနည်း စောင်းလိုက်ပြီ လိုက်ကာကို မကာ ပြသည်။
“???”
“ဥက္ကာခဲမိုး ဟုတ်လား”
“!!!”
ရှုရှင်းက နည်းနည်းစိတ်ရှုပ်သွားသည်။ ယန်မော့၏ပြောစကားကို နားလည်ပြီးနောက် အသိဝင်သွားသည်။
ဒေါက် ဒေါက် ဒေါက်
အခန်းတံခါးမှ တံခါးခေါက်သံကို ကြားရသည်။ မူချီမိုင်၏ အသံက ထွက်လာသည်။
150 02
“မော့ကော အပြင်ဘက်က ဥက္ကာခဲမိုး ရွာနေတယ်။ ဒါနဲ့ ဆက်သွယ်ရေးစနစ်တွေ အလုပ်မလုပ်တော့ဘူး”
“အင်း ငါသိပြီ။ ကြည့်ရတာ မနက်ဖြန်အထိ မရပ်လောက်သေးဘူး။ တံခါးနားမှာ ရပ်မနေနဲ့ ပြန်ပြီး အိပ်လိုက်အုံး မနက်ဖြန်မှ ပြောတာပေါ့”
ယန်မော့က တံခါးကို ဖွင့်ပြီးနောက် အပြင်ဘက်တွင် လူသုံးယောက်က အတန်းလိုက်ရပ်နေကြောင်း မြင်ရသည်။ သူသည်လည်း အားလုံးကို ပြန်အိပ်ခိုင်းလိုက်သည်။ ထို့နောက် တစ်စုံတစ်ရာကို တွေးမိကာ ညွှန်ကြားချက် ပေးလိုက်သည်။
“စကားမစပ် အပြင်ဘက်က အဲဒီအရာတွေကို သိချင်စိတ်အပြည့်နဲ့ သွားမကောက်နဲ့နော်။ စံအိမ်ထဲမှာပဲနေ။ နောက်ပြီး အခြေစိုက်စခန်းက ပေးတဲ့ရေကိုလည်း မသောက်နဲ့။ ရေသန့်ဗူးတွေကို ပြောင်းသောက်။ သို့လှောင်ခန်းထဲက ရေကို သုံးပြီး ရေချိုး”
“အင်း”
သုံးယောက်ကလည်း ယန်မော့ကအား အကြောင်းပြချက်ကို မမေးသေးပေ။ မည်သို့ပင်ဆိုစေ ယန်မော့က သူတို့ကို ထိခိုက်အောင် လုပ်လိမ့်မည် မဟုတ်ပေ။ ထိုသို့ ပြောသည့်အတွက်လည်း အကြောင်းပြချက် ရှိရပေမည်။
တံခါးကို ပြန်ပိတ်ပြီး လိုက်ကာကို ပြန်ဆွဲပြီးနောက် ယန်မော့က အိပ်ယာဆီသို့သွားသည်။ ထို့နောက် လက်တစ်ဖက်က ရှုရှင်းကို ပွေ့ဖက်ပြီး ကျန်သော လက်တစ်ဖက်က ဗိုက်အောင့်နေသည့် ဗိုက်ကို အသာပွတ်ပေးလိုက်သည်။
ရှုရှင်းကလည်း တိတ်နေသည်။ သူမကလည်း ထိုအကြောင်းကို သိသည်။ မူလစာအုပ်ထဲတွင်လည်း ထိုဥက္ကာခဲမိုးက ကမ္ဘာကပ်ဘေး၏ အဓိက highlight ဖြစ်သည်။
******