← Chapters

အခန်း ၁၇၇

Vol. 18 Ch. 177

အခန်း ၁၇၇

Vol. 18 Ch. 177

177 01

အပိုင်း (၁၇၇) စီးပွားရေးအကြောင်းပြောခြင်း

တုရွှယ်ဖုန်းက ကိုယ်တိုင်လာပြီးချိန်ကတည်းက သုတေသန အသက်မွေးဝမ်းကြောင်းမှ လွှတ်ထားသော သူများကလည်း သူတို့နောက်သို့ ဆက်မလိုက်တော့ပေ။ ယခုအခါ အခြားသော အမြှီးလေးများသာ ကျန်တော့သည်။

“ကျွတ် တော်တော်လေးကို စိတ်ရှုပ်စရာပဲ။ ငါဘယ်သွားသွား နောက်ကနေ အမြှီးလို တောက်လျှောက်လိုက်နေတာ ကောင်းတဲ့ကိစ္စမဟုတ်ဘူး။ မော့ကော ဒီကိစ္စကို မဖြေရှင်းတော့ဘူးလား”

ပုရှန်းဝမ်က သူ၏ အနောက်မှ အမြှီးကို ကြည့်ပြီး စိတ်ရှုပ်ထွေးစွာ ခေါင်းကုတ်သည်။

“ကောင်းပြီ အခုပဲ မင်းရဲ့ အနောက်က အမြှီးကိုသွားပြီး ကိုင်တွယ်မယ်”

ယန်မော့က ပခုံးကို ပုတ်ပြီးနောက် အနောက်မှ လိုက်လာခိုင်းသည်။

!!!

ပုရှန်းဝမ်က ကြောင်တောင်တောင် ဖြစ်သွားသည်။ သူသည် ထိုအမြှီးကို ကိုင်တွယ်ချင်နေသည်မှာ ကြာပြီဖြစ်သည်။ သို့သော် ချက်ချင်း ကိုင်တွယ်ရမည်ဟု မထင်ထားမိပေ။

သူတို့က ယန်မော့၏ နောက်သို့လိုက်သွားကြသည်။ အနီးအနားမှ ဖြတ်သွားသောအခါ ထိုလူများကလည်း နောက်မှ လိုက်လာရင်းမှ တာဝန်ပြောင်းတော့မည့်အချိန်တွင် တိုက်မိကြသည်။ ထိုသုံးယောက်က တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး အခြေအနေများက ကိုးရိုးကားရားဖြစ်သွားသည်။

“ငါ့ကို မင်းတို့ရဲ့ ခေါင်းဆောင်နဲ့ တွေ့ဖို့ ခေါ်သွား။ ငါသူ့ကို ကိစ္စတစ်ခုနဲ့ပတ်သက်ပြီး ကိုယ်တိုင်ကိုယ်ကျ ပြောချင်တယ်”

ယန်မော့က တိတ်ဆိတ်မှုကို အရင်ဖြိုခွဲသည်။

အမြှီးအဖြစ် သတ်မှတ်ခံထားရသောနှစ်ဖွဲ့မှ ခေါင်းဆောင်က တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး သူတို့၏ အထက်မှ လူများနှင့် စကားပြောရန် ခေါ်သွားနိုင်ခြင်း ရှိကြောင်း အတည်ပြုလိုက်သည်။

“ဒါဆိုရင်လည်း လိုက်ခဲ့ပါ”

ယန်မော့နှင့်ပုရှန်းဝမ်က ရုံးအဆောက်အဦးကြီး၏ ထိပ်ဆုံးထပ်မှ ရုံးခန်းတစ်ခု၏ တံခါးထံသို့ ခေါ်သွားခြင်းခံရသည်။

“ဒေါက် ဒေါက်ဒေါက်”

“ဝင်ခဲ့ပါ”

“ငါတို့ဘာသာ ဝင်သွားလို့ရတယ်။ လိုက်လာဖို့ မလိုဘူး”

ပုရှန်းဝမ်က ခေါ်လာသော သူကို ပြုံးပြီး ပြောသည်။

ထိုသူက အနည်းနှင့်အများ မျက်နှာပူသွားသည်။ ပုရှန်းဝမ်က ချက်ချင်းဆိုသလို နားလည်လိုက်ကာ ထပ်ဖြည့်ပြောသည်။

“မစိုးရိမ်နဲ့ ငါတို့ မင်းတို့ရဲ့‌ခေါင်းဆောင်ကို ကောင်းကောင်းပြောပေးမယ်။ ငါတို့က မင်းတို့ကို ခေါ်လာခိုင်းတာ မင်းတို့နဲ့ မဆိုင်ဘူး”

တစ်ဖက်သူကို စိတ်အေးအောင် ပြောပြီးသည်နှင့် ထိုလူက စိတ်အေးစွာသက်ပြင်းချကာ ကျေးဇူးတင်စိတ်အပြည့်နှင့် ပြုံးရယ်ပြကာ ထွက်သွားသည်။

ယန်မော့နှင့် ပုရှန်းဝမ်က တံခါးကို တွန်းဖွင့်ကာ ဝင်လိုက်သည်။ အတွင်းမှ သူများက ခေါင်းငိုက်စိုက်ချကာ ကိုယ့်အလုပ်ကိုယ် လုပ်နေကြသည်။ လူဝင်လာသည့်အချိန်တွင် မော့မကြည့်ကြပ။ သူတို့၏ လက်အောက်ငယ်သားများက တင်ပြချက်ကို လာရောက်တင်ပြကြသည်။ သို့မဟုတ် အခြားသော အကြောင်းအရာများကို တင်ပြသည်ဟု ထင်နေကြသည်။

တစ်မိနစ်ခန့်စောင့်ပြီး မည်သည့်အကြောင်းကိုမှ မကြားသည့်အခါ စားပွဲနောက်မှ လူကလည်း ခေါင်းကို မော့ကြည့်ပြီးနောက် ရင်းနှီးကျွမ်းဝင်သော မျက်နှာတစ်ခုကို မြင်လိုက်ပြီး မှင်သက်သွားရသည်။

သူသည် ထိုနှစ်ယောက်နှင့် ရင်းနှီးနေသည်မှာ ရရှိထားသော သတင်းအချက်အလက်များကြောင့် ဖြစ်သည်။ ဒါဟာ သူတို့ အဓိက စောင့်ကြည့်ရမည့် လူလည်းဖြစ်သည်။ လက်အောက်ငယ်သားများက ထိုလူများနှင့် ပတ်သက်သော အကြောင်းအရာများကို နေ့တိုင်းလိုလိုတင်ပြနေကျ ဖြစ်သောကြောင့် ရင်းနှီးလာသလို ဖြစ်လာသည်။ သို့သော် သူတို့သည် ထူးဆန်းသည်ဟု ခံစားရသည်မှာ သူတို့သည် ဓာတ်ပုံထဲတွင်သာ မြင်ဖူးသည်။ အပြင်တွင် မတွေ့ဖူးကြချေ။

177 02

“ခေါင်းဆောင်ယန် ဘယ်လိုကြောင့်များ ကိုယ်တိုင်ကိုယ်ကျ လာတွေ့တာလဲ။ မင်းက တကယ်ကို ရှားပါးတဲ့ဧည့်သည်ပဲ။ ဒီနေရာမှာ ထိုင်မနေပါနဲ့ လာလာ ထိုင်ပါ ထိုင်ပါ… အောက်က လူတွေက တကယ်ကို လွန်တာပဲ ခေါင်းဆောင်ယန်ကိုယ်တိုင်လာတောင် ငါတို့ကို ကြိုပြီး အကြောင်းမကြားဘူး”

လွတ်လပ်သည့် ရုံးခန်းတစ်ခုထဲတွင် ထိုင်နိုင်သော သူကလည်း ခပ်မြန်မြန် တုန့်ပြန်သည်။

ယန်ပြောင်က အနားသို့ပင် လျှောက်လာကာ ဧည့်ခံပေးသည်။

“သူတို့ကလည်း အဲဒီလို အကြောင်းကြားချင်တာ။ ဒါပေမဲ့ ငါက ထွက်သွားခိုင်းလိုက်တာလေ”

ယန်မော့က နံဘေးမှ ဆိုဖာတွင် ဝင်ထိုင်သည်။ ပုရှန်းဝမ်ကလည်း လိုက်ထိုင်သည်။

“ဟားဟား ဆိုတော့ ဒီလိုကိုး”

ယန်ပြောင်က သူတို့နှစ်ယောက်လုံးအတွက် ရေနွေးကြမ်းတစ်ခွက်စီ ပြင်ပေးပြီး မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်သည်။

“အရင်ကငါတို့က ခေါင်းဆောင်ယန်ကို ဆက်သွယ်ဖို့ လူလွှတ်ခဲ့သေးတယ်။ ဒါပေမဲ့ ခေါင်းဆောင်ယန်က ငါတို့နဲ့ ပူးပေါင်းချင်စိတ်မရှိတော့ ဒီနေ့ ဘာကြောင့်များ လာတာလဲ မသိဘူး “

“အို အရင်တစ်ခေါက်က ငါတို့ဆီ လာတဲ့ လူကိုပြောတာလား။ သူ့ရဲ့ ဦးနှောက်က ကောင်းကောင်း အလုပ်မလုပ်ဘူးထင်တယ်။ သူ့ကြည့်ရတာ မျက်လုံးကတောင် မှားနေတာ။ ငါ့အထင် အခြေစိုက်စခန်းက စွမ်းအားရှိတဲ့ သူမျိုးတွေကို ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုရှိတဲ့သူတွေကို ဂရုစိုက်ချင်လို့ သူ့ကို ဒီအလုပ်ပေးထားတယ်လို့တောင် ထင်နေတာ”

ပုရှန်းဝမ်က လှောင်လိုက်သည်။

သူသည် မျက်စဉ်းခတ်ရာတွင် တော်သည်။ သူသည် ကျုံးဖေးဝမ်ကို သဘောမကျ ဖြစ်နေသည်မှာ ကြာပြီ ဖြစ်သည်။ နောက်ဆုံးတွင် ဖွင့်၍ ရသွားသည်။

ယန်ပြောင်ကလည်း ဉာဏ်ကောင်းသည် တစ်ဖက်သူ၏လေသံကို ကြားလိုက်ရုံနှင့် ထိုအချိန်က အဖြစ်အပျက်က ကျုံးဖေးဝမ်၏တင်ပြချက်နှင့် ခြားနားနေမှန်းသိလိုက်သည်။ ထိုအရူးက တစ်ဖက်သူကို ရန်စလိုက်သည်။ ထို့နောက် ပြန်လာပြီးနောက် ရည်ရွယ်ချက်ရှိရှိဖြင့် တစ်ဖက်လူကို ပြောဆိုကာ အခြေစိုက်စခန်းကတဆင့် ကလဲ့စားချေချင်နေလေ၏။

“ကြည့်ရတာ အရင်တစ်ခေါက်ကိစ္စမှာ နားလည်လွဲမှားသွားတာတွေ ရှိတယ်ထင်တယ်။ ခေါင်းဆောင်ယန် ဒီတစ်ခေါက် ငါ့ဆီလာရတဲ့ ရည်ရွယ်ချက်ကိုဘာလို့ မပြောပြတာလဲ”

ယန်ပြောင်ကလည်း အကြောင်းအရာကို အလွယ်တကူပြောင်းလိုက်ပြီး ဆက်ပြုံးနေသည်။ သူသည် ကျုံးဖေးဝမ်၏ ဘိုးဘေးများကို စိတ်ထဲတွင် တိတ်တဆိတ် နှုတ်ဆက်လိုက်သည်။

“ငါ ဒီနေ့လာတာက အခြေစိုက်စခန်းနဲ့ သဘောတူညီမှုတစ်ခု ဆွေးနွေးချင်လို့ ခင်ဗျားများ စိတ်ဝင်စားမလားမသိဘူး”

******

All Chapters