← Chapters

အခန်း ၁၆၁

Vol. 17 Ch. 161

အခန်း ၁၆၁

Vol. 17 Ch. 161

161 01

အပိုင်း (၁၆၁) ပြန်လာခြင်း

သူမက နေရာလပ်နယ်မြေကို ဖွင့်ချိန်ကစပြီး ယခုအချိန်အထိဆိုလျှင် ထိုတတိယအလွှာနှင့် ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်မှ မရခဲ့ဖူးချေ။ သို့သော် ယခုအခါ ပထမဦးဆုံးအကြိမ်အဖြစ် ထိုကဲ့သို့ စာတန်းမျိုးကို မြင်ရခြင်း ဖြစ်သည်။

“ယောက်ျား ယောက်ျား ငါ့ကို တစ်ချက်လောက် ဆိတ်ကြည့်ပါအုံး။ တကယ်လားလို့ သိချင်လို့”

ရှုရှင်းက ယန်မော့အား ထုံထုံထိုင်းထိုင်းအကြည့်မျိုးဖြင့် ကြည့်လိုက်ပြီး သူမက ထင်ယောင်ထင်မှား မဟုတ်ကြောင်း အတည်ပြုချင်နေသည်။

“ဘာဖြစ်လို့လဲ သန့်စင်ထားပြီးသား ဇွန်ဘီအမြူအတေကို သုံးလို့ရလား”

ရှုရှင်း၏ မမျှော်လင့်ထားသော အပြုအမူက အဖြစ်အပျက်ကို မသေချာနိုင်သလို ဖြစ်သွားသည်။

ဟစ်

ယန်မော့က သူမကို ဆိတ်ရန် တွန့်ဆုတ်ကြောင်း နားလည်သည့် ရှုရှင်းကလည်း သူမဘာသာ ဆိတ်ကြည့်လိုက်သည်။ နာကျင်မှုက သွေးကြောများအားလုံးကိုပင် အဆုံးသတ်မတတ် ဖြစ်သွားစေသည်။ ဒါဟာ အိပ်မက် မဟုတ်ကြောင်းသေချာသွားသည်။

“အာ…ယောက်ျား သန့်စင်ထားပြီးသား သလင်းအမြူအတေနရဲ့တိုးတက်မှုက အရင်ကထက် နှစ်ဆတောင် ပိုမြန်တာပဲ။ ဆိုလိုတာက ငါတို့ အထဲက အခြေစိုက်စခန်းကို ဖွင့်ဖို့အတွက် အချိန်ပိုလျော့သွားပြီ။ ငါတို့ရဲ့ ပိုင်နက်နယ်မြေကို ရတော့မယ်”

ထိုအချက်အလက်ကို အတည်ပြုပြီးသည်နှင့် ရှုရှင်းက သူမ၏ပျော်ရွှင်မှုကို ဝေမျှသည်။ သူ၏ အစောပိုင်း မျှော်လင့်ချက်က အတည်ပြုပြီးသွားသောအခါ ယန်မော့၏မျက်နှာတွင်လည်း အပြုံးက ပေါ်လာသည်။ သူသည်လည်း တတိယအဆင့် သလင်းအမြူအတေ များများစုဆောင်းရန် ဆုံးဖြတ်ထား၏။ အဆင့်သုံးအဆင့်နှင့် အဆင့်ငါးအမြူတေမျိုးသာ များများရလျှင် ပိုကောင်းမည် ဖြစ်သည်။ ဒီနည်းအားဖြင့် နေရာလပ်နယ်မြေအတွင်းမှ အခြေစိုက်စခန်းကို ခပ်မြန်မြန် ဖွင့်နိုင်လောက်သည်။

တတိယအဆင့် အမြူအတေကိုသန့်စင်ပြီးနောက် တိုးတက်မှုက နှစ်ရာပင် တိုးသွားသည်။ အဆင့်လေးနှင့် အဆင့်ငါးဆိုလျှင် ပို၍ပင်တိုးတက်မှု မြန်ဆန်လောက်သည်။ ရှုရှင်းကလည်း အလားတူ တွေးမိသည်။

ကမ္ဘာအဆုံးသတ်ကာလတွင် အများဆုံးက ဇွန်ဘီဖြစ်သည်။ ဇွန်ဘီများကို အဆင့်မြင့်တက်စေသော ဥက္ကာခဲမိုးက ပြီးကာစဖြစ်သည်။ ထို့ကြောင့် ဇွန်ဘီများက ထပ်ပြီး ဆင့်ကဲပြောင်းလဲသွားအုံးမည် ဖြစ်သည်။ ဒုတိယနှင့် တတိယအဆင့်များကလည်း ဇွန်ဘီစစ်တပ်ကြီး တစ်ခုလုံး၏ကြောရိုး ဖြစ်လာလောက်သည်။ ထို့ကြောင့် ဒုတိယနှင့် တတိယအဆင့်များက ပိုများလာမည်မှာ သေချာသည်။ ထိုသို့ဖြင့် သူတို့ဟာ ယခုအခါ အဆင့်မြင့်ဇွန်ဘီများနှင့် တိုက်ခိုက်နိုင်နေလေသည်။ အခြေစိုက်စခန်းကို ဖွင့်လိုက်ခြင်းအားဖြင့် ပို၍သာလုံခြုံသွားမည် ဖြစ်သည်။

အဆုံးအစမဲ့မည်ဟု ထင်ထားရသော ခရီးက ရုတ်တရက် အဆုံးကို လှမ်းမြင်နိုင်သွားသည်။ သူမက ယန်မော့၏ ရင်ခွင်ထဲတွင် ပျော်ရွှင်စွာ ခွေနေရင်း ဟိုလိမ့်ဒီလိမ့် နှင့် အိပ်မပျော်နိုင်ဘဲ ဖြစ်နေသည်။ ရှုရှင်းကို ဖက်ထားသော ယန်မော့ကလည်း ရှုရှင်းက ဆက်တိုက်ဆိုသလို လှုပ်ရှားနေသောကြောင့် လှုံ့ဆော်ခံလိုက်ရသည်။ သူသည် မာလာ၏။

“အိပ်ပျော်ဖို့အတွက် အရမ်းပျော်နေတာလား”

“ဟင်”

ရှုရှင်းကလည်း ပျော်ရွှင်လွန်းနေသဖြင့် သူမကို ဖက်ထားသောအမျိုးသား၏ လေသံပြောင်းသွားမှန်း သတိမထားမိဘဲ ခေါင်းကို ငြိမ့်နေသည်။

“ပြောကြတာက လေ့ကျင့်ခန့်လုပ်တာက လူကို မြန်မြန် အိပ်ပျော်အောင် ကူညီပေးတယ်တဲ့။ ရှင်းပေါင်က မအိပ်နိုင်ဘူးဆိုမှတော့ ဘာလို့ ငါတို့တွေ အိပ်ယာမဝင်ခင် လေ့ကျင့်ခန်း အရင်မလုပ်ရမှာလဲ”

“!!!”

“မဟုတ်ဘူး မဟုတ်ဘူး။ ငါ ရုတ်တရက် အရမ်းအိပ်ချင်လာပြီ။ အိပ်တော့မယ် ကောင်းသောညပါ”

ရှုရှင်းက အိပ်ယာပေါ်တွင့် လေ့ကျင့်ခန်းဆိုသော အကြောင်းအရာကို ကြားသည်နှင့် အမျိုးသားဖြစ်သူ၏ဆိုလိုရင်းကို နားလည်လိုက်သည်။ ထို့ကြောင့် သူမက ခေါင်းကို ယမ်းပြီး မလှုပ်ရှားတော့ဘဲ လှည့်လိုက်ကာ မျက်လုံးကို မှိတ်ပစ်လိုက်သည်။

161 02

“အိုး အရမ်း နောက်ကျသွားပြီ”

မီးက ရှို့ပြီးသည်နှင့် စရှို့သော သူကို လွှတ်ပေးစရာ အကြောင်းမရှိပါပေ။

“တကယ် ငါတကယ်ကို အရမ်း အရမ်းကောင်းကောင်း…”

ရှုရှင်း၏ စကားများက မဆုံးသေးခင် တစ်ဖက်သူ၏ ပါးစပ်ဖြင့် အပိတ်ခံရသည်။ ပြန်လည်လွှတ်ပေးခံရသောအခါ ပါးစပ်က ချိုမြိန်သောအ သံက ထွက်လာ၏။

ထိုသို့ဖြင့် အိပ်ယာမဝင်ခင် လေ့ကျင့်ခန်းအချို့ကို လုပ်ပြီးနောက် ရှုရှင်းက ပင်ပန်းလွန်းသဖြင့်တောက်လျှောက် နှစ်ခြိုက်စွာ အိပ်မောကျသွားသည်။ စားသောက်ပြီးနောက် ယန်မော့ကလည်း သူ့ကို ပွေ့ဖက်လိုက်ကာ ဆေးကြောသန့်စင်ပေးသေးသည်။ ထို့နောက် ဝင်ရောက် အိပ်စက်လိုက်သည်။

အိပ်မက်မဲ့သော ညဖြစ်လေသည်။

…

နောက်တစ်ရက်တွင် သူတို့အဖွဲ့က C မြို့ အခြေစိုက်စခန်းသို့ ပြန်ကြသည်။

အပြန်လမ်းတွင်လည်း လမ်းပေါ်မှ ဇွန်ဘီများက အင်အားကြီးမားလာကြောင်း ရှင်းရှင်းလင်းလင်း ခံစားမိသည်။ ပထမအဆင့် ဇွန်ဘီများကို မမြင်နိုင်လုနီးပါးဖြစ်လာသည်။ ဒုတိယအဆင့် ဇွန်ဘီများက အများဆုံးဖြစ်လာသည်။ အဆင့်ပြောင်းလဲထားသော ဒုတိယအဆင့် ဇွန်ဘီများက လူသားရနံ့ကို ရသည်နှင့် အစွယ်များ ဖြဲကာ လက်သည်းများ ဆန့်ထုတ်ပြီး တိုက်ခိုက်ကြသည်။ သူတို့သည် အဆင့်တက်ပြီးကာစဖြစ်သည်။ သူတို့၏ ဒီစွမ်းအားအသစ်ကို ကျင့်သားရအောင် နည်းနည်းလှုပ်ရှားရန် လိုအပ်နေသည်။ တိုက်တိုက်ဆိုင်ဆိုင် သလင်းအမြူအတေ အမြောက်အများကိုလည်း လိုအပ်နေပြန်သည်။ အခုအခါ ထိုအဆင့်နှစ် ဇွန်ဘီများနှင့် လေ့ကျင့်ရန် အကောင်းဆုံးဖြစ်သည်။

ခန္ဓာကိုယ်မှ မသန့်စင်မှုများကို ရှင်းထုတ်ပြီးကာစ ပုယွမ်ကျိုးကလွဲပြီး ကျန်သော သူတိုင်းက သလင်းအမြူအတေများကိုသာ စုဆောင်းနေသည်။ နေ့ရက်တိုင်းလိုလို သူတို့သည်လည်း သလင်းအမြူအတေများကို အိတ်ကြီးတစ်အိတ် စုနိုင်သည်။ တတိယအဆင့် သလင်းအမြူအတေအပြင် အဆင့်လေး ရေစွမ်းအား သလင်းအမြူအတေ တစ်ခုကို ရလိုက်သည်။

လူတိုင်း၏ ကိုယ်ထဲမှ ဗိုင်းရပ်စ်ပိုးနှင့် မသန့်စင်မှုများကို ရှင်းထုတ်ပေးပြီးနောက် ရှုရှင်းက သူမ၏ သဘာဝလွန်စွမ်းအားကိုသုံးကာ သလင်းအမြူအတေများကို နေ့တိုင်းလိုလို သန့်စင်ပေးသည်။

တတိယအဆင့်မှ အခြေစိုက်စခန်းအတွက် သန့်စင်ရန်လိုအပ်သေးသည့်အပြင် အခြားသော လူများအတွက်လည်း မစုပ်ယူခင် သန့်စင်ပေးရန် လိုအပ်သည်။ ထိုသို့ သန့်စင်ရန် လိုအပ်သော စွမ်းအင် ပမာဏက လူကိုယ်အတွင်းမှ ဇွန်ဘီဗိုင်းရပ်စ်ပိုးနှင့် မသန့်စင်မှုများကို ဖယ်ထုတ်သလောက် မသုံးရချေ။ မည်သို့ပင် ဆိုစေ ရှုရှင်းကိုယ်တိုင်ကလည်း အဆင့်လေးအဆင့် သဘာဝလွန်စွမ်းအား ပညာရှင် ဖြစ်နေလေပြီ ပိုဆိုးသည်မှာ သူမကလည်း နေ့တိုင်းလိုလို အဆင့်နှစ် ဇွန်ဘီအမြူအတေ နှစ်ရာနီးပါး ကို သန့်စင်နိုင်သည်။ ထို့ထက် လျှော့လျှော့ပေါ့ပေါ့ လုပ်မည်ဆိုလျှင်ပင် အနည်းဆုံး 130 ခန့်အထိ ရသေးသည်။

ဇွန်ဘီဗိုင်းရပ်စ်ပိုးနှင့် မသန့်စင်မှုများကို သန့်စင်ချိန်တွင်လည်း အထူးတလည် အာရုံစိုက်ထားရန် မလိုအပ်ချေ။ ထို့ကြောင့် ရှုရှင်းသည်လည်း နေ့တိုင်းလိုလို တီဗီဇာတ်လမ်းကြည့်နေရင်းမှ အမြူအတေများကို သန့်စင်နေလေရာ အခြားသော အလုပ်များအတွက် အနှောက်အယှက် မဖြစ်ပါပေ။

ထိုသို့ဖြင့် ရှုရှင်းတို့က လမ်းတောက်လျှောက် အေးဆေးပေါ့ပါးနေကြသည်။ မည်သူကမှ အလျှင်မလိုကြပေ။ နေ့တိုင်းလိုလို ပျော်ပါနေသည်။ အခြားတစ်ဖက်မှ ယန်ချွယ်က ယန်မော့တို့အဖွဲ့ကို ခေါ်ဆောင်ရန် စေလွှတ်ထားသည့် လူများကမူ C မြို့ အခြေစိုက်စခန်းတွင် စိတ်ပျက်အားငယ်လုနီးပါး ဖြစ်နေသည်။ သူတို့သည်လည်း ယန်မော့တို့အသင်းက သူတို့ ရောက်လာမည့် အကြောင်းကို ကြိုသိ၍ အထုပ်သိမ်းကာ ထွက်ပြေးသွားခြင်း ဟုတ်မဟုတ်ပင် လျှို့ဝှက်ကာ ဆွေးနွေးကြသည်။ ထိုသို့ဖြင့် သူတို့က လက်လျော့တော့မည့် အချိန်တွင်ပင် အာရုဏ်ဦးအသင်းက ပြန်လာပြီ ဆိုသောသတင်းကို ရလိုက်သည်။

“ဟင် မြန်မြန် သွားသွားသွား အခုချက်ချင်း မြန်မြန်သွားတွေ့ကြစမ်း။ သူတို့ ထပ်ထွက်မသွားစေနဲ့”

ဒီတစ်ခေါက် အသင်းခေါင်းဆောင်က ပါးစပ်ထဲမှသွားတိုက်ဆေးများကိုပင် ကုန်စင်အောင် ပလုတ်ကျင်းချိန် မရတော့ဘဲ အခြားသောသူများကို ခေါ်ကာ အပြေးအလွှား သွားတွေ့ကြသည်။ သူတို့ကသာ နောက်ကျသွားပါက ထိုအဖွဲ့က ထပ်ပြီး ထွက်ပြေးသွားမည်ကို ကြောက်ကြသည်။

******

All Chapters