အခန်း ၁၇၀
Vol. 17 Ch. 170
170 01
အပိုင်း (၁၇၀)
ယန်မိသားစုစံအိမ်မှ ထွက်လာပြီးနောက် သူတို့၏ နောက်ခံဖိုင်များနှင့် အထူးစွမ်းရည်များကို စာရင်းသွင်းရန် စောင့်နေသော သူများကို မြင်ရသည်။ အလကားကူညီပေးမည့်သူများ လာသောအခါ သူတို့က ငြင်းလိမ့်မည် မဟုတ်ပေ။
ယန်မော့တို့အဖွဲ့က အိမ်ငှားလိုသောအခါတွင်လည်း ထိုကိစ္စများကို ကိုင်တွယ်ပေးသော သူက အလွန်အမင်းကို အံ့ဩသွားသည်။ သူတို့၏အမြင်အရ ယန်မော့တို့ကို ယန်မိသားစုတွင်သာ နေထိုင်ရန် မျှော်လင့်ထားပုံရသည်။
H မြို့ အခြေစိုက်စခန်းက ကြီးမားသည်။ လူပမာဏ များပြားသောကြောင့် အိမ်အမျိုးအစားအမြောက်အများကို တည်ဆောက်ထားခြင်း ဖြစ်သည်။ သာမာန်လူများနေထိုင်သော နယ်မြို့မှ အိမ်များနည်းတူ တစ်ယောက်တည်းသမား စိတ်စွမ်းအားပညာရှင်များအတွက် တစ်ယောက်ခန်း နှစ်ယောက်ခန်းများရှိသလို တိုက်ခန်းရှည်ကြီးများလည်း ရှိသည်။ ထို့အပြင် စိတ်စွမ်းအားပညာရှင်များအတွက် အခြေစိုက်စခန်းတစ်ခုပင် ဖန်တီးနိုင်သော စံအိမ်များလည်း ရှိသည်။
Hမြို့တွင် အချိန်အကြာကြီးနေမည် မဟုတ်သည့်အတွက် နှစ်ခန်းတွဲ တိုက်ခန်းကျယ်ကြီးကတင် လုံလောက်လေသည်။ သူတို့တွင်လည်း ငှားရမ်းခပေးရန် လုံလောက်သော သလင်းအမြူအတေများ ရှိထားပြီးသားဖြစ်သည်။
တိုက်ခန်းထဲတွင်…
“မော့ကော ဒီနေ့ ယန်ချွယ်ရဲ့လုပ်ဆောင်မှုကတဆင့် ဘာကို သိခဲ့ရလဲ”
“မသိရသေးဘူး။ အဲဒီ မြေခွေးအိုကြီးက ဟာကွက်တွေကို ဖွက်ထားတာ။ ဒါပေမဲ့ သူက ပိုပြီး ပြီးပြည့်စုံအောင် ဖုံးကွယ်လေလေ တစ်ခုခုကို ဖုံးကွယ်ထားစရာရှိတယ်လို့ တွေးမိလေလေပဲ။ သူ့ရဲ့ ငါတို့ကို Hမြို့ကို ခေါ်လာတဲ့ ရည်ရွယ်ချက်က မရိုးရှင်းဘူး။ ကြည့်ရတာ အကြံအစည်ကြီးတွေ ရှိလိမ့်မယ်”
ယန်မော့က သူ၏ လက်ထဲမှ ပစ္စည်းများကို နေရာတွင် ချရင်းပြောသည်။ သူတို့က ပြောင်းရွေ့လာကာစဖြစ်သည်။ ထို့ကြောင့် အခန်းသန့်ရှင်းရင်း ပစ္စည်းများကို တပ်ဆင်ထားခြင်း ရှိမရှိ စစ်ဆေးသည်ကို လုပ်ရမည်ဖြစ်သည်။
အခြားတစ်ဖက်ယန်မိသားစုစံအိမ်တွင်
“မင်းတို့ အားလုံး သတင်းကို ရပြီးလောက်ပြီ။ ယန်မော့ ဒီနေ့ Hမြို့ကို ရောက်တယ်။ မင်းတို့ အခုတလော ထိန်းထိန်းသိမ်းသိမ်းနေကြ။ သူ့ရဲ့အရှေ့မှာ အလောတကြီး သွားမပေါ်ကြနဲ့။ ငါကသာ မင်းတို့တွေ ပေါက်ကရ လျှောက်ပြောပြီး ငါ့ရဲ့ ကိစ္စကို ဖျက်ဆီးတာကို သိရင်တော့ မင်းတို့တွေ ယန်မိသားစုဝင် ဖြစ်စရာ မလိုတော့ဘူး”
ယန်ချွယ်က သူပြန်ခေါ်ထားသော သူ၏ အရှေ့မှအရွယ်ရောက်ပြီးသား သားများကို ကြည့်သည်။ သူ၏ လေသံကလည်း အေးစက်နေသည်။
ထိုကလေးများကလည်း သူတို့ ဖခင်အိုကြီး၏ ဆိုလိုရင်းကို နားလည်ပြီး ခေါင်းကို တစ်ပြိုင်တည်း ငြိမ့်ကြသည်။ သူတို့က အလွန်နာခံပုံပေါက်၏။ အသက်ကြီးသော ကလေးများက အတော်လေး လိမ္မာကြကြောင်း မြင်သောအခါ ယန်ချွယ်က အမူအရာက တိုးတက်သွားသည်။ သူက လက်ကို ယမ်းကာ ထွက်သွားခိုင်းလိုက်သည်။
“သခင် ငါတို့ တကယ်ပဲ ဒီလိုလုပ်မှာလား”
ယန်ချွယ်၏အနောက်တွင် ရပ်နေသော အနက်ရောင်ဝတ်စုံနှင့် လူက တိတ်တဆိတ်ပေါ်လာပြီး ထိုအတွေး အတွက်ကြောင့် အတော်လေးကို ရုန်းကန်နေပုံရပြီး နောက်ဆုံးတွင် မနေနိုင်ဘဲ ထမေးလိုက်သည်။
“ငါတို့ လုပ်ရမယ်။ သူ့ကို ဒီနေရာမှာထားတာက ငါတို့အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုပဲဖြစ်မှာ။ သူ့ကို ယန်မိသားစုအတွက် နောက်ဆုံး အကျိုးပြုဖို့ လုပ်ခိုင်းလိုက်ရမယ်။ ဒါဆိုရင် ယန်မိသားစုက သူ့ကို နှစ်ပေါင်းများစွာ လေ့ကျင့်ပေးထားတာ အလကားမဖြစ်တော့ဘူးပေါ့။ သူတို့က နေစရာနေရာ ရှာတွေ့ပြီမလား။ ကျန်တဲ့ ကိစ္စတွေက လွယ်သွားပြီ”
“ဟုတ်ကဲ့”
အမိန့်ကို ရသည်နှင့် အနက်ရောင် ဝတ်စုံနှင့်လူက တိတ်တဆိတ် ပျောက်သွားသည်။
ရှုရှင်းတို့က ထိုအခြေစိုက်စခန်းထဲတွင် သုံးရက်လုံးလုံး ခပ်အေးအေးနေခဲ့သည်။ သူတို့က နေ့တိုင်းလိုလို ဈေးဝယ်ထွက်သလိုလို အဝေးကို လျှောက်ကြည့်တတ်သည်။ စားသောက်ရမည့်အချိန်တွင်သာ ပြန်ပြီး စားကြ၏။ ထို့နောက် အပြင်သို့ ထွက်လာပြီး လျှောက်ကြည့်တတ်သည်။
170 02
သူတို့နောက်သို့ ခိုးလိုက်နေသော သူများကလည်း သူတို့၏ စိတ်စွမ်းအားကို မြင်ပြီး မနာလို ဖြစ်နေကြသည်။
အချို့သော သူများက ဈေးဝယ်ထွက်ပြီး စားသောက်နိုင်သည်။ အချို့သော သူများက အလုပ်ကြိုးစားနေရ၏။ နှစ်ယောက်အကြားမှ ကွာဟချက်က သိသာသည်။
“ဟူး အရမ်းကို သက်တောင့်သက်သာရှိတာပဲ။ ဒီရက်တွေအတောအတွင်းဘဝက တော်တော်လေးကို အေးဆေးနေတာ။ ဒီလို မအေးဆေးတာတောင် ကြာပြီ”
Lazy ဆိုဖာပေါ်တွင် သက်တောင့်သက်သာ လဲနေသော ရှုရှင်းက ပြောသည်။ နံဘေးရှိ ကော်ဖီစားပွဲပေါ်တွင်လည်း လတ်လတ်ဆတ်ဆတ် ထုတ်ထားသော ခရင်မ်စတော်ဘယ်ရီများ ရှိနေသည်။ သူမက တစ်ခုကို စားပြီး ရေနွေးကြမ်းကိုလည်း သောက်နေသည်မှာ သက်တောင့်သက်သာရှိနေသည်။
အခြားသော သူများကလည်း သူတို့အကြိုက် သစ်သီးများကို ကိုင်ထားကြသည်။ ငါးယောက်လုံးက အနီရောင်မီးဖို၏ နံဘေးတွင် ဝိုင်းထိုင်ပြီး ရေနွေးကြမ်းကို ခပ်အေးအေး သောက်နေကြသည်။
သူတို့ ဒီနေ့မနက် နားချိန်တွင် နိုးထလာသောအခါ အပြင်ဘက်က နှင်းကျနေသည်။ ကမ္ဘာကပ်ဘေးကာလတွင် မိုးရွာသည်ဖြစ်စေ နှင်းကျသည်ဖြစ်စေ၊ အပြင်ဘက်သို့ မထွက်ကြချေ။ အပြင်သို့ ထွက်ရမည် ဆိုလျှင်ပင် အရေပြားများ မပေါ်အောင် အပြည့်အဝ ကာကွယ်ပြီးမှသာ ထွက်ကြသည်။
ဒီရက်အတောအတွင်းတွင်လည်း အပြင်ဘက်တွင် အသားအရည်ကို ဖော်ထုတ်ခြင်းအားဖြင့် အချိန်မှီပြောင်စင်အောင် မဆေးပါက အလဂျစ်အဖုများ ပေါက်တတ်ကြောင်း သိထားပြီးသားဖြစ်သည်။
ရေက ပျက်ဆီးသွားသည့်အခါ ကြည်လင်သော ရေများက အလွန်အမင်း အဖိုးတန်လာသည်။ သောက်စရာလုံလောက်အောင် ထင်သလောက်အထိ ရေမရှိသော သာမာန်လူများကဆိုလျှင် သူတို့၏ သန့်ရှင်းသောရေကို သုံးပြီး အရေပြားကို မသန့်ရှင်းချင်ကြပေ။ နောက်ပိုင်းတွင်လည်း မည်သူကမှ အပြင်မထွက်ကြတော့ပေ။
“အပေါ်ယံမှာတော့ တည်ငြိမ်နေတယ်လို့ ထင်ရတယ်။ ဒါပေမဲ့ အောက်ထပ်မှာတော့ မုန်တိုင်း ထန်နေတာ ချီမိုင်”
ယန်မော့က သူယူလာသော ပစ္စည်းများကို မီးဖိုဘေးတွင် ချနေရင်း ကန်စွန်းဥများအား မီးဖိုထဲသို့ ထည့်လိုက်သည်။ မီးဖိုထဲမှ မီးတောက်ကလည်း ရွေ့သွားလိုက် နိမ့်ကျလိုက် ဖြစ်နေသည်။
“အရင်သုံးရက်အတွင်းမှာ အနည်းဆုံး အင်အားစု ငါးဖွဲ့က လူတွေက ငါတို့နောက်ကို လိုက်ဖို့ လူလွှတ်ထားတယ်။ နှစ်ဖွဲ့ကတော့ နှစ်ရက်လောက်ပဲလိုက်ပြီး တတိယတစ်ရက်မှာ ရပ်သွားတယ်။ ငါ့အထင် သူတို့က ဒီအတိုင်း သိချင်တာပဲဖြစ်မယ်။ ကျန်တဲ့ သုံးဖွဲ့ကတော့ မနက်ကနေ ညအထိ တောက်လျှောက်ကို လိုက်ကြည့်နေတာ။ သူတို့ရဲ့ရည်ရွယ်ချက်ကိုလည်း မသိရဘူး”
“နာမည်အခေါ်ခံရသော မူချီမိုင်က သူ တောက်လျှောက်လေ့လာနေခဲ့သော အကြောင်းအရာကို ပြောပြသည်။
“!!!”
“ဒီလောက် လူတွေအများကြီး ငါတို့ နောက်ကို လိုက်နေတာလား။ အဲဒီလူတွေထဲက တစ်ဖွဲ့ကတော့ ယန်ချွယ်ရဲ့ အဖွဲ့ဖြစ်မယ် ထင်တယ်။ ဒါပေမဲ့ အခြားတစ်ဖွဲ့က ဘယ်ကလဲ။ H မြို့ကို ရောက်ကာစကို လူအများကြီးက သတိထားမိနေပြီလား”
ရှုရှင်းကပင် ပါးစပ်ထဲမှ စတော်ဘယ်ရီသီးကို မြိုချပြီးပြောသည်။
“တစ်ဖွဲ့က H မြို့ရဲ့အာဏာပိုင်တွေက လွှတ်ထားတာဖြစ်မယ်”
ပုယွမ်ကျိုး၏ မျက်လုံးထဲတွင် အလင်းက တစ်ချက်လက်သွားသည်။
“အင်း ယွမ်ကျိုး ပြောတာ မှန်တယ်။ အဲဒီထဲကတစ်ဖွဲ့က ဒီအခြေစိုက်စခန်းရဲ့ အာဏာပိုင်တွေဘက်က ယန်ချွယ်ရဲ့ အင်အားစုထဲက နောက်ပိုင်းအင်အားစုက လက်ရည်ညီပြီးသား။ အပေါ်ယံမှာတော့ အင်အားစုက လက်ရည်ညီနေတယ် ညီမျှနေတယ်လို့ ထင်ရပေမယ့်လည်း ငါတို့ ရောက်လာတော့ ဟန်ချက် ပျက်မလို ဖြစ်သွားတယ်။ ဒါပေမဲ့ ငါတို့က အပြင်မှာထွက်နေတာကို မြင်တော့ ယန်ချွယ်နဲ့ငါက ဆက်ဆံရေးမကောင်းဘူးလို့ မျှော်လင့်လိုက်တဲ့ပုံပဲ။ ဒါကြောင့် ဟုတ်မဟုတ် စောင့်ကြည့်တာ၊ ဟုတ်နေတယ်ဆိုရင်တော့ ငါတို့ကို ဖျောင့်ဖျဖို့ကြိုးစားရင် ကြိုးစား မကြိုးစားရင်လည်း ဆက်ဆံရေးကို မဆိုးရွားအောင် လုပ်လိမ့်မယ်”
ရှုရှင်းက နားမလည်သည့်အခါ ယန်မော့က ရှင်းပြပေးသည်။
170 03
“ဆိုတော့ ဒီလိုကိုး ဒါဆိုရင် နောက်ဆုံးတစ်ဖွဲ့ကရော သူတို့က ဘယ်အဖွဲ့ကလဲ”
ယန်မော့၏ ရှင်းပြချက်ကို ကြားသည့်အခါ ရှုရှင်းက ရုတ်တရက် နားလည်သွားပြီး နောက်ဆုံးတစ်ဖွဲ့၏ နောက်ခံကို အလျှင်အမြန်မေးသည်။
“နောက်ဆုံးတစ်ဖွဲ့ကတော့ ပိုပြီးစိတ်ဝင်စားဖို့ ကောင်းတယ်။ ငါ့ရဲ့စိတ်စွမ်းအားကို သုံးပြီး သူတို့ရဲ့ စကားပြောခန်းကို ထောက်လှမ်းတယ်လေ။ ဒါပေမဲ့ သူတို့က အပြင်ဘက်မှာ နေပြီး အရမ်းသတိထားတာ။ လျှို့ဝှက်ကုတ်တွေကို သုံးပြီး စကားပြောကြတယ်။ ငါတို့ နားမလည်နိုင်ဘူး။ နောက်ပြီး အဖွဲ့တွေအားလုံးထဲမှာက အဖုံးကွယ်ဆုံးအဖွဲ့ပဲ အခြားသူတွေက သူတို့ကို မှတ်မိသွားမှာကို ကြောက်ပြီး လုံလုံခြုံခြုံ ဝတ်စားထားကြတာ”
နောက်ဆုံးတစ်ဖွဲ့အကြောင်းပြောသောအခါ ယန်မော့၏ နှုတ်ခမ်းက ကော့တက်ပြီး ပြုံးနေသည်။
ရှုရှင်း : ငါ ဒီအမူအရာကို သိတယ်။ မင်းမူလွန်းတဲ့ ဥက္ကဌလိုပဲ : အရမ်းတော်တဲ့ မိန်းမ မင်းငါ့ရဲ့ အာရုံကို အောင်အောင်မြင်မြင်နဲ့ ဖမ်းစားသွားပြီပဲ…ဒီစကားကို ပြောသလိုမျိုး
“ဒါပေမဲ့ ငါနားထောင်လေလေ ပိုပြီးထူးဆန်းလေလေလို့ ခံစားမိလာတာကလည်း အဲဒီ အဖွဲ့က ငါတို့ကို ဖမ်းပြီး လေ့လာချင်တဲ့ မြေအောက် အဖွဲ့အစည်းများလား”
ပုရှန်းဝမ်ကပင် လက်မောင်းကို အသာသပ်ချရင်း ပြောသည်။
******