အခန်း ၁၅၄
Vol. 16 Ch. 154
154 01
အပိုင်း (၁၅၄) တီးထုတ်ခံရခြင်း
တစ်ချိန်တည်းတွင်ပင် အခြားသော သူများက ကလေးငိုသံကို ကြားသောအခါ နည်းနည်း ငေးငိုင်သွားကြသည်။ သူတို့၏ခန္ဓာကိုယ်ကပင် ဘေးဘက်သို့ ထိန်းချုပ်ရန် ခက်ခဲစွာ ယမ်းသွားသည်။ စိတ်စွမ်းအားပညာရှင်များဖြစ်သော ယန်မော့နှင့် ပုယွမ်ကျိုးတို့ကမူ အခြားသော သူများထက် စိတ်ပိုင်းဆိုင်ရာ တိုက်ကွက်ကို ပို၍ တောင့်ခံနိုင်စွမ်းရည်ရှိသည်။ ထို့ကြောင့် အနည်းနှင့် အများဆိုသလို ခပ်အေးအေးထွက်နိုင်သည်။
“နိုးထတော့”
နံဘေးမှ ရှုရှင်း၏ လက်ကို ဆွဲကိုင်လိုက်ရင်း စိတ်စွမ်းအားပါဝင်သည့် အသံတစ်မျိုးဖြင့် ပြောလိုက်သည်။ ထိုအခါ မူချီမိုင်နှင့် ရှုရှင်းတို့က နိုးသွားသည်။ ပုရှန်းဝမ်ကသာ ရူးသွပ်နေသေးပုံ ပေါက်သည်။ အားလုံးက နိုးထလာပြီးသည်နှင့် သူတို့၏ သဘာဝလွန်စွမ်းအားကို လည်ပတ်ကာ သူတို့၏ နားများပေါ်တွင် အာရုံစူးစိုက်လိုက်ခြင်းအားဖြင့် ထိုစွမ်းအားကို နောက်ထပ် မသက်ရောက်နိုင်အောင် တားလိုက်သည်။
အသင်းထဲမှ အင်အားအမြင့်ဆုံးဖြစ်သော ယန်မော့နှင့် မူချီမိုင်တို့က တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး ဆိုလိုရင်းကို နားလည်သည်။ မူချီမိုင်က နဂိုနေရာတွင်သာ ရပ်ပြီး ရှုရှင်းကို အနောက်ဖက်တွင် ထားကာ ကာကွယ်ပေးထားသည်။ ပုယွမ်ကျိုးက နံဘေးတွင် ဖြစ်သည်။ ယန်မော့က ပုရှန်းဝမ်၏ အခြေအနေကိုသွားရောက် စစ်ဆေးကြည့်သည်။
လူတိုင်း၏ အနောက်ဖက်တွင် ထားကာ ကာကွယ်ပေးခံရသော ရှုရှင်းက လက်ထဲတွင် စုယွမ်ကို တင်းတင်းကြပ်ကြပ်ကိုင်ထားပြီး အားလုံး၏ ဘေးပတ်လည်တွင် နောက်ထပ် အကာအကွယ်လွှာတစ်လွှာကို ဖန်တီးပေးလိုက်သည်။
“အား…”
ယန်မော့ကပင် အနားသို့ မကပ်ရသေးခင် ခေါင်းငိုက်စိုက်ချထားသော ပုရှန်းဝမ်က ရုတ်တရပ် ထအော်ပြီး ယန်မော့ကို လှမ်း၍ တိုက်ခိုက်သည်။
ယန်မော့က သူ့ဆီသို့ ပစ်လိုက်သည့် ကြီးမားသော မီးလုံးကြီးကို ရှောင်ပြီး သူနှင့် နီးကပ်လွန်းနေပြီ ဖြစ်သည့် ပုရှန်းဝမ်နှင့် စတင်ကာ တိုက်ခိုက်သည်။
“ရှန်းဝမ် နိုးစမ်း”
အနီးကပ်တိုက်ခိုက်လိုက်မှသာ သူ၏ လက်ရှိအခြေအနေကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ သူ၏မျက်လုံးက နီရဲလွန်းနေသဖြင့် နောက်တစ်စက္ကန့်တွင် သွေးပေါက်ထွက်တော့မည် ဖြစ်သည်။ သူ၏ မျက်လုံးထဲတွင်လည်း မည်သည့် အသက်စွမ်းအားကိုမှ မမြင်ရဘဲ ရှင်းလင်းကာ ထုံထိုင်းနေသည်။ သူ၏ တိုက်ကွက်မှ အရှိန်နှုန်းနှင့် ခွန်အားကလည်း ပုံမှန်၏ နှစ်ဆနီးပါးဖြစ်နေသည်။ ယခုကြားလိုက်ရသော ကလေးငိုသံက လူ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်ရုံသာ မကသေးလေဘဲ လှုံ့ဆော်နိုင်သည့် သက်ရောက်မှုမျိုး ရှိလောက်ပြီး ထိန်းချုပ်ခံရသော သူအား အတိုဆုံးသော ကာလအတောအတွင်း ခန္ဓာကိုယ်မှ အလားအလာများကို လှုံ့ဆော်နိုင်စွမ်းရည် ရှိသွားစေသည်။ အင်အားကိုလည်း အများကြီး တိုးသွားစေသည်။ ထိုကဲ့သို့ အင်အားတိုးမြင့်ပေးသော နည်းလမ်းမျိုးက လူ၏ အလားအလာကိုအင်အားသုံးကာ မြင့်တင်ခြင်း ဖြစ်လေရာ ခန္ဓာကိုယ်ကို ထိခိုက်စေလေသည်။
ပုရှန်းဝမ်၏ အပြုအမူကို အတတ်နိုင်ဆုံး ထိန်းချုပ်ချင်ပြီး သူ့ကိုလည်း မထိခိုက်စေလိုသည့်အခါ ယန်မော့အနေနှင့် လက်နှင့် ခြေထောက်များကို ကောင်းမွန်စွာ မလှုပ်ရှားနိုင်တော့ပေ။
ပုရှန်းဝမ်၏လှုပ်ရှားမှုက နည်းနည်း မချောမွေ့ကြောင်း သတိထားမိသည့် ယန်မော့ကလည်း ပြဿနာကို ချက်ချင်းရှာတွေ့သွားသည်။ သူသည် သူ၏စိတ်စွမ်းအားကိုသုံး၍ ကလေးငိုသံက ပုရှန်းဝမ်ကို ထပ်ပြီး မသက်ရောက်အောင် တားပေးလိုက်သည်။ ထိုအခါ ကလေးငိုသံကို မကြားရတော့ဟု ခံစားရမှသာ ပုရှန်းဝမ်၏ လှုပ်ရှားမှုက နှေးကွေးသွားပြီး ခံစားချက်များကလည်း ရုန်းကန်နိုင်လာသည်။ ထို့နောက် သူ၏ မျက်လုံးထဲတွင် နာကျင်မှုကို မြင်ရသည်။
“မော့…မော့ မော့ကော …အား…”
154 02
ပြင်ပအားဖြင့် လှုံ့ဆော်မှုမျိုး မရှိတော့သည့်အခါ ယန်မော့က ပုရှန်းဝမ်က ရပ်တန့်သွားသည့် အခြေအနေကို အခွင့်ကောင်းယူပြီး ခပ်မြန်မြန် လှုပ်ရှားလိုက်ကာ သူ၏ လည်ဂုတ်အနောက်ဖက်သို့ လက်ဝါးစောင်းဖြင့် တစ်ချက် ရိုက်ချလိုက်ပြီး အောင်အောင်မြင်မြင်ဖြင့် သတိလစ်သွားစေလိုက်သည်။
ယန်မော့က မြေပြင်ပေါ်သို့ လဲကျတော့မည့် ပုရှန်းဝမ်ကို လှမ်းဆွဲခေါ်လိုက်ပြီး ရှုရှင်းတို့ ရှိရာသို့ ပြန်သယ်လာသည်။
“အချစ် အဆင်ပြေရဲ့လား”
ကပ်ဘေးကို ယာယီအားဖြင့် ဖြေရှင်းပြီးသွားသောအခါ ရှုရှင်းက ယန်မော့ဆီသို့ အပြေးအလွှားလာပြီး သူ၏ အပေါ်အောက်ကိုစိုးရိမ်တကြီး ထပ်ခါတလဲလဲ ကြည့်ကာ အနောက်ဖက်သို့ပင် လှည့်ခိုင်းပြီး ကြည့်သေးသည်။
“လိမ္မာ လိမ္မာ ငါအဆင်ပြေတယ်။ ငါတို့ နေ့တိုင်း အတူ လေ့ကျင့်နေကြတာ။ ငါတို့လည်း ရှန်းဝမ်ရဲ့စွမ်းရည်ကို ကောင်းကောင်း သိတာပဲ။ သူက ငါ့ထက် အများကြီး နိမ့်ကျတဲ့ဟာ… ငါ့ကို ဘယ်လိုများထိခိုက်အောင် လုပ်နိုင်မှာလဲ”
ယန်မော့ကလည်း ထိုနေရာတွင်သာ နာနာခံခံနှင့် ရပ်လိုက်ပြီး ရှုရှင်းက သူ၏ အရှေ့ပြေးလိုက် အနောက်ပြေးလိုက် လုပ်ကာ တောက်လျှောက်စစ်ဆေးနေခြင်းကို လက်ခံပေးလိုက်သည်။ လက်မောင်းခြေထောက်များကိုပင် မြောက်ပေးပြီး တက်တက်ကြွကြွပင် ပူးပေါင်းပေးသေးပြီး သူဟာ ဒဏ်ရာ မရကြောင်းကို အတည်ပြုပေးရသည်။
“ကောင်းတာပေါ့ ငါအခု တကယ် ကြောက်သွားတာ ရှန်းဝမ် ဘယ်လိုနေလဲ”
ယန်မော့က အမှန်တကယ် မထိခိုက်သွားကြောင်း အတည်ပြုပြီးနောက်တွင် ရှုရှင်းကလည်း စိတ်အေးသွားသလို သက်ပြင်းချပြီး အခြေအနေကို မေးသည်။
“ငါသူ့ကို ယာယီအားဖြင့် သတိလစ်အောင် လုပ်ထားလိုက်တယ်။ ခဏလောက်တော့ နားပြီး နိုးလာတဲ့အချိန်ကျ ကြည့်တာပေါ့”
******