← Chapters

အခန်း ၁၆၀

Vol. 16 Ch. 160

အခန်း ၁၆၀

Vol. 16 Ch. 160

160 01

အပိုင်း (၁၆၀)

ယန်မော့သည်လည်း သူတို့က ပေါက်ကြားမည် မဟုတ်မှန်းယုံကြည်သည်။ သို့သော် ရှုရှင်း အခုရလာသော စွမ်းရည်အသစ်က အင်အားကြီးလွန်းသည်။ ထို့ကြောင့် အလွန်သတိထားသင့်သည်။

သတိထားရမည်မှာ ကမ္ဘာကပ်ဘေးကာလအတောအတွင်းတွင် အခြေစိုက်စခန်းအသီးသီးမှ သုတေသန ပညာရှင်များအားလုံးကလည်း အင်တိုက်အားတိုက် ကြိုးစားလုပ်ဆောင်ပြီး ဇွန်ဘီဗိုင်းရပ်စ်ပိုးကို အံတုရင်ဆိုင်နိုင်မည့် ဆေးကို ရှာဖွေနေခဲ့ကြသည်။ သို့သော် မည်သည့် တိုးတက်မှုမှ ရှိမလာပေ။ ထိုသူများကသာ ရှုရှင်း၏ စွမ်းရည်အသစ်က ဇွန်ဘီသလင်းအမြူအတေအတွင်းမှ ဗိုင်းရပ်စ်ပိုးကို သန့်စင်နိုင်ကြောင်း သိသွားခဲ့ပါက ရှုရှင်းကို အတတ်နိုင်ဆုံး ရအောင် ဖမ်းဆီး၍ ရှာဖွေရန် ခေါ်ဆောင်ချင်ကြလောက်သည်။

ယန်မော့သည်လည်း ထိုအိပ်မက်ထဲတွင် သုတေသန ပညာရှင်တိုင်းက လူကောင်းများမဟုတ်ကြောင်း မြင်ခဲ့ဖူးပြီးသား ဖြစ်သည်။ ကိုယ့်ကိုယ်ကိုယ် ဖြောင့်မတ်မှန်ကန်ပါသည်။ လူသားမျိုးနွယ်အတွက် အလုပ်လုပ်ပါသည်ဟု ကြုံးဝါးထားသော သုတေသန ပညာရှင်များသည်လည်း ရက်စက်သော နည်းလမ်းများကို သုံး၍ လူသား လေ့လာမှုများ လုပ်နေကြောင်း သိထားသည်။ ထို့ကြောင့် ထိုကဲ့သို့သော ဆိုးယုတ်သော ရက်စက်လွန်းသည့် လူများက ရှင်းပေါင်၏ အကြောင်းသိသွားသည်နှင့် ရှင်းပေါင်၏ အပေါ်တွင် မည်မျှပင် လူသားမဆန်သော စမ်းသပ်မှုမျိုး လုပ်လာမည်မှန်း မသိနိုင်ပေ။ ထိုသို့သာဆိုလျှင် သူသည်လည်း ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်ဘဲ လူသတ်မိလောက်သည်။

“အင်း မစိုးရိမ်ပါနဲ့ ယောက်ျားရယ် ငါ အာရုံစိုက်မှာပေါ့”

ယန်မော့၏အမူအရာက တင်းကြပ်လွန်းနေသည်။ ထို့ကြောင့် ရှုရှင်းကလည်း လက်မောင်းကို ခပ်မြန်မြန် ဖက်လိုက်ပြီး အရင်စိတ်အေးအောင် ချော့ရသည်။

ယန်မော့၏ အမူအရာက သိသိသာသာ ပြေလျော့လာမှသာ ရှုရှင်းက စိတ်အေးစွာ သက်ပြင်းချပြီး အကြောင်းအရာကို ပြောင်းသည်။

“နောက်ရက်အနည်းငယ်အတွင်းမှာတော့ ငါ့ရဲ့သဘာဝလွန်စွမ်းအားကို သုံးပြီး နင်တို့ရဲ့ ကိုယ်ထဲက အဲဒီ ဗိုင်းရပ်စ်ပိုးတွေ မသန့်စင်မှုတွေကို ဖယ်ထုတ်ပေးမယ်။ ဒီသဘာဝလွန်စွမ်းအားက အခြားစွမ်းအားတွေထက် အများကြီးစွမ်းအင် ကုန်တာ။ ဒါကြောင့် ငါ ရက်နည်းနည်းစီကြာမှပဲ ထပ်ပြီးသန့်စင်ပေးနိုင်တော့မယ်။ ငါအခု ရှန်းဝမ်ကို သန့်စင်ပေးလိုက်တာမလား။ ဒါပေမဲ့ ပြန်ရလာတဲ့ စွမ်းအားက တအားနှေးတယ်။ ဒါကြောင့် နည်းနည်းတော့ ကြာမယ်”

“အခုက စပြီး နောက်ပိုင်း ဇွန်ဘီအမြူအတေတွေကို ရရှိတဲ့အချိန်တိုင်းလိုလို ငါ အရင်ဆုံးသန့်စင်မယ်။ အဲဒီ အလင်းကုသခြင်းကို သုံးပြီး သန့်စင်လို့ အဲဒီထဲက ဗိုင်းရပ်ပိုးတွေ မသန့်စင်မှုတွေကို ဖယ်ထုတ်ပြီးမှပဲ။ နင်တို့က စုပ်ယူ၊ ဒါဆိုရင် ပြဿနာမရှိလောက်တော့ဘူး”

မူချီမိုင်တို့ကလည်း ခေါင်းညိတ်သည်။ ငြင်းစရာမရှိပေ။

“ကောင်းပြီ အခု အရေးကြီးတဲ့ကိစ္စတွေအကြောင်း ပြောလို့ပြီးပြီဆိုတော့… ငါတို့ လေ့ကျင့်ပြီး ထွက်လာပြီးပြီးချင်းမှာပဲ ငါက အားလုံးကို အစည်းအဝေးထိုင်ဖို့အတွက် ခေါ်ထားတာဆိုတော့ နင်တို့ ဗိုက်ဆာနေတော့မှာပဲ။ နင်တို့ ဘာစားချင်လဲပြောလေ။ ငါ အားလုံးကို လုပ်ပေးမယ်”

ရှုရှင်းက လက်ကို ဖြန့်လိုက်ပြီး အလွန်ရက်ရောသော ပုံစံမျိုးဖြင့် ပြောသည်။ လေထုအခြေအနေက ရုတ်ချည်းပေါ့ပါးသွားသည်။

“ငါ အရှေ့မြောက်ပိုင်း သံမဏိအိုးပူ ငန်းသား ထမင်းစားချင်တယ်။ နောက်ပြီး ဝက်သား ချိုချဉ်ရောပဲ။ ဝက်သားနှပ်နဲ့ ကမာဟင်းလည်း ကောင်းတယ်။ အင်း ထမင်းလေးနဲ့ဆိုရင်တော့ ပြီးပြည့်စုံတာပေါ့”

စားစရာမှာ၍ရကြောင်း ကြားသည်နှင့် ပုရှန်းဝမ်က ချက်ချင်းဆိုသလို တက်ကြွသွားပြီး ဟင်းပွဲပေါင်းများစွာ ထုတ်ပြောသည်။ သူ၏ သားရေများကပင် ကျချင်လာသည်။

160 02

အခြားသော သူများကလည်း သူက အရသာရှိသော ဟင်းပွဲပေါင်းများစွာအကြောင်း ထုတ်ပြောကြောင်း ကြားသောအခါ သူတို့၏ ဗိုက်ကပင် မြည်ဟီးလာပြီး အားလုံးက ထရယ်သည်။

ထိုသို့ဖြင့် ပေါ့ပါးလွန်းသော လေထုအခြေအနေမျိုးတွင် ဝမ်းသာအားရ စားသောက်ကြပြီးနောက် ရွက်ဖျင်တဲထဲ ဝင်ကာ ပြန်နားကြသည်။

ယန်မော့၏ ရင်ခွင်ထဲတွင် အိပ်ငိုက်နေပြီး အိပ်ပျော်တော့မည့် ရှုရှင်းကလည်း ရုတ်တရက် သူမ၏ စိတ်ထဲတွင် အတွေးတစ်ခုကို သတိရလိုက်ကာ ချက်ချင်း ထထိုင်သည်။

“ရှင်းပေါင် ဘာဖြစ်လို့လဲ”

သူမကို ဖက်ထားသော ယန်မော့ကပင် ကြောင်သွားသည်။

“အချစ် တကယ်လို့ ငါကသာ သလင်းအမြူအတေထဲက ဇွန်ဘီဗိုင်းရပ်တွေ မသန့်စင်မှုတွေကို ဖယ်ထုတ်ပြီး တတိယအဆင့်အထက်ကို ပစ်လွှတ်လိုက်မယ်ဆိုရင် တိုးတက်နှုန်းက မြန်သွားမှာများလား”

“အင်း ဒါလည်း ဖြစ်နိုင်တာပဲ စမ်းကြည့်လေ”

ယန်မော့က တစ်ချက်တွေးတောကြည့်လိုက်ပြီး စမ်းကြည့်သင့်သည်ဟု ထင်လိုက်သည်။

အပြင်ဘက်မှ ပတ်ဝန်းကျင်က ဆိုးသထက် ဆိုးလာသည်။ ဗိုင်းရပ်နှင့် မသန့်စင်မှုများ ဖယ်ထုတ်ထားပြီးသာ ဇွန်ဘီအမြူအတေကသာ ထိုအခြေစိုက်စခန်းကို မြန်ဆန်စွ ရှေ့တက်စေနိုင်မည် ဆိုလျှင် ကောင်းမွန်‌သော ကိစ္စဖြစ်လေသည်။

တိုက်ရိုက်လုပ်ဆောင်ခြင်းက ခပ်ကျယ်ကျယ်ပြောခြင်းထက် ပို၍ မြန်ဆန်သည်။ ရှုရှင်းကလည်း တတိယအဆင့် သစ်သားအခြေပြုစွမ်းအားရှိသော သလင်းအမြူအတေတစ်လုံးကို ထုတ်လိုက်ပြီးနောက် အသစ်စက်စက် ပြန်လည် ရရှိလာသော သဘာဝလွန်စွမ်းအားကို သုံးကာ မသန့်စင်မှုများ ဗိုင်းရပ်ပိုးများကို ဖယ်ရှားလိုက်ပြီး တတိယအလွှာသို့ ပစ်ထည့်လိုက်သည်။

“တင် သန့်စင်တဲ့ စွမ်းအင်နဲ့ သလင်းအမြူအတေ တစ်လုံးကို ထည့်သွင်းလာပါတယ် တိုးတက်မှုအပေါင်း ၂၀၀”

ရှုရှင်းက ပေါ်လာသော စကားလုံးများကို မြင်လိုက်သည်နှင့် သူမ၏ မျက်လုံးက ချက်ချင်း ပြူးသွားသည်။

******

All Chapters