အခန်း ၁၇၄
Vol. 18 Ch. 174
174 01
အပိုင်း (၁၇၄)
H မြို့တာဝန်ခန်းမ
ထိုတာဝန်ခန်းမက နေ့တိုင်းလိုလို လူအသွားအလာအများဆုံး ဖြစ်သည်။ အခြေစိုက်စခန်း၏ ကန်တင်းကပင် တာဝန်ခန်းမလောက် လူအသွားအလာ မများသေးချေ။ မည်သို့ပင်ဆိုစေ ထိုနေရာက အချက်အလက် စုဆောင်းရန် အကောင်းဆုံးနေရာ ဖြစ်သည်။
လူတိုင်းကလည်း ကန်တင်းတွင် သလင်းအမြူအတေ အမှတ်အကုန်ခံပြီး စားသောက်လိုစိတ် မရှိကြပေ။ မည်သို့ပင်ဆိုစေ ထိုနေရာက အသင့်စားပစ္စည်းများ ထုတ်ကုန်များလဲလှယ်ရာ နေရာထက် 1.5 သို့မဟုတ် နှစ်ဆခန့်အထိ ဈေးကြီးလေသည်။ လူအများစုကမူ သူတို့၏ အမှတ်ဖြင့် စားစရာကိုသာ များများလဲ၍ သယ်ရလွယ် စားရလွယ်သော ပစ္စည်းများကိုသာ စုဆောင်းထားတတ်သည်။
“အခုတလော တာဝန်မှာ စိတ်စွမ်းအားပညာရှင် ဆယ်ယောက်ကျော်ကျော်လောက် သေသွားတယ်။ အခုတလော စွမ်းအားပညာရှင်တွေကို ဆုံးရှုံးတဲ့နှုန်းက တော်တော်လေး များလာတာပဲ”
“ဟုတ်တယ် ဟုတ်တယ် ငါနဲ့ ဘေးအခန်းမှာ နေတဲ့ စိတ်စွမ်းအားပညာရှင်အသင်းဆိုရင် အရင်အပတ်က တာဝန်ထွက်လုပ်တာ တာဝန်ရဲ့ခက်ခဲမှုကလည်း အရင်တစ်ခုလောက်လည်း မမြင့်ပါဘူး။ ဒါပေမဲ့ နှစ်ယောက်က အသတ်ခံရတယ်။ ကျန်တဲ့လူငါးယောက်လုံးက တာဝန်မပြီးမြောက်ဘဲ ထွက်ပြေးသွားတာလေ”
“ငါတို့ အနာဂတ်မှာ ငါတို့လက်ခံတဲ့ တာဝန်တွေရဲ့ခက်ခဲမှုကို နှိမ့်ချဖို့လိုအပ်ပြီ ထင်တယ်။ ဆုလာဘ်တွေက နည်းတယ် ဆိုပေမယ့်လည်း အနည်းဆုံးတော့ အသက်ရှင်တာပေါ့”
“အင်း မင်းပြောတာလဲ ဟုတ်တာပဲ”
“နံပါတ် 121”
ဈေးပေါသော အသံချဲ့စက်ထံမှ အော်သံကို ကြားရသည်။
“မင်းအလှည့်ပဲ ငါအခုသွားတော့မယ်။ အချိန်ရှိမှ ပြောတာပေါ့”
“အင်း ငါလည်း အလုပ်များလိုက်အုံးမယ်”
ပုရှန်းဝမ်၊ ပုယွမ်ကျိုးနှင့် မူချီမိုင်တို့ကလည်း ထိုလူများနှင့် သိပ်မဝေးသောတစ်နေရာတွင် ရပ်နေခဲ့ခြင်း ဖြစ်သည်။ ထိုလူများ၏စကားကိုလည်း ရှင်းရှင်းလင်းလင်း ကြားလိုက်ရ၏။ သူတို့ဟာ တာဝန်ခန်းမတွင် ရပ်နေသော်လည်း မည်သူကမှ သူတို့ကို မမှတ်မိကြချေ။ ဒါဟာ ရှုရှင်းက သူတို့ကို အပြင်မထွက်ခင် ပြင်ဆင်ပေးလိုက်သော အသွင်ပြောင်းမှုကြောင့်ဖြစ်သည်။
သူတို့အားလုံးက ထူးခြားသော ရုပ်ရည်ရှိသည်။ ထို့ကြောင့် ယခုတလော အာရုံစိုက်ခံနေရပြီးသား ဖြစ်သည်။ ကိုယ့်ကိုယ်ကိုယ်သာ ရုပ်မဖျက်ထားလျှင် မှတ်မိရန် လွယ်သည်။ ထို့နောက် သတင်းအချက်အလက်များ ရရှိရန် မဆိုထားဘိ လူများ အဝိုင်းမခံရလျှင်ပင် အလွန်အမင်း ကောင်းမွန်နေပြီ ဖြစ်သည်။
ပုရှန်းဝမ်၊ပုယွမ်ကျိုးနှင့် မူချီမိုင်တို့ကလည်း တာဝန်ခန်းမသို့သွားကာ သတင်းအချက်အလက် စုဆောင်းရန် တာဝန်ပေးခံရသည်။ ပုယွမ်ကျိုးကမူ မျက်နှာသေနှင့် ဖြစ်သည်။ မူချီမိုင်က လူများကို ကိုင်တွယ်ရာတွင် မတော်ပေ။ ထို့ကြောင့် သတင်းအချက်အလက်များကို စုဆောင်းရန် တာဝန်ကို ပုရှန်းဝမ်က ရထားသည်။ သူတို့နှစ်ယောက်လုံးကလည်း တာဝန်ခန်းမတွင် လှည့်လည်သွားလာခြင်းအားဖြင့် အသုံးဝင်သော သတင်းအချက်အလက်များကို ကြားရခြင်းရှိမရှိ တာဝန်ယူထားရခြင်း ဖြစ်သည်။
ရှုရှင်းကလည်း သူမကသာ သူလျှိုအဖြစ် လုပ်ရသည့် အတွေ့အကြုံမျိုးကို မရနိုင်သောကြောင့် အရာအားလုံးကို သေချာစီမံပြီး ဒီနေ့သူလျှိုအဖြစ် အပြင်ထွက်ချင်ကြောင်း ပူဆာသည်။ ထို့နောက် ဝတ်စားထားမည့် ဝတ်စုံများကိုပါ သေချာရွေးချယ်သည်။ သို့သော် အဆုံးသတ်တွင်မူ သူလျှိုမလုပ်လိုက်ရပေ။
174 02
သူမက သူလျှိုမလုပ်ရန် သဘောတူလိုက်ရသည့် အကြောင်းကို တွေးမိသောအခါ နံဘေးနားမှ သိသိသာသာကိုပင် စိတ်အခြေအနေ ကောင်းနေသော အမျိုးသားကို မုန်းတီးမှုအပြည့်နှင့်ကြည့်လိုက်သည်။
သေစမ်း သူက စိတ်ထားနူးညံ့လို့ မဖြစ်ဘူး။
ပစ်မှတ်ထားခံရလို့ အထီးကျန်တာ ဘာလဲ။ သူ တစ်ယောက်တည်းပဲ အထီးကျန်ပြီး သနားစရာ ကောင်းတာကရော ဘာလဲ။
ထွီ
ဒါတွေ အားလုံးက လှည့်ကွက်တွေပဲ။ သူမကို စိတ်ထားနူးညံ့ဖို့ တမင်တကာ လှည့်စားဖို့ ကြိုးစားနေတာ။ စိတ်ထားနူးညံ့လို့ မရဘူး။ သူမက သဘောတူလိုက်တာနဲ့ သနားစရာကောင်းတဲ့ အဲဒီခွေးလူသားရဲ့ မျက်နှာပေါ်က အမူအရာက ချက်ချင်းပျောက်သွားတာပဲလေ။
သူမသည်လည်း သံသယယာဉ်ပေါ်ကို တက်ပြီးသည်နှင့် ထိုခွေးလူသားက သူမကို ပြန်ဆင်းခွင့်ပြုတော့မည် မဟုတ်မှန်းသိနေသည်။
“ရှင်းပေါင် စိတ်စွမ်းအားပညာရှင်တွေရဲ့တစ်ယောက်ခန်းကို အရင်သွားပြီး ကြည့်ကြမလား”
“ငါတို့က ဘာလို့ အဲဒီ နေရာကိုသွားမှာလဲ။ လူများတဲ့ နေရာကို သွားသင့်တာ မဟုတ်ဘူးလား။ နေ့အချိန်အတောအတွင်းမှာဆိုရင် အဲဒီ စွမ်းအားရှင်တွေ နေတဲ့ တိုက်ခန်းတွေက လူနည်းတာပဲကို”
“အရူးလေးရဲ့ ငါတို့နှစ်ယောက်က ဒီလောက်ကြီးတဲ့ ပစ်မှတ်ကြီးလေ။ ငါတို့က ဘယ်သူဆီကနေ အသုံးဝင်တဲ့အချက်အလက်ကို ရနိုင်မှာမလို့လဲ။ ဒါပေါ့ ငါတို့တွေ ဘေးဘက်ခြမ်းကနေ တိုက်ခိုက်ခြင်းအားဖြင့် တိုင်းပြည်ကို တစ်ပတ်လှည့်ပြီး ကယ်ရမယ်လေ”
ယန်မော့က သူ၏ရူးကြောင်ကြောင်ဇနီးလေး၏ ခေါင်းပေါ်သို့ အသာလေး ပွတ်ပေးလိုက်သည်။
******