အခန်း ၁၆၉
Vol. 17 Ch. 169
169 01
အပိုင်း (၁၆၉)
ဘမ်း
အသားက မြေပြင်သို့ ရိုက်မိသွားသောအသံက ထွက်လာသည်။
စံအိမ်ထဲတွင် စောင့်နေသော အခြားသော စိတ်စွမ်းအား ပညာရှင်များက ပုံမှန်အားဖြင့် ထောင်လွှားနေသော အိမ်တော်ထိန်းကျန်းက အရှက်ရသော ပုံစံမျိုးဖြင့် မြေပြင်တွင် ကပ်နေကြောင်း မြင်လိုက်ရသည်။
“ယန်မိသားစုထဲမှာ သခင်ရဲ့အရှေ့မှာ ထောင်လွှားတဲ့ အစေခံမျိုးကို မမြင်ဖူးသေးဘူး။ ကြည့်ရတာ ယန်ချွယ်လက်အောက်ကဟာတွေက ပိုပိုပြီးရမ်းကားလာတာပဲ။ သူက ကောင်းကောင်း မစီမံနိုင်မှတော့ ငါက ကူညီပြီး ဆုံးမပေးတာ ပြဿနာမရှိဘူး”
ယန်မော့က ရှုရှင်း၏လက်ကို ကိုင်ပြီး အိမ်တော်ထိန်းကျန်း၏ နံဘေးသို့ တဖြည်းဖြည်း လျှောက်သွားသည်။ သူဟာ ရပ်တန့်သော်လည်း အောက်ကို ငုံ့မကြည့်ပေ။
“မင်း…မင်း…မင်းမှာ ဘယ်လိုအရည်အချင်းရှိလို့ ငါ့ကို သခင်ယန်ရဲ့ ကိုယ်စား သင်ခန်းစာပေးမှာလဲ”
မြေပြင်တွင် ရုန်းကန်နေသော အိမ်တော်ထိန်းကျန်းက ပင့်သက်ရှိုက်ရင်း အော်ဟစ်သည်။ နဖူးတွင်လည်း သွေးကြောများ ထောင်တက်လာသည်။ သူ၏ အမူအရာကလည်း နာကျင်မှုကြောင့် ကြမ်းကြုတ်ပုံပေါက်နေသည်။ ထို့ကြောင့် ယခုလေးတင် ထောင်လွှားခဲ့သော ပုံစံမျိုးနှင့်ခြားနားသည်။
“ဟင် အရည်အချင်းဟုတ်လား”
ယန်မော့က ရယ်စရာကောင်းသည်ဟု ခံစားရသည်။ သူဟာ နှာခေါင်းရှုံ့လိုက်သည်။ တစ်ဖက်သူကို ပြန်ဖြေရန် အာရုံစိုက်မနေတော့ချေ။ ထိုလူကို အသာလေးကျော်ဖြတ်ကာ ရှုရှင်းကို ခေါ်ပြီး စံအိမ်ထဲသို့ ဝင်သည်။ သူ၏ နောက်မှ အသင်းဝင်များကလည်း လိုက်သွားသည်။
အနီးအနားတွင် တာဝန်ကျနေသော သူကလည်း ဦးနှောက်ပင် ဗလာဖြစ်မတတ် အံ့ဩသွားသည်။ ယန်မော့တို့အဖွဲ့က အထဲသို့ ဝင်သွားကြောင်းလည်း မြင်သည်။ သို့သော် မည်သူကမှ မတားကြပေ။ ယန်မော့တို့က ပျောက်သွားပြီးမှသာ ခပ်မြန်မြန် တုန့်ပြန်သည်။ အိမ်တော်ထိန်းကျန်းကို ကူပေးကြသည်။
စံအိမ်ထဲသို့ လျှောက်ဝင်လာသော ယန်မော့ကလည်း သူတို့ကို ကျောပေးကာ ဆိုဖာတွင် ထိုင်နေသော လူကို တန်းမြင်လိုက်သည်။
“သခင်ယန် မတွေ့ရတာ ကြာပြီ ကျေးဇူးပြုပြီး ထိုင်ပါ”
ယန်ချွယ်၏နံဘေးနားတွင် ရပ်နေသော အနက်ရောင်ဝတ်စုံနှင့်လူက လေးစားစွာ ဦးညွှတ်ပြီး ယန်မော့ကို နှုတ်ဆက်သည်။ သူဟာ ကမ္ဘာအဆုံးသတ်ကာလမတိုင်ခင်ကတည်းက ယန်ချွယ်၏ အနောက်သို့ လိုက်လာခဲ့သူ ဖြစ်သည်။ ထို့ကြောင့် ယန်မော့ကိုလည်း ချက်ချင်းမှတ်မိသည်။ သူ၏ စိတ်နေသဘောထားကလည်း မည်သို့ဖြစ်ကြောင်း ကောင်းကောင်းသိသည်။
“မင်း ရောက်လာပြီလား”
ယန်မော့တို့က ထိုင်ပြီးနောက် မျက်လုံးကိုမှိတ်ကာ ဆိုဖာတွင် ထိုင်ပြီး အနားယူနေပုံရသော ယန်ချွယ်က မျက်လုံးကို ဖွင့်ကာ ပြောသည်။
ယန်ချွယ်၏စကားကိုမည်သူကမှ မဖြေပေ။ တိတ်ဆိတ်မှုကလည်း ကြီးစိုးသွားသည်။
“သခင်က ငါ့ကိုရှာဖို့ H မြို့ကနေ လူတွေအများကြီး လွှတ်ထားတာ အခု ငါ ရောက်လာပြီ ဆိုတော့ဘာမှ မပြောတော့ဘူးလား”
ယန်မော့က ခပ်ပြတ်ပြတ် ပြောသည်။
“အင်း မင်းက ငါ့သားပါ။ ယန်မိသားစုက အရာအားလုံးက မင်းအပိုင်ပါ။ ငါ မင်းကို ယန်မိသားစုကို အမွေဆက်ခံဖို့ ပြန်မခေါ်သင့်ဘူးလား၊ မင်းတို့ ညီအစ်ကိုအချင်းချင်း ခံစားချက်တွေကို ပျိုးထောင်ယူရမယ်လေ၊ ငါသေသွားပြီးတဲ့နောက်မှာ မင်းတို့ပဲ ကျန်ခဲ့မှာ”
ယန်ချွယ်က တစ်ဖက်သူ၏ ပြတ်သားသော လေသံထဲမှ လှောင်သံကို ကြားသည်။ သို့သော် စိတ်ထဲမထားချေ။ သူကလည်း အရေထူသည်။ ဂရုလည်း မစိုက်ပါပေ။
169 02
“ကျွတ် ခင်ဗျားကို မတွေ့ရတာ နှစ်အနည်းငယ်လောက်ပဲ ကြာသေးတာ။ အသက်ကြီးလို့ မှတ်ဉာဏ်က မကောင်းတော့ဘူးလား။ ငါ့အမေက ငါတစ်ယောက်တည်းကိုပဲ မွေးထားတာ။ ငါက တစ်ဦးတည်းသောသားဆိုတော့ ဘယ်နေရာကမှန်းမသိ ရောက်လာတဲ့ကောင်တွေနဲ့ ငါ့ကို ဆွေမျိုးမတော်ခိုင်းနဲ့”
“ကောင်းပြီ အခုတော့ သူတို့အကြောင်း မပြောသေးဘူး၊ မင်းက ယန်မိသားစုကို အမွေဆက်ခံရမှာမဟုတ်လား”
“မလိုပါဘူး၊ ငါ ယန်မိသားစုကိုလည်း စိတ်မဝင်စားသလို စားစရာတွေကို အလကားစားသောက်ပြီး ငါ့သွေးကို အလကား လာစုပ်မယ့် အဲဒီ ပိုးကောင်အုပ်ကိုလည်း မမွေးချင်ဘူး”
“မင်း ယန်မော့ မင်းတကယ် စဉ်းစားပြီးပြီလား၊ ငါ့မှာ သားတစ်ယောက်မက ရှိတယ်”
“ဒါပေါ့ ငါမှ ဖြစ်ရမယ်ဆိုတာ မဟုတ်မှန်း ငါသိတယ်၊ ယန်မိသားစု ခေါင်းဆောင်ပြောသလိုပေါ့ သားတစ်ယောက်မက ရှိတယ်ဆိုတော့လည်း အဲဒီ သားကောင်းတွေက ယန်မိသားစုကို ကောင်းကောင်းကြီး အမွေဆက်ခံချင်နေမယ်လို့ ထင်တယ်”
ယန်မော့သည် ယန်မော့၏ စကားလုံးများကြောင့် နင်မတတ် ဖြစ်သွားသည်။ ယန်မော့က ထိုမျှအထိ ခေါင်းမာပြီး ယန်မိသားစု၏ အမွေဆက်ခံခွင့်ကိုပင် မလိုချင်တော့သည့် အနေအထားမျိုး ရောက်ရှိလာမည်ဟု မထင်ထားမိပေ။
တစ်ဖက်သူ၏ မြင်နိုင်စွမ်းအား ဗျူဟာ လုပ်နိုင်စွမ်းအားများအားလုံးကလည်း အခြားသော သားများအားလုံး ပေါင်းလျှင်ပင် ယန်မော့ကို မမှီနိုင်ပေ။ သူ၏ ကျန်သော သားများကလည်း ဝန်ထုပ်ဝန်ပိုးပင် ဖြစ်ပေလိမ့်မည်။ အဲဒီလိုမှ မဟုတ်ရင် သူက ယန်မော့ကို ဘာလို့ ပြန်ခေါ်နေမှာလဲ။
ယန်မော့က ယန်မိသားစုကို အမွေဆက်ခံသည့် ကိစ္စကို လုံးဝ စိတ်မဝင်စားသည့် အခြေအနေမျိုးကို မည်သူမှ မမျှော်လင့်ထားခဲ့ပေ။ သူနှင့် ယန်မော့ကလည်း အချင်းချင်း ဆက်ဆံရေး မရှိကြပေ။ ပြိုင်ဘက်များဟုပင် သတ်မှတ်နိုင်သည်။ သို့သော် သူသည် သိသိသာသာကိုပင် ကောင်းပြနိုင်သေးသည်။ သူသည် အကြံအစည် ကြီးသည်။ သူနှင့်ပိုင်ဆိုင်သမျှကို လက်လျော့လိမ့်မည် မဟုတ်ပေ။ သူဟာ ရည်မှန်းချက် ကြီးသောသူသာ ဖြစ်သည်။
ယန်မော့သည် သူ၏ သားများထဲတွင် အအောင်မြင်ဆုံးသူ ဖြစ်ကြောင်း ဝန်ခံရပေမည်။ သို့သော် ဒါကလည်း သူနှင့် မသက်ဆိုင်ပေ။
“ဒါက မိန်းကလေး ရှုရှင်းထင်တယ်။ ဟုတ်တယ်မလား ယန်မော့ရဲ့ အမျိုးသမီးအနေနဲ့ မင်းငါ့ကို ကူညီပြီး သူ့ကို ဖျောင့်ဖျပေးဖို့ မျှော်လင့်တယ်။ ဒီအခြေစိုက်စခန်းကိုလာတဲ့ လမ်းတောက်လျှောက်မှာ ယန်မိသားစုထဲက အဆင့်အတန်းနဲ့ လွှမ်းမိုးမှုကို မြင်နိုင်မယ်လို့ထင်တယ်။ ယန်မော့ကသာ ဒါတွေအားလုံးကို အမွေဆက်ခံသွားမယ်ဆိုရင် အခုထက် ဘဝကပိုပြီး ကောင်းမွန်သွားလိမ့်မယ်”
ယန်မော့က သူနှင့် မသက်ဆိုင်သလိုမျိုးနေနေကြောင်း မြင်သောအခါ သူ၏အာရုံကို နံဘေးတွင် ရပ်နေသည့် ရှုရှင်းအပေါ်သို့ပြောင်းလိုက်သည်။
ရှုရှင်း၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်သွားပြီးနောက် ယန်ချွယ်၏ မျက်လုံးထဲတွင် နားလည်သော အရိပ်တစ်ချက် လက်သွားသည်။ ရှုရှင်းက ယခင်က သူ့ကို ဖားရန် ကြိုးစားသော မိန်းမများကဲ့သို့ ဖြစ်လိမ့်မည်ဟု ထင်ထားသည်။ သူမက ယန်မော့အနားတွင် ရှိနေသည်မှာ ယန်မော့၏ အဆင့်အတန်းနှင့် အကျိုးအမြတ်ကြောင့်ဟု ထင်လိုက်သည်။
“!!!”
ယန်မော့၏ နံဘေးနားမှ ရှုရှင်းကလည်း အာရုံလွင့်နေရာမှ ရုတ်တရက် နာမည် အခေါ်ခံရသောကြောင့် ကြောင်တောင်တောင်ဖြစ်သွားသည်။
“ဒါပေမဲ့… ကျွန်မက ဒီအတိုင်း စကားပြောပိုင်ခွင့်တောင်မရှိတဲ့ အားနည်းတဲ့ မိန်းမပါ။ ကျွန်မ ပြောသမျှ အသုံးဝင်မှာ မဟုတ်ဘူး။ နောက်ပြီး မော့ကောကသာ လုပ်ချင်တယ်ဆိုရင် ကျွန်မက အားပေးမှာပဲ။ လူကြီးမင်းယန် အခြားသားကို ရှာသင့်တယ် ထင်တယ်။ ရှင့်ရဲ့ သားတွေထဲမှာ တစ်ယောက်ယောက်ကတော့ မိသားစုစီးပွားရေးကို ဆက်ခံပြီး ယန်မိသားစုကို အင်အားကြီးမားအောင် လုပ်နိုင်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်”
ရှုရှင်းက တစ်ခဏခန့် တွေးတောပြီးနောက် တစ်ဖက်သူကို ရှက်ရွံ့သလို ကြည့်လိုက်သည်။ မကြာခဏဆိုသလို နံဘေးမှ သူကိုလည်း မှီခိုမှု ချစ်မြတ်နိုးမှု အပြည့်ဖြင့် ကြည့်လိုက်သည်။ သို့သော် သူမ၏ ပါးစပ်မှ ထွက်လာသော စကားလုံးများကမူ နှလုံးသားကို ဓားဖြင့် ထိုးစိုက်နေသည်နှင့် တူသည်။
169 03
အခြားတစ်ဖက် ဆိုဖာတွင် ထိုင်နေသော ပုရှန်းဝမ်က ရယ်ချင်စိတ်ကို မနည်းထိန်းနေရသည်။ မူချီမိုင်ကမူ ကိစ္စများကို ထိုမျှအထိ အထူးတလည် မဖြစ်ချေ။ ပုယွမ်ကျိုးက မျက်နှာသေနှင့် ဖြစ်သည်။ ထို့ကြောင့် ခံစားချက်များက ဖတ်ရန်ခက်သည်။
ယန်ချွယ် : …
ဘာဖြစ်တာလဲ…သူ့ရဲ့…သူ့ရဲ့ဒဏ်ရာရနေတဲ့ နှလုံးသားက ဓားတစ်လက်ပြီး တစ်လက်နဲ့ အထိုးခံရသလိုပဲ။
သူက အရှေ့မှ လူကို ထပ်ကြည့်ပြီးနောက် ပို၍ပင် ရင်ပြည့်လာသည်။
“ယန်မိသားစုမှာ အခြားကိစ္စမရှိဘူးဆိုရင် ငါတို့ သွားတော့မယ် ငါတို့မှာ အခြားလုပ်စရာတွေ အများကြီး ရှိသေးတယ်”
“နေအုံး အပေါ်ထပ်မှာ မင်းတို့အတွက် အခန်းတွေ ပြင်ထားပြီးသား စံအိမ်မှာပဲနေ”
“မလိုပါဘူး။ ငါတို့ အပြင်မှာ နေတာ ပိုပြီး လုံခြုံတယ်။ လူကြီးမင်းယန်ကော အဲ့ဒီလို မထင်ဘူးလား”
ယန်မော့က ယန်ချွယ်ကို အပြုံးနှင့် ကြည့်သည်။
“ကောင်းပြီလေ မင်းတို့ အပြင်မှာနေလည်း ပြဿနာမရှိဘူး”
ယန်ချွယ်က ယန်မော့ကို အပြစ်ကင်းစင်မှုအပြည့်နှင့် ကြည့်လိုက်သေးသည်။ သူဟာ သူတို့၏ အခန်းထဲတွင် ချောင်းနားထောင်သည့် စက်များနှင့် ကင်မရာများကို တပ်ခိုင်းထားသည်။ ဒီနည်းအားဖြင့်သူတို့၏ လျှို့ဝှက်ချက်ကို သိပြီး ခြိမ်းခြောက်ရန် မျှော်လင့်ထားခြင်းဖြစ်သည်။
မည်သို့ပင်ဆိုစေ ထိုလူများက သူ၏ ပိုင်နက်နယ်မြေထဲတွင် ရောက်နေပြီးသားဖြစ်သည်။ ထို့ကြောင့် စီစဉ်ထားသော အခန်းတွင် မနေလျှင်ပင် ပြဿနာမရှိပါပေ။
…
******