← Chapters

အခန်း ၁၇၂

Vol. 18 Ch. 172

အခန်း ၁၇၂

Vol. 18 Ch. 172

172 01

အပိုင်း (၁၇၂) လျှို့ဝှက်အခန်း

“သူက အဲဒီလောက်ကြီး လှုပ်လှုပ်ရှားရှား မလုပ်နိုင်ပါဘူး၊ အခုအရေးအကြီးဆုံး လုပ်ရမယ့်အချက်က ငါတို့ နောက်ကို လိုက်နေတဲ့ တတိယအဖွဲ့ကို အမြန်ဆုံးစုံစမ်းဖို့ပဲ”

အားလုံးကလည်း သဘောတူကြသည်။

“ဒါဆိုရင် ဘယ်တော့ စကြမလဲ”

ရှုရှင်းက ယန်မော့ကို တဖြတ်ဖြတ်လက်နေသော မျက်လုံးမျိုးဖြင့် စူးရှစွာ ကြည့်သည်။

သူလျှိုအဖြစ် အပြင်ထွက်

အရင်ကသာဆိုရင် အခြားသူတွေကပဲ သူတို့နောက်ကို လိုက်တာ။ သူတို့ဆီက အချက်အလက်တွေကို ယူနေကျ။ အခုသူတို့က ကိုယ်တိုင် အတွေ့အကြုံရတော့မယ် ဘယ်လောက် စိတ်ဝင်စားစရာ ကောင်းလိုက်သလဲ။

“မနက်ဖြန်လှုပ်ရှားမယ်။ ကျုံးဖေးဝမ်နဲ့ လူတွေက တံခါးကို လာခေါက်ပြီးဆိုရင် အခြား အင်အားစုတွေကလည်း သေချာပေါက် သတင်းရမှာပဲ။ ဆိုတော့ သိပ်မကြာခင်မှာတင် အပျော်ဝင်ပါတဲ့သူတွေ ပါလာလိမ့်မယ်။ အလျှင်လိုစရာ မလိုဘူး”

“အာ တစ်ယောက်ယောက် လာမှာလား”

ဒီနေ့အပြင်ထွက်ရန် မျှော်လင့်ချက် မရှိကြောင်းသိလိုက်သည့် ရှုရှင်းကလည်း ဆိုဖာပေါ်သို့ လေလျော့သွားသော ဘောလုံးကဲ့သို့ ပြန်ကျုံ့သွားသည်။

ရှုရှင်းက ရုတ်တရက် စိတ်ဓာတ်ကျသွားကြောင်းမြင်သောအခါ ယန်မော့ကလည်း ရယ်ရခက် ငိုရခက် ဖြစ်သွားသည်။

“ဒါဆိုရင် ရှင်းပေါင် မင်းဘာလို့ မခန်းမှန်းကြည့်တာလဲ။ ဘယ်အဖွဲ့ကလာမှာလဲ။ ဘယ်လောက် များလောက်မလဲ”

“အများကြီးလား ဒီညနေခင်း တစ်ယောက်ပြီးတစ်ယောက် လာလည်မှာလား”

ရှုရှင်းကပင် တအံ့တဩခေါင်းခါသည်။

“အင်း ဒါပေမဲ့ မနက်ပိုင်းတော့ မလာလောက်ဘူး။ ဆိုတော့ ရှင်းပေါင်က ဒီနေ့နေ့လည်စာ ဘာစားမလဲဆိုတာကို စဉ်းစားထားသင့်တယ်။ ဘာပဲဖြစ်ဖြစ် ညနေပိုင်းကျရင် လူတွေအများကြီး ရင်ဆိုင်ရမှာလေ”

“အင်း ဒါဆိုရင် ငါ တစ်ချက် ကြည့်လိုက်ပြီး ကောင်းကောင်းပြင်ဆင်လိုက်မယ်။ ငါ့ရဲ့ ဗိုက်ကို အပြည့်ဖြည့်ပြီးမှပဲ ငါ ဒီလူတွေကို ရင်ဆိုင်နိုင်တော့မှာ”

လုပ်စရာရှိသွားသော ရှုရှင်းကလည်း ဒီနေ့အပြင်မထွက်ရသောကြောင့် စိတ်အခြေအနေ သုန်မှုန်သွားမှုကို ဘေးသို့ ကောက်ပယ်လိုက်ကာ ချက်ချင်းဆိုသလို နေရာသို့သွားကြည့်လိုက်ပြီး နေ့လည်စာအတွက် ရွေးချယ်နေလေသည်။

သိုးသားကင်ကလည်း ကောင်းတာပဲ… အင်း တစ်ခုလောက် ယူရအောင်။ နောက်ပြီး အဲဒီ အမဲသားနှပ်ကလည်း ကြည့်ကောင်းတဲ့ပုံပဲဆိုတော့ ဒါလည်း ယူရမယ်။ ဝက်သားနှပ်နဲ့ကမာကို အနီရောင် အချဉ်လေးနဲ့ကလည်း ထမင်းနဲ့ဆိုရင် တော်တော်ကောင်းမှာ အင်း ထမင်းကိုသာ အရည်လေးနဲ့‌ ရောစားလိုက်ရင် တော်တော်လေးကို အရသာရှိမှာ နောက်ပြီး ငါးပြုတ်၊ ကြက်အစပ်ချက်၊ မှိုခြောက်ကြော်၊ ဟင်းနုနွယ်ရွက်ကြော်၊ အာလူးအိုးပူချောင်း…

အသားနှင့် အရွက်ပူးပေါင်းမှုက အဟာရမျှရန် လိုအပ်သည်။ ထို့ကြောင့် ရှုရှင်းကလည်း ဟင်းတစ်မျိုးစီကို တစ်ပွဲစီ ပြင်လိုက်သောအခါ အမျိုးသားလေးယောက်လုံး၏ စားချင်စိတ်ကို တွေးကြည့်ပြီး ခေါင်းညိတ်လိုက်သည်။

သူတို့ဟာ သဘာဝလွန်စွမ်းအားများကို နိုးထထားသောကြောင့် သို့မဟုတ် သူတို့၏ လေးလံလွန်းသော လူများကြောင့်လားမသိ၊ ထိုအမျိုးသားလေးယောက်လုံး၏ စားသောက်နိုင်စွမ်းအားက တိုးတက်လာသည်။ သို့သော် သူမ၏ ကိုယ်ပိုင်စားသောက်နိုင်စွမ်းအားကမူ မတိုးတက်ပေ။

အချိန်တန်ကြာအောင် နေပြီးနောက်တွင် ရှုရှင်းသည်လည်း အားလုံး၏အကြိုက်ကို ကောင်းကောင်းသိလာသည်။ ထို့ကြောင့် သူမရွေးချယ်ထားသော ဟင်းများက စိတ်မပျက်စေရမှန်း နားလည်နေ၏။ အရသာပြင်းသော ဟင်းအချို့ ရှိနေသောကြောင့် ရှုရှင်းသည်လည်း နေရာလပ်နယ်မြေထဲမှ လေသန့်စက်ကို အရင်ထုတ်ထားလိုက်သည်။ ထိုအခါမှသာ အနံ့များ မကျန်မည် ဖြစ်သည်။ ထို့နောက် ညနေပိုင်းလာသော သူများကလည်း အနံ့ရနိုင်မည် မဟုတ်ပေ။

172 02

ရှုရှင်းက နေ့လည်ခင်း တစ်ရေးအိပ်တတ်သော အလေ့အကျင့်ရှိသည်။ ယန်မော့ကလည်း သူမကို အဖော်ပြုနေကျ ဖြစ်သည်။ တဖြည်းဖြည်း ကြာလာသောအခါ သူသည်ပင် နေ့လည်ခင်း နာရီဝက် သို့မဟုတ် တစ်နာရီ နီးပါးခန့်တစ်ရေး အိပ်တတ်လာသည်။

ကမ္ဘာအဆုံးသတ်ကာလတွင် သူတို့ နေထိုင်မှု ပုံစံက ပုံမှန်ဖြစ်နေမည်ဟု မည်သူကမှ မထင်ထားလောက်ပေ။ အခြားသော သူများက နေ့ရောညပါ ပြောင်းပြန်လှန်မတတ် အလုပ်များနေကြချိန်တွင် သူတို့ကမူ အေးအေးဆေးဆေး ဖြစ်နေသည်။

…

မှေးမှိန်သော အခန်းထဲတွင် ဝါကျင့်ကျင့်စားပွဲတင် မီးအိမ်ကိုသာ ဖွင့်ထားသည်။ ယန်ချွယ်က ကြီးမားသော စားပွဲကြီး၏ အနောက်ဖက်တွင် မျက်လုံးကို မှိတ်ကာ ထိုင်နေသည်။

“ဒီနေ့ သူတို့ဆီကို သွားရှာတဲ့ လူတစ်ယောက်ယောက်များရှိလား”

“ဟုတ်ကဲ့ ရှိပါတယ်။ သူတို့ကို စောင့်ကြည့်ခိုင်းထားတဲ့ သူတွေက ပြောတာတော့ ကျုံးဖေးဝမ်နဲ့ သူတို့တွေက သခင်လေးရဲ့ တိုက်ခန်းထဲကို ဝင်သွားတယ်တဲ့။ သူတို့က အဲဒီမှာ နာရီဝက်လောက် နေတယ်။ ဒါပေမဲ့ လူတွေ လာပြီး တင်ပြတဲ့အတိုင်းဆိုရင်တော့ ကျုံးဖေးဝမ်ရဲ့ ပုံစံက တော်တော်လေးကို မပျော်မရွှင် ဖြစ်နေတာ ဆိုတော့ သဘောတူညီမှု မရသွားလောက်ဘူး”

“ဟားဟား တုံးတဲ့လူတွေပဲ သူတို့က ကျုံးဖေးဝမ်ကိုတောင် လွှတ်တယ်။ အဲဒီလူက ဘယ်လိုလူမျိုးမို့လို့လဲ။ သူ့ကို မှီခိုပြီး ယန်မော့ကို အနိုင်ပိုင်ချင်တယ်ဆိုရင် သူတို့ သူ့ကို ရန်မစမိခဲ့ဘူးဆိုရင်တောင်မှ ကျေးဇူးတင်ရမှာ”

“ကောင်းပြီ တစ်စုံတစ်ယောက်က မစောင့်နိုင်ဘူး။ အရင်လှုပ်ရှားချင်ပြီဆိုမှတော့ ငါတို့ကလည်း နောက်မှာ ကျန်ရစ်လို့ ဘယ်ဖြစ်ပါ့မလဲ။ အပေါ်ယံမှာတော့ ကောင်းကောင်း ရှိုးပြပေးဖို့ လိုသေးတယ်။ ဒီညနေမှာ သူတို့ဆီ သွားလည်ဖို့ လူလွှတ်လိုက် ဖြစ်စဉ်တစ်ခုလုံးကို သေချာပိရိပါစေ။ အဲဒီလိုမှ မဟုတ်ရင် သံသယဝင်လိမ့်မယ်”

“ဟုတ်ကဲ့ ခေါင်းဆောင်”

ယန်ချွယ်က ထိုင်ပြီးမိနှစ်နှစ်ဆယ်နီးပါးခန့် စောင့်သည် ထို့နောက် စားပွဲရှေ့မှ အနက်ရောင်ဝတ်စုံနှင့် လူက တော်တော်ကြာကြာ ထွက်သွားပြီဖြစ်ကြောင်း သေချာမှသာ သူက ထရပ်လိုက်ပြီး အနောက်ဖက်ရှိ စာအုပ်စင် အနောက်ဖက်သို့ လျှောက်သွားသည်။ ထို့နောက် လက်ကို လှုပ်လိုက်ကာ စာအုပ်များထဲမှ တစ်အုပ်ကို ရွှေ့လိုက်သောအခါ သေးငယ်သော စက်အသံက ထွက်လာသည်။

ခရက်…ကျွတ်…

ထို့နောက် ယန်ချွယ်၏ အရှေ့တွင် အောက်ဖက်သို့ထိုးဆင်းသွားသော လှေကားထစ် များက ပေါ်လာသည်။ သူသည် နောက်သို့ လှည့်မကြည့်ဘဲ တန်းလျှောက်ဝင်သွားသည်။ သူဟာ ဝင်သွားသည်နှင့် အနောက်ဖက်မှ စာအုပ်စင်ကလည်း တဖြည်းဖြည်း ပြန်ပိတ်သွားသည်။ ထိုသို့ဖြင့် မည်သည့်အခြေအနေမှ မဖြစ်ပျက်ခဲ့သကဲ့သို့ တိတ်ဆိတ်သွားပြန်သည်။

******

All Chapters