← Chapters

အခန်း ၁၅၃

Vol. 16 Ch. 153

အခန်း ၁၅၃

Vol. 16 Ch. 153

153 01

အပိုင်း (၁၅၃)

C မြို့ အနောက်တောင်ပိုင်း ထောင့်နေရာနားတွင် တည်ရှိသော ရေစက်ရုံ၏ ဝင်ပေါက်တွင်

“…”

“…”

“…”

“…”

“…”

ရှုရှင်းတို့ ငါးယောက် အဖွဲ့သည် တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး ကြောင်တောင်တောင် ဖြစ်နေကြသည်။ တိတ်ဆိတ်မှုက နားကွဲစေလောက်သည်။

အကြောင်းမူကား သူတို့၏ အရှေ့မှ မြင်ကွင်းက ခြောက်ခြားလွန်းနေသောကြောင့် ဖြစ်သည်။ စိတ်စွမ်းအားရှိသော ဇွန်ဘီနှစ်ကောင်က အဆင့်မြင့်သည်။ ထို့ကြောင့် သူတို့၏ တည်ရှိမှုကိုလည်း ပိုင်နက်နယ်မြေထဲသို့ ဝင်ကတည်းက သိနေပြီးလောက်လေပြီ ဖြစ်သည်။ ထိုကဲ့သို့သော စိတ်စွမ်းအားရှိသော ဇွန်ဘီနှစ်ကောင်ကို ရင်ဆိုင်ရမည်မှန်း သိထားသည့်အလျောက် သူတို့သည်လည်း ဇွန်ဘီ နှစ်ကောင်၏ဝန်းကျင်ထဲသို့ ဝင်ရောက်လာကတည်းက ဖုံးကွယ်ထားရန် မစဉ်းစားထားခဲ့ပါပေ။ သို့သော် …

ဘယ်သူ သူတို့ကို လာပြောနိုင်မလဲ။ ဟမ်…တစ်ချက် ကြည့်ရုံနဲ့ ကြီးတောင်မကြီးတဲ့ ဒီရေစက်ရုံ သေးသေးလေးကို ပိတ်ဆို့ထားဖို့အတွက် ဒီလောက် ဇွန်ဘီအများကြီး လိုလို့လား။

ဇွန်ဘီတွေက များလွန်းလို့ အဟကြားတောင် မရှိတော့ဘူး။

ဆိုလိုတာက ဒီဇွန်ဘီတွေ အရမ်းများနေလို့ ကြောက်စရာ ကောင်းတာ မှန်ပါတယ်။ ဒါပေမဲ့ ဒီဇွန်ဘီတွေက သူတို့ကို တိုက်ခိုက်ဖို့ ခြေလက်တောင် မဆန့်နိုင်လောက်တဲ့အထိ ပြည့်ကြပ်ညှပ်နေတာကို စဉ်းစားမိကြရဲ့လား။

သူတို့သည်လည်း အလုံးအရင်းဖြင့် ခြိမ်းခြောက်နိုင်သော စွမ်းအင်မျိုးကို ထုတ်လွှတ်လိုက်ခြင်းဖြစ်စေ။ သို့မဟုတ်လျှင်လည်း အသုတ်လိုက်သတ်ဖြတ်နိုင်သော လက်နက်များကို ထုတ်လိုက်၍ ဖြစ်စေ ထိုဇွန်ဘီများကို အသာလေး ရှင်းနိုင်သည်။

သူတို့၏ ရှေ့မှ မြင်ကွင်းကို အကဲခတ်ကြည့်ပုံအရ ထိုခေါင်းဆောင် ဇွန်ဘီ နှစ်ကောင်၏ ဦးနှောက် ထင်သလောက် မြင့်ပုံ မရချေ။

စိတ်စွမ်းအား ဇွန်ဘီ နှစ်ကောင် : ယဉ်ကျေးတာလား။

“ဒီစိတ်စွမ်းအား ဇွန်ဘီတွေက ထင်သလောက် ဉာဏ်မကောင်းဘူးလို့ ဘာလို့ ထင်နေတာလဲ။ ငါတို့ အရင်က ကြုံဖူးတဲ့ တစ်ကောင်နဲ့တော့ တော်တော်ခြားနားတယ်။ ယေဘုယျကျကျပြောရရင် စိတ်စွမ်းအား ဇွန်ဘီတွေက နောက်ဆုံး တစ်ခေါက် တွေ့ထားတဲ့ တစ်ကောင်ထက် ပိုပြီးအဆင့်မြင့်သင့်တာနော်။ ဘယ်လိုဖြစ်ပြီး သူတို့ရဲ့ ဦးနှောက်က နိမ့်ကျနေတာလဲ”

ရှုရှင်းကပင် မျက်မှောင်ကြုတ်ပြီး သံသယကို ထုတ်ပြောသည်။

“ငါလည်း ဒါကို မသေချာဘူး။ သူက တကယ်ပဲ ဦးနှောက်မရှိတာလား။ ဒါမှမဟုတ် နားလည်လွဲမှားအောင် လုပ်ချင်နေတာလားပဲ။ ငါတို့ သတိတော့ အပြည့်ကပ်ထားရမယ်။ သတိကို လျော့ထားလို့ မရဘူး”

စိမ့်ဝင်လာသော အလောင်းပုံကတဆင့် ရေစက်ရုံ၏ နက်ရှိုင်းသော အပိုင်းကို လှမ်းကြည့်နေသော ယန်မော့က ပြောသည်။ သူသည်လည်း သူ၏ အိပ်မက်ထဲတွင်ပင် ဒီနေရာကို မရောက်ခဲ့ဖူးပေ။ သို့သော် သတင်းကိုသာ ကြားဖူးထားသည်ဖြစ်သည့်အတွက် အခြေအနေကို သေချာနားမလည်ပါပေ။

သူတို့ကလည်း အရှေ့တည့်တည့်သို့ လျှောက်လိုက်ကြသည်။ မျက်နှာချင်ဆိုင်မှ အပြေးအလွှားရောက်လာနေသော ဇွန်ဘီများကိုပင် ဂရုစိုက်မနေချေ။ သူတို့သည် အသေးစား ဗုံးများကိုသာ ဇွန်ဘီအုပ်ဘက်သို့ အသာလေး ပစ်ဖောက်လိုက်သည်။ မြင့်မားသော ပေါက်ကွဲမှုကြီးက မြေပြင်ကိုပင် လှုပ်ခါစေလောက်သည်။ ထိုသို့ဖြင့် ဗုံးငါးလုံးကို ပစ်သွင်းလိုက်ပြီးနောက် ကြီးမားသော အဟကြားနေရာကြီးက ချက်ချင်းပေါ်လာသည်။

ထိုနည်းလမ်းကို သုံးခြင်းအားဖြင့် သူတို့သည်လည်း ရေစက်ရုံ၏ အတွင်းပိုင်းသို့ အောင်မြင်စွာ ဝင်ရောက်နိုင်၏။ လမ်းတောက်လျှောက်တွင်လည်း သူတို့ကို တားထားသော ဇွန်ဘီများ၏ အဆင့်က အတွင်းရောက်လေလေ မြင့်လေ ဖြစ်ကြောင်း မြင်နိုင်သည်။ သူတို့၏ ပစ်မှတ်ဖြစ်သော စိတ်စွမ်းအားရှိသော ဇွန်ဘီနှစ်ကောင်ကို ရှာမတွေ့ပါပေ။

153 02

သူတို့၏ နှလုံးသားထဲမှ သံသယကလည်း ပြင်းထန်သထက် ပြင်းထန်လာသည်။ ဇွန်ဘီများက သူတို့ကို မတားနိုင်ကြောင်း သိနေကတည်းက ထိုလူများက သူတို့ကို ထွက်လာပြီး တားချင်နေကြသည်။

အရမ်းကို ယုံကြည်မှု ရှိနေတာလား ဒါမှမဟုတ် ထောင်ချောက်လား။

“ဝိုး..ဝိုး”

လူတိုင်းက ရုတ်တရပ် ကလေးငိုသံကို ကြားရသည်။ အားလုံး၏အမူအရာက တင်းမာသွားသည်။

ကလေးငိုသံက အရပ်မျက်နှာအနှံ့မှ လာနေသည်ဟု ထင်ရသည်။ 3D အသံကဲ့သို့သော အရာမျိုးက အဖက်ဖက်မှ ဝိုင်းထားပြီး နားနားတွင် အော်ဟစ်နေသကဲ့သို့ ဟိန်းထွက်နေသည်။ ထို့ကြောင့် မည်သည့်ဘက်မှ လာမှန်း ပြောရန်ပင် ခက်ခဲ၏။

“သေစမ်း ဘယ်ကလာမှန်းလည်း ငါမသိဘူး”

ပုရှန်းဝမ်က ခပ်တိုးတိုးကျိန်ဆဲသည်။ သူသည်လည်း သည်းမခံနိုင်သလို လှုံ့ဆော်ခံရပြီး ဒေါသလည်း ထွက်လာသည်။ သူဟာ ပတ်ဝန်းကျင်မှ စုတ်ချာပြီး ရှုပ်ထွေးသော ပတ်ဝန်းကျင်ကို မြင်သောအခါ အရာအားလုံးကို ဖျက်ဆီးချင်လာသည်။

သူမသိသည်မှာ သူ၏မျက်လုံးက နီပြီး မျက်ဆံလုံးကြီးတစ်ခုလုံးက ရဲတက်သွားသည်။ သူ၏လက်ကိုလည်း တင်းတင်းကြပ်ကြပ်ဆုပ်ကာ လက်သီးဆုပ်လိုက်၏။ သူသည် ထိုနေရာတွင် ခေါင်းကို ငိုက်စိုက်ချ၍ ရပ်နေလေပြီးရှင်းပြရန် ခက်ခဲစွာပင် ခြောက်ခြားဖွယ် ကောင်းလာသည်။

******

All Chapters