အခန်း ၁၇၃
Vol. 18 Ch. 173
173 01
အပိုင်း (၁၇၃) ရစ်မူးမှု
“ဒါ…ဒါ…ဒါ…”
ကြီးမားသော လျှောက်လမ်းတွင် လူတစ်ယောက်၏ ပုံမှန်ခြေလှမ်းသံကိုသာ ကြားနိုင်သည်။ လျှောက်လမ်းက အောက်ဖက်သို့ ရောက်လေလေ ကျယ်လေလေ ဖြစ်သည်။ ထောင့်တစ်နေရာသို့ ကွေးလိုက်သောအခါ အဖြူရောင်အလင်းက ပေါ်လာသည်။
“ရောက်လာပြီလား”
အဖြူရောင်ကုတ်အင်္ကျီနှင့်သက်လတ်ပိုင်း လူတစ်ယောက်က ထိုမီးရောင်အောက်တွင် ရပ်နေသည်။
“အင်း ဆေးအပေါ် စမ်းသပ်တာ ဘယ်လိုနေလဲ”
ယန်ချွယ်က သူ၏ အရှေ့မှ အလွန်ညင်သာပုံပေါက်သော တုရွှယ်ဖုန်းကို မေးလိုက်သည်။
တစ်ဖက်သူက ကြောင်သူတော် ပုံပန်းသွင်ပြင်အောက်တွင် သူရူးတစ်ယောက်၏ ဝိဉာဉ်တစ်ခုက ဖုံးကွယ်နေမည်ဟု မည်သူကမှ မထင်လောက်ပေ။
“မျိုးဆက်ငါးဆက်လုံးရဲ့နမူနာ ပုံစံတွေကို မနေ့ကပဲ ထုတ်လာတာ။ ဒီနေ့ အချို့လက်တွေ့စမ်းသပ်မှု ခံယူနေသူတွေထဲကို အဲဒီ ရစ်မူးခြင်းဆေးကို ထိုးသွင်းထားတယ်။ တိုက်တိုက်ဆိုင်ဆိုင် မင်းက ရောက်လာတာပဲ။ လာ တစ်ချက်သွားပြီး ကြည့်ရအောင်”
တုရွှယ်ဖုန်းက ယန်ချွယ်ကို အနောက်မှ လိုက်လာအောင် အမူအရာပြပြီး အမျိုးမျိုးသော စစ်ဆေးသည့် နေရာများကို တောက်လျှောက် ကျော်ဖြတ်သွားကာ အနက်ရှိုင်းဆုံးအပိုင်းသို့ ရောက်သည်။ ထိုနေရာက လုံခြုံရေးအဆင့်အမြင့်ဆုံးဖြစ်သည့် တတိယမြောက် အထပ်ဖြစ်သည်။
အအေးတံခါးက ပွင့်သွားသောအခါ လက်တွေ့စမ်းသပ်မှု ကုတင်ပေါ်တွင် တင်းတင်းကြပ်ကြပ် အချုပ်ခံထားရသော အပေါ်ပိုင်း ဗလာနှင့် စိတ်စွမ်းအား ပညာရှင် သုံးယောက်ကို မြင်ရသည်။ သူတို့၏ ပေါ်နေသော အသားများကလည်း အမျိုးမျိုး အရွယ်အစားရှိသော ကျူ့များဖြင့် အုပ်ထားသည်။ ကျူ့တစ်ခုချင်းစီတိုင်းက အခြေအနေတိုင်းကို စောင့်ကြည့်နေသော စက်နှင့် တွဲစပ်ထားခြင်းဖြစ်သည်။ သူတို့၏ လက်မောင်းတစ်ဖက်ချင်းစီတိုင်းကလည်း အမျိုးမျိုးသော အရွယ်အစားရှိသော အပ်ပေါက်ရာများ ပြည့်နှက်နေသည်။ အချို့သော နေရာများဆိုလျှင် ခရမ်းပုတ်ရောင်ပင် သမ်းနေသည်။ ဒါဟာ တစ်ယောက်ချင်းစီတိုင်း၏ မျက်နှာအမူအရာနှင့် ဆန့်ကျင်ဖက် ဖြစ်နေသည်။ သာမာန်လူများအတွက် သူတို့၏ ခန္ဓာကိုယ်က အမျိုးမျိုးသောစမ်းသပ်မှုကို ကျော်ဖြတ်ပြီးသောအခါ အခုလိုအမျိုးမျိုးသောကျူ့များနှင့် ပြည့်နှက်နေသည့်အခါ သွေးများက ခြောက်ကပ်သွားတတ်သည်။ နှိပ်စက်မှုကို တောင့်ခံပြီးနောက် သူတို့၏ အမူအရာကလည်း အကျည်းတန်ကာ နာကျင်နေပုံပေါက်တတ်သည်။ သို့သော် ထိုလူများကမူ ခြားနားသည် သူတို့၏ မျက်နှာတွင် နာကျင်မှုနှင့် မသက်မသာ ဖြစ်မှုများကိုပင် မမြင်ရပါပေ။
173 02
သူတို့က မျက်လုံးကို တင်းတင်းကြပ်ကြပ် မှိတ်ထားကြသည်။ မျက်နှာမှ ကြွက်သားများက လုံးဝ ပြေလျော့နေကြသည်။ နှုတ်ခမ်းထောင့်တွင်ပင် အပြုံးက ရှိနေ၏။ သူတို့၏ မျက်နှာကိုကြည့်မည်ဆိုပါက သူတို့သည် အလွန်ပျော်ရွှင်နေပြီး သူတို့ကိုယ်သူတို့ မွေ့လျှော်ကာ အေးဆေးပေါ့ပါးနေသည်ဟု ထင်ရလောက်သည်။ လူမဆန်သည် နှိပ်စက်မှုကို ခံစားနေရကြောင်း သံသယမဝင်လောက်ပေ။
“သူတို့၏ အမူအရာကို ကြည့်ရရင် ဒီရစ်မူးဆေးဆိုတဲ့ ငါးဆက်မြောက်ဆေးက ပြဿနာကြီးကြီးမားမားတော့ မရှိသေးဘူးဘဲ။ အထူးသက်ရောက်မှုတွေကိုတော့ နောက်ထပ် 72 နာရီလောက် စောင့်ကြည့်ဖို့ လိုသေးတယ် အဲဒါမှ သိနိုင်မှာ”
တုရွှယ်ဖုန်းက ကုတင်ပေါ်မှ စမ်းသပ်မှု ပစ္စည်းများကိုကြည့်ကာ အလိုလျောက်ပင် ဂုဏ်ယူမှုနှင့် ကျေနပ်မှုကို ဖော်ပြသည်။
“ငါ့သားရဲ့စွမ်းရည်အဆင့်က မြင့်လောက်တယ်. ငါတို့တွေ ဒီဆေးက သူ့ကို တစ်သုတ်တည်းနဲ့ ဖြေရှင်းနိုင်မှာကို သေချာစေရမယ်”
ယန်ချွယ်က ဆေးရုံကုတင်ပေါ်မှ လူကို တည်ငြိမ်စွာ ကြည့်သည်။
“မစိုးရိမ်ပါနဲ့။ သူတို့ကသာ 72 နာရီ ကြာပြီးတဲ့နောက်မှာ အခြားတုန့်ပြန်မှုတွေ မရှိတော့ဘူးဆိုရင်တော့ ဒီဆေးကို သုံးဖို့ ပြဿနာမရှိတော့ဘူး”
တုရွှယ်ဖုန်းကလည်း သူ ရှာဖွေလေ့လာထားသောအရာကို အလွန်ယုံကြည်မှု ရှိသည်။ သူဟာသူ၏ စမ်းသပ်ခံပစ္စည်းအဖြစ် အဆင့်မြင့်စိတ်စွမ်းအားပညာရှင်များကို ရရှိမည့်အကြောင်းကို တွေးမိသောအခါ စိတ်လှုပ်ရှားမှုအပြည့်ဖြင့်ပင် တုန်ယင်လာသည်။
“မင်းက ငါ့ရဲ့ စမ်းသပ်မှု ကုတ်နံပါတ် S အကြောင်းကို အရမ်းသိချင်နေခဲ့တာ မဟုတ်လား။ ငါ ဒီနေ့ စိတ်အခြေအနေ ကောင်းနေတာဆိုတော့ ငါမင်းကို လိုက်ပြမယ်”
သူ၏ လက်တွေ့စမ်းသပ်မှု ပစ္စည်းများ ပြည့်နှက်နေသော အခန်းအကြောင်း တွေးမိသောအခါ တုရွှယ်ဖုန်း၏မျက်နှာက သွေးဆာလောင်မှုများ ပြည့်နှက်လာသည်။ သူသည်လည်း သူ၏ကြီးမြတ်သော အောင်မြင်မှုကို အတူမျက်မြင်တွေ့နိုင်ရန်လူအများကိုပင် စိတ်အားထက်သန်စွာဖိတ်ခေါ်လိုက်သေးသည်။
“ဂုဏ်ယူစရာပါ”
ယန်ချွယ်သည်လည်း သူ၏ကမ္ဘာ့အမြင်ကို ပြောင်းလဲသွားစေမည့်အရာကို မြင်ရမည်မှန်း မသိသေးပေ။ သူကမူ သူနှင့်တုရွှယ်ဖုန်း၏ ဆက်ဆံရေးက ခြေတစ်လှမ်း တိုးသွားသောကြောင့် တစ်ဖက်သူက တစ်ဖက်သူက လိုက်ပြမည်ဟုသာ ထင်ထားသည်။ ထို့ကြောင့် သူသည် ပို၍ပင် ပျော်နေသည်။
သူဟာ လိုက်ကြည့်ပြီးနောက် သွေးအန်ပြီး ရက်ပေါင်းများစွာမစား မသောက်နိုင်သည်အထိ ဖြစ်သွားသည်။ သူသည် သေအောင် နောင်တရနေသည်။
******