အခန်း ၁၅၅
Vol. 16 Ch. 155
155 01
အပိုင်း (၁၅၅)
“အား”
ပုရှန်းဝမ် အသိဝင်လာသည်နှင့် ပထမဦးဆုံးခံစားရသည်မှာနာကျင်မှု ဖြစ်သည်။
F*ck သူ့လည်ဂုတ်ကို ဘယ်သူ ရိုက်သွားတာလဲ…
လက်ကြမ်းလိုက်တာ..
ဒါပေမဲ့ သူ့ခါးက ဘာလို့ အရမ်းနာနေတာလဲ။
သူ၏ ခန္ဓာကိုယ်မှ ကြွက်သားများအားလုံးကလည်း လွန်ကဲလွန်းသော အသုံးပြုမှုကြောင့် နာကျင်ကိုက်ခဲနေသည်။
ဘာတွေ လွတ်သွားတာလဲ။
ယခင်က အဖြစ်အပျက်ကို ပြန်တွေးမိသည့်အခါ သူက မျက်လုံးကို တဖြည်းဖြည်း ဖွင့်လိုက်သည်။
ပုရှန်းဝမ် : !!!
မကောင်းဆိုးရွားပဲ။
နောက်ဆုတ် နောက်ဆုတ်….နောက်ဆုတ်
သူ၏ မကြည်လင်သောစိတ်က အံ့အားသင့်မှုကြောင့် ချက်ချင်းနိုးသွားသည်။ ရုပ်ပိုင်ဆိုင်ရာ အခြေအနေက လှုပ်ရှားမှု ကြီးကြီးများများ လုပ်ရန် ခွင့်မပြုထားသောကြောင့်သာ မဟုတ်ပါက သူသည် ချက်ချင်းဆိုသလိုနေရာမှပင် ခုန်ထပြီး ဆယ်မီတာ အကွာသို့ ဆုတ်လောက်သည်။
“အိုး….ဝူး…”
“သူ့ရဲ့မျက်လုံးတွေက ခေါင်းလောင်းလောက် ကြီးတယ်။ သူ့ရဲ့အမြင်နဲ့တော့ ပြဿနာမရှိလောက်ဘူး။ ဒါပေမဲ့ ဘာလို့ ထိုင်းထိုင်းမှိုင်းမှိုင်းဖြစ်နေတာလဲ။ ဦးနှောက်များ ထိခိုက်သွားတာလား”
ပုရှန်းဝမ်၏ ခေါင်းအထက်နားတွင် ရပ်နေသော ရှုရှင်းကလည်း ခပ်တိုးတိုးရေရွတ်သည်။ အခြားသော သူများကလည်း သံသယအပြည့်နှင့် ကြည့်လာသည်။
ပုရှန်းဝမ် : …
“ယဉ်ကျေးနေတာလား။ ငါ အားလုံး ကြားတယ်နော်”
သူ့ခေါင်းရှိသော နေရာတွင် ခေါင်းလေးခေါင်း ဝိုင်းနေကြောင်း မြင်လိုက်ပြီးနောက် ပုရှန်းဝမ်၏ကြောက်လန့်သွားသော နှလုံးသားက တဖြည်းဖြည်းချင်းစီ ငြိမ်းအေးသွားသည်။
“အင်း…သူ ငါတို့ ပြောတာကို နားလည်နိုင်သေးတယ်ဆိုတော့ ပြဿနာ မရှိလောက်တော့ဘူး”
မူချီမိုင်ကလည်း ထိုသို့ပြောနေရင်း ခေါင်းကို တဆတ်ဆတ် ညိတ်ကာ ပုရှန်းဝမ်၏ အခြေအနေကို အတည်ပြုပေးသည်။ ထိုသို့ဖြင့် ပုရှန်းဝမ်၏ ခေါင်းအထက်မှ ခေါင်းလေးလုံးက ရွေ့သွးသည်။
“မင်းတို့မှာ ဘယ်လိုများ မကောင်းတဲ့အကြိုက်ရှိနေတာလဲ ဟမ်… ငါ မျက်လုံးဖွင့်လိုက်တာနဲ့မင်းတို့ကြောင့် သေအောင် ကြောက်သွားတာ”
နံရံကို ကိုယ်တစ်ပိုင်းမှီထားသော ပုရှန်းဝမ်ကလည်း သူတို့ လက်ထဲမှ ဆန်မှုန့်လုံးကို ခပ်ကြမ်းကြမ်း ကိုက်ခဲကာ စားသောက်ရင်း အထွန့်တက်သည်။
မိသားစုဝင်တွေ မင်းတို့ နားလည်ကြရဲ့လား။
သူက မျက်လုံးကို ဖွင့်လိုက်တဲ့အချိန်မျာ ရုတ်တရက် ကိုးရိုးကားရားအပြုံးနဲ့ မျက်နှာကြီးလေးခုကို ဝုန်းကနဲမြင်လိုက်တယ်။ အနောက်ဖက်ကို ခရီးသွားခြင်းထဲက ဆရာနဲ့ တပည့်လေးယောက်ရဲ့ ဓာတ်ပုံထက်တောင် ကြောက်ဖို့ကောင်းသေးတယ်။
ထိုအကြံရသော တရားခံကမူ ယန်မော့၏အနောက်ဖက်တွင် ဝိုင်းနေပြီး ယန်မော့၏ကျောပေါ်သို့ မျက်နှာကို အပ်ရင်း ခိုးရယ်နေလေသည်။
သူမ၏ ရယ်သံကြားသွားပြီး ကိုယ့်ဒုက္ခကို မရှာမိရန် အလို့ငှာ တခစ်ခစ် ခိုးရယ်နေရသည်။
155 02
သို့သော် သူ၏ ကျောပြင်မှလာသော တုန်ခါမှုကတဆင့် ယန်မော့၏ မျက်လုံးထဲတွင်လည်း ကူကယ်ရာမဲ့မှုများနှင့် အလိုလိုက်လိုသော ခံစားချက်များက ပြည့်နှက်သွားသည်။
ထိုကိစ္စကြီး လျှင်မြန်စွာ ပြီးဆုံးသွားသည်။ လူငါးယောက်လုံးက သူတို့၏ အခြေအနေကို ချိန်ညှိပြီး အထဲသို့ ဆက်ဝင်သည်။
ယခင်က အနေအထားမျိုးကြောင့် အားလုံးကလည်း အထဲသို့ မရောက်ခင်ကတည်းက နားကို ကြိုပိတ်ထားလိုက်သည်။ ဟန်အမူအရာကတဆင့်သာ အချင်းချင်း ဆက်သွယ်ကြသည်။
သူတို့က အတွင်းသို့ စဝင်သွားသောအခါ ကလေးငိုသံက ပြန်ထလာပြန်သည်။ ယခင်ကထက်ပင် ပို၍ကျယ်သေးသည်။ ကံဆိုးသည်မှာ ရှုရှင်းတို့အဖွဲ့က နားပိတ်ထားပြီးသား ဖြစ်သောကြောင့် အသုံးမဝင်တော့ပါပေ။
အစောပိုင်းအသံတိုက်ကွက်က သက်ရောက်မှု မရှိတော့ကြောင်း သိသွားသောကြောင့် ဖြစ်လောက်သည်။ ကလေးငိုသံက ရုတ်ချည်းပျောက်ကွယ်သွားပြန်ပြီး ငိုသံလည်း မဟုတ် ရယ်သံလည်း မဟုတ်သော အသံမျိုးက အစားထိုး ဝင်ရောက်လာသည်။ တစ်စုံတစ်ရာကို ခေါ်နေသည်နှင့် တူသည်။
ယန်မော့က လက်ကို မြောက်ကာ အားလုံးကို ရပ်ခိုင်းသည်။ သူ၏ မျက်လုံးက ရုတ်တရပ် အရှေ့ဖက်တွင် ပေါ်လာသော ရန်သူအား ဝံပုလွေတစ်ကောင်ကဲ့သို့ သတိအပြည့်ကပ်ကာ ကြည့်သည်။
အဆင့်သုံးအဆင့် ဇွန်ဘီ လေးကောင်၊ အဆင့်လေးအဆင့် ဇွန်ဘီနှစ်ကောင်၊ ….
စသဖြင့် ဇွန်ဘီခြောက်ကောင်က သူတို့ကို ဝိုင်းလာသည်။ ထိုဇွန်ဘီများက ရုတ်တရက် ဝင်လာခြင်းဖြစ်သည်။ နဂိုကရှိမနေပေ။ ယန်မော့ကလည်း မျက်လုံးကို အသာမှေးကျဉ်းလိုက်သည်။ ဇွန်ဘီများက ရုတ်တရက် ပေါ်လာသောအခါ သူသည် စွမ်းအင် လှုပ်ခတ်မှုကို ခံစားမိလိုက်သည်။ လှုပ်ခတ်မှုက ရပ်သွားသည်နှင့် ထိုဇွန်ဘီများက ပေါ်လာသည်။ ထိုဇွန်ဘီများက လေထဲမှ ပေါ်လာခဲ့ခြင်းမဟုတ်ပေ။ ဆိုလိုသည်မှာ ထိုနေရာတွင် ရှိနေခဲ့ပြီး သူတို့ကသာ သတိမထားမိခဲ့ခြင်းဖြစ်လောက်သည်။
ကြည့်ရသည်မှာ စိတ်စွမ်းအားရှိသော ဇွန်ဘီနှစ်ကောင်ထဲမှ တစ်ကောင်တွင် ဒိုင်းစွမ်းရည်မျိုး ရှိလောက်သည်။ ထို့အပြင် အသံကို ထိန်းချုပ်နိုင်သော ဇွန်ဘီလည်း ရှိသေး၏။ ထို့ကြောင့် သူ၏အိပ်မက်ထဲတွင် အင်အားကြီးမားသော အသင်းပေါင်းများစွာက အဆုံးသတ်သွားရသည်မှာ အံ့ဩစရာမရှိပေ။
ထိုဇွန်ဘီခြောက်ကောင်က သူတို့ကိုသေချာစောင့်ကြည့်နေပြီး အချိန်မရွေးတိုက်ခိုက်မည့် အမူအရာမျိုး ဖြစ်နေသည်။ အချိန်က ကုန်နေလေပြီ။
ယန်မော့၏ စိတ်ထဲတွင် အကြံတစ်ခုရသည်မှာ သူရှာတွေ့ထားသော အချက်အလက်များကို အခြားသော သူများကို ပြောပြလိုက်ပြီး သတိထားရမည့် အနေအထားများအားလုံးကို မှတ်သားထားစေသည်။
******