← Chapters

အခန်း ၁၇၆

Vol. 18 Ch. 176

အခန်း ၁၇၆

Vol. 18 Ch. 176

176 01

အပိုင်း (၁၇၆) တုရွှယ်ဖုန်း

သူတို့ နောက်သို့လိုက်နေသော တတိယတဖွဲ့က သုတေသန အသက်မွေးဝမ်းကြောင်း လုပ်ငန်းမှဖြစ်နိုင်ကြောင်း သေချာသွားသော်လည်း အရင်ဦးဆုံး အတည်ပြုရအုံးပေမည်။ သို့မဟုတ်ပါက ယန်ချွယ်ကလည်း မှားယွင်းသည်ဟု ငြင်းခုံပေလိမ့်မည်။

သို့သော် ထိုကိစ္စကို အတည်ပြုရန်လည်း လွယ်သည်။ ယန်ချွယ်ဆီ ကိုယ်တိုင်သွားပြီး အတည်ပြုနေရန် မလိုအပ်ပေ။ ဒီအတိုင်း သုတေသနဘက်မှ လူများကို စမ်းသပ်ရန်သာ လုံလောက်သည်။

သူကသာ ယန်ချွယ်နှင့် ပူးပေါင်းနိုင်ခဲ့လျှင် တစ်ဖက်သူ၏ အဆင့်က သေချာပေါက် မနိမ့်နိုင်ပေ။ အတော်လေးကို ပြောရေးဆိုခွင့်ရှိပြီး ဆုံးဖြတ်ချက်ချနိုင်သော သူဖြစ်ရပေမည်။ သို့မဟုတ်ပါက ယန်ချွယ်ကလည်း တစ်ဖက်သူအပေါ် အထင်ကြီးလိမ့်မည် မဟုတ်ပေ။

သုတေသန အသက်မွေးဝမ်းကြောင်းမှ သူများက သူတို့နောက်မှ လိုက်လာသည်မှာ ကြာပြီ ဖြစ်သည်။ ထို့ကြောင့် သိပ်မကြာခင်မှာတင် သူတို့၏အိမ်တံခါးဝသို့ လာရောက်ပြီး ဆက်သွယ်လာပေလိမ့်မည်။ ယန်မော့ကလည်း အထူးစွမ်းအားရှိသော လူများနှင့် သက်ရှိလူသားများကို စမ်းသပ်သော လူမျိုးအနေဖြင့် သူ၏ အနာဂတ်လက်တွေ့စမ်းသပ်မှု ပစ္စည်းကို ကြိုတင်မသိကျွမ်းချင်ဘဲ မနေလောက်ဟု ယုံကြည်သည်။

သူတို့က အခြေစိုက်စခန်းမှ တစ်ယောက်နေတိုက်ခန်းများကို သွားစုံစမ်းသည်ဆိုသော သတင်းကလည်း ထိုလူများ၏နားသို့ ပေါက်ကြားသွားပေလိမ့်မည်။ ထို့ကြောင့် သူတို့ဟာ တစ်စုံတစ်ရာကို သိထားခြင်း ရှိမရှိ သံသယဝင်ကာ လာရောက်စစ်ဆေးပေလိမ့်မည်။ သိပ်မကြာခင်မှာတင် သိပ္ပံသုတေသန အသက်မွေးဝမ်းကြောင်းမှ လူများက လာရောက်ပေလိမ့်မည်။

“ဒီနေ့ သူတို့နောက်ကို ခြေရာခံလိုက်ရင်းနဲ့ ငါတို့ရဲ့ လူသုံးယောက် ပျောက်သွားတယ်။ ငါတို့ ယန်မော့နဲ့ အဲဒီကောင်မလေးနောက်ကို လိုက်တာ။ သူတို့က ပုံမှန်အတိုင်းလိုပဲ အခြေစိုက်စခန်းထဲမှာ လျှောက်သွားနေတာပဲ။ ဒါပေမဲ့ တစ်ခုတည်းသော ခြားနားချက်ကတော့ တစ်ယောက်နေ တိုက်ခန်းတွေဆီ သွားတယ်”

“သူတို့ထွက်သွားပြီးတဲ့ နောက်မှ သူတို့ကို လက်ခံခဲ့တဲ့ အဲဒီ ဝန်ထမ်းကိုလည်း ဘာအကြောင်းတွေ မေးခဲ့လဲဆိုတာကို သွားမေးလိုက်တော့ အခန်းရဲ့ထိန်းချုပ်မှု အနေအထားအကြောင်းကိုပဲ ပြလိုက်တာတဲ့”

တောက်ပစွာ လင်းထိန်နေသော သုတေသန အသက်မွေးဝမ်းကြောင်းထဲတွင် သာမာန်ရုပ်ရည်နှင့် မီးခိုးရောင် အဝတ်အစားကို ဝတ်ဆင်ထားသော လူတစ်ယောက်က ရပ်နေရင်း ဆိုဖာပေါ်တွင် ထိုင်နေသော အမျိုးသားအား ဒီနေ့ နောက်ယောင်ခံခဲ့သမျှ အကြောင်းအရာများအားလုံးကို တင်ပြသည်။

“ဟင် လူသုံးယောက်ပျောက်သွားတယ် ဟုတ်လား။ ယန်မော့က တစ်ယောက်နေတိုက်ခန်းရဲ့ အဓိက စနစ်ကို သွားကြည့်တယ်။ စိတ်ဝင်စားစရာပဲ မင်းတို့ သွားလို့ရပြီ။ မနက်ဖြန် မင်းတို့ ငါ့နောက်ကို လိုက်စရာ မလိုဘူး”

တုရွှယ်ဖုန်း၏ မျက်လုံးထဲတွင် စိတ်ဝင်စားမှုက လင်းလက်သွားသည်။

နောက်တစ်ရက်တွင် တုရွယ်ဖုန်းက ယန်မော့ကို တစ်ယောက်တည်း သွားရှာသည်။ သူသည် အိမ်ထဲသို့ အတင်းပြေးမဝင်သွားပေ။ ထိုအစား သူတို့သွားနေကျ လမ်းတွင်သာ စောင့်နေသည်။

“ဟယ်လို ခေါင်းဆောင်ယန်.. ငါ့ရဲ့နာမည်က တုရွှယ်ဖုန်းပါ။ ငါက သုတေသန အသက်မွေးဝမ်းကြောင်းကပေါ့”

ယန်မော့၏နံဘေးမှ ရှုရှင်းကလည်း ရုတ်တရက် လာတားသော အမျိုးသားကို ခိုးကြည့်သည်။ တစ်ဖက်သူက အဖြူရောင် ဝတ်စုံပြည့်ကို ဝတ်ဆင်ထားသည်။ ဖိနပ်ကလည်း အဖြူရောင်ဖြစ်သည်။ သူ၏ ဆံပင်ကိုလည်း သပ်သပ်ရပ်ရပ် ဖီးတင်ထားပြီး စပရေးကိုလည်း ဖြန်းထားသေး၏။ ထို့ကြောင့် မျက်နှာပေါ်တွင် ပြီးပြည့်စုံသော အပြုံးမျိုးဖြင့် လူကြီးလူကောင်းဟု ထင်ရသည်။

တုရွှယ်ဖုန်းကို ထိုကဲ့သို့ ပုံစံမျိုးနှင့် မြင်ရသည့်အခါ ရှုရှင်းက ရုတ်တရက် ကျောစိမ့်သွားပြီး မသက်မသာ ဖြစ်သွားသည်။

“လူကြီးမင်းတုက ငါ့ကို ဘာလို့များ တားတာလဲ”

ယန်မော့က ဖျော့တော့စွာ ပြုံးသည်။

“ငါ ခေါင်းဆောင်ယန်နဲ့ သီးသန့်ဆွေးနွေးချင်တဲ့ ကိစ္စတွေ ရှိနေတာ အဆင်များပြေမလား”

176 02

“လူကြီးမင်းတုက ဒီနေ့ ငါ့ကို အထူးတလည် လာစောင့်နေတယ်ဆိုကတည်းက ငြင်းလို့ ဘယ်ဖြစ်ပါ့မလဲ။ အဲဒီလိုမှ မဟုတ်ရင် လူကြီးမင်းကတုက အလဟဿစောင့်တာဖြစ်သွားမှာပေါ့”

ယန်မော့က ပြုံးနေရင်း ရှုရှင်းကို ကြည့်သည်။

“ရှင်းပေါင် မင်းတို့တွေ အရှေ့က နားနေတဲ့နေရာကို အရင်သွားပြီး ငါ့ကို စောင့်နေပါလား။ ငါခဏနေရင် ထွက်လာခဲ့မယ်လေ”

“အင်း သတိတော့ထားနော်”

ရှုရှင်းက ခေါင်းညိတ်ပြီးနောက် မူချီမိုင်တို့နှင့်အတူ ထွက်သွားသည်။

“လူကြီးမင်းတု အခုငါတို့ နှစ်ယောက်ပဲ ကျန်တော့တယ် ဆိုတော့ ဘာလို့ အရှေ့ဖက်က စားသောက်ဆိုင်ထဲဝင်ပြီး စကားမပြောရမှာလဲ”

“ငါက ပျော်ရွှင်မိပါတယ်”

တုရွှယ်ဖုန်းက ခေါင်းညိတ်သည်။ ယန်မော့၏ ပူးပေါင်းမှုကိုလည်း အလွန်ကျေနပ်နေသည်။

အရှေ့မှလျှောက်နေသော ယန်မော့၏ မျက်လုံးထဲတွင် လှောင်ပြောင်လိုသော အရိပ်အယောင်က ဖြတ်ပြေးသွားသည်။ ထိပ်တန်းမုဆိုးများက သားကောင်အဖြစ် ပေါ်လာတတ်သည်။ တိုက်ပွဲ၏ရလဒ်ကမူ အဆုံးထိ မသိနိုင်ပေ။

“အခု ဒီမှာဘယ်သူမှ မရှိတော့ဘူးဆိုတော့ လူကြီးမင်းတု ဘာလို့ ဒီနေ့ ငါ့ကို လာတွေ့လဲဆိုတာကို မပြောတာလဲ”

“ခေါင်းဆောင်ယန်က H မြို့ကို ရောက်နေတာ နည်းနည်းတောင် ကြာပြီလေ။ ဒါပေမဲ့ ဘယ်အဖွဲ့ထဲကို ဝင်မယ်လို့ မတွေးရသေးဘူးမဟုတ်လား။ အဖွဲ့အစည်း တော်တော်များများကလည်း ခေါင်းဆောင်ယန်ကို ကမ်းလှမ်းနေကြတယ်ဆိုတာ ငါကြားထားတယ်။ ဒါပေမဲ့ တစ်ခုကိုမှ လက်မခံထားဘူး။ ဆိုတော့ ခေါင်းဆောင်ယန်က ဘယ်လိုအဖွဲ့ကိုများ ဝင်ချင်တာလဲ မသိဘူး။ ဒါမှမဟုတ် ခေါင်းဆောင်ယန်က ကိုယ်ပိုင်ရွေးချယ်ထားတာမျိုးများ ရှိနေလို့လား။ ဒါမှမဟုတ် ကိုယ်ပိုင်အဖွဲ့အစည်းများ ဖွဲ့ချင်တာလား”

တုရွှယ်ဖုန်းက လိုရင်းကို တိုက်ရိုက်မသွားချေ။ ထိုအစား တစ်ဖက်သူ၏ သတိကို လျှော့ချရန် အလို့ငှာ တစ်ပတ်လည် ပတ်မေးလိုက်သေးသည်။

“စိတ်မရှိပါနဲ့ ဒီမေးခွန်းတွေကိုတော့ ငါမဖြေနိုင်ဘူး။ ခင်ဗျား ဒီနေ့ ငါ့ကို ဘာလို့ လာတွေ့တယ်ဆိုတဲ့ ရည်ရွယ်ချက်ကို အရင်မပြောတာလဲ ဟမ်… လူကြီးမင်း တု”

ယန်မော့က မျက်ခုံးကိုပင့်ရင်း တစ်ဖက်သူကို ကြည့်သည်။ သူ၏ မီးခိုးရောင်မျက်ဝန်းတစ်စုံက တစ်ဖက်သူ၏နှလုံးသားကို ဖောက်မြင်နိုင်သည်နှင့် တူသည်။

“ခေါင်းဆောင်ယန်က တည့်တိုးသမားပဲ။ ဒါဆိုရင်တော့ ငါ ဒီနေ့ လာလည်ရတဲ့ ရည်ရွယ်ချက်ကို ပြောပြပါ့မယ်။ ခေါင်းဆောင်ယန်က စိတ်စွမ်းအားပညာရှင်လေ။ အဆင့်ကလည်း မနိမ့်ဘူး။ သုတေသန အသက်မွေးဝမ်းကြောင်းက စိတ်စွမ်းအား ပညာရှင်တွေ ပူးပေါင်းဖို့လိုအပ်တဲ့ ပရောဂျက်တစ်ခုရှိနေတာ။ ဒါကြောင့် ခေါင်းဆောင်ယန်ကများ ကူညီပေးနိုင်မလားလို့ပါ”

တုရွှယ်ဖုန်းက ယန်မော့၏ အကြည့်ခံရချိန်တွင် နှလုံးသားက တုန်ယင်သွားသည်။ သူသည် စားပွဲပေါ်မှ ရေနွေးခွက်ကို ကောက်ကိုင်ပြီး တစ်ငုံသောက်ကာ သူ၏မသက်မသာဖြစ်စိတ်ကို ဖုံးကွယ်ရသည်။

“အိုး သုတေသန အသက်မွေးဝမ်းကြောင်းရဲ့ စမ်းသပ်ခံပစ္စည်းများ ဘယ်လိုစမ်းသပ်မှုများပါလိမ့် သိလို့ရမလား”

“ခေါင်းဆောင်ယန်က ဒီအတိုင်း ပူးပေါင်းပြီး သွေးနမူနာနည်းနည်းနဲ့ စိတ်စွမ်းအား ထုတ်လွှတ်ပေးရုံပါပဲ။ ဒါက အရမ်းရိုးရှင်းပါတယ်”

“ဒီလိုသုတေသန ပရောဂျက်တစ်ခုကို ခေါင်းဆောင်နိုင်တဲ့ လူကြီးမင်းတုက သုတေသန အသက်မွေးဝမ်းကြောင်းထဲမှာ တော်‌တော် အဆင့်မြင့်မယ်လို့ ထင်တယ် အခြေစိုက်စခန်းထဲက သုတေသနကျောင်းရဲ့ အဆင့်အတန်းအရ လူကြီးမင်းတုက သတင်းတော်တော်များများကို ကြားရမှာပေါ့။ ဟုတ်တယ်မလား”

“ဟားဟား… ငါက ကံကောင်းတာပါ။ ငါက အောင်မြင်မှု နည်းနည်းရထားလို့ အရေးကြီးတဲ့ တာဝန်တွေကို လွဲအပ်ပေးခံရတယ်လေ”

“ဒါဆိုရင် လူကြီးမင်းတုက အခုတလော အခြေစိုက်စခန်းထဲမှာ စိတ်စွမ်းအားပညာရှင်တွေ အသတ်ခံရတဲ့ အရေအတွက်က တော်တော်လေး မြင့်လာတာကို သတိထားမိလား”

176 03

“အိုး တကယ်လား.. ငါ သတင်းတော့ မရသေးဘူး။ ကြည့်ရတာ ဇွန်ဘီတွေက ဆင့်ကဲပြောင်းလဲသွားပြီးတဲ့နောက်မှာ ပိုပြီးအင်အားကြီးလာတာ ထင်တယ်။ ဆိုတော့ အရင်ထက်ပိုပြီး သတ်ခံရတာက ပုံမှန်ပါ။ပဲ အံ့အားသင့်စရာတော့ မရှိပါဘူး”

“ဟားဟား ခင်ဗျားပြောတာ အမှန်ပဲ ဘာပဲဖြစ်ဖြစ် အဆုံးသတ်ကာလက အန္တရာယ်တွေ အပြည့်ပဲလေ။ ဘယ်သူက အရင်သေရမလဲဆိုတာကို ဘယ်သူက သိမှာလဲ ဟုတ်တယ်မလား မနက်ဖြန်လည်း ဖြစ်နိုင်တာပဲ မတော်တဆမှုကြောင့်လည်း ဖြစ်နိုင်တာပဲ”

ယန်မော့က ထရပ်သည်။

“လူကြီးမင်းတု ငါ့ကို လာတွေ့ရတဲ့ အကြောင်းပြချက်ကို ငါသိပြီ။ ငါ့ရဲ့ အသင်းဖော်တွေက စောင့်နေသေးတာဆိုတော့ ငါအရင်သွားတော့မယ်”

“ကျေးဇူးပြုပြီး အေးအေးဆေးဆေးသွားပါ။ ခေါင်းဆောင်ယန် ခေါင်းဆောင်ယန် ငါပြောတာကို အေးအေးဆေးဆေး စဉ်းစားပေးမယ်လို့ မျှော်လင့်ပါတယ်”

တုရွယ်ဖုန်းက ပြုံးလိုက်ပြီး ထွက်သွားသော သူ့ကို ကြည့်သည်။ သူ၏ နှလုံးသားက ထိန်းချုပ်ရန် ခက်ခဲစွာ တုန်ယင်သွားသည်။

သူ့ဆန္ဒအတိုင်းပဲ …

အိုင်ကျူမြင့်မားတဲ့ လူသားတစ်ယောက်ကပဲ သူ့ရဲ့ စမ်းသပ်ခံ ဖြစ်ထိုက်တာ။

သူ့ရဲ့ အပြီးပြည့်စုံဆုံး လက်ရာဖြစ်လာမှာ…

ယန်မော့၏အဆင့်က တုရွှယ်ဖုန်းထက် အများကြီး ပိုမြင့်သည်။ ထို့ကြောင့် သူဟာ စွမ်းအင်ကို ထုတ်သုံးထားခြင်း ရှိမရှိဆိုသည့်အချက်ကို တစ်ဖက်သူက မသိနိုင်ပေ။ သူဟာ စကားစမပြောခင်ကတည်းက စိတ်စွမ်းအားကို ထုတ်လွှတ်ထားပြီးသားဖြစ်သည်။ ထို့ကြောင့် တစ်ဖက်သူ၏ စွမ်းအားလှုပ်ခတ်မှုကို မလွှတ်သွားခဲ့ချေ။

စိတ်စွမ်းအားပညာရှင်များ ပျောက်နေသော အချက်က သူနှင့်ပတ်သက်သည် ဆိုသော ကိစ္စနှင့် အသေးစိတ်အခြေအနေ နှစ်ခုကို သတိထားမိခဲ့သည်။ အကြောင်းမူကား သူဟာ စိတ်စွမ်းအားပညာရှင်များ ပျောက်သွားသည်ဆိုသည့်အချက်ကို ခပ်အေးအေးသာ ပြောလိုက်သော်လည်း တုရွှယ်ဖုန်း၏ခံစားချက်က အများကြီး မပြောင်းလဲသွားသည့်တိုင်အောင် သူ၏မျက်လုံးထဲတွင် ဂုဏ်ယူမှုက ပေါ်လာသည်။ သာမာန်လူတစ်ယောက်က စွမ်းရည်ရှိသော အပေါင်းအဖော်တစ်ယောက် ပျောက်သွားကြောင်း ကြားသောအခါ သူ သို့မဟုတ် သူမတို့ကလည်း စိုးရိမ်ပူပန်မည်ဖြစ်သည်။ သို့သော် တစ်ဖက်သူက ထိုကဲ့သို့သော ခံစားချက်ကို မပြချေ။ ထိုအစား ဂုဏ်ယူနေသည်။ ဒါကတင် ပုံမှန်မဟုတ်ကြောင်း ဖော်ပြသည်။

လူတစ်ယောက်က ဘယ်လိုအချိန်မှာများ ဂုဏ်ယူလောက်မလဲ။

အခြားသူတွေက သူ ဂုဏ်ယူဖို့ ထိုက်တန်တဲ့ သူကြွားဖို့ထိုက်တန်တဲ့ အရာကို ထုတ်ပြောတဲ့အချိန်မျိုးမှာပေါ့။ ထို့ကြောင့် ယန်မော့သည်လည်း တုရွှယ်ဖုန်းဟာ ယန်ချွယ်၏ပူးပေါင်းထားသော သူဖြစ်ကြောင်း အထူးစွမ်းရှိသော သူများကို အသုံးပြုကာ လက်တွေ့စမ်းသပ်မှုများကို လုပ်နေသည့် ခေါင်းဆောင်ဖြစ်ကြောင်း သိလိုက်သည်။

သူ မျှော်လင့်ထားသော အရာနှင့် တစ်ခုကမူ ခြားနားနေသည်။

******

All Chapters