← Chapters

အခန်း ၁၅၉

Vol. 16 Ch. 159

အခန်း ၁၅၉

Vol. 16 Ch. 159

159 01

အပိုင်း (၁၅၉) အလင်းကုသခြင်း

ကွမ်ယွီလား….

ရှုရှင်းက စွမ်းအင် အသစ်ထံသို့အာရုံကျသွားသည်။ ဂိမ်းတစ်ခုမှ အသံထွက် တူသော စကာလုံးကိုပင်သတိရသွားသည်။

ထားလိုက်တော့ ဒါက အရေးမကြီးသေးဘူး သက်ရောက်မှုကို ကြည့်ရအောင်။

အလင်းကုသခြင်း : ပြင်ပဒဏ်ရာများအပေါ် ကုသနိုင်မှုရှိပြီး ကုသနိုင်တဲ့ သက်ရောက်မှုက အနိမ့်ဆုံး နှစ်ဆယ်ရာခိုင်းနှုန်းရှိတယ်။ ဇွန်ဘီ သလင်းအမြူအတေထဲက ဗိုင်းရပ်ပိုးတွေနဲ့ မသန့်စင်မှုတွေကိုလည်း ဖယ်ရှားပေးနိုင်တဲ့အပြင် သလင်းအမြူအတေကို စုပ်ယူထားတာကြောင့် ခန္ဓာကိုယ်အတွင်းပိုင်းမှာ တည်ရှိနေခဲ့တာ ကြာပြီဖြစ်တဲ့ မသန့်စင်မှုတွေကို ဗိုင်းရပ်ပိုးတွေကို ဖယ်ရှားပေးနိုင်တယ်။ မှတ်ချက် : မသန့်စင်တဲ့ သလင်းအမြူအတေကို အချိန်တန်ကြာအောင် စုပ်ယူမယ်ဆိုရင် ခန္ဓာကိုယ်ထဲမှာ အဲဒီဗိုင်းရပ်ပိုးတွေနဲ့ အညစ်အကြေးတွေက သိပ်သည်းလာပြီး အချိန်ကြာလာတာနဲ့အမျှ မိုက်ရူးရဲဆန်တာ သည်းမခံနိုင်သလိုမျိုး ဖြစ်လာတာ၊ ဆတ်ဆတ်ထိမခံတာမျိုး ဖြစ်လာတာမျိုးဖြစ်လို့ အသိစိတ်လွတ်ပြီး လိုအင်ဆန္ဒက ကြီးစိုးသွားနိုင်ချေ မြင့်မားပါတယ်။

ဆိုတော့ သူတို့ စုပ်ယူနေတဲ့ အဲ့ဒီ သလင်းအမြူအတေတွေထဲမှ ဗိုင်းရပ်တွေနဲ့မသန့်စင်တာတွေ ပါနေတာပေါ့။ ဒါတွေက လူတွေကို မိုက်ရူးရဲဆန်စေတယ် သည်းမခံနိုင်အောင် ဖြစ်စေတယ်။ စိတ်ဆန္ဒတွေကိုပိုပြီး ပြင်းထန်စေတယ်တဲ့။

ရှုရှင်းက တစ်စုံတစ်ရာကို တွေးမိပြီး ရုတ်တရက် လည်ဂုတ်က စိမ့်တက်သွားသည်။

သလင်းအမြူအတေထဲမှ စွမ်းအင်ကို စုပ်ယူနိုင်သောသူများကလည်း သဘာဝလွန်စွမ်းအား နိုးထလာသော စိတ်စွမ်းအာ ပညာရှင်များဖြစ်သည်။ စွမ်းအားပညာရှင်များက အင်အားကြီးမားလိုလျှင် သလင်းအမြူအတေကို သေချာပေါက် စုပ်ယူရသည်။ ထိုအခါ သူတို့၏ ခန္ဓာကိုယ်ထဲတွင်လည်း ဗိုင်းရပ်စ်နှင့် မသန့်စင်သော ပိုးများက တောက်လျှောက် တည်ရှိနေပေလိမ့်မည်။ အဆုံးသတ်ကာလမျိုးတွင် ထိုကဲ့သို့သော အထူးစွမ်းရည်ရှိသော သူများ၏ တိုက်ခိုက်နိုင်စွမ်းအားနှင့် အဆင့်အတန့်ကလည်း အကြွင်းမဲ့အာဏာကြီးသည် သာမာန်လူများကလည်း တွန်းလှန်နိုင်စွမ်းရည်မရှိပေ။

ထို့ကြောင့် ထိုကဲ့သို့သောသူမျိုး၏ ခံစားချက် အနေအထားမျိုးက မတည်ငြိမ်သောအခါ အဖွဲ့မှ သာမာန်လူများ၏ အခြေအနေက ပိုဆိုးပေလိမ့်မည်။ အဆုံးသတ်တွင်မူ လူသားများ အားလုံးက အချင်းချင်း တိုက်ခိုက်ရင်း မျိုးသုန်းသွားပေလိမ့်မည်။

ရှုရှင်းသည်ပင် ထိုအတွေးကြောင့် တုန်လှုပ်ခြောက်ခြားသွားသည်။ ချွေးစေးများပင် ပြန်လာသည်။ သူမသည်လည်း နှလုံးသားက နည်းနည်းလေးလံသွားသလို ခံစားရသည်။ အခြားသော သူများက မနိုးသေးပေ။ ထို့ကြောင့် သူမ၏ ရှာဖွေတွေ့ရှိမှုကိုလည်း မည်သူ့ကိုမှ မပြောနိုင်သေးပေ။ ထို့ကြောင့် အချိန်အတိုင်းအတာ တစ်ခုအထိ ထိုအတွေးကို ဘေးဖယ်ထားရသည်။

ထိုစွမ်းရည်အသစ်၏ မိတ်ဆက်အတိုင်းဆိုလျှင် သူမ၏ ခန္ဓာကိုယ်အပေါ်ပိုင်းတွင် ပေါ်လာခဲ့သော ထိုအညစ်အကြေများက မသန့်စင်မှုနှင့် ဗိုင်းရပ်စ်ပိုးများ ဖြစ်လောက်သည်။ အနည်းဆုံး သူမတို့၏အသင်းဝင်များကမူ ဗိုင်းရပ်စ်ပိုး၏ မသန့်စင်မှုများ၏ သက်ရောက်မှုကို စိုးရိမ်စရာ မလိုအပ်ပေ။

…

ရှုရှင်းက နောက်ထပ် နှစ်ရက်ခန့် စောင့်ပြီးမှသာ အခြားသော သူများက ကျင့်ကြံရာမှ ထွက်လာကြသည်။ လူတိုင်းက နိုးလာသည်နှင့် ရှုရှင်းကလည်း အားလုံးကို စုစည်းပြီး ရှာဖွေတွေ့ရှိမှုကို ပြောပြရန် ပြင်လိုက်သည်။

“ရှန်းဝမ် လာ ဒီကိုလာ ငါနဲ့ ပူးပေါင်းပေးပါအုံး။ မမေးနဲ့ငါ ခဏနေမှ ရှင်းပြမယ်”

ရှုရှင်းက အဖွဲ့အတွက် စမ်းသပ်ရမည့် ကြွက်ဖြူလေးကို အရင်ရွေးထုတ်လိုက်ပြီး လူတိုင်း၏ အရှေ့တွင်ပင် သူမ၏ စွမ်းရည်ကို ထုတ်ပြသည်။ ထပ်ခါတလဲလဲ မရှင်းပြလိုသည့်အတွက် မေးခွန်းမေးချင်နေသော ပုရှန်းဝမ်ကိုသာ ပါးစပ်ပိတ်ရန် ခလုပ်နှိပ်ထားလိုက်သည်။

159 02

အားလုံးကလည်း တစ်ရာရာခိုင်နှုန်းအပြည့် အချင်းချင်းယုံထားပြီးသား ဖြစ်သည်။ ရှုရှင်း၏ ပြောစကားကို ကြားသောအခါ သူတို့သည်လည်း သူမတွင် အကြောင်းပြချက် ရှိမည်မှန်း နားလည်နေ၏။ သူတို့၏စိတ်ထဲတွင် မည်သို့သော မေးခွန်းမျိုး ရှိနေစေကာမူ တိတ်တဆိတ်သာ စောင့်ကြည့်ရတော့ပေမည်။ ထို့အပြင် သူတို့အယုံကြည်ဆုံး ယန်မော့ကလည်း ဇနီးလေး ဘာကိုလုပ်ချင်လုပ်ချင် ထောက်ပံ့ပေးမည့် သူအဖြစ် ရှိနေလေသည်။

ရှုရှင်းက သူမ၏ စွမ်းရည်ကို စပြီး ထုတ်လွှတ်လိုက်သောအခါ အားလုံးက စိတ်ရှုပ်နေသေးသည်။ ဘာကိုမှ နားမလည်ပေ။ သို့သော် ပုရှန်းဝမ်၏ ကိုယ်ထဲမှ အမည်မဖော်နိုင်သော နံဟောင်နေသည့် အရာများထွက်လာပြီးနောက် အားလုံး၏ အမူအရာက ပျက်ကုန်သည်။ အခြေအနေက ထင်သလောက် မရိုးရှင်းမှန်းသိလိုက်သည်။

နာရီဝက်ခန့်ကြာပြီနောက်…

“ဆိုတော့ အထက်ပါ အကြောင်းအရာတွေအားလုံးက ငါ့ရဲ့စွမ်းရည်အသစ်ကို ငါ့ဘာသာငါ လေ့လာပြီး ရလာတဲ့အရာ ငါ အခု ပုရှန်းဝမ်အပေါ်မှ သက်ရောက်မှုကို စမ်းသပ်လိုက်တာလေ”

ရှုရှင်းကလည်း သူမက ရှာဖွေတွေ့ရှိထားသမျှ အရာအားလုံးကို တစ်သုတ်တည်း ပြောပြလိုက်သည်။ ထို့နောက် နံဘေးတွင် ချထားသော ရေခွက်ကို ကောက်ယူကာ သောက်သည်။

စကားအများကြီး ပြောလိုက်တော့ ရေဆာလိုက်တာ။

“ရှင်းပေါင် ငါတို့ကလွဲပြီး ဒီစွမ်းရည်ကို ဘယ်သူ့ကိုမှ မပြနဲ့။ နောက်ပြီး မင်းတို့လည်း အတူတူပဲ။ ရှင်းပေါင်မှာ ဒီလိုစွမ်းရည်ရှိတဲ့အကြောင်း ဘယ်သူ့ကိုမှ မပြောမိစေနဲ့”

ယန်မော့က ထိုသို့ပြောချိန်တွင် သူ၏မျက်လုံးက လူတိုင်း၏ မျက်နှာပေါ်သို့ ရောက်သွားသည်။

******

All Chapters