အခန်း ၁၅၂
Vol. 16 Ch. 152
152 01
အပိုင်း (၁၅၂) ညဖက်မှာ ပစ္စည်းတွေ ထုပ်ပိုးပြီး ထွက်သွားကြမယ်
ယခုတလော အခြေစိုက်စခန်းထဲတွင် ရေအခြေပြုစွမ်းအား နောက်ခံဖြင့် အခြားသော အသင်းများသို့ ပူးပေါင်းသော အသင်းများက အတော်လေးများလေရာ ဘေးဘက်တွင် ရပ်ကြည့်နေသော သူများကိုလည်း ပို၍ပင်ယုံကြည်မှု ရှိလာစေသည်။ ယန်မော့တို့၏အသင်းကို ပို၍များပြားသော သူများက လာရောက်ရှာဖွေကြသည်။
ထို့ကြောင့် နေ့တိုင်းလိုလို မရင်းနှီးသော ရေစွမ်းအားပိုင်ဆိုင်ထားသည့် စိတ်စွမ်းအား ပညာရှင်များက တံခါးကို လာလာခေါက်နေတတ်သည်။ သူတို့ကို ရက်စက်စွာ ငြင်းပယ်နေသည့်တိုင်အောင် အဆုံးအစမဲ့သော လူစီးကြောင်းကြီးအဖြစ် ရောက်ရှိလာနေတတ်သည်။ သူတို့သည်လည်း အာရုဏ်ဦးအသင်းက အစောပိုင်း လူများကို မရွေးချယ်ခဲ့သည်မှာ ထိုသူများက အားနည်းသောကြောင့်ဟု ယူဆနေကြသည်။ အာရုဏ်ဦးအသင်းက ရေအခြေပြုစိတ်စွမ်းအားပညာရှင်မျိုး မလိုအပ်သည့် အချက်ကို ထည့်မတွက် မစဉ်းစားကြပေ။
ဆက်တိုက်ဆိုသလို လာရောက်ပြီး အသင်းထဲသို့ ဝင်ချင်နေကြသော သူများကို ရှောင်ရှားနိုင်ရန်အလို့ငှာ ရှုရှင်းတို့က ညတွင်းချင်း အထုပ်လေးများ စုပုံကာ သိမ်း၍ အပြင်သို့ ထွက်ပြီး ဇွန်ဘီများကို သတ်ကာ သလင်းအမြူအတေများကို စုဆောင်းရန် ဆုံးဖြတ်လိုက်ကြသည်။
သူတို့သည် နဂိုကမူ အပြင်သို့ ထွက်ပြီး အင်အားကို တိုးမြင့်ရန် စဉ်းစားထားပြီးသား ဖြစ်သည်။ ဇွန်ဘီများက ထပ်ပြီး ဆင့်ကဲပြောင်းလဲလာကြပြန်သည်။ ထို့ကြောင့် သူတို့၏ အင်အားကို အမှီလိုက်နိုင်ရန် လိုအပ်သည်။ ယခုမူ တွန်းအားပေးခံရသလိုမျိုး ဖြစ်နေသည်။
အဆင့်မြင့်တင်ထားပြီးသား knight 15က လမ်းများပေါ်တွင် တည်ငြိမ်လွန်းစွာ မောင်းနှင်သွားသည်။ ကားထဲတွင် သက်တောင့်သက်သာ ရှိစွာ ထိုင်နေကြသည်။
သူတို့၏ကားများအားလုံးကလည်း အမြင့်ဆုံးသော လိုအပ်ချက်များနှင့် တင်းကြပ်သော စံချိန်စံညွှန်းအတိုင်း ပြင်ဆင်ထားပြီးသား ဖြစ်သည်။ ယနေ့ခေတ်မှ လမ်းများပေါ်တွင် တက်မောင်းသည့်တိုင်အောင် ဖင်ကိုသာ ထုံထိုင်းမှုကို ခံစားရစေမည် ဖြစ်သည်။ ထို့ကြောင့် အခြားသော သာမာန်ကားများတွင် စီးပါက မည်မျှအထိ လှုပ်ခါနေကြောင်း သိနိုင်သည်။ သူတို့၏ ဖင်အခြေအနေကို ကောင်းမွန်စေရန် အလို့ငှာ ရှုရှင်းက နေရာလပ်နယ်မြေထဲတွင် လှန်လောရှာဖွေပြီးနောက် ထိုင်ခုံခပ်ထူထူများကို ထုတ်၍ တစ်ယောက်တစ်ခုစီ ပေးလိုက်သည်။
ဒီလို အခြေအနေမျိုးမှာ အဆင်ပြေချင်ယောင် ဆောင်နေလို့မရဘူး၊ မဟုတ်ရင် ကိုယ့်ဘာသာကိုယ်ပဲ သက်တောင့်သက်သာ မရှိဘဲ ဒုက္ခရောက်ခံနေရလိမ့်မယ်။
မျက်နှာဟုတ်လား။ ကိုယ့်လူတွေရှေ့မှာ အဲဒီ မျက်နှာက လိုလို့လား။
ယန်မော့ ဒီတစ်ခေါက် သူတို့ကို ခေါ်သွားသော နေရာက အလွန်ရှင်းလင်းပြီးသားဖြစ်သည့် စီရင်စု T ၏ အနောက်တောင်ဖက်ခြမ်းနားမှ စွန့်ပစ်ခံထားရသော ရေထုတ်လုပ်သည့် စက်ရုံဖြစ်သည်။
သူသည်လည်း သူ၏ အိပ်မက်ထဲတွင် ထိုနေရာတွင် အဆင့်မြင့် စိတ်စွမ်းအားပညာရှင် ဇွန်ဘီနှစ်ကောင်ပေါ်လာကြောင်း မှတ်မိနေသေးသည်။ သူတို့သတ်ဖြတ်ခဲ့သော စိတ်စွမ်းအား ပညာရှင်ပေါင်းများစွာ ရှိလေသည်။ အဆုံးသတ်တွင် ကံကောင်းပြီး အထူးစွမ်းရည်ကြောင်း ရှင်သန်ခဲ့သော သူကလည်း စိတ်စွမ်းအား ပညာရှင် ဇွန်ဘီနှစ်ကောင်က ထိုနေရာတွင် ရှိနေသည်ဆိုသော သတင်းကို ဖြန့်ခဲ့လေသည်။
အသင်းထဲတွင် ရှုရှင်း၏သဘာဝလွန်စွမ်းအားက ထူးခြားလွန်းသည့်အတွက် သူဟာ မည်သည့် အခြေပြုစွမ်းအားမှ မရှိသော အမြူအတေကိုသာ စုပ်ယူနိုင်သည်။ ထို့အပြင် သူနှင့် ပုယွမ်ကျိုးတို့အတွက် လိုအပ်ချက်ကလည်း အလွန်အမင်း ရှားပါးလွန်းနေလေသည်။ သူတို့ကသာ သူတို့၏ ကိုယ်ပိုင်အဆင့်ကို တိုးတက်မြှင့်တင်လိုပါက အခြေပြုစွမ်းအားမရှိသော သလင်းအမြူတေများကိုစုပ်ယူရုံနှင့် မလုံလောက်တော့ပေ။ သူ၏အဆင့်ကလည်း အဆင့်လေး အဆင့်မြင့်အဆင့်တွင် တစ်နေခဲ့သည်။ ပုယွမ်ကျိုးကလည်း တတိယအဆင့် အလယ်အလတ်နားသို့ တဖြည်းဖြည်း တိုးတက်နေရ၏။ သူကသာ ဒီတစ်ခေါက် ထိုဇွန်ဘီ အမြူအတေ နှစ်ခုကို ရရှိမည်ဆိုပါက သူနှင့် ပုယွမ်ကျိုးတို့ နှစ်ယောက်လုံးက အကန့်အသတ်ကို ကျော်ဖြတ်ပြီး အသီးသီး ခုန်ပျံကျော်လွှားနိုင်မည် ဖြစ်သည်။
လမ်း၏ အခြေအနေကလည်း မမျှော်လင့်ထားစွာပင် အလွန်အမင်း ဆိုးရွားနေသည်။ ထို့ကြောင့် သူတို့အနေဖြင့် သတ်မှတ်ထားသောနေရာသို့ နှစ်ရက်ခန့် ကြာမှသာ ရောက်ရှိသွားလေသည်။
ပုံမှန်အားဖြင့် ထိုခရီးက တစ်ရက်တည်းနှင့် ရောက်သွားသင့်သည်။
152 02
သူတို့က ရောက်ရှိသွားသောအခါ အပြင်ဘက်က မှောင်နေပြီ ဖြစ်သည်။ သူတို့ကလည်း အလောတကြီး ပြေးထွက်မသွားတော့ဘဲ တစ်ညတာ အနားယူခြင်းအားဖြင့် အားမွေးရန် ဆုံးဖြတ်ထားသည်။ စိတ်စွမ်းအား ရှိသော ဇွန်ဘီများကို ရင်ဆိုင်ရန် အလို့ငှာ သူတို့၏ ထိန်းချုပ်မှုကို ခံထားရသည့် ဇွန်ဘီအုပ်ကို ရင်ဆိုင်ရနိုင်ချေ ရှိသည်။ ထို့ကြောင့် မနက်ဖြန်မှသာ ကြမ်းတမ်းသော တိုက်ပွဲကို ရင်ဆိုင်ရပေမည်။
ဥက္ကာခဲမိုး ရွာသွန်းပြီးနောက် အေးသော ရာသီသို့ ထပ်ရောက်သွားပြန်သည်။ နေ့အချိန် အပူချိန်ကပင် အနှုတ် သုံးဆယ်ဒီဂရီ ဆဲလ်ဆီးရပ်ဖြစ်နေသည်။ ညအချိန် အပူချိန်ကဆိုလျှင် -40°Cဝန်းကျင် ဖြစ်သည်။ ရှုရှင်းကလည်း RV ထဲတွင် အပူပေးစက်ကို စောစီးစွာ တပ်ဆင်ထားပြီးသား ဖြစ်သည်။ ထို့ကြောင့် သူတို့က ဝင်ရောက်လိုက်သည်နှင့် သင့်လျှော်သော အပူချိန်မျိုးကို ရလိုက်သည်။
“ဖူး…အပူပေးစက် ရှိတာ ကောင်းလိုက်တာ။ ငါ နောက်ဆုံးတော့ အသက်ရှင်ပြီ”
ရှုရှင်းက သူမ၏ လေးလံသောအနွေးထည်ကြီးကို ချွတ်လိုက်သည်။ RV ထဲမှ အပူချိန်ကို ခံစားရပြီး သက်တောင့်သက်သာရှိစွာ မျက်လုံးကို မှေးကျဉ်းလိုက်သည်။
အမျိုးသားများကမူ ဘာကိုမှ မပြောကြပေ။ သို့သော် သူတို့၏ အေးဆေးပေါ့ပါးသွားသော အမူအရာကတဆင့် သူတို့သည်လည်း ရှုရှင်း၏ပြောစကားကို သဘောတူကြောင်း သိနိုင်သည်။
သူတို့ ငါးယောက်လုံးက သက်တောင့်သက်သာ ရှိသော ပူစပ်စပ် ဟော့ပေါ့ကို စားလိုက်ကြပြီး ခန္ဓာကိုယ်တစ်ခုလုံးက နွေးထွေးကာ သက်တောင့်သက်သာ ဖြစ်သွားသည်။
“မနက်ဖြန်အတွက် အစီအစဉ် ချရအောင်။ စိတ်စွမ်းအားရှိတဲ့ ဇွန်ဘီနှစ်ကောင်ကို ရင်ဆိုင်ဖို့ကတော့ ခက်တယ်”
******