အခန်း ၁၅၇
Vol. 16 Ch. 157
157 01
အပိုင်း (၁၅၇)
“ဘာလို့ ဇွန်ဘီတွေအများကြီး ရုတ်တရက် ပြေးဝင်လာတာလဲ။ သူတို့အစက အစွန်ပိုင်းမှာပဲ နေတာမဟုတ်ဘူးလား။ မထွက်လာရဲကြဘူး မဟုတ်ဘူးလား”
အရပ်မျက်နှာအနှံ့မှ ဇွန်ဘီများက ပြုံအောဝင်လာကြောင်း မြင်သောအခါ ရှုရှင်းကလည်း နည်းနည်း ထုံထိုင်းသွားသည်။
“ကြည့်ရတာ အထဲက စိတ်စွမ်းအားပညာရှင် နှစ်ကောင်က လှည့်ကွက်ကုန်နေပြီ။ သူတို့က ဒေါသတကြီးဖြစ်သွားပြီး ဇွန်ဘီတွေအားလုံးကို ဆင့်ခေါ်လို့ ငါတို့ကို ရင်ဆိုင်ခိုင်းတာ။ သူတို့က ငါတို့ကို ဒီနေရာမှာတင် ဖြေရှင်းချင်နေတာလေ။ သွားရအောင် အာရုံစိုက်မနေနဲ့ ခေါင်းဆောင်ကို အရင်ဖမ်းမယ်”
ဗုံးတစ်လုံးကို ကောက်ပစ်ပြီးသည်နှင့် ယန်မော့က ရှုရှင်းကို ခေါ်ကာ အတွင်းဘက်သို့ ခပ်မြန်မြန်ဝင်လာသည်။
ဘမ်း
မူချီမိုင်က အရင်ဦးဆောင်ပြီး သူတို့၏ မြင်ကွင်းကို ပိတ်ထားသော တံခါးကို ခပ်ကြမ်းကြမ်း ဖြိုခွဲပစ်လိုက်လေရာ အတွင်းမှ အရာကို ချက်ချင်း လှမ်းမြင်လိုက်ရသည်။
အခန်းထဲမှ စိတ်စွမ်းအားရှိသော ဇွန်ဘီနှစ်ကောင်၏ အခြေအနေကို ရှင်းလင်းစွာမြင်ပြီးနောက် သူတို့သည်လည်း ထိုဇွန်ဘီနှစ်ကောင်က မည်သည့်အတွက်ကြောင့် သူတို့ ရောက်လာမှန်းသိနေသေးသည့်တိုင်အောင် မလှုပ်ရှားသေးဘဲ ဖြစ်ကတတ်ဆန်းဗျူဟာများကို သုံးနေပြီး ရင်ဆိုင်နေခဲ့ကြောင်း နားလည်လိုက်သည်။
အကြောင်းမူကာ သူတို့၏အရှေ့တွင် ကလေးဇွန်ဘီ နှစ်ကောင်ရှိသည်။ ပုံပန်းသွင်ပြင်နှင့်အရွယ်အစားအရ သုံးလသားပင် မကျော်လောက်သေးပေ။
လူသားခန္ဓာကိုယ်များက ဇွန်ဘီဖြစ်သွားပြီးနောက် ပြန်လည်ပုံပန်းသွင်ပြင် ပြောင်းလဲခံရသော်လည်း သူတို့၏ အသိစိတ်နှင့် လုပ်ဆောင်နိုင်စွမ်းအားများကလည်း နဂိုမူလခန္ဓာကိုယ်ပေါ် မူတည်ပေလိမ့်မည်။
အခြားသော ရှုထောင့်မှ ကြည့်ရသော် ထိုဇွန်ဘီများ၏ အဆင့်က မြင့်လေလေ ဦးနှောက်က မြင့်လေလေ ဖြစ်သည်။ ဆိုလိုသည်မှာ ဇွန်ဘီများ၏ အဆင့်ကမြင့်တက်လာသည်နှင့်အမျှ လူသားဖြစ်တည်မှုများ၏ အချို့သော အတွေးအကြံများကို တွေးတောနိုင်လာသည်။ လူသားတစ်ယောက်အနေနှင့် အိုင်ကျူမြင့်မားပုံကလည်း ဗဟုသုတများကို ရရှိလာနိုင်စေသေးသည်။ သူတို့၏ အရှေ့မှ ထိုဇွန်ဘီ နှစ်ကောင်ကမူ နှစ်လသုံးလသား အရွယ်ဖြစ်သည်။ သိသာစွာပင် သူတို့သည်လည်း အများကြီး လှုပ်ရှားနိုင်စွမ်းအားမရှိပေ။ အကျိုးအကြောင်းကျကျ ပြောရသော် တွေးတောနိုင်စွမ်းအားပင် မရှိလောက်ပါပေ။
နှစ်လသားအရွယ်ကလေးက တွေးတောနိုင်စွမ်းအားပင် မဖွံ့ဖြိုးသေးသော အနေအထားမျိုးဖြစ်သည်။ အထူးစွမ်းရည်ကို သုံးကာ ကိုယ့်ကိုယ်ကိုယ် အလိုလျောက် ကာကွယ်မှုကလွဲပြီး အခြားသော နည်းလမ်းမျိုး မရှိပါပေ။
စိတ်စွမ်းအား ဇွန်ဘီများအနေဖြင့် သူတို့သည်လည်း သူတို့ထက် အဆင့်နိမ့်သော ဇွန်ဘီများကို ထိန်းချုပ်နိုင်သည်။ သို့သော် ထိုဇွန်ဘီများအားလုံးက တစ်ချိန်တည်းတွင်ပင် နာခံပါမည်ဟု အာမခံချက် အပြည့်မရှိပေ။ ဇွန်ဘီများအကြားတွင်လည်း ပြိုင်ဆိုင်မှုက ရှိသေးသည်။ ထိုစိတ်စွမ်းအား ဇွန်ဘီနှစ်ကောင်က အဆင့်ငါးသို့ တက်ရောက်နိုင်ခဲ့ကတည်းက အတော်လေးကို ကံကောင်းနေပြီဖြစ်သည်။
ထိုဇွန်ဘီနှစ်ကောင်၏ သေခါနီးတိုက်ခိုက်မှုကို တားမြစ်ပြီးသည်နှင့် ယန်မော့က သူတို့ကို ချက်ချင်းဆိုသလို သတ်လိုက်ကာ အမြူအတေကို ထုတ်ယူလိုက်သည်။
အဆင့်မြင့်ဇွန်ဘီများ၏ ထိန်းချုပ်မှု မရှိတော့သောအခါ အခြားသော ဇွန်ဘီများသည်လည်း ခေါင်းဆောင် ပျောက်သွားသကဲ့သို့ ဖြစ်သွားကာ နေရာအနှံ့ လွင့်ပြယ်ကုန်သည်။ သူတို့၏ အရှေ့မှ အနံ့ရ၍ အပြေးလာသော ဇွန်ဘီများကလည်း သူတို့အတွက် အများကြီး မခြိမ်းခြောက်နိုင်တော့ပေ။ ထို့ကြောင့် သူတို့သည် အဆင့်ငါး စိတ်စွမ်းအား အမြူအတေ ဇွန်ဘီနှစ်ခုကို ရလိုက်သည်။ တတိယအဆင့်နှင့် အဆင့်လေးဇွန်ဘီများနှင့်တိုက်ခဲ့သော တိုက်ပွဲကလွဲပြီး အခြားသော အခြေအနေများတွင် မည်သည့် အင်အားမှ စိုက်ထုတ်ရန် မလိုအပ်ခဲ့သောကြောင့် အခြားသော ထူးခြားသည့် ဒဏ်ရာများ မရှိတော့ပါပေ။
အော် ဟုတ်သားပဲ ပုရှန်းဝမ်တော့ ရှိသေးတယ်။
သူသည် ဒဏ်ရာအပြင်းဆုံးဖြစ်သည်။ ပြင်ပဒဏ်ရာတင် မကဘဲ လက်မောင်းတွင် ထိုးဖောက်ခံရသည့် ဒဏ်ရာကြီးလည်း ရှိသည့်အပြင် အသေးစား အတွင်းဒဏ်ရာလည်း ရှိသည်။
157 02
ပုရှန်းဝမ် : ကျေးဇူးတင်ပါတယ် ငါကပဲ ကံဆိုးတဲ့ကောင်ပါ
ဘယ်သူကမှ ငါ့ထက် အခြေအနေ မဆိုးဘူး။
ဘယ်သူကမှ…
သို့ရာတွင် ဒီတစ်ခေါက် ရခဲ့သော သလင်းအမြူတေထဲတွင်လည်း မီးစွမ်းအားရှိသော အဆင့်လေးအမြူအတေတစ်လုံးနှင့် အဆင့်သုံး အမြူအတေ တစ်လုံးပါသည်။ ထိုအမြူအတေအကြောင်း တွေးမိမှသာ သူက နည်းနည်းစိတ်အေးသွားသည်။
မည်သို့ပင် ဆိုစေ မီးစွမ်းအားရှိသာ ဇွန်ဘီအမြူအတေဆိုလျှင် သူကသာ ရရှိပေလိမ့်မည်။
“အခြေစိုက်စခန်းကို မပြန်ခင် ငါ ဒီတစ်ခေါက် မင်းတို့ကို ပေးထားတဲ့ အဲဒီအမြူအတေတွေကို စုပ်ယူဖို့ နေရာတစ်ခုရှာရအောင်။ ငါ အဆင့်ငါးကို တက်တဲ့အခါ အရမ်းကြီး ဆူလောင်နေရင် အခြေစိုက်စခန်းထဲက လူတွေအားလုံးကို ဆွဲဆောင်မိသွားမှာ ကြောက်ရတယ်”
ယန်မော့က လက်ထဲတွင် ဇွန်ဘီအမြူအတေကို ကိုင်ထားရင်း ကစားနေသည်။ အဆင့်ငါး စိတ်စွမ်းအား ဇွန်ဘီအမြူအတေ အရောင်က ပထမအဆင့်တွင်ကကဲ့သို့ ပန်းနုရောင်တင် မဟုတ်တော့ချေ။ မိန်းမဆန်သော ပန်းရောင်ဖြစ်ပြီး ကြည်လင်ကာ တောက်ပကာ အတော်လေး လှလေသည်။
******