အခန်း ၁၇၁
Vol. 18 Ch. 171
171 01
အပိုင်း (၁၇၁) အိမ်
သူ၏ စကားဆုံးသွားသည်နှင့် ယန်မော့နှင့်ပုယွမ်ကျိုးတို့ နှစ်ယောက်လုံးက တွေးတွေးဆဆနှင့် ကြည့်လာသည်။
“နေအုံး ဘာလို့ ငါ့ကို အဲဒီလို လာကြည့်တာလဲ ကြောက်လိုက်တာ”
အသင်းမှ ဉာဏ်အကောင်းဆုံးလူနှစ်ယောက်၏ တစ်ပြိုင်တည်း အကြည့်ခံရသည့်အခါ ပုရှန်းဝမ်ကဲ့သို့ လုံလောက်အောင် အရေထူသောသူမျိုးကပင် သည်းမခံနိုင်တော့ဘဲ ကုလားထိုင်ကို ခပ်ဝေးဝေးသို့ရွေ့သွားသည်။
“ဘာမှမဟုတ်ဘူး ရုတ်တရက် မင်းပြောတာကလည်း ဖြစ်နိုင်ချေရှိတယ်လို့ ငါတွေးလိုက်မိလို့ ငါ အဲဒီဖက်ပိုင်းကို အရင်က မတွေးခဲ့မိဘူးဘဲ။ မင်းရဲ့စကားလုံးတွေက ငါတို့ကို အကြံအသစ်တွေရသွားစေတယ်”
“နှင်းအကျရပ်သွားတဲ့အခါ အခွင့်ရေးတစ်ခုရှာပြီး ဒီအခြေစိုက်စခန်းထဲမှာ အကြောင်းပြချက်မရှိ ပျောက်သွားတဲ့စိတ်စွမ်းအား ပညာရှင်တွေ ရှိလား။ ဒါမှမဟုတ် H မြို့ သုတေသန အသက်မွေးဝမ်းကြောင်းနဲ့ ပတ်သက်တဲ့ ကောလဟာလတွေရှိလားဆိုတာကို စုံစမ်းကြည့်ရမယ်။ အဲဒီလိုဆိုရင် တတိယအဖွဲ့ကို အတည်ပြုနိုင်မှာပဲ”
…
အပြင်ဘက် သုံးရက်၊လေးရက် ဆက်တိုက်နှင်းကျသည်။ သိပ်သည်းသောနှင်းများက မြေပြင်တွင် ပုံနေ၏။ နှင်းက အကျရပ်သွားသည်နှင့် အခြေစိုက်စခန်း၏ နှင်းဖယ်ရှားသော စက်များကလည်း လမ်းများပေါ်သို့သွားကာ နှင်းများကို ဖယ်ရှားကြပြီး အခြေစိုက်စခန်းထဲမှ သူများ ပုံမှန်အတိုင်း နေထိုင်သွားလာနိုင်အောင် ကူညီပေးကြသည်။
ရှုရှင်းတို့ကို အပြင်ကိုထွက်ကာ သတင်းကို မစုံစမ်းရသေးခင်မှာတင် တစ်စုံတစ်ယောက်က ကြိုတင်လာရောက်သည်။
ဒေါက်ဒေါက် ဒေါက်…
“ဘယ်သူလဲ”
တံခါးနှင့်အနီးဆုံးပုရှန်းဝမ်က သွားကာ ဖွင့်ပေးသည်။
“ဟယ်လို ငါက H မြို့ အခြေစိုက်စခန်းက တရားဝင်ကိုယ်စားပြု အဖြစ် စေလွှတ်ထားတဲ့ ကျုံးဖေးဝမ်ပါ။ လက်ရှိ အခြေစိုက်စခန်းထဲက တာဝန်စင်တာရဲ့ ခေါင်းဆောင်ပေါ့”
“ဘာကြောင့်များ ရောက်လာတာလဲ”
ပုရှန်းဝမ်က ကျုံးဖေးဝမ်ကို အပေါ်အောက် စုံချည် ဆန်ချည်ကြည့်သည်။ အနောက်မှ လူကိုလည်း ကြည့်သည်။ သူ၏ မျက်လုံးက စူးစမ်းမေးမြန်းမှုအပြည့်လည်း ဖြစ်သည်။
“ငါ ခေါင်းဆောင်ယန်နဲ့ ဆွေးနွေးချင်တာ ရှိလို့ အခုအထဲဝင်ပြီး စကားပြောလို့ အဆင်များပြေမလား”
ကျုံးဖေးဝမ်က နှိမ့်ချသော အပြုံးမျိုးနှင့်ပြောသည်။
အိပ်ခန်းထဲမှ ယန်မော့ကလည်း အပြင်ဖက်မှ အသံကို ကြားသည်နှင့် ထွက်လာသည်။
“ရှန်းဝမ် ဝင်ခိုင်းလိုက်”
ယန်မော့သည် ထိုလူများ သူ့ထံ လာရောက်တွေ့ဆုံမည့်အခြေအနေကို မျှော်လင့်ထားပြီးသားဖြစ်သည်။ ထို့ကြောင့် ပထမထပ် ဧည့်ခန်းထဲတွင်လည်း သာမာန်နှင့်ကွဲထွက်နေသော အခြေအနေမျိုး ရှိမနေခဲ့ချေ။ ထို့ကြောင့် အတွင်းသို့ ခေါ်ရဲသည်။
မိနှစ်အနည်းငယ်ခန့်ကြာပြီးနောက် နှစ်ဖက်လုံးကလည်း အိပ်ခန်းထဲတွင် ဆုံသည်။
“အခု ဒီနေ့ဘာလို့ ခင်ဗျားဘာလို့ လာတွေ့သလဲဆိုတာကို ပြောလို့ရပြီလား”
ပုရှန်းဝမ်က ဆိုဖာပေါ်တွင် ခြေချိတ်ထိုင်လိုက်ပြီး ဆရာကြီး ပုံစံမျိုးနှင့် စိတ်မရှည်သလို ပြောသည်။
“ခေါင်းဆောင်ယန် ငါတို့က မင်းတို့ သဘာဝလွန်းစွမ်းအားအသင်းကို H မြို့အခြေစိုက်စခန်းကို ပူးပေါင်းဖို့ လာရောက်ဖိတ်ခေါ်တာပါ။ ခေါင်းဆောင်ယန်များ စိတ်ဝင်စားမလားမသိဘူး”
171 02
ကျုံးဖေးဝမ်က ပုရှန်းဝမ်၏ အပြုအမူကို စိတ်ထဲမထားချေ။ သူ၏ အမြင်တွင် အခြားသောသူများကလည်း အရေးမပါသော အသင်းအဖွဲ့ဝင်များသာ ဖြစ်သည်။ နောက်ဆုံး ဆုံးဖြတ်ချက်ကို ယန်မော့က လုပ်ဆောင်မည် ဖြစ်သည်။ သူသာ ယန်မော့ကို ဖျောင့်ဖျနိုင်သမျှ ကျန်သော ကိစ္စများက အရေးမကြီးပါပေ။
“စိတ်မရှိပါနဲ့စိတ်မဝင်စားဘူး။ ငါတို့ဘယ်အဖွဲ့အစည်းထဲကိုမှ ဝင်ဖို့ ဆန္ဒမရှိဘူး”
ကျုံးဖေးဝမ်က အခြားသော သူများကိုကြည့်သည့်အချိန်တွင် အထင်သေးသော အကြည့်များဟာ ယန်မော့၏ မျက်လုံးထဲမှ ပြေးမလွှတ်သွားပေ။ သူ၏ မျက်လုံးက အနည်းငယ် မှေးမှိန်သွားသည်။ ခေါင်းကို အသာငုံ့လိုက်ကာ ရေနွေးကြမ်းကို သောက်လိုက်ရင်း သူ၏ မျက်လုံးထဲမှ အေးစက်မှုနှင့် သတ်ဖြတ်လိုစိတ်ဆန္ဒကို ဖုံးကွယ်လိုက်ရသည်။
“မင်း အလျှင်စလို ငြင်းစရာမလိုပါဘူး။ ငါတို့ ကမ်းလှမ်းတာကို အရင်နားထောင်လိုက်ပါအုံး”
ကျုံးဖေးဝမ်ကလည်း တစ်ဖက်သူ ငြင်းဆန်ရန် မျှော်လင့်ထားပြီးသားဖြစ်သည်။ ထို့ကြောင့် တစ်ဖက်သူက ချက်ချင်း သဘောတူမှသာလျှင် မကောင်းသော ရည်ရွယ်ချက်ရှိသည်ဟု သံသယဝင်မိလောက်သည်။
“နားထောင်နေပါတယ်”
“မင်းတို့တွေ အခု တရားဝင် အာဏာပိုင်တွေရဲ့ အသင်းထဲကို ဝင်ဖို့ သဘောတူလိုက်သမျှ ငါက မင်းတို့ကို စံအိမ်နယ်မြေက စံအိမ်တစ်လုံးကိုလည်း ချက်ချင်း ထောက်ပံ့ပေးမယ့်အပြင် တစ်နှစ်စာ ငှားရမ်းခကိုလည်း လျှော့ပေးအုံးမှာ။ မင်းနဲ့ မင်းတို့ရဲ့ အသင်းက မင်းတို့ရဲ့ ကတ်ထဲကို သလင်းအမြူအတေ အမှတ်ငါးထောင်စီကိုလည်း ရရှိအုံးမှာ။ နောက်ပြီး ကျန်တဲ့ အရင်းအမြစ်တွေနဲ့လည်း လဲလှယ်လို့ ရတယ်လေ။ လဲလှယ်တဲ့အချိန်မှာလည်း အခွင့်ထူးခံရလိမ့်မယ်”
သူက ကမ်းလှမ်းသော အခြေအနေများကို ပြောသောအခါ ကျုံးဖေးဝမ်က သူ၏ ဂုဏ်ယူမှုကို သူ၏ လေသံထဲမှ ဖုံးကွယ်ထားခြင်း မရှိပေ။ သူသည်လည်း သူတို့ ကမ်းလှမ်းသော အခြေအနေများကို ယုံကြည်မှုအပြည့်ရှိနေသည်။ ထိုမျှရက်ရောသော ဆက်ဆံမှု အခြေအနေများကြောင့် အခြားသော စွမ်းရည်အသင်းများသာ ဆိုလျှင် သေချာပေါက် မျက်တောင် မခတ် သဘောတူလိမ့်မည်ဟု ယုံကြည်၏။
“စိတ်မဝင်စားဘူး”
“မင်းတို့ သဘောတူတယ်ဆိုရင် ငါတို့တွေ…ဟမ်..အာ…စိတ်မဝင်စားတာလား”
ကျုံးဖေးဝမ်ကလည်း တစ်ဖက်သူက သေချာပေါက် သဘောတူမည်ဟု ယုံကြည်ထားခြင်းဖြစ်သည်။ ထို့ကြောင့် သူဟာ ဆက်ပြောနေရင်းမှသာ ရုတ်တရက် တစ်ဖက်သူ၏ ဆိုလိုရင်းကို နားလည်သွားကာ ရပ်တန့်သွားသည်။
“မဟုတ်ဘူး။ ငါ သဘောမတူဘူးလို့ ပြောတာ။ ငါ စိတ်မဝင်စားလို့ သုံးကြိမ်လေးကြိမ်လောက် ပြောမယ်ဆိုရင်လည်း သဘောတူမှာမဟုတ်ဘူး။ ဒါပေမဲ့ သူက သေချာမကြားဘူးထင်တယ် သိလား။ သူကလေ ဒီတိုင်းပဲ ကတုံးပြောင်နေတယ်လို့ ထင်တာ။ မမျှော်လင့်ထားဘဲ အသက်က ဒီလောက်ကြီးနေတော့ အကြားအာရုံလည်း မကောင်းတော့ဘူးပဲ”
ရှုရှင်းကလည်း ကျုံးဖေးဝမ်က မှင်သက်အံ့ဩမှု လောဘ၊ နားမလည်မှု၊ ဆွံ့အမှုတို့ဖြင့် ပြည့်နှက်နေကြောင်း မြင်သောအခါ မပျော်မရွှင်ဖြစ်သွားပြီး တိတ်တခိုး တိုးတိုးပြောရင် တမင်ကြားအောင် ပြောလိုက်သည်။
ထိုသို့ဖြင့် ထေ့ငေါ့သည့် စကားလုံးများက ကျုံးဖေးဝမ်အား သူ၏ ခေါင်းပေါ်မှ ကျိုးတို့ကျဲတဲ ဆံပင်များကိုပင် အလိုအလျောက် သွားထိမိသွားစေသည်။ သူ၏အနားတွင် ထိုင်နေသော လက်အောက်ငယ်သားများကပင် မနေနိုင်ဘဲ သူ၏ ခေါင်းထိပ်ကို လာကြည့်သည်။
ကျုံးဖေးဝမ်က ဒေါသထွက်လွန်းသဖြင့် သွေးအန်ချင်လာသည်။ သူ၏ ပါးစပ်က တွန့်လိမ်နေပြီး စိတ်ထဲတွင် ကျိန်ဆဲသည်။ : ခွေးမ..
သူ၏ အထက်မှလူများက ဒီနေရာသို့လွှတ်လိုက်သည့် ရည်ရွယ်ချက်က မအောင်မြင်သေးချေ။ ထို့ကြောင့် မျက်နှာကို ဆွဲခွာရန် မသင့်သေးပါပေ။ ထို့ကြောင့်သူသည် ဒေါသကိုသာ ဖိနှိပ်လုက်ပြီး အပြုံးနှင်သာ ဆက်ပြီး ဖျောင့်ဖျလိုက်သည်။
“ငါတို့က မင်းတို့ အရမ်းကို ရက်ရောတဲ့ အရင်းအမြစ်တွေ ဆက်ဆံမှုတွေ အခြေအနေတွေနဲ့ ထောက်ပံ့ပေးနိုင်တာနော်။ အထက်က အခြေအနေကသာ သဘောမကျတဲ့ အနေအထားမျိုးဆိုရင်လည်း မင်းတို့ကသာ အသင်းကို ဦးဆောင်ပြီး ငါတို့နဲ့ ပူးပေါင်းလာသမျှ ဘယ်လိုအခြေအနေမျိုးမဆို တောင်းဆိုလိုရတယ်။ ငါတို့က အတတ်နိုင်ဆုံး ကြိုးစားပြီး လုပ်ဆောင်ပေးမယ်”
171 03
“ဒါဆိုရင်လည်း ခင်ဗျားရဲ့လက်ရှိနေရာကို ပေးနိုင်မလား”
ယန်မော့က ရှုရှင်း၏လက်ကို ကိုင်ပြီး ချော့သည့်အနေဖြင့် အသာပုတ်ပေးနေရင်း ပြောသည်။
“ဟားဟား ခေါင်းဆောင်ယန် မနောက်ပါနဲ့။ မရယ်ရဘူး ဟားဟား”
“ငါ ဘယ်တော့မှ မနောက်ဘူး။ ခင်ဗျားက ဒီအခြေအနေကို ဖြည့်ပေးနိုင်မလားလို့ သိချင်တာ”
ယန်မော့က ကျုံးဖေးဝမ်ကို ပြုံး၍ ပြောသည်။ တစ်ဖက်သူက အရေးမပါသော လူတစ်ယောက်ကို ကြည့်နေသကဲ့သို့ မည်သို့ပြန်ဖြေမည့် အခြေအနေကို နားထောင်ချင်သကဲ့သို့ ကြည့်သည်။
ကျုံးဖေးဝမ်ကလည်း အပြုံးကိုပင် မထိန်းနိုင်တော့ပေ။ မျက်နှာကလည်း သုန်မှုန်လာသည်။
“ခေါင်းဆောင်ယန် မင်းက ငါတို့ ကမ်းလှမ်းတဲ့အခြေအနေကိုလည်း စိတ်မဝင်စား ငါတို့နဲ့လည်း မပူးပေါင်းချင်ဘူးဆိုရင် ငါတို့ကို ဆန့်ကျင်တဲ့ အကျိုးဆက်ကို သိတယ်မလား”
“မသိဘူး သိလည်း မသိချင်ဘူး။ ဒါပေမဲ့ ခင်ဗျားရဲ့ခေါင်းဆောင်ကတော့ ခင်ဗျားရဲ့ တစ်ဖက်သတ်ပုံပြင်ကြောင့်နဲ့ ငါ့ကို ဖျောင့်ဖျမယ့် အခြေအနေမျိုးကို လက်လျော့မယ်လို့တော့ မထင်ဘူး။ ခင်ဗျားငါ့ကို မယုံဘူးဆိုရင် ပြန်ပြီး စမ်းကြည့်လေ”
ယန်မော့ကလည်း ကျုံးဖေးဝမ်ကို မည်သည့် မျက်နှာသာမှ မပေးပေ။
“တံခါးဖွင့်လိုက် လမ်းပြလိုက်ပါ”
“ဟွန့်”
ပြင်းပြင်းထန်ထန် အရှက်ခွဲခံရသော ကျုံးဖေးဝမ်ကလည်း ဒေါသတကြီး ထရပ်လိုက်ပြီး စကားတစ်ခွန်းမှ ထပ်မပြောတော့ဘဲ ထွက်သွားသည်။
သူသည်လည်း ယန်မော့၏စကားက အမှန်တရားဖြစ်ကြောင်း ကောင်းကောင်းသိနေသည်။ အခြေစိုက်စခန်းက သူတို့၏အသင်းကို အလွန်အမင်း အလေးထားသည်။ ထို့ကြောင့် သူကဲ့သို့ အလယ်အလတ်အဆင့်တာဝန်ခံ တစ်ယောက်လောက်က အလွယ်တကူ မလှုပ်ခါနိုင်ပေ။
“အာ…ဘာလို့ ဒီလိုတုံးအတဲ့လူတွေကို လွှတ်ပြီး ငါတို့နဲ့ ပြောခိုင်းလိုက်တာလဲ။ တမင်တကာ ရည်ရွယ်ချက်ရှိရှိနဲ့ ရွံရှာအောင် လုပ်တာများလား”
ပုရှန်းဝမ်က တံခါးကို ပိတ်ပြီးသည်နှင့်မနေနိုင်ဘဲ သက်ပြင်းကိုချသည်။
“အကြည့်ကသာ လူသတ်နိုင်မယ်ဆိုရင် ကျုံးဖေးဝမ်ရဲ့အကြည့်ကြောင့် ငါတို့ သေပြီးနေတာ ကြာပြီ။ သူ ထွက်သွားတဲ့အချိန်က အကြည့်ကို ကြည့်ရတာ ငါတို့ကို သေချာပေါက် မုန်းနေလောက်တယ် အာ…ငါတို့ ဒီကောင်ကို ဆက်ပြီး ထားလို့မရဘူးဘဲ”
******