← Chapters

အခန်း ၁၇၅

Vol. 18 Ch. 175

အခန်း ၁၇၅

Vol. 18 Ch. 175

175 01

အပိုင်း (၁၇၅)

“ဟယ်လို ငါဘာများ ကူညီပေးရမလဲ”

ပြတင်းပေါက်နားတွင် ထိုင်နေသော ဝန်ထမ်းကလည်း လူလာကြောင်း မြင်သည်နှင့် ချက်ချင်းဆိုသလို ပါးစပ်ဟကာ မေးလိုက်သည်။ ဒီနည်းအားဖြင့် အထူးစွမ်းရည်ရှိသော သူနှင့် မိတ်ဆွေဖွဲ့ပြီးဘယ်သောအခါမှ ရန်မစမိရန် မျှော်လင့်သည်။

“ငါတို့ အိမ်နည်းနည်းငှားချင်တာ ရွေးချယ်လို့ရမဲ့ အခန်းလွတ်တွေများရှိလား”

ယန်မော့က နေကာမျက်မှန် တပ်ထားသောကြောင့် ရုပ်ရည်သွင်ပြင်အများစုက အုပ်နေသည်။

“ဟုတ်ကဲ့ ဒီနေရာကနေ ရွေးလို့ရပါတယ်။ ဒီဖန်သားပြင်ပေါ်မှာ အစိမ်းရောင်အိုင်ကွန်လေးတွေက လူနေသားပြီးသား အခန်းတွေကို ဖော်ပြထားတာပါ။ ဒီမီးခိုးရောင် အိုင်ကွန်တွေကတော့ ဘယ်သူမှ မနေဘူးဆိုတော့ အဲဒီထဲကနေ ရွေးလို့ရပါတယ်”

“အိုး…အဝါရောင်ကရော ဘာကို ဆိုလိုတာလဲ”

“အဝါရောင်ဆိုရင်တော့ အိမ်က ငှားထုတ်ထားပြီးသား ဒါပေမဲ့ တစ်ပတ်ကျော်ကျော်လောက်ထိ ပြန်မလာသေးတဲ့အဓိပ္ပာယ်ပါ။ ငါတို့က အဝါရောင်အဖြစ် ပြောင်းသွားပြီဆိုတာနဲ့ နှစ်ပတ်လောက်အထိ ပြန်မလာသေးဘူးဆိုရင်တော့ အိမ်က မီးခိုးရောင်ပြန်ဖြစ်သွားမှာ ဆိုလိုတာကတော့ တစ်ခုခုဖြစ်ပြီပဲ”

ပြတင်းပေါက်နားမှ ဝန်ထမ်းကလည်း ခေါင်းကို တစ်ချက်ရိုက်ပြီး ခပ်မြန်မြန် ရှင်းပြသည်။

“အိုး ကောင်းပြီ ကောင်းပြီ။ ကူညီပေးတာ ကျေးဇူးတင်ပါတယ်”

ယန်မော့ကလည်း နားလည်မှုအပြည့်နှင့် ခေါင်းညိတ်ပြီး အပေါ်ထပ်သို့ ခပ်မြန်မြန် တစ်ချက်ကြည့်သည်။

ပြတင်းပေါက်နားမှ ဝန်ထမ်းကလည်း သိသာစွာပင် ယန်မော့ကို သတိကပ်ထားခြင်း မရှိချေ။ သူတို့ကလည်း ခြုံငုံစနစ် စာမျက်နှာကြီးတစ်ခုလုံးကို ပြသပြီး တိုက်ခန်းတစ်ခန်းချင်းစီတိုင်းမှ တစ်ခန်းချင်စီ၏ အသုံးဝင်သော အခြေအနေမျိုးကိုပင် ပြောပြသေးသည်။ ဒီနည်းအားဖြင့် သတင်းအချက်အလက်များကို စုဆောင်းရန် လွယ်ကူစေသည်။

ယန်မော့ကလည်း မကြာခဏဆိုသလို နံဘေးမှ ရှုရှင်းနှင့်စကားပြောချင်ဟန် ဆောင်လိုက်ပြီး အိမ်၏တည်နေရာကို မည်သည့်နေရာကို ရွေးချယ်မည် စသဖြင့် ပြောလေသည်။

ဆယ့်ငါးမိနစ်နီးပါးခန့် ကြာပြီးမှသာ အခန်းများအားလုံးနီးပါး၏ အခြေအနေကို စစ်ဆေးပြီး ရှုရှင်းကို မျက်လုံးမှိတ်ပြသည်။

“အချစ် ငါတော့ ငါတို့ တွေ့သမျှအိမ်တွေအားလုံးက ကောင်းတယ်လို့ထင်တာပဲ။ ငါစိတ်ရှုပ်သွားပြီ ဘာကို ရွေးရမှန်းမသိတော့ဘူး။ ပြန်ပြီးတော့ စဉ်းစားရအောင်လေ ဒါက ငါတို့ အနာဂတ်နေထိုင်မှုနဲ့ ပတ်သက်တာမလား”

တစ်ချက်ကြည့်ရုံနှင့်တင် ရှုရှင်းကလည်း သူမ သရုပ်ဆောင်ရမည့်အ လှည့်မှန်းသိသည်။ ထို့ကြောင့် ယန်မော့၏ လက်မောင်းကို ဖက်ပြီး ချွဲလိုက်သည်။

“အင်း ကောင်းပြီ မင်းပြောသလိုပဲ လုပ်မယ်”

ယန်မော့ကလည်း အလှကြောင့် ရစ်မူးနေသော အာဏာရှင်ကြီးနှင့်တူသည်။

“ဒါဆိုရင်လည်း ပြန်ပြီး စဉ်းစားလိုက်အုံးမယ်။ ငါ့ပေါင်ပေါင် ဆုံးဖြတ်ပြီးမှပဲ လာငှားတော့မယ်”

“ဟုတ်ကဲ့ ဟုတ်ကဲ့ ဂရုစိုက်ပါ”

ယန်မော့က ရှုရှင်း၏ခါးကို ဖက်ပြီး ထိုတစ်ယောက်နေတိုက်ခန်းထဲမှ တဖြည်းဖြည်း ထွက်လာသည်။ သူတို့၏ နောက်မှ လိုက်လာသော သူများကလည်း ပြတင်းပေါက်နားသို့သွားကာ အခြေအနေကို မေးမြန်းသည်။

တစ်ရက်လုံးလုံး စောင့်ကြည့်မေးမြန်းပြီးနောက် နှစ်ဖွဲ့လုံးက တစ်စုံတစ်ရာကို ရလိုက်သည်။

“ရှန်းဝမ် မင်းဘာတွေ့ခဲ့သလဲဆိုတာကို အရင်ပြောမလား”

175 02

“ဒီနေ့ တကွဲတပြားစီ ရှိနေတဲ့အမျိုးမျိုးသောအသင်းတွေနဲ့ ရောနှောခဲ့တာကနေတဆင့် အခြေစိုက်စခန်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို တော်တော်များများသိခဲ့ရတယ်။ အင်း အခြေစိုက်စခန်းထဲက အခုတလော အဖြစ်အပျက်တွေလည်း ပါတယ်”

သူဟာ နောက်ပိုင်းတွင် စကားအများကြီး ပြောစရာရှိမှန်းသိသည့်အခါ ပုရှန်းဝမ်သည် ရေတစ်ခွက်အပြည့် ခပ်ထားပြီး စားပွဲပေါ်ချထားပြီးသားဖြစ်သည်။

“ငါက အသုံးဝင်မယ်လို့ ထင်ရတဲ့အချက်အလက်တွေကို အနှစ်ချုပ်ထားတဲ့ အကြမ်းဖျင်းအားဖြင့် အချက်အနည်းငယ်ရှိတယ်။ ပထမအချက်အနေနဲ့ သုတေသန အသက်မွေးဝမ်းကြောင်းနဲ့ ပတ်သက်တဲ့ ကောလဟာလကတော့ သူတို့က သက်ရှိလူသားတွေကိုသုံးပြီး စမ်းသပ်နေတယ်ဆိုတာပဲ။ ဒီကိစ္စက တော်တော်လေးကို ဝရုန်းသုန်းကား ဖြစ်သွားသေးတယ်။ နောက်ပိုင်းတော့ သုတေသနအဖွဲ့က လူတွေက ထွက်လာပြီး ငြင်းဆန်လိုက်ခြင်းအားဖြင့် ဒီကိစ္စက ပြီးသွားတာပဲ”

“ဒုတိယအချက်ကတော့ လွန်ခဲ့တဲ့ခြောက်လအတွင်းမှာ အခြေစိုက်စခန်းကနေ အပြင်ထွက်ပြီး တာဝန်သွားလုပ်တဲ့ စိတ်စွမ်းအားပညာရှင် အများစုက အသတ်ခံရသူက အသတ်ခံရ၊ အသတ်မခံရရင်လည်း သေသူက သေသွားကြတာတွေပဲ။ အသတ်ခံရတဲ့ သူအများစုကတော့ အခြေစိုက်စခန်းထဲက အင်အားနည်းတဲ့ အသင်းလေးတွေပေါ့၊ တတိယအချက်ကတော့ အရင်အပတ်အတွင်း ပျောက်နေတဲ့ စွမ်းအားပညာရှင်တွေထဲက သုံးယောက်က တတိယရဲ့အလယ်အလတ်အဆင့်ကို‌ ရောက်နေပြီ။ ဒါပေမဲ့ သူတို့က အမျိုးမျိုးသောအသင်းတွေက ဖြစ်နေတာကြောင့် သူတို့ ပျောက်သွားတာကို ဘယ်သူကမှ ဆက်စပ်ပြီး မစဉ်းစားမိကြဘူး။ ပိုဆိုးတာက သူတို့အားလုံးကလည်း တာဝန်သွားလုပ်ရင်း သူတို့ အသင်းဖော်တွေရဲ့အရှေ့မှာတင် ပျောက်သွားကြတာပဲ”

ပုရှန်းဝမ်၏မျက်နှာကမူ ကြည့်မကောင်းတော့ချေ။

“ဒါဆိုရင် ငါ ဒီနေ့ဘာရခဲ့သလဲဆိုတာကို ငါပြောပြမယ်။ ရှင်းပေါင်နဲ့ငါက အခြေစိုက်စခန်းရဲ့ တစ်ယောက်နေတိုက်ခန်းစီသွားပြီး အခြေစိုက်စခန်းထဲက တစ်ယောက်နေတိုက်ခန်းတွေအားလုံးရဲ့ လက်ရှိ သိမ်းယူထားတဲ့ နှုန်းထားကို သွားကြည့်တာ။ သိမ်းယူထားတဲ့ နှုန်းထားက ရှစ်ဆယ်ရာခိုင်နှုန်းလောက်မြင့်တယ်။ ဒါပေမဲ့ အဲဒီထဲက ငါးရာခိုင်နှုန်းလောက်က တစ်ပတ်ကျော်ကျော်လောက်အထိ ပြန်မရောက်လာတဲ့အဖွဲ့ထဲက ပါတယ်”

ယန်မော့က မျက်ခုံးကို ပွတ်လိုက်သည်။

“ငါးရာခိုင်နှုန်း…ဆိုလိုတာက H မြို့က တစ်ယောက်နေတိုက်ခန်းတွေက လူတော်တော်နည်းတာနော်။ ဆိုတော့ ဒီ ငါးရာခိုင်နှုန်းဆိုတာ အနည်းဆုံးတော့ ဆယ်ယောက်ကျော် ဟုတ်တယ်မလား”

ရှောင်ပိုင်၏အမွှေးကို ဖီးပေးနေသော ရှုရှင်းက တအံ့တဩ ထကြည့်သည်။

“ရှန်းဝမ် အခုပြောသွားတာနဲ့ ထည့်ပေါင်းကြည့်လိုက်မယ်ဆိုရင် အခြေစိုက်စခန်းထဲက ဒီလောက် လူတွေအများကြီး ပျောက်နေတာကို သတိမထားမိဘူးလား”

“ဒီလိုလုပ်တဲ့သူတွေက အခြေစိုက်စခန်းရဲ့ အခြေအနေကို အရမ်းရင်းနှီးနေပြီးသား။ သူတို့အားလုံးက အခြေစိုက်စခန်းထဲမှာ တည်ရှိမှုနည်းတယ်။ နောက်ပြီး ဆက်ဆံရေးကောင်းတဲ့သူလည်း နည်းတယ်။ ဒါကြောင့် သူတို့ ပျောက်သွားခဲ့တယ်ဆိုရင်တောင်မှ အာရုံအများစုကို မဆွဲဆောင်ဘူးလေ။ ဒါက သူတို့ရဲ့ ဉာဏ်ရည်ပဲ”

အလားတူ ကိစ္စများကို အကြိမ်ပေါင်းများစွာ လုပ်ဖူးသော မူချီမိုင်ကလည်း လမ်းကြောင်းကို အလွန်ရင်းနှီးနေသည်။

“ဒါပေမဲ့ ငါတို့က H မြို့ကို တစ်ခါမှ မရောက်ဖူးဘူး. ဘယ်သူက ငါတို့ကို ပစ်မှတ်ထားတာလဲ”

ရှုရှင်းကပင် ပဟေဠိဖြစ်သွားသည်။

“ယန်ချွယ်က အဲ့ဒီအသက်မွေးဝမ်းကြောင်းနဲ့ သဘောတူညီမှု ယူထားလောက်တယ်။ ဒါကြောင့် ငါတို့ကိုပစ်မှတ်ထားတာ။ အခု ငါတို့က သူတို့ရဲ့ ရည်ရွယ်ချက်ကို သိပြီဆိုတော့ ပြန်ပြီးတိုက်ခိုက်ရတာပေါ့”

ယန်မော့၏ မျက်လုံးထဲတွင် ရက်စက်သော အေးစက်မှုက ဖြတ်ပြေးသွားသည်။

“သူက ငါတို့ကို သုတေသနဆီ ရောင်းချင်ရင် ဘာလို့ သူ့ကိုလည်း တစ်စီ ဆွဲဖြုတ်ပြီး အမျိုးမျိုးသော စမ်းသပ်မှုတွေ အလုပ်ခံရမဲ့စမ်းသပ်ခံအဖြစ် မပို့ရမှာလဲ”

******

All Chapters