အခန်း ၁၅၁
Vol. 16 Ch. 151
151 01
အပိုင်း (၁၅၁)
[ဥက္ကာခဲ မုန်တိုင်းက မမျှော်လင့်ထားပဲ ရောက်လာတာ။ မစတင်ခင်မှာလည်း လက္ခဏာတွေ မပြသခဲ့ဘူး၊ နောက်ပြီး သုံးရက်တောင် ကြာတယ်၊ သုံးရက်က သိပ်မကြာဘူးဆိုပေမယ့်လည်း သိပ်လည်း မတိုတဲ့ အနေအထားမျိုး။ ဒီဥက္ကာခဲ မုန်တိုင်းက အဲ့ဒီ ဥက္ကာခဲ အတုံးတွေက လက်သီးဆုပ် အရွယ်အစားရှိတယ် အမြင့်မီတာ တစ်သောင်းလောက်ကနေ ပြုတ်ကျလာတာ ဆိုတော့ ဖျက်ဆီးခြင်း စွမ်းအားကို သိနိုင်တယ်။]
[သုံးရက်တည်းနဲ့မြို့တော်က အဆောက်အဦးတွေ အသစ်ဆောက်ပြီးကာစ အခြေစိုက်စခန်း အသီးအသီးက အမိုးအကာ အဆောက်အဦးတွေအားလုံးက အလုံးအရင်းနဲ့ ပျက်ဆီးကုန်တယ်။ လမ်းတွေပေါ်က မြေပြင်ကလည်း ချိုင့်တွေ များကုန်ပြီ မညီမညာဖြစ်ကုန်တယ်။ အဲဒါတင် မကသေးဘဲ ဒီဥက္ကာခဲမိုးအောက် ရောက်သွားတဲ့ လူသားတွေရဲ့ အရေပြားကလည်း ယားယံပြီ ပြည်တည်နာတွေကို ပေါက်လာတယ်။ ဘယ်ဆေး ဘယ်လို နည်းလမ်းမျိုးကို သုံးသုံး လုံးဝ ကုလို့ မရဘူး။ အဲ့ဒလိုဖြစ်လာတဲ့ အရေပြားရှိတဲ့ နေရာတွေကို လှီးထုတ်ပစ်တာမျိုးကပဲ ဒီလို ရောဂါမျိုးကို ကုသနိုင်တာ]
[လူသားတွေအပေါ် သက်ရောက်လာတဲ့ သက်ရောက်မှုမျိုးကို မြင်မှပဲ အဲဒီ အရာတွေကို ထိလိုက်ရုံနဲ့ ထိလိုက်ရုံနဲ့ ဘယ်လောက်ထိ ထိခိုက်နိုင်လဲဆိုတာ အားလုံးက နားလည်လာကြတယ်။ အဲ့ဒနောက် ကန်ရေထဲက လတ်ဆတ်တဲ့ ရေတွေနဲ့ မြေဆီလွှာတွေကလည်း ပိုပြီးတော့တောင် ပြင်းထန်တဲ့ အဆိပ်ဓာတ်တွေ ပြည့်နှက်နေလိမ့်မယ်]
[ရေနဲ့စားစရာတွေက အနာဂတ်မှာ ရှားပါးတဲ့ အရင်းအမြစ်ဖြစ်လာတယ်။ ဝယ်လိုအား များတာမယ်။ လူတိုင်းရဲ့ ပထမဦးဆုံး တုန့်ပြန်မှုက အဲဒါပဲ။ သူတို့က ရေနဲ့စားစရာ ပြတ်တောက်တယ်ဆိုတဲ့ အခြေအနေကို မသိရသေးခင်မှာ နောက်ထပ် သတင်းဆိုးက ရောက်လာတယ်။ နှေးကွေးစွာ လှုပ်ရှားတဲ့ ဇွန်ဘီတွေက ထပ်ပြီးဆင့်ကဲပြောင်းလဲသွားပြန်တာကို တွေ့ရတယ်။ အနှေးဆုံးဇွန်ဘီတွေရဲ့ အဆင့်အနိမ့်ဆုံးအဆင့်ရဲ့ ဇွန်ဘီတွေရဲ့ အရှိန်နှုန်း၊အကြားအာရုံနဲ့ တုန့်ပြန်နိုင်စွမ်းရည်ကလည်း သာမာန်လူတွေနဲ့တောင် ယှဉ်နိုင်လာတယ် ဆိုတော့ အဆင့်မြင့်တွေဆိုရင် မပြောသင့်တော့ဘူး]
ရှုရှင်းကလည်း ထိုဥက္ကာခဲမိုးအကြောင်း ဝတ္ထုထဲမှ ဖော်ပြချက်အကြောင်းကို ပြန်တွေးနေရင်း ကျောရိုး စိမ့်တက်သွားသည်။
မမျှော်လင့်ထားသော ဥက္ကာခဲမိုးက လူသားများအတွက် နေထိုင်မှုဝန်းကျင်တွင် အခြေအနေကို ပို၍သာ ဆိုးရွားသွားစေလေပြီး သာမာန်လူများအတွက် ရှင်သန်ရန် ခက်ခဲသွားစေသည်။
ပြင်ပမှ အမျိုးမျိုးသော အကြောင်းအရာများကို တွေးကြည့်သည်။ သို့သော် ကောင်းမွန်သော အကြောင်းအရာကို မတွေးနိုင်သေးပေ။ လေးလံသော မျက်ခွံကလည်း မထိန်းထားနိုင်တော့ဘဲ မှေးကျဉ်းကာ အိပ်ပျော်သွားသည်။
နောက်တစ်ရက်တွင် ဥက္ကာခဲမိုးက အပြင်ဘက်တွင် ဆက်ရွာနေသေးသည်။ ရှုရှင်းတို့ကလည်း အစည်းအဝေးခန်းထဲတွင်သာ မနက်စာများ ထိုင်စားနေကြသည်။
သူတို့၏ စိတ်ထဲတွင် အမျိုးမျိုးသော အကြောင်းအရာများက ပေါ်လာသည်။ ထို့ကြောင့် မနက်စာကို ခပ်မြန်မြန် ပြီးအောင် စားပြီးသည်နှင့် စကားပြောရတော့မည် ဖြစ်သည်။
“မနေ့ညက ဥက္ကာခဲမိုးစကတည်းက လိုင်းတွေက တတီတီ ဖြစ်သွားတယ် ဆိုလိုတာက သံလိုက်စက်ကွင်းက သက်ရောက်ခံရတာပဲ ဒါကို အခြေခံကြည့်ရမယ်ဆိုရင် အပြင်ဘက်က ဥက္ကာခဲမိုးက သာမာန် သဘာဝကပ်ဘေးမဟုတ်တော့ဘူး”
“ဒီလို ဥက္ကာခဲမိုး ရွာကျတယ်ဆိုကတည်းက ငါတို့ သာမာန်မျက်စိနဲ့မမြင်နိုင်တဲ့ စွမ်းအင်တွေကို သယ်ဆောင်လာလိမ့်မယ်။ အပြင်ဘက်က ရေကန်တွေ မြေတွေ ပေါ်ကျသွားခဲ့ရင် သက်ရောက်ခံရဖို့ များတယ် အနာဂတ်မှာ ငါတို့ အပြင်က ရေတွေ မသုံးသင့်ဘူး”
ယန်မော့ကလည်း ထိုလူများအား အပြင်ဘက်မှ ရေများကို အသုံးမပြုခိုင်းသည့် အကြောင်းပြချက်ကို ရှင်းပြပေးလိုက်သည်။ အားလုံးက ဉာဏ်ကောင်းသည် ချက်ချင်းဆိုသလို နားလည်သွားကြသည်။
သူတို့သည် ရေအရင်းအမြစ်၏ ပျက်ဆီးမှုကို ပြောင်းလဲရန် ကူကယ်ရာမဲ့ရသည်။ သူတို့အရင်းအမြစ်များက ပို၍ရှားပါးလာပြီးနောက် ကြုံဆုံရမည့်ကံကြမ္မာကလည်း အာရုံစိုက်သင့်သော အနေအထားမျိုး ဖြစ်သည်။
ပြင်ပမှ ရေအရင်အမြစ်များက လုံးဝဖျက်ဆီးခံလိုက်ရပြီ ဖြစ်သည်။ ထို့ကြောင့် သောက်နိုင်သော ရေကလည်း ကမ္ဘာကပ်ဘေးကာလမတိုင်ခင်က ထုတ်ထားခဲ့သည့် ရေသန့်ဘူးများနှင့် ရေအခြေပြု စိတ်စွမ်းအား ပညာရှင်များက ထုတ်ပေးသော ရေတို့သာ ဖြစ်သည်။
151 02
ကိစ္စများက သူတို့ မျှော်လင့်ထားသည့်အတိုင်း ဖွံ့ဖြိုးတိုးတက်လာသည်။ အားလုံးကလည်း အပြင်ဘက်မှ ရေအရင်းအမြစ်က အသုံးပြု၍ မရတော့ကြောင်း သိသည်နှင့် အခြေစိုက်စခန်းအတွင်း ရေပုလင်းကို အသည်းအသန်ဝယ်ကြသည်။ ထို့ကြောင့် ဈေးကလည်း အသားကုန် ထိုးတက်သွားပြီး တစ်ပုလင်းကို သလင်းအမြူအတေ ရာကျော်သည်အထိ ဖြစ်သွားသည်။
သာမာန် အခြေပြုစွမ်းအား ပညာရှင်များ အကြားတွင် ရေစွမ်းအား ပညာရှင်များက အစောပိုင်းကဆိုလျှင် တိုက်ခိုက်စွမ်းအား နိမ့်ကျသည့်အတွက် မကျော်ကြားခဲ့ပေ။ သို့သော် ယခုမူ လူပြောအများဆုံး ဖြစ်လာသည်။
အချို့သော ရေအခြေပြုစွမ်းအားရှင်များသည် အင်အားကြီးမားသော အသင်းကို ဝင်ချင်ကြသော်လည်း နည်းလမ်းမရှိသည့်အခါ ဒုက္ခရောက်ခဲ့သည်။ သို့သော် ယခုအခါ သူတို့၏တန်းကြေး မြင့်လာသည့်အချက်ကို အခြေခံခြင်းအားဖြင့် ရေစွမ်းအား ပညာရှင်အများစုက အသင်းကြီးများထဲသို့ ဝင်သွားကြပြီး အတော်လေးကို ကောင်းမွန်သော အနေအထားမျိုးသို့ ရောက်သွားသည်။
အာရုဏ်ဦးအသင်းနှင့် မိုးကြိုးအသင်းတို့က ဒီအခြေစိုက်စခန်းအတွင်းရှိ အင်အားအကြီးဆုံး အသင်းနှစ်သင်းဖြစ်သည်။ လူအများစုကလည်း ဝင်ချင်ကြသည်။ သို့ရာတွင် မိုးကြိုးအသင်းကလည်း ရေအခြေပြု စွမ်းအားရှင်တစ်ယောက်ကို ပိုင်ဆိုင်ထားပြီး ရေခဲအခြေပြု စွမ်းအားရှင်လည်း ရှိသည်။ ထို့ကြောင့် ရေအမျိုးအစား စွမ်းအားရှင်ကို ထိုမျှ အလောတကြီး လိုအပ်ခြင်း မရှိပေ။ ထို့ကြောင့် အားလုံး၏ အာရုံက အာရုဏ်ဦးအသင်းဆီ ရောက်လာသည်။
အာရုဏ်ဦးအသင်းမှ မည်သူကမှ ရေစွမ်းအားရှိကြောင်း မဖော်ပြဖူးကြချေ။ ထို့ကြောင့် ယှဉ်ပြိုင်သည့် ဘက်ခြမ်းမှ ပြောရသော် ထိုအသင်းသို့ ဝင်နိုင်ခြေ မြင့်လေသည်။
******