အခန်း ၁၆၅
Vol. 17 Ch. 165
165 01
အပိုင်း (၁၆၅) ရွာ
ရှုရှင်းတို့က စံအိမ်ကို အပ်သည့်ကိစ္စများစသဖြင့် အားလုံးကို လုပ်ဆောင်ပြီးနောက် သူတို့ ပုံမှန်အိပ်ရန် ကုတင်၊စားပွဲ၊ ကုလားထိုင် အနည်းငယ်သာ ကျန်ရစ်တော့သည်။ ထို့ကြောင့် ပစ္စည်းများက အလွန်ပင် ရိုးရှင်းနေပြီ ဖြစ်သည်။
အခြားသော သူများ နံရံကို ကျော်မတက်အောင် တပ်ဆင်ထားသော သံမဏိပိုက်ခွံကိုပင် ဖယ်ထားသည်။
အိမ်ကိုလာစစ်သော သူကပင် နှုတ်ခမ်းတွန့်သွားသည်။
မင်းတို့တွေ တကယ် အပြောင်းရွေ့နိုင်တာပဲ။ နဂိုတူညီတဲ့ အခြေအနေအတိုင်း ပြန်ပေးလိုက်သလိုပဲ။
“စစ်ဆေးတာ ဘာမှ မမှားပါဘူး။ သော့ပဲပေးပါ”
ရှုရှင်းက သဘာဝလွန်စွမ်းအားကို စာရင်းသွင်းသောအခါ နေရာလပ်အမျိုးအစား စွမ်းအားရှင်ဖြစ်ကြောင်း ဖော်ပြထားပြီးသားဖြစ်သည်။ ထို့ကြောင့် ယခုထွက်သွားသောအခါတွင်လည်း ကားထဲတွင် ခရီးဆောင်အိတ်များကို မထည့်လျှင်ပင် မည်သူကမှ သံသယဝင်မနေပေ။ ဒီအတိုင်း ရှုရှင်း၏ နေရာလပ်နယ်မြေထဲတွင် ရှိနေမည်ဟုသာ သိထားကြသည်။
လာစစ်သော ဝန်ထမ်းအား တုန့်ပြန်ပေးလိုက်ပြီးသည်နှင့် ရှုရှင်းတို့အသင်းက H မြို့သို့ ထွက်ခွာလာသည်။
ငါးယောက်အဖွဲ့က ကားနှစ်စီးမောင်းမည် ဖြစ်ပြီး ရှန်းရုန်ချန်းတို့နှင့်အတူ သွားကြမည် ဖြစ်သည်။ နေရာလပ်နယ်မြေထဲမှ အလွယ်တကူ ထုတ်သုံးရန် မသင့်လျှော်သော ပစ္စည်းများကိုမူ ကားထဲတွင် ကြိုတင် ထည့်ထားလိုက်ခြင်းအားဖြင့် ပြဿနာကို ရှောင်ရှားနိုင်သည်။
“ခေါင်းဆောင်ယန် မှောင်တော့မယ်။ ငါတို့ ဒီနေရာကို လာတဲ့ အချိန်တုန်းက ရှေ့သိပ်မဝေးတဲ့ နေရာတစ်နေရာမှာ စွန့်ပစ်ရွာတစ်ရွာ ရှိတာကို မှတ်မိပါသေးတယ်။ အဲ့ဒီမှာ တည်းကြမလား”
ဆက်သွယ်ရေးစက်က နှစ်ကြိမ်ခန့်မြည်လာပြီးနောက် လျှပ်စစ်သံတကျီကျီ ရောနေသော အသံကထွက်လာသည်။
“ကောင်းပြီလေ ခေါင်းဆောင်ရှန်းပဲ လမ်းကို ဦးဆောင်ပါ”
လက်ထဲမှ စက်ကို တစ်ချက်ဖိပြီးနောက် ယန်မာ့က ခပ်မြန်မြန် ဖြေသည်။
နာရီဝက်ပင် မမောင်းရသေးခင် ရှန်းရုန်ချန်းမှ ပြောသော ရွာကို အဝေးမှ လှမ်းမြင်ရသည်။ ရွာ၏ အပြင်ပန်းပုံစံကလည်း ကြီးမားသော မြွေကြီးတစ်ကောင် ခွေနေသည်နှင့် တူသည်။ ထိုအခိုက်အတန့်တွင် ရှုရှင်း၏ စိတ်ထဲတွင် တစ်စုံတစ်ရာက ဖြတ်ပြေးသွား၏။သူမက မနေနိုင်ဘဲ လန့်သွားသည်။
“ရှင်းပေါင် ဘာကြည့်တာလဲ”
ရှုရှင်းက ရှေ့မှ နေရာကိုသာ စိုက်ကြည့်နေကြောင်း မြင်သောအခါ ယန်မော့ကလည်း သူမ၏ မျက်နှာမှ ပါးကို အသာညှစ်ရင်း ပြောသည်။
“အဲဒီရွာကို အဝေးက ကြည့်ရတာ ပုံပန်းသွင်ပြင်က မြွေကြီးတစ်ကောင်နဲ့ တူတယ်နော်”
ရှုရှင်းကလည်း အခွင့်အရေးကို အရယူကာ ယန်မော့၏ လက်မောင်းကို ဖက်ရင်း ကိုယ်ကို ခါသည်။
“မင်း…”
“ဒီခေါင်းသေးသေးလေးထဲမှာဘယ်က အကြံတွေ ရောက်လာမှန်းမသိဘူး။ တကယ်လို့ ကြောက်တယ်ဆိုရင်လည်း ငါ့ရဲ့ နောက်ကနေ ကပ်လိုက်လေ ငါ ဒီမှာ ရှိတယ်”
165 02
ရှုရှင်း၏ ဆံပင်ကို အသာပွတ်ပေးပြီးနောက် ယန်မော့က ရီရခက် ငိုရခက်ဖြစ်သွားသည်။
“အင်း အင်း ငါ နင့်နား တစ်ချိန်လုံးကပ်နေမှာ”
ရှုရှင်းက ခေါင်းလေးကို ခပ်မြန်မြန် ငြိမ့်လိုက်ပြီး ယန်မော့ကို တင်းတင်းကြပ်ကြပ် ဖက်လိုက်သည်။
ကားပေါ်မှ ဆင်းပြီးနောက် ရှုရှင်းသည်လည်း ယန်မော့ပြောသည့်အတိုင်း လုပ်သည်။ ယန်မော့၏ နောက်မှ တောက်လျှောက် ကပ်လိုက်နေကာ နည်းနည်းမှပင် မခွာသွားခဲ့ပေ။ ယန်မော့ကလည်း ဇနီးလေးက သူ့ကို ကပ်တွယ်နေသည်ကို အမှန်တကယ် သဘောကျသည်။
အခြားသောသူများ : …
ကျိန်လို့ရတယ်၊ ဆဲလို့ရတယ်၊ မွေ့လျော်လို့လည်းရတယ် အလကားရတဲ့ ခွေးစာလို့ သတ်မှတ်။ ထွီ….
ရှုရှင်းက ယန်မော့၏ နောက်မှ တောက်လျှောက်လိုက်ကာ ပတ်ဝန်းကျင်ကို ဂရုတစိုက်လေ့လာနေသည်။ သူမသည်လည်းဘာကြောင့်မှန်းမသိ ဒီရွာကို ဝင်လာပြီးချိန်ကတည်းက သူမ၏နှလုံးသားအတွင်းမှ မကောင်းသော ခံစားချက်က ရစ်ဝဲလာသည်။
ကားထဲမှာ ရှိနေတုန်းက စိတ်ထဲပေါ်လာတဲ့ အတွေးနဲ့ ပက်သက်ပြီးတစ်ခုခု ကို အာရုံစိုက်စဉ်းစားဖို့ လိုအပ်လို့လား။
အမျိုးသမီးများ၏ ဆဌမ အာရုံက သူမအား ကားထဲတွင် သူမသတိရလိုက်သောအတွေးက အလွန်အရေးကြီးကြောင်း ဂရုစိုက်ရမည့်အကြောင်း ခံစားမိစေသည်။
ရှုရှင်းသည် ပုံမှန်မဟုတ်လောက်အောင် တိတ်ဆိတ်နေသော ညကို ကြည့်ပြီးနောက် ဆက်တွေးနေသည်။
ရုတ်တရက် ရွာ၏ ပုံပန်းသွင်ပြင်ကိုမြင်ခဲ့သည့် ပုံစံကို စိတ်ထဲတွင် သတိရသွားပြီးနောက်…
သောက်ငရဲ
ဒီရွာရဲ့ပုံစံ…ဒီပုံစံ…
သူမ မှတ်မိပြီ။
“ယောက်ျား ယောက်ျား.. ငါတို့ ဒီမှာညအိပ်လို့မရဘူး။ သွားရအောင် သွားရအောင်”
ရှုရှင်းက ယန်မော့၏ လက်ကို လှမ်းဆွဲပြီးနောက် အလွန်စိုးရိမ်နေသော လေသံမျိုးနှင့် ပြောသည်။
“ရှင်းပေါင် ဘာဖြစ်တာလဲ”
“မရီး”
ရှုရှင်း၏ အသံက မတိုးချေ။ ထို့ကြောင့် အပြင်ဘက်မှ ပုရှန်းဝမ်တို့အားလုံးကလည်း ကြားပြီး စိတ်ရှုပ်ထွေးစွာ ကြည့်လာသည်။
“အခု ရှင်းပြဖို့အချိန်မရှိဘူး။ ရှင်းပြဖို့အချိန်မရှိဘူး…အဲဒီချထားပြီးသား ပစ္စည်းတွေအားလုံးကို ဂရုစိုက်မနေနဲ့။ မြန်မြန်လေး ကားထဲဝင် သွားမယ် သွားမယ် သွားမယ်”
ရှုရှင်းသည် ထိုကဲ့သို့သော လေသံမျိုးနှင့် တစ်ခါမှ မပြောဖူးချေ။ ယခုလို ပြောလာကတည်းက ကိစ္စ၏ လေးနက် တည်ကြည်မှုက သူတို့ ကိုင်တွယ်နိုင်သော စွမ်းရည်ကို ကျော်လွန်နေသည့် အဓိပ္ပာယ်ဖြစ်သည်။ ယန်မော့တို့ကလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်သည်။ ထို့နောက် ရှုရှင်းပြောသည့်အတိုင်းပင် လက်ထဲမှ ပစ္စည်းများကို ပစ်ချလိုက်ကာ ကားထဲသို့သာ ဝင်ပြေးသည်။
ရှန်းရုန်ချန်းတို့အသင်းကလည်း ဘာဖြစ်သွားမှန်း မသိသေးပေ။ သို့သော် သူတို့၏ အတွေ့အကြုံနှင့် မသိစိတ်များအရ တစ်စုံတစ်ရာက မှားယွင်းရမည်ဟု တွေးမိလိုက်ပြီး ရှန်းရုန်ချန်းက သူ၏ လူများကို ရှုရှင်းတို့နောက်မှ ခပ်မြန်မြန် လိုက်ကာ ထိုနေရာမှ ထွက်ခွာခိုင်းလိုက်သည်။
******