အခန်း ၁၅၆
Vol. 16 Ch. 156
156 10
အပိုင်း (၁၅၆)
တစ်…တစ်…တစ်..တစ်…
ဖုန်များထူနေသော မြေပြင်ပေါ်သို့ သွေးများက တစက်စက်ကျနေသည်။ ပုရှန်းဝမ်က ဒဏ်ရာရနေသော လက်မောင်းကို ကိုင်ပြီး အမောတကော အသက်ရှူနေ၏။ အခြားသော သူများ၏အသက်ရှူနှုန်းကလည်း နည်းနည်း မြန်ဆန်နေသည်။ ရှုရှင်းတို့အားလုံး၏ပတ်ပတ်လည်တွင် အကောင်းအတိုင်း မကျန်တော့သော အနေအထားမျိုးနှင့် ဇွန်ဘီအလောင်းများ လဲနေသည်။ အထူးသဖြင့် ပေါ်လာသော ဇွန်ဘီတိုင်းက အဆင့်သုံးနှင့် အဆင့်လေးများ ဖြစ်ကြသည်။ ထိုနေရာတွင် ရှိနေသောခေါင်းများကပင် နှစ်ဆယ်ထက် မလျော့ပေ။
ယန်မော့၊ ပုရှန်းဝမ်နှင့် မူချီမိုင်တို့က ထိုနေရာတွင် တိုက်ခိုက်နိုင်စွမ်းရှိသော သူများဖြစ်သည်။ သို့သော် သူတို့သည် အစောပိုင်းက ထိန်းချုပ်ခံရပြီး ရုပ်ပိုင်းဆိုင်ရာ အလားအလာကလည်း ဖိနှိပ်ခံရသေးသောကြောင့် ပုရှန်းဝမ်၏ခန္ဓာကိုယ်က အချိန်တိုအတွင်း အပြည့်အဝ ပြန်မကောင်းသေးပေ။ ထို့ကြောင့် သူ၏ တိုက်ခိုက်နိုင်စွမ်းအားကလည်း အများကြီး လျော့ကျသွားလေသည်။ ရှုရှင်းနှင့်ပုယွမ်ကျိုးတို့၏ သဘာဝလွန်စွမ်းအားတိုက်ကွက်ကမူ သုညနီးပါးဖြစ်သည်။ သူတို့က လက်နက်များကိုသာ အသုံးပြုပြီး တိုက်ခိုက်နိုင်သည်။ ထိုတိုက်ပွဲက မည်မျှခက်ခဲကြောင်း သိနိုင်သည်။
ဟစ်…
“အခုတိုက်ကွက်ကြောင့် တိုက်ခိုက်ခံလိုက်ရလို့ ငါ့ရဲ့ခန္ဓာကိုယ် တုန့်ပြန်မှုက အများကြီး နှေးသွားတာ။ အဲဒီလိုမှ မဟုတ်ရင် ငါ ရှောင်နိုင်ခဲ့မှာပါ ဟွန့်”
ဒဏ်ရာကို တစ်ချက်ကြည့်ပြီးနောက် ပုရှန်းဝမ်က နည်းနည်းစိတ်ရှုပ်သွားသည်။
“အသိစိတ်ရှိစမ်းပါ။ အခု နင့်ရဲ့ ဘယ်ဘက်လက်မောင်းက ဒဏ်ရာရသွားတာ။ နင်သာ ဒီထက်ပိုပြီး နှေးကွေးသွားမယ်ဆိုရင် လက်မောင်းမှာတင် အပေါက်မဟုတ်ဘဲ နှလုံးနေရာမှာ အပေါက်ဖြစ်သွားလိမ့်မယ်”
ပုရှန်းဝမ်၏ လက်မောင်းကို ပက်တီစည်းပေးနေသော မူချီမိုင်ကို ကြည့်ရင်း ရှုရှင်းက ဝင်ပြောသည်။ မူချီမိုင်ကမူ မျက်ခွံပင် တစ်ချက်လှုပ်မလာချေ။ တစ်ဖက်သူ၏ အော်ဟစ်သံများကို လျစ်လျူရှုထားသည်။
“ပြန်ရောက်တာနဲ့ ကိုယ့်ဘာသာကိုယ် ကောင်းကောင်းလေ့ကျင့်တော့”
ယန်မော့ကလည်း ဝင်ပြောသည်။
!!!
“မော့ကော မော့ကော…မဟုတ်ဘူး အား…”
“လေ့ကျင့်မှု နှစ်ဆ”
“မရဘူးနော် ဒီလိုမလုပ်ပါနဲ့ အရှင်မင်းကြီး”
ပုရှန်းဝမ်က ဝမ်းနည်းလွန်းသဖြင့် ငိုချင်သွားသည်။ သို့သော် မျက်ရည်ကလည်း မထွက်ပေ။
“ဖူး…ဟားဟား…”
“ဟားဟား…”
“ငါတောင်းပန်ပါတယ် ဟားဟားဟား…တကယ် မရယ်ချင်ပါဘူး ဟားဟား…ငါ တကယ် မရယ်ချင်ဘူး ဟားဟား”
ရှုရှင်းက ပုရှမ်းဝမ် စကားစပြောကတည်းက ရယ်ချင်စိတ်ကို ထိန်းထားခြင်းဖြစ်သည်။ သို့သော် ငါ တကယ်မလုပ်နိုင် အရှင်မင်းကြီးဆိုသော စကားကို ကြားသည်နှင့် လုံးဝ ထရယ်တော့သည်။
ထိုရယ်သံကတဆင့် လွန်ခဲ့သော ဆယ်နှစ်လုံးလုံး လုပ်ခဲ့မိသမျှ ကောင်းမှုများအားလုံးကို ကုန်သွားသလို ခံစားသည်။
အာ…အပြစ်မကင်းသလို ခံစားလိုက်ရပြီ။
“အခု ငါတို့ကို တိုက်ခိုက်တဲ့ ဒီဇွန်ဘီတွေက တော်တော်လေး များလာပြီဆိုတော့ အဲဒီစိတ်စွမ်းအားရှိတဲ့ ဇွန်ဘီနှစ်ကောင်ရဲ့ တည်နေရာက မဝေးလောက်တော့ဘူး”
156 02
ပုယွမ်ကျိုးကလည်း ရှုရှင်းလောက် သဘောတကျ ရယ်မနေချေ။ သို့သော် သူ၏မျက်နှာတွင်လည်း နည်းနည်းသိသာသည့် အပြုံးမျိုးက ရှိနေသည်။ သို့သော် သူသည် လမ်းကြောင်းမလွဲစေရန် အလို့ငှာသာ စကားထုတ်ပြောလိုက်ရခြင်း ဖြစ်သည်။
“အင်း ငါ ဒီဇွန်ဘီ နှစ်ကောင်ရဲ့တည်နေရာကို အတိအကျ အာရုံခံမိပြီးသား”
ယန်မော့က စက္ကန့်အနည်းငယ်ခန့် ရပ်တန့်ပြီးမှ ဆက်ပြောသည်။
“ဒါပေမဲ့ ထူးဆန်းတာက အဲဒီ ဇွန်ဘီ နှစ်ကောင်က မလှုပ်တာဘဲ။ တစ်ခုခုကတော့ မဟုတ်တော့ဘူး”
ယန်မော့၏ စကားလုံးများက အားလုံးကို အတွေးနက်သွားစေသည်။ သူတို့၏ အိုင်ကျူကလည်း မနိမ့်ချေ။ ပုယွမ်ကျိုး၏ အထူးစွမ်းရည်ကလည်း မဟာဦးနှောက်ဖြစ်သည်။ ထို့ကြောင့်လူများထက် ပို၍မြန်မြန် တွေးနိုင်သည်။ သူသည်လည်း ဂရုတစိုက်စဉ်းစားပြီးနောက် ပြောသည်။
“ဖြစ်နိုင်ချေ နှစ်ခုပဲရှိတယ် တစ်ခုကတော့ အဲဒီ ဇွန်ဘီနှစ်ကောင် မလှုပ်နိုင်တာ။ ဒုတိယတစ်ခုကတော့ သူတို့က အဲ့ဒီနေရာမှာ ရည်ရွယ်ချက်ရှိရှိနဲ့ ဆက်နေတာက ငါတို့ကို ခုန်ဝင်လာမယ့် ထောင်ချောက် အသင့်ပြင်ပြီးသား မလို့ပဲ။”
“ဘယ်တစ်ခုပဲဖြစ်ဖြစ် ငါတို့ အဓိက ထွက်လာတဲ့ ရည်ရွယ်ချက်ကိုက အဲဒ ဇွန်ဘီ နှစ်ကောင်ကို ရအောင်ယူဖို့ဆိုတော့ သွားပြီး စမ်းကြည့်ရမှာပဲ။ အချိန်ကျလာတဲ့အခါ ကိစ္စတွေက အလုပ်ဖြစ်လာပါလိမ့်မယ်။ အများကြီး တွေးမနေနဲ့။ ဒီအတိုင်း ဝင်သွားပြီး ကြည့်တာပေါ့”
အားလုံးက မျက်မှောင်ကြုတ်ပြီး အတွေးနက်နေကြောင်းမြင်သောအခါ ရှုရှင်း တိတ်တဆိတ် ဝင်ပြောသည်။
အားလုံးကလည်း ခေါင်းမော့ပြီး သူမကို ကြည့်သည်။
ရှုရှင်းက လန့်သွားပြီး ထစ်ထစ်အအ ပြောသည်။
“ဘာ…ဘာ…ဘာလဲ ငါ…ငါ ပြောတာ မှားလို့လား”
“အို မဟုတ်ဘူး ရှင်းပေါင် ပြောတာ မှန်တာ။ ငါတို့ တွေးတောပုံက လမ်းဆုံးရောက်နေတာ”
ယန်မော့က ရယ်သည်။ မျက်နှာပေါ်မှ လေးနက်တည်ကြည်မှုကလည်း ပျောက်သွား၏။ ပုံမှန်အတိုင်း အေးဆေးငြင်သာသွားသည်။
“သွားရအောင်။ အခုဒီကို ရောက်နေပြီပဲ။ ဒီအတိုင်းဝင်သွားပြီး ဇွန်ဘီ နှစ်ကောင်က ပုန်းနေတာလား၊ ဘာလုပ်နေတာလဲဆိုတာကို သွားကြည့်တာပေါ့”
******