အခန်း ၁၆၆
Vol. 17 Ch. 166
166 01
အပိုင်း (၁၆၆)
အခြေအနေက အလျှင်လိုနေသည်။ ထို့ကြောင့် ရှုရှင်းကလည်း နေရာလပ်နယ်မြေ၏ အစစ်အမှန် အရွယ်အစားကို ဖုံးကွယ်ရန် မကြိုးစားတော့ပေ။ သူမက နောက်ထပ်ကားတစ်စီးကို နေရာလပ် နယ်မြေထဲသို့ ထည့်လိုက်သည်။ လူငါးယောက်လုံးက တစ်စီးတည်း ဖြစ်သွားသည်။
“မြန်မြန် မြန်မြန်”
“ရှင်းပေါင် အဆင်ပြေတယ်။ ချီမိုင် မင်းရဲ့ လေစွမ်းအားကို ထုတ် အရှိန်မြင့်လိုက်”
ရှုရှင်းက စိတ်မအေးနိုင်ဘဲ သူတို့ကို ဆက်တိုက်အရှိန်မြင့်ရန် တိုက်တွန်းနေသောအခါ ယန်မော့ကလည်း အလျှင်စလိုဖြစ်သွားပြီး ရှုရှင်းကို ဖြောင့်ဖြရင်း မူချီမိုင်အား သူ၏ လေအခြေပြုစွမ်းအားကို သုံးပြီး အရှိန်မြင့်ခိုင်းလိုက်သည်။
မူချီမိုင်က ခေါင်းကို ညိတ်လိုက်ပြီး သူ၏ အထူးစွမ်းအားကိုသုံး၍ ကား၏ ဘီးလုံးများကို အရှိန်မြင့်လိုက်သည်။ ကားမောင်းနေသော မူချီမိုင်ကလည်းကားက ပိုပေါ့သွားသလို ခံစားရ၏။ လမ်းကပင် မြေပြန့်ဖြစ်သွားသကဲ့သို့ ခံစားရပြီး အရှိန်နှုန်းက မြင့်သွားသည်။
နောက်မှ ကပ်လိုက်လာသော ရှန်းရုန်ချန်းကလည်း သူတို့အကြားမှ အကွာအဝေးက အတော်လေး လှမ်းသွားကြောင်း သတိထားမိသည်။
“မြန်မြန်လုပ် မြန်မြန်လုပ် အရှိန်ကိုမြင့်ပြီး နောက်ကနေ ကပ်လိုက်”
လမ်း၏ပုံပန်းသွင်းပြင်က နဂိုကတည်းက ချောမွေ့နေခြင်း မရှိပေ။ သူတို့၏ ကားကလည်း သာမာန်ကားများသာ ဖြစ်သည်။ ရှုရှင်းတို့ကဲ့သို့ အထူးပြင်ဆင်ထားသော ကားမျိုးပင် မဟုတ်ပေ။ ပိုဆိုးသည်မှာ ရှုရှင်းတို့ကလည်း လေအခြေပြုစွမ်းအားကို ထုတ်သုံးထားလေသည်။ ထို့ကြောင့် လိုက်မှီရန် ခက်သည်။ ထိုအချိန်တွင် ယန်မော့တို့က အခြားမည်သူ့ကိုမှ အာရုံမစိုက်နိုင်တော့ပေ။ ရှန်းရုန်ချန်းတို့အကြောင်းကိုပင် မေ့လျော့နေလောက်လေပြီ။
ရှုရှင်း၏ ပုံမှန်မဟုတ်သော အပြုအမူက သူတို့ကို အထူးတလည် အာရုံစိုက်လေသည်။ ထို့ကြောင့် ရှန်းရုန်ချန်းတို့ သေသွားခဲ့မည် ဆိုသည့် အခြေအနေကို လာမေးမည်ဆိုလျှင်ပင် သူတို့က အပြစ်မကင်းသလို ခံစားရလိမ့်မည် မဟုတ်ပေ။
ကျေးဇူးပြုပြီး ခေါင်းကို ရှင်းရှင်းထား မတုံးနဲ့။
အခုက ဘယ်လိုလူမှုအသိုင်းအဝိုင်းလဲ။ ကမ္ဘာ့အဆုံးသတ်ကာလ။
အဆုံးသတ်ကာလမျိုးမှာ ကိုယ်မသိတဲ့သူတွေရဲ့ သေတာရှင်တာက အရေးကြီးလို့လား။ နောက်ပြီး ရှန်းရုန်ချန်းတို့ကလည်း သူတို့နဲ့ဆန့်ကျင်ဘက် အဖွဲ့ကလေ။
ယခုအခါ အပေါ်ယံတွင် ကတောက်ကဆ မရှိနေသည်ဟု ထင်ရသော်လည်း H မြို့မှ ယန်ချွယ်နှင့် ကတောက်ကဆ ဖြစ်လာသည်နှင့် ရှန်းရုန်ချန်းတို့ကလည်း ယန်ချွယ်၏ ဘက်တွင် ရပ်တည်ပေလိမ့်မည်။
ထို့ကြောင့် သူတို့က ခြေတစ်လှမ်းဆုတ်ထားလျှင်ပင် ထိုကဲ့သို့ ရန်စကားများသည့်အနေအထားမျိုး မရောက်သေးရုံသာ ဖြစ်သည်။ သို့ရာတွင် အဆုံးသတ်ကာလမျိုးတွင် သွေးသားတော်စပ်သော ဆွေမျိုးများကပင် အန္တရာယ်ကြုံတွေ့သောအခါ ဘေးတွင် ရပ်နေတတ်ကြပြီး အေးစက်စွာ ကြည့်တတ်သည်။ အခြေအနေ အကွာအဝေးခြားတတ်ကြ၏။ ထို့ကြောင့် မတော်စပ်သော သူများသာဆိုလျှင်ပို၍ပင် ဆိုးသေးသည်။
ယန်မော့၏ နှစ်သိမ့်မှုကြောင့် ရှုရှင်းကလည်း တဖြည်းဖြည်း တည်ငြိမ်လာသည်။ သူမ၏နှလုံးသားထဲမှ စိုးရိမ်သောကများနှင့် ပူပန်မှုများကလည်း တဖြည်းဖြည်း လျော့နည်းလာသည်။
ရှုရှင်းက တဖြည်းဖြည်း စိတ်ငြိမ်သွားပြီးနောက် အတွေးများကို နေရာချကာ အတတ်နိုင်ဆုံး ရှင်းပြရန် ကြိုးစားချိန်တွင် မြေပြင်က တုန်ခါလာသလို ခံစားရသည်။ ထို့နောက် ကျယ်လောင်သော ဆူညံသံကြီးက ကပ်လိုက်လာ၏။ တစ်စုံတစ်ရာက မြေထဲမှ ထိုးထွက်လာသလို ပုံစံမျိုးဖြစ်သည်။
166 02
ပြင်းထန်သောလှုပ်ခါမှုက ကားကို ဆက်မမောင်းနိုင်အောင် ဖြစ်သွားစေသည်။ ကားထဲမှ လူများက ခါးပတ်များ ပတ်ထားသေးသည့် တိုင်အောင် ယမ်းခါနေကြသည်။
လှုပ်ခါမှ စဖြစ်သည့် ပထမဦးဆုံးစက္ကန့်တွင်ပင် ယန်မော့က ရှုရှင်းကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး မထိခိုက်အောင် တားသည်။ ထိုငလျှင်က မိနစ်နှစ်ဆယ်နီးပါးကြာသည်။ သူတို့က လှုပ်ရှားမှု အနည်းငယ်ငြိမ်သွားသည့်အချိန်ကို အခွင့်ကောင်းယူပြီး အပြင်သို့ ထွက်ကာ အတော်လေး မြေပြန့်ကဲ့သို့ရှင်းလင်းနေသော နေရာတစ်မျိုးကို ရှာလိုက်သည်။ ထိုအခါမှသာ ကျောက်စရစ်ခဲများ ပြုတ်ကျလာခြင်း သို့မဟုတ် သစ်သားများ ပြုတ်ကျလာခြင်းကဲ့သို့ အခြေအနေမျိုးမှ ရှောင်ရှားနိုင်မည်ဖြစ်သည်။
“ရပြီ”
“ဒါကဘာလဲ”
တစ်ချိန်တည်းတွင်ပင် ငလျှင်လှုပ်သည်ဟု ထင်နေသော သူများကလည်း အရှေ့မှ မြင်ကွင်းကြောင့် ခြောက်ခြားပြီး တုန်လှုပ်သွားကြသည်။
ထိုငလျှင်လှုပ်သော ပတ်ဝန်းကျင်က သိပ်မကြီးချေ။ သို့သော် အလွန်အမင်း ခိုင်မာသော အမြင်သက်ရောက်မှုမျိုးဖြစ်ပေါ်စေသည့် ပုံစံမျိုးနှင့် လင်းလက်နေသော အနီရောင် ခေါင်းသုံးလုံးမြွေကြီးတစ်ကောင်က ပေါ်ထွက်လာသည်။
ထိုခေါင်းသုံးလုံးနှင့် မြွေကြီးသည် ဆယ်ထပ်အဆောက်အဦးနီးပါး မြင့်သည်။ အဝေးမှ ကြည့်လျှင်ပင် ကြီးမားနေသေးသည်။
ထိုခေါင်းသုံးလုံးမြွေ၏ ပုံရိပ်က လူတိုင်း၏ မြင်ကွင်းထဲမှ လျှင်မြန်စွာ ပျောက်ကွယ်သွားလေသည်။ မြေပြင်တွင် ပေါ်နေသော ကွဲအက်ကြောင်းရာများကြောင့်သာ မဟုတ်ပါက ယခုမြင်ကွင်းကို ထင်ယောင်ထင်မှားဟု ထင်လောက်သည်။
“အခုမြင်တာ မှန်တယ်ဆိုရင် အဲ့မြွေက ခေါင်းသုံးလုံးရှိတာပဲ”
ပုရှန်းဝမ်က တံတွေကို မြိုချပြီးပြောသည်။ သူ၏ အသံက ကြမ်းတမ်းဩရှနေကာ မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်။
“မြွေပေါ်လာတဲ့ နေရာကို ကြည့်ရရင် ခုနက ငါတို့နေခဲ့တဲ့ ရွာထင်တယ်”
မူချီမိုင်က ပြောလိုက်သည်နှင့် အားလုံးကလည်း အံ့ဩသွားကြသည်။ ချက်ချင်းဆိုသလိုပင် ချွေးစေးများ ပြန်လာ၏။ ထိုမြွေပေါ်လာခဲ့ချိန်က လုပ်သော ဆူညံမှုအရ သူတို့ကသာ မထွက်ခွာသေးခဲ့လျှင် သူတို့၏ ခန္ဓာကိုယ်များကိုပင် မရှာနိုင်လောက်တော့ပေ။
“ရှင်းပေါင် မင်း ငါတို့ကို မြန်မြန် ထွက်လာခိုင်းတာ အဲဒီ မြွေကြောင့်လား”
“အင်း”
ရှုရှင်းက အနောက်ဖက်မှ ကောင်းကင်ကို ကြည့်သည်။ အနီရောင်အလင်းက လက်နေသည်။ သူမက ကြောက်လန့်မှုများကို ခံစားနေရသည်။ ဒီလောကတွင် အချိန်တန်ကြာအောင် နေထိုင်ခဲ့ပြီးနောက် မူလဝတ္ထုထဲမှ ဇာတ်ကြောင်းတော်တော်များများကို မေ့နေပြီ ဖြစ်သည်။ သူမက ဒီကိစ္စကို မှတ်မိနေခဲ့သည်မှာလည်း ထိုခေါင်းသုံးလုံးမြွေက အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီးဇာတ်လိုက်ကို သတ်မိလုနီးပါးဖြစ်သွားခဲ့သောကြောင့် ဖြစ်သည်။ အားလုံးကလည်း ဉာဏ်ကောင်းသည်။ ရှုရှင်းက မည်သည့်အတွက်ကြောင့် သိနေကြောင်းအား မပြောချင်မှန်းလည်း သိသည်။ ထို့ကြောင့် လုံလောက်အောင် ဉာဏ်ကောင်းစွာပင် မမေးကြပါပေ။
သူတို့က တစ်ယောက်ကို တစ်ယာက် ယုံကြည်သော အသင်းဖော်များဖြစ်သည်။ အရာအားလုံးအားလည်း တူးဆွရန်မလိုအပ်ပါပေ။ လူတိုင်းတွင်လည်း မပြောချင်သည့် လျှို့ဝှက်ချက်များရှိသည်။ထို့ကြောင့် တစ်ယောက်ကိုတစ်ယောက် လေးစားခြင်းအားဖြင့် ထုတ်မပြောသင့်တော့ပေ။
သူတို့၏ ကားက အဆင့်မြင့်တင်ထားခြင်း ဖြစ်သည်။ လေအခြေပြုစွမ်းအင်နှင့်လည်း အရှိန်နှုန်းမြင့်ထားသည်။ ထို့ကြောင့် အန္တရာယ်များသော ဇုန်မှ ကပ်သီးလေး လွှတ်သွားသည်။
166 03
သို့ရာတွင် နောက်တွင် ကျန်ရစ်ခဲ့သော ရှန်းရုန်ချန်းတို့၏ အသင်းကမူ ထိုမျှအထိ ကံမကောင်းပေ။ ပြင်းထန်သော ငလျှင်လှုပ်ခါမှုက မြေပြင်တွင် နက်ရှိုင်းကာ ကြီးမားသော ကွဲအက်ကြောင်းရာကြီးများကို ဖြစ်ပွားစေသည်။ သူတို့၏ ကားက မြေငလျှင်၏ ယမ်းခါမှုကြောင့် ယမ်းခါနေရင်း ကွဲအက်ကြောင်းရာနှစ်ခုကြားတွင် ညှပ်သွားသည်။ ငါးဆယ်စင်တီမီတာခန့်သာ ကျယ်သော နေရာမျိုးတွင် ရပ်နေခဲ့သောကြောင့် ထွက်သွားရန်ခက်သည်။
ယခုလိုမျိုး ကန့်လန့်ဖြတ်ကြီး ညှပ်နေသောအခါ ကားထဲက မည်သူကမှ မထွက်ရဲတော့ပေ။ အနည်းငယ်သော အမှားလုပ်လိုက်မိလျှင် ကားနှင့်အတူ မြုတ်ခံရနိုင်သည်။
ခေါင်းဆောင် ရှန်းရုန်ချန်းကလည်း အရေးကြီးသော အခြေအနေတွင် အလွန်အားကိုးရသည်။ သူဟာ သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းလိုက်ပြီး အန္တရာယ်ကင်းသောနေရာကို ရွေးချယ်ရှာကာ တစ်ယောက်ပြီးတစ်ယောက် ထွက်စေသည်။ နောက်ဆုံးတစ်ယောက် ထွက်လာပြီးချိန်တွင်ပင် ထိုညှပ်နေသော ကားက ရုတ်တရပ် အောက်ဖက်သို့ ပြုတ်ကျသည်။
“…”
“ဝါး…”
အသင်းထဲမှ စိတ်ပိုင်းဆိုင်ရာ တုန့်ပြန်မှုအား နိမ့်ကျသော လူအချို့ကလည်း မြေပြင်ပေါ်သို့ပင် ပြိုလဲကျသွားပြီး အော်ဟစ်ငိုယိုကြသည်။
******