အခန်း ၁၇၈
Vol. 18 Ch. 178
178 01
အပိုင်း (၁၇၈) ငါ့ရဲ့ ချိုမြိန်ပြီး နူးညံ့တဲ့ ဇနီးလေးရဲ့ အနားပဲ ကပ်တွယ်မယ်
အနားတွင် ရှိနေသော ပုရှန်းဝမ်ကလွဲပြီး ယန်မော့နှင့် ယန်ပြောင်တို့၏ ပြောစကားကို မည်သူကမှ မသိကြပေ။ ယန်မော့နှင့် ပုရှန်းဝမ်တို့ ထွက်သွားပြီးနောက် ယန်ပြောင်ကလည်း ယန်မော့၏အနောက်သို့ လိုက်ခိုင်းထားသော လူများကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး အခြေစိုက်စခန်းမှ ခေါင်းဆောင်၏ ရုံးခန်းသို့ အပြေးအလွှားသွားသည်။
“အာ…ဘာလို့ ဒီနေ့ နင်တို့နှစ်ယောက် အကြာကြီးထွက်သွားတာလဲ”
တီဗီကြည့်နေသော ရှုရှင်းကလည်း ပြန်လာသော လူနှစ်ယောက်ကို မြင်လိုက်သည်နှင့် တစ်ဖက်သို့လှည့်ပြီး ကြည့်သည်။ သူမက နာရီကို ပြန်ကြည့်သည်။
“ငါတို့ အပြင်ထွက်သွားရင်းနဲ့ ကိစ္စကြီးတစ်ခု လုပ်လာတာ”
“လာလာ…လာ မြန်မြန်ပြောပြ မြန်မြန်ပြောပြ ဘယ်လိုကိစ္စကြီးမလို့လဲ”
ပုရှန်းဝမ်က လျှို့ဝှက်ဆန်းကျယ်သော မျက်နှာမျိုးဖြစ်နေလေရာ ရှုရှင်း၏ သိချင်စိတ်ကို လှုံံ့ဆော်လိုက်နိုင်သည်။ တီဗီစီးရီး ကြည့်နေသည်ကိုပင် ရပ်ထားလိုက်ပြီး တဘလက်ကိုပင် ချကာ အဖြေကို စောင့်သည်။
“ဟေး…ငါ ချီမိုင်နဲ့ ယန်ကျိုးကို အရင်သွားခေါ်လိုက်မယ်။ ငါတို့အတူ စုံနေမှ ကောင်းမှာပေါ့”
ပုရှန်းဝမ်က ပြုံးရယ်လိုက်ပြီး အပေါ်ဖက်သို့ ပြေးတက်သွားသည်။
ဟာသပဲ မော့ကောက မရီးဆီ တိုက်ရိုက်သွားတာကို မမြင်လို့လား ဟမ်…သူသာ မြန်မြန်မသွားဘူးဆိုရင် သေချာပေါက် ခွေးစာစားရအုံးမှာ။ အာ…သူခဏနေ ထမင်းစားရအုံးမှာလေဆိုတော့ သူ ထိန်းထိန်းသိမ်းသိမ်းနေတာ ကောင်းပါတယ်။
“ငါ မင်းကို ငါနဲ့ လိုက်ခိုင်းတာပဲ။ မင်းပဲ တီဗီစီးရီးကြည့်နေတာကိုး အခုသိချင်သွားပြီမလား”
ယန်မော့ကလည်း သဘာဝကျကျပင် ရှုရှင်း၏နံဘေးနားတွင် ကပ်ထိုင်ပြီး ရှုရှင်း၏ မျက်နှာပေါ်မှ နူးညံ့သော ပါးလေးကို အသာညှစ်လိုက်ရင်း မုန်းတီးသလို ပြောသည်။
“ဟွန့် ယောက်ျား ငါ မှားပါတယ်. နောက်တစ်ခေါက် ငါ နင်နဲ့ သေချာပေါက် အပြင်လိုက်ထွက်မယ်လေနော်။ အခုနင်တို့ ဘာသွားလုပ်လဲဆိုတာ ပြောပြလေ”
ရှုရှင်းကလည်း ဖားသည့်အနေဖြင့် ပြုံးလိုက်ပြီး ချွဲသည့်အကောင်းဆုံးနည်းလမ်းကိုထုတ်သုံးကာ ကျော်လွှားရန် ကြိုးစားသည်။
“မဟုတ်သေးပါဘူး။ ငါ မင်းကို ပြောရမယ်။ ငါ့ဇနီးရဲ့ နှလုံးသားထဲမှာ ငါက တီဗီစီးရီးလောက်တောင် အရေးမပါဘူးလား။ ငါ အရမ်းဝမ်းနည်းတာပဲ”
ယန်မော့က သူမ၏ လက်ကို လွှတ်ပြီးနောက် ရည်ရွယ်ချက်ရှိရှိဖြင့် သက်ပြင်းချပြသည်။
!!!
လာပြီ….သူ လာပြန်ပြီ… ရင်းနှီးကျွမ်းဝင်တဲ့ သနားစရာကောင်းတဲ့ ပုံစံ
အခြားသော ကိစ္စသာမရှိလျှင် သူမသည် မျှမျှတတလုပ်နိုင်သည်။ သို့သော် ဒီနေ့ကိစ္စကမူ သူမ၏ပြဿနာ ဖြစ်သွားသည်။ ထို့ကြောင့် ဒေါသထွက်၍လည်း မရ မျှတအောင်လည်း လုပ်၍မရဖြစ်သွားပြီး အပြစ်မကင်းစိတ်သေးသေးလေးကိုပင် ခံစားနေရကာ နည်းနည်းလည်း ကြောက်လာသည်။
ထိုအမျိုးသားက သနားချင်ဟန်ဆောင်နေမှန်းလည်း သိသည်။ ထို့ကြောင့် ရှုရှင်းက အချိန်တန်ကြာအောင် ရုန်းကန်ပြီး ကတိပေးလိုက်ရသည်။ သူမ၏နားရွက်က အချိန်တစ်ခုကြာအောင် နီသွားပြီးနောက် အနားသို့ကပ်ကာ ယန်မော့၏ နားနားသို့ တစ်စုံတစ်ရာကို ပြောလိုက်သည်။
“ရှင်းပေါင် မင်း ကတိတည်ရမယ်နော်။ ငါ ဒီည စောင့်နေမှာ”
သူမ၏ စကားဆုံးသည်နှင့် ချက်ချင်းထွက်ပြေးရန် ကြိုးစားသော်လည်း ယန်မော့က သူမကို ထိုကဲ့သို့သော အခွင့်အရေးမပေးတော့ဘဲ ရင်ခွင်ထဲ ဆွဲထည့်သည်။
“အင်း စောင့်”
ရှုရှင်းက ခေါင်းမာစွာ ပြောသည်။
178 02
“အင်း ရှင်းပေါင်က အကောင်းဆုံးပဲ။ ငါတို့ ဒီနေ့ အပြင်ထွက်သွားပြီး ဘာလုပ်လဲ သိချင်တယ်မလား ဟင်”
ယန်မော့ကလည်း နားလည်သည်။ သူဟာ အများကြီး စ၍မရချေ။ ရပ်တန့်ရမည့် အချိန်ကိုလည်း သိသင့်သည်။ နောက်ပိုင်း ဒေါသထွက်သွားပါက မတန်ပါပေ။
“ရုတ်တရက် ငါ မသိချင်တော့သလိုပဲ”
ယန်မော့က ဖြတ်ပြောလိုက်သောကြောင့် ရှုရှင်းက ထင်သလောက် မသိချင်တော့ပေ။ မည်သို့ပင်ဆိုစေ အခြားသောသူများ လာသည်နှင့် သူမကလည်း သိရမည် ဖြစ်သည်။
“အာ…တီဗီစီးရီးပဲ ဆက်ကြည့်တော့မယ်”
ရှုရှင်းက ခန္ဓာကိုယ် လှုပ်သွားသည်။ သို့သော် သူမ၏ အနောက်ဖက်မှ အမျိုးသားက လွှတ်ပေးမည့် လက္ခဏာမပြပေ။
“ရှင်းပေါင် ငါတို့ တူတူကြည့်မယ်လေ”
ယန်မော့က လက်ကို ဆန့်ထုတ်လိုက်ပြီး ကော်ဖီစားပွဲလေးပေါ်မှ တက်ဘလက်အား ဆိုဖာနားသို့ လွဲယူသည်။ သွယ်လျသော လက်ချောင်းများက ရပ်ထားသော နေရာကို ပြန်ဖိကာ နှိပ်လိုက်သည်။
ယန်မော့က လူသားဆိုဖာအဖြစ် လုပ်ရာတွင် အလွန်အမင်း ကျွမ်းကျင်နေပြီ ဖြစ်သည်။ တဘလက် တင်သည့် ထောက်တိုင်အဖြစ်ပင် လုပ်နိုင်သေးသည်။ သူသည်လည်း သူ၏ နူးညံ့ကာ ချိုမြိန်သော ဇနီးလေးနှင့် ကပ်တွယ်ရမည့် အခွင်းအရေးကို ဘယ်သောအခါမှ လက်လျော့လေ့ မရှိပေ။
ဒါက အလကား လုပ်အားပေးရတာလေ ဘာလို့ မသုံးရမှာလဲ။
ရှုရှင်းကလည်း ယောက်ျားဖြစ်သူ၏ ရင်ခွင်ထဲတွင် သက်တောင့်သက်သာရှိမည့် နေရာမျိုးကို ခပ်အေးအေးရှာလိုက်ပြီး နေရာလပ် နယ်မြေထဲမှ ချယ်ရီသီးပန်ကန်းပြားလေးတစ်ချပ်ကိုပင် ထုတ်လိုက်ကာ တီဗီကြည့်ရင်း စားသည်။
အပေါ်ထပ်သို့ သွားကာ လူသွားခေါ်သည့် ပုရှန်းဝမ်က လူနှစ်ယောက်ကို ခေါ်ချပြီး ဆင်းမလာတော့သည့်အပြင် ကိုယ်တိုင်လည်း မဆင်းလာတော့ချေ။ ညစာစားချိန်ရောက်မှသာ အားလုံးပေါ်လာသည်။
သူတို့ဟာ နှစ်ထပ်တိုက်ခန်းတွဲတွင် နေထိုင်နေခြင်း ဖြစ်သည်။ အခြားသော နေထိုင်သူများ ဝိုင်းနေသောကြောင့် အနည်းနှင့်အများဆိုသလို စောင့်ကြည့်ခံထားရတတ်သည်။ ထို့ကြောင့် C မြို့ တစ်မြို့သားစုနေ စံအိမ်တွင် နေထိုင်ရသကဲ့သို့ အကွာအဝေး ခြားထားခြင်း မရှိပေ။ ထို့ကြောင့် ချက်ပြုတ်ရာတွင်လည်း အဆင်မပြေပါပေ။ ထို့ကြောင့် လုံခြုံစေရန်အလို့ငှာ နေရာလပ်နယ်မြေအတွင်းမှ သိုလှောင်ထားသော စားစရာများကိုသာ စားတတ်သည်။
“အခု နင်တို့ စားလို့လည်း ပြီးပြီ။ သောက်လို့လည်း ပြီးပြီ။ ဗိုက်လည်း ပြည့်သွားပြီဆိုတော့ ဒီနေ့ ဘာထွက်လုပ်လဲဆိုတာ ပြောလို့ရပြီလား”
ရှုရှင်းကလည်း အဆာကြေရေနွေးကြမ်းကို သောက်ရင်း ပြောသည်။
“ငါတို့ ဒီနေ့ အပြင်ထွက်သွားတော့ ငါတို့ နောက်ကို လိုက်နေတဲ့ နောက်ဆုံးအသုတ်ကို ရင်ဆိုင်ခဲ့တာလေ”
ပုရှန်းဝမ်က ကြွားသည်။
“အဟွတ် အဟွတ်”
ရှုရှင်းကပင် မျက်လုံးပြူးသွားပြီး ရေနွေးကြမ်း သီးသွားသည်။ ယန်မော့ကလည်း တစ်ရှူးမြန်မြန်ထုတ်ကာ ရှုရှင်း၏ဖိတ်ထားသော ရေများကို သုတ်ပေးပြီး စိတ်အေးအောင် ပုတ်ပေးသည်။
“ဖြည်းဖြည်းသောက်လေ ဘာလို့ ရေသောက်တာတောင် သီးနေတာလဲ”
“အဟမ်း…အဆင်ပြေတယ်”
ရှုရှင်းက လက်ကို ယမ်းပြီး အံ့အားသင့်မှု အပြည့်နှင့်ပြောသည်။
“ဆိုတော့ နင်တို့ ထပ်ပြီးသတ်လိုက်တာလား”
ပုရှန်းဝမ် : “…”
ယန်မော့၏လှုပ်ရှားမှုကပင် ရပ်သွားသည်။
178 03
“…”
“ဘယ်လိုဖြစ်နိုင်မှာလဲ။ မရီး မင်း စိတ်ကူးယဉ်တာ တအားများသွားပြီ။ ငါတို့ နှစ်ယောက်ကသာ တကယ် လူသတ်မယ်ဆိုရင် အနည်းဆုံးတော့ အိမ်တံခါးဝကို လာခေါက်နေတဲ့သူ ရှိနေပြီ ထင်တာပဲ။ အခုက မော့ကောက ဒီအခြေစိုက်စခန်းက လူတွေနဲ့ ကိုင်တွယ်ဖို့ အရင်လှုပ်ရှားလိုက်တာပါ”
“ဪ…အဲဒီလိုကို ငါ အံ့ဩသွားတာပဲ”
ရှုရှင်းက သက်ပြင်းချသည်။
“ဆိုတော့ နင်တို့ဘယ်လို ဆွေးနွေးခဲ့တာလဲ”
“အဲဒီလိုဆိုမှ ငါသေချာထိုင်ပြီး ပြောပြရအုံးမယ်”
******