← Chapters

အခန်း ၁၆၃

Vol. 17 Ch. 163

အခန်း ၁၆၃

Vol. 17 Ch. 163

163 01

အပိုင်း (၁၆၃)

ရှန်းရုန်ချန်းတို့အဖွဲ့က အာရုဏ်ဦးအသင်း၏ တံခါးဝတွင် သုံးရက်ဆက်တိုက် စောင့်နေခဲ့ပြီး နောက်ဆုံးတွင် တံခါးက ပွင့်သွားကြောင်း မြင်လိုက်ရသည်။

!!!

တံခါးပွင့်ပြီ

ခြုံပုတ်အနောက်ဖက်တွင် ဆောင့်ကြောင့် ထိုင်နေသော ရှန်းရုန်ချန်းက ရုတ်တရက် မျက်ဝန်း တောက်ပသွားသည်။

ရှုရှင်းကလည်း ရုတ်တရက် သူမ၏ မျက်လုံးရှေ့တွင် တစ်စုံတစ်ရာက လက်သွားကြောင်း မြင်လိုက်ရသဖြင့် ဘေးဘီးကိုကြည့်သည်။

ထူးဆန်းလိုက်တာ တစ်ခုခုက လင်းသွားတာလား။

မျက်လုံးပဲ မူးသွားတာလား….

“ခေါင်းဆောင်ယန် နေပါအုံး”

ရှန်းရုန်ချန်းက ဖြတ်ကနဲ လက်ပြီးသည်နှင့် ယန်မော့နှင့် ရှုရှင်း၏ အရှေ့သို့ ဖြတ်ကနဲ ရောက်လာသည်။ ရှုရှင်းကလည်း အပြင်မထွက်ခင်ကတည်းက တစ်စုံတစ်ယောက်က လာတားမည ဖြစ်ကြောင်း ကြိုတင်ကာ သိနားလည်ထားသောကြောင့်သာမဟုတ်ပါက ရှန်းရုန်ချန်း၏ ရုတ်တရက် ဝင်ရောက်လာသော ပုံသဏ္ဍာန်ကြောင့် လန့်သွားလောက်သည်။

“အဆင်ပြေရဲ့လား”

သို့တိုင်အောင် သူမက ခြေတစ်လှမ်း နောက်ဆုတ်သွားသဖြင့် ယန်မော့က ရှုရှင်းကို အသာဖက်လိုက်ပြီး အနောက်ဖက်တွင် ထားလိုက်ကာ ကာပေးသည်။

“ရပါတယ် ငါနည်းနည်း လန့်သွားတာ”

ရှုရှင်းက ခေါင်းခါသည်။

“မင်းက ဘယ်သူလဲ”

ရှုရှင်းက အဆင်ပြေကြောင်း အတည်ပြုပြီးသည်နှင့် ယန်မော့က ခေါင်းကို လှည့်ကာ အရှေ့မှ ရှန်းရုန်ချန်းကို ကြည့်သည်။ လေသံက ရင်းနှီးကျွမ်းဝင်နေခြင်း မရှိပေ။

“ခေါင်းဆောင်ယန် ငါ ငါက မင်းကို H မြို့ အခြေစိုက်စခန်းကို ခေါ်ဖို့ မင်းအဖေလွှတ်လိုက်တဲ့ လူပါ။ ငါ့ရဲ့ နာမည်က ရှန်းရုန်ချန်း”

“မလိုဘူး”

“ခဏ…ခဏနေပါအုံး။ ခေါင်းဆောင်ယန် ငါပြောတာ နားထောင်ပါအုံး။ ယန်မိသားစု ခေါင်းဆောင်က မင်းကို တကယ် ပြန်စေချင်နေတာပါ။ မင်းအရင်ဆုံး စဉ်းစားကြည့်ပါအုံးလား။ ငါ့ကို ချက်ချင်းမငြင်းလိုက်ပါနဲ့လား”

ယန်မော့နှင့် ရှုရှင်းတို့က သူ့ကို ကျော်ဖြတ်ကာ ထွက်သွားတော့မည့်အချိန်တွင် ရှန်းရုန်ချန်းက စိုးရိမ်တကြီး ဖြစ်သွားပြီး အနောက်ဖက်မှ အသည်းအသန်လိုက်သည်။

“ဒါ့အပြင် ယန်မိသားစုရဲ့ အုတ်မြစ်ကလည်း Hမြို့မှာလေ။ မင်းရဲ့ H မြို့က အဆင့်အတန်းက ဒီ C မြို့က နေရာထက် အများကြီး မြင့်ပါတယ်။ မင်းရဲ့ ဘဝကလည်း အခုထက် နှစ်ဆလောက် ပိုပြီး ကောင်းမှာ နောက်ပြီး အခုဆိုရင်…”

ယန်မော့နှင့်ရှုရှင်းတို့က ရှန်းရုန်ချန်း၏ ပေါက်ကရပြောသော စကားများကို နားထောင်နေရင်း တစ်ဖက်သူဟာ အင်တာဗျူးလာဖြေသူများအတွက် နည်းလမ်းမျိုးစုံသုံးပြီး ဆေးခြယ်ရာတွင် တော်သော HR မှ လူတစ်ယောက်ကဲ့သို့ ခံစားရစေသည်။

163 02

သူတို့သည် အတော်လေး ကြွားကြသည်။ သို့သော် သူတို့ ပြောထားသည့် ပေါင်မုန့်လုံး၏ အစစ်အမှန် ကုန်ကြမ်းပစ္စည်းများနားသို့ပင် မကပ်နိုင်ချေ။

“ရပ်တော့ အစ်ကိုကြီး နင် အရင်က ပစ္စည်းရောင်းချတဲ့ဘက်က လူများလား။ ကတိပေးတာ အရမ်းတော်တာပဲ။ ငါတို့သာ ယန်ချွယ်ရဲ့ မျက်နှာအစစ်အမှန်ကို မသိဘူးဆိုရင် နင့်ကြောင့် အရူးလုပ်ခံရတော့မှာ”

ရှုရှင်းကလည်း ရှန်းရုန်ချန်း၏ ပညာရှင်ဆန်သောစွမ်းရည်ကို မြင့်မားစွာ ချီးကျူးလိုက်သည်။

ရှန်းရုန်ချန်းက နင်လုနီးပါးဖြစ်သွားသည်။

ဆိုတော့ လူကို အချိန်တန်ကြာအောင် ဖျောင့်ဖျနေတဲ့ သူ့ရဲ့ ကြိုးစားမှုတွေအားလုံးက အလဟဿ ဖြစ်သွားတာတွေတဲ့လား။

လူအများကို ဦးနှောက် မဆေးရသည်မှာအချိန်ကြာလာသည့်အခါ သူ၏ စွမ်းရည်ကလည်း ထိုးကျသွားပုံရသည်။

နေပါအုံး နေပါအုံး သူ လမ်းလွဲသွားပြီ။ သူတစ်ခါမှ အဲဒီ ပစ္စည်းတွေ မရောင်းဖူးပါဘူး ဟုတ်ပြီလား။

ကမ္ဘာ့အဆုံးသတ်ကာလမတိုင်ခင်က သူက တော်တော်လေးကို တော်တဲ့ အရောင်းစာရေးပါ။ နှစ်တိုင်းလိုလို ချန်ပီယံတောင် ရဖူးသေးတယ်။ ထိုသို့ ချန်ပီယံရဖူးသော အရောင်းစာရေးပါးစပ်က အလိမ်အညာစကားသာ ထွက်သည်။ သူသည် လူသေကိုပင် အရှင်ဖြစ်အောင် ပြောနိုင်သည်။ ရုပ်ဆိုးသော သူကလည်း ချောသွားနိုင်၏။ ယောက်ျားပေါ်လာလျှင်ပင်….ထားလိုက်ပါတော့ ဒါကတော့ မရဘူး။

အငြင်းခံရသော ရှန်းရုန်ချန်းကလည်း စိတ်ဓာတ်မကျသွားချေ။ အရောင်းစာရေးတစ်ယောက်အနေဖြင့် သူ မကြောက်ဆုံးက အငြင်းခံရခြင်းဖြစ်သည်။ ပုံမှန်အားဖြင့် အခြားသော သူများကလည်း အလွယ်တကူ သဘောမတူတတ်ကြပေ။ သို့သော် သူသည် ကြိုတင်ပြင်ဆင်ထားပြီးသား ဖြစ်သည်။ သို့မဟုတ်ပါက ကျန်းချွယ်၏ သံသယကို လှုံ့ဆော်ရန် လွယ်ပေလိမ့်မည်။ ယခုလို ထပ်ခါတလဲလဲ ငြင်းပယ်ကာ အချိန်ဆွဲခြင်းမှသာ သူ၏ ယုံကြည်မှုကို ရခဲ့သည်ဟု ထင်ကြလောက်သည်။

နောက်တစ်လလုံးလုံး အာရုဏ်ဦးအသင်းက မည်သည့်အချိန်အပြင်ထွက်ထွက် ရှန်းရုန်ချန်းနှင့် တိုးပြီး သူ၏ ရှည်လျားသော စကားကိုနားထောင်ရသည်။ နောက်ဆုံးတစ်ရက်တွင် သူက အပြင်ထပ်ထွက်လာသော ယန်မော့၏လမ်းကို ပိတ်လိုက်ပြီးနောက် စကားဖြတ်ပြောခံရသည်။

“တော်ပြီ ထပ်မပြောနဲ့တော့ မင်းပြောတာ ငါတို့ အားလုံး အလွှတ်ရနေပြီ။ ငါ နောက်အပတ် မင်းတို့နဲ့အတူ Hမြို့ကို လိုက်ခဲ့မယ်”

“ငါပြောတာ တကယ် အမှန်ပါ။ H မြို့ကို သွားကြည့်လိုက်ရင် မင်းအတွက် အခွင့်ကောင်းရ…ဘာပြောလိုက်တာ…သဘောတူလိုက်တာလား။ ကောင်းပြီ ကောင်းပြီ ဒါဆို အတည်ဖြစ်ပြီနော်။ နောက်တစ်ပတ်သွားမှာနော်။ ဟုတ်ပြီ ငါ အခုပြန်ပြီး ပစ္စည်းတွေ သိမ်းလိုက်မယ်”

ပေါက်ကရပြောနေသေးသော ရှန်းရုန်ချန်းကလည်း ရုတ်တရက် ကောင်းကင်ပေါ်မှ ပေါင်မုန့်လုံးကြီး ပြုတ်ကျလာသည့်အတွက် အပျော်လွန်သွားသည်။ သူသည် အကြိမ် အနည်းငယ်ပင် ထခုန်လိုက်သေးသည်။ ယန်မော့က စကားပြန်ရုတ်သိမ်းမည်ကို ကြောက်ပြီး နောက်ပြန်လှည့်ပြေးကာ ပစ္စည်းသွားသိမ်းတော့သည်။

******

All Chapters