အခန်း ၁၆၂
Vol. 17 Ch. 162
162 01
အပိုင်း (၁၆၂)
“ခေါင်းဆောင်ယန် ခေါင်းဆောင်ယန် တံခါးဖွင့်ပါအုံး ငါတို့ကို မင်းအဖေ လွှတ်လိုက်တာပါ။ ငါတို့ မင်းကို အရေးတကြီး ပြောစရာ ကိစ္စရှိပါတယ်”
“ခေါင်းဆောင်ယန် တံခါးဖွင့်ပါအုံး”
ထိုအချိန်တွင် တစ်စုံတစ်ယောက်ကသာ အနားက ဖြတ်သွားမည်ဆိုပါက အာရုဏ်ဦးစံအိမ်အသင်း အပြင်ဘက်နားတွင် ဖရိုဖရဲလူတစ်စုက မကျော့ရှင်းသော ပုံစံမျိုးဖြင့် တံခါးကို ခေါက်ပြီး အော်နေကြောင်းသာ မြင်နိုင်သည်။ သူတို့၏ အော်သံကပင် နည်းနည်းဩရှနေ၏။
အာရုဏ်ဦးအသင်း၏ တံခါးနားသို့ ရောက်လာသော သူများကလည်း အလျှင်စလို ထွက်ပြေးသွားကြသည်။ အပြင်ဘက်က မည်မျှပင် အော်ဟစ်နေစေကာမူ အတွင်းဘက်က လူများက မတုန့်ပြန်ကြပေ။
ရှန်းရုန်ချန်းက ပိတ်ထားသော တံခါးကို အပြင်ဘက်မှ ကြည့်နေပြီး သူ၏ခေါင်းပေါ်မှ ဆံပင်မွှေးအနည်းငယ်ကလည်း အန္တရာယ်ကို ခံစားမိလိုက်သည်။
“ဟေး ဘာလို့ ခေါင်းဆောင်က ဒီတာဝန်အကြောင်းပြောတော့ ပုံမှန်အားဖြင့် ခေါင်းဆောင်ရဲ့အရှေ့မှာ တက်တက်ကြွကြွ နေတတ်တဲ့သူတွေက ပုံမှန်မဟုတ်လောက်အောင် တိတ်သွားလဲဆိုတာကို ငါနားလည်သွားပြီ။ သူတို့အားလုံးကလည်း ယန်မော့က ခွဲဖို့ခက်တဲ့ သစ်ကြားသီးဆိုတာသိလို့ တိတ်နေကြတာ အခု သူတွေးကြည့်တော့မှ သူက ဒီတာဝန်ကို ကိုယ်တိုင်ကိုယ်ကျ သွားယူတယ်ဆိုတာကို သူတို့ကြားတော့ ရှုပ်ထွေးတဲ့ အကြည့်မျိုးဖြစ်နေကြတာ လေးစားတာ မဟုတ်ဘဲ စာနာတာ။ သေစမ်း သူတစ်ယောက်တည်းက အမှောင်ထဲကသူ။ သူ ဘာကိုမှ သတင်း ကြိုမကြားထားဘူးပဲ။
ရှန်းရုန်ချန်းသည်လည်း အလွန်အမင်း ရှုပ်ထွေးသွားသလို ခံစားရသည်။ သူသည်လည်း ရန်ငြိုးအကြီးကြီး ထားနေသလို ခံစားလိုက်ရသည်။
“ခေါင်းဆောင် ယန်မော့ ငါတို့ကို အတွေ့မခံဘူး။ အခုဘယ်လိုလုပ်ကြမလဲ”
နောက်မှ လိုက်လာသော သူများထဲမှ တစ်ယောက်က ခြောက်ကပ်ကပ်ဖြစ်နေသော လည်ချောင်းထဲသို့ တံတွေးမြိုချရင်း ပြောသည်။
“ဆိုရိုးစကားဟောင်းတစ်ခုလိုပေါ့။ သန်မာတဲ့မိန်းမက ကပ်တွယ်တဲ့ ယောက်ျားကို ကြောက်တယ်တဲ့။ သူတို့က အခြေစိုက်စခန်းထဲမှာ နေတဲ့နေ့တိုင်းလိုလို ငါတို့ လာပြီး စောင့်မယ်။ သူတို့ စံအိမ်ထဲမှာပဲ တစ်ချိန်လုံး နေနိုင်မယ်လို့ ငါ မယုံပါဘူး။ ဟွန့် သူတို့ အပြင်ထွက်လာသမျှ ငါတို့ရဲ့အခွင့်အရေးပဲ”
“ဟုတ်တယ် ခေါင်းဆောင် ခေါင်းဆောင်ပြောတာလဲ။ ဟုတ်တာပဲ”
ထိုလူက သဘောတူသလို ခေါင်းညိတ်သည်။
ထိုသို့ဖြင့် အကြံအစည်ရပြီးသည်နှင့် ရှန်းရုန်ချန်းက လူနည်းနည်းစောင့်ရန် ချန်ထားခဲ့လိုက်ပြီး ကျန်သော သူများက ပြန်ကာ နားသည်။
စံအိမ်၏ ပထမထပ် အစည်းအဝေးခန်းထဲတွင်…
ယန်မော့ကလည်း တစ်ချိန်လုံး ထုတ်လွှတ်ထားသော စိတ်စွမ်းအားကို ပြန်လည် ရုတ်သိမ်းပြီး မျက်လုံးကို ဖွင့်သည်။
“ဘယ်လိုလဲ ဘယ်လိုလဲ။ နင်ဘာကြားလိုက်လဲ”
သိချင်စိတ်ပျင်းပြသော ပေါင်ပေါင်ရှုရှင်းက ပြဿနာရှာလိုစိတ် ပြင်းထန်နေသော မျက်လုံးမျိုးဖြင့် ယန်မော့ကို စိုက်ကြည့်သည်။
“သူတို့က ငါတို့ကို တံခါးမှာ စောင့်မှာတဲ့”
162 02
“အာ….သူတို့မှာ ဘာမှ လုပ်စရာ မရှိဘူးလား…အာ…သူတို့ကို အပြစ်ပေးရမှာတောင် ရှက်မိတယ်”
အခြားသော သူများ၏နည်းလမ်းကို သိရသောအခါ ယန်မော့သည်လည်း ဇနီးလေး၏ မျက်လုံးထဲမှ စိတ်လှုပ်ရှားမှုကို မြင်လိုက်သည်။
“ဟွန့် ယန်ချွယ်က ဒီလို လူမျိုးကို ဘယ်လို ရွေးထားလဲမသိဘူး။ ဒီလိုရိုးရှင်းတဲ့ အကြံပဲရှိပြီး အခြားအကြံမရှိတဲ့ အရူးမျိုးနဲ့တူတယ်။ သူက တမင်တကာ ဟန်ဆောင်နေတာလား။ အဲဒီလို ပုံစံလားဆိုတာကိုတော့ မသိနိုင်ဘူး။ သူ့ရဲ့ ပုံစံက နည်းနည်း ရူးကြောင်ကြောင်လို့ ထင်ရပေမဲ့လည်း အသုံးမဝင်တာတော့မဟုတ်ဘူး”
“ဘယ်လိုပဲဖြစ်ဖြစ်ပါ ငါတို့က ရိက္ခာတွေကိုလဲဖို့ အပြင်ထွက်ဖို့လိုသေးတာပဲလေ။ စံအိမ်မှာ တံခါးတစ်ပေါက်ပဲရှိတာ။ အရှေ့တံခါးပဲရှိတာဆိုတော့ အရှေ့တံခါးကိုသာ မျက်စိတောက်ထောက် ကြည့်နေမယ်ဆိုရင် သူတို့ ငါတို့ကို တွေ့မဲ့အခွင့်အရေးကတစ်ရာ ရာခိုင်နှုန်းပဲ”
ယန်ချွယ်ကို ကောင်းကောင်းသိသော ပုရှန်းဝမ်ကလည်း နည်းနည်း လှောင်လိုသော လေသံမျိုးနှင့် ပြောပြီး အဓိက သော့ချက်ကို ညွှန်ပြသည်။
“အင်း ဟုတ်တယ် ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ H မြို့ အခြေစိုက်စခန်းကို သွားရမှာပဲလေ သူတို့က တံခါးဝမှာ ဆောင့်ကြောင့် ထိုင်နေတာဆိုတော့ (အကြောင်းပြချက်) ဒါမှမဟုတ် ဖြေရှင်းချက်ပုံစံမျိုးနဲ့သွားဖို့ အခွင့်အရေးရပြီ။ H မြို့ အခြေစိုက်စခန်းကို သွားဖို့ သူတို့ နောက်က လိုက်သွားလိုက်ပြီး ဟန်ချက်အတိုင်းလုပ်တာပေါ့။ ဒီလိုနဲ့ H မြို့ အခြေစိုက်စခန်းက အထက်က လူတွေရဲ့သံသယနဲ့ အာရုံစိုက်မှုကိုလည်း လျှော့နိုင်မယ်။ ငါတို့အနေနဲ့နောက်ပိုင်းမှာ H မြို့ကို သွားပြီး ကိစ္စတွေကိုလုပ်ဖို့ ပိုပြီးအဆင်ပြေသွားလိမ့်မယ်။ ဆိုတော့ အားလုံး အခြေအနေအရ သူတို့ နောက်ကနေ လိုက်ပြီး H မြို့ကို သွားတာက အကောင်းဆုံးရွေးချယ်မှုပဲ။ ငါတော့ မော့ကော တွေးတာ မှန်တယ်လို့ ထင်တယ်”
ပုယွမ်ကျိုးက နှာခေါင်းထိပ်မှ မျက်မှန်ကို အသာတွန်းတင်လိုက်ပြီး မျက်နှာချင်းဆိုင်မှ ယန်မော့ကို တောက်ပသော အကြည့်မျိုးဖြင့် ကြည့်သည်။
“မင်း ခန့်မှန်းတာမှန်တယ်။ ငါလည်း အဲဒါကို ကြံစည်နေတာပဲ”
ယန်မော့ကလည်း သူ၏အတွေးကို ဖုံးကွယ်ရန် မကြိုးစားဘဲ ပေါ်တင် ဝန်ခံသည်။
******