အခန်း ၁၇၉
Vol. 18 Ch. 179
179 01
အပိုင်း (၁၇၉) ဉာဏ်ကောင်းတဲ့ ကောင်ပဲ
သဘောတူညီမှု အကြံအစည်နှင့် လုပ်ဆောင်မှုအကြောင်းကို နားထောင်ပြီးနောက်တွင် ရှုရှင်းက တံတွေးမြိုချသည်။ သူတို့သည်လည်း သိသာစွာပင် တစ်အိမ်တည်းနေကာ တစ်အိုးတည်း စားနေခြင်းဖြစ်သည်။ ဒါကို လူတွေရဲ့ ဦးနှောက် ကွာခြားမှုက ဒီလောက်ထိ ရှုပ်ထွေးနေတာလဲ၊ဟမ်… ဒီဦးနှောက်သေးသေးလေးထဲမှာတောင် အသေးစိတ်ကျတဲ့ အစီအစဉ်တွေအားလုံးက ပိတ်စိတ်တိုက် ရှိနေသေးတယ်။
ဝတ္ထုထဲက အများဆုံးသိုဝှက်နေတတ်တဲ့ ဒုတိယအမျိုးသားဇာတ်လိုက် ဖြစ်ထိုက်တယ်လို့ပဲ ပြောပြီး သက်ပြင်းချရမလားပဲ။ နှမြောစရာကောင်းတာက သူက ဒီမူရင်းစာအုပ်ကို ပြီးဆုံးအောင် မဖတ်ထားချေ။ ထို့ကြောင့် နောက်ပိုင်းအဆုံးသတ်ကို မသိပါပေ။
“H မြို့မှာ ငါတို့က အားနည်းတ။ယ် H မြို့မှာ ယန်ချွယ်ရဲ့ အင်အားကလည်း အုတ်မြစ်နက်တယ်။ အခု အသက်မွေးဝမ်းကြောင်နဲ့ အင်အားစု ပူးပေါင်းထားတယ်။ သဘာဝကျကျပဲ ငါတို့လည်း ပူးပေါင်းရမယ့်လူ ရှာရမှာပေါ့။ အခြေစိုက်စခန်းက အရာရှိတွေကတော့ အကောင်းဆုံးရွေးချယ်မှုပဲ”
“အမှန်ပဲ။ အထက်ကတော့ ဒီယန်ချွယ်နဲ့ဒီအရာရှိတွေအများစုက လက်ရည်တူပြီးသား။ သုတေသနဘက်ကတော့ ဘယ်ဘက်မှ မရပ်တည်တဲ့အနေအထားမျိုးနဲ့ပေါ့။ အခုလိုမျိုး လက်ရှိတည်ငြိမ်မှုနဲ့ ငြိမ်းချမ်းမှုကလည်း ဒါကြောင့်ပဲ ထိန်းသိမ်းနိုင်နေတာ။ အခြေစိုက်စခန်း မမြင်ချင်ဆုံးက ယန်ချွယ်နဲ့ အဲဒီ သုတေသန အသက်မွေးဝမ်းကြောင်း ခိုးပြီး ပူးပေါင်းထားမှာကိုပဲ။ အဲဒီလိုသာ ဖြစ်သွားခဲ့ရင် အခြေစိုက်စခန်းထဲက သူတို့ရဲ့ အဆင့်အတန်းက ထိုးကျတော့မှာ။ သူတို့က ဒီအခြေအနေကို မမြင်ချင်ဆုံးပဲ”
ပုယွမ်ကျိုးက တုံ့ဆိုင်းနေပြီးနောက် ဝင်ပြောသည်။
“ဒါပေမဲ့ အခုလို ပြောနေတာ အဓိပ္ပာယ်မရှိဘူး။ သူတို့ကလည်း ငါတို့ဘက်ကနေ ယန်ချွယ်နဲ့ သုတေသန အသက်မွေးဝမ်းကြောင်းလုပ်ငန်းက ပူးပေါင်းထားတယ်ဆိုတဲ့အကြောင်းကို အကြောင်းပြချက်မရှိ ယုံမှာမဟုတ်ဘူး”
“ရိုးရှင်းတဲ့ လမ်းညွှန်မှုက လုံလောက်တယ်။ ငါတို့ကလည်း သူတို့ကို ပြောလိုက်ပြီးတဲ့နောက်မှာ သူတို့ရဲ့စိတ်ထဲမှာ သံသယဝင်သွားပြီ။ အဲဒီနောက် သဲလွန်စနည်းနည်းကို ပေးလိုက်မယ်ဆိုရင် သူတို့ကလည်း ဒီအခြေအနေကို စုံစမ်းဖို့ လူလွှတ်တော့မှာ ဆိုတော့ သက်သေတွေအများကြီး ပေးစရာတောင်မလိုဘူး။ သူတို့ကသာ စုံစမ်းပြီး နည်းနည်းမှားယွင်းနေတာကို သိလိုက်ပြီဆိုတာနဲ့ သူတို့ရဲ့ စိတ်ထဲမှာလည်း ပုံပြင်အကြီးကြီး ဖန်တီးလိမ့်မယ်”
ယန်မော့က ကုလားထိုင်လက်တင်ပေါ်တွင် လက်ကို တတောက်တောက် ခေါက်နေသည်။ သူ၏မျက်နှာပေါ်တွင် ခန့်မှန်းရခက်သော မျက်နှာထားမျိုးနှင့်ဖြစ်သည်။ မျက်ဝန်းထောင့်ကလည်း ရှုရှင်း၏ မျက်နှာအမူအရာ အပြောင်အလဲကို ကြည့်နေသည်။
သူမလေးကသာ လူတွေရဲ့နှလုံးသားကို ကစားတတ်လွန်းတယ်လို့ ထင်သွားပြီး ကြောက်များ ကြောက်သွားမလား။
“ငါတော့ အခြေစိုက်စခန်းက လူတွေရဲ့နောက်ယောင်ခံလိုက်တဲ့ နည်းပညာက သိပ်မကောင်းဘူးလို့ ထင်တာပဲ။ ယန်ချွယ်နဲ့တုရွှယ်ဖုန်းက အရူးမှ မဟုတ်တာ။ သူတို့ကလည်း နောက်ယောင်ခံလိုက်မှန်း သေချာပေါက် သိမှာပဲ။ အဲဒီနောက် သတိကပ်ထားတော့မှာ ဆိုတော့ ဘယ်သဲလွန်စကို ရှားပြီ လောင်စာထည့်နိုင်မှာလဲ”
အတတ်နိုင်ဆုံး သူမ၏ကြိုးစားအားထုတ်မှုကို ပြသချင်နေသော ရှုရှင်းကလည်း အတတ်နိုင်ဆုံး ဦးနှောက်မုန်တိုင်း ထန်နိုင်အောင် ကြိုးစားရင်း အကြံကောင်းတစ်ခု ရလာသည်။ သူမက ယန်မော့၏လက်မောင်းကို ဆွဲပြီး ခါသည်။ မျက်လုံးကလည်း မျှော်လင့်ချက်အပြည့်နှင့် သူ၏အတည်ပြုမှုကို လိုချင်နေသည်။
ယန်မော့ကလည်း သူ၏ယခုလေးတင် သုန်မှုန်လာကာစ စိတ်အခြေအနေကလည်း ဇနီးလေး၏အရည်လဲ့နေသော မျက်ဝန်းကြောင့် ပျက်ပြယ်သွားသည်။ သူဟာ ညင်သာစွာပြုံးကာ ပြောသည်။
“ရှင်းပေါင်ပြောတာ မှန်တယ်။ အချိန်ကိုက် ထင်းတစ်စည်းပစ်ထည့်တာက မီးကို မြန်မြန် လောင်စေနိုင်တယ်။ ပိုပြီးတော့လည်း အလျှံတငြီးငြီး တောက်လောင်စေလိမ့်မယ်”
“ဟီးဟီး… ငါက တကယ် ဉာဏ်ကောင်းတယ်”
ရှုရှင်း၏အကြံကို တစ်ဖက်က လက်ခံသွားသည်နှင့် မျက်နှာတွင် အပြုံးက ပေါ်လာသည်။ သူမ၏ မျက်ခုံးကြားမှ ဂုဏ်ယူမှုလေးကိုပင် မဖုံးကွယ်ထားနိုင်ပေ။ ယန်မော့၏ လက်ချောင်းများကပင် ယားယံလာပြီး ဆိတ်ချင်လာသည်။
179 02
“အခြေစိုက်စခန်းက သူတွေကသာ ယန်ချွယ်က သုတေသန ကျောင်းနဲ့ ပူးပေါင်းနေတာကို သိသွားရင် ငါတို့နဲ့ပူးပေါင်းဖို့ သေချာပေါက် ရွေးချယ်လိမ့်မယ်။ အဲဒီအချိန်ရောက်မှ အချို့ကိစ္စတွေကို ညှိနှိုင်းတဲ့အခါ အားသာချက်ရပြီ ဘာပဲဖြစ်ဖြစ် ငါတို့က ဒီမှာ ယာယီပဲ နေမှာလေ။ မနိုင်နိုင်ဘူးဆိုရင် ထွက်ပြေးရုံပေါ့။ သူတို့ကတော့ H မြို့မှာ ဆက်နေမှာ။ သူတို့ကတော့ ငါတို့ထက်ပိုပြီး ဒီအခြေအနေကို အမြင်ချင်ဆုံးလို့ ယူဆတယ်”
“ဆိုတော့ ငါတို့ နောက်ထပ် ဘယ်လိုပြင်ဆင်မှုတွေ လုပ်ကြမှာလဲ”
ရှုရှင်းက ခေါင်းလေးစောင်းရင်း မေးသည်။
“ဘာမှ လုပ်စရာမလိုဘူး။ ငါတို့က H မြို့ကို ရောက်လာပြီး အပြင်မထွက်ရသေးဘူး မဟုတ်လား။ ဆိုတော့ အခြေစိုက်စခန်းကသူတွေ ငါတို့ကို လာရှာတဲ့အချိန်အထိတော့ ဆက်နေရအုံးမယ်။ သလင်းအမြူအတေကိုလည်း ထွက်ပြီး စုဆောင်းသင့်တယ်”
ယန်မော့က ရပ်တန့်ပြီးနောက် ပုရှန်းဝမ်နှင့် အခြားသော နှစ်ယောက်ကို ကြည့်သည်။
“မင်းတို့တွေ ဒီကာလအတောအတွင်း စုဆောင်းထားတဲ့ သလင်းအမြူအတေတွေအားလုံး ငါ့ကို လွဲထားပေးနိုင်လား”
ပုရှန်းဝမ်၊ မူချီမိုင်နှင့် ပုယွမ်ကျိုးတို့ကလည်း ထိုစကားကို ကြားပြီး မှင်သက်သွားသည်။ ထို့နောက် တုံ့ဆိုင်းမနေဘဲ ခေါင်းညိတ်သည်။
“ရတာပေါ့ မော့ကောရဲ့”
“ကျေးဇူးတင်ပါတယ်။ သိပ်မကြာခင်မှာ ဒီသလင်းအမြူအတေတွေက ဘယ်နေရာမှ အသုံးဝင်မလဲဆိုတာ မင်းတို့တွေ သိလာလိမ့်မယ်။ ငါ မင်းတို့တွေဆီက အရင်ချေးထားမယ်”
“မော့ကော မော့ကော ဒီလိုပြောတော့ ငါတို့တွေ ဒေါသထွက်ရတော့မှာပဲ။ ဘာကို ချေးတာလဲ ငါတို့က ညီအစ်ကိုတွေ မဟုတ်ဘူးလား”
ပုရှန်းဝမ်က ယန်မော့၏စကားကို သဘောမကျသလို ဖြတ်ပြောသည်။ သူဟာ အခြားသော လူနှစ်ယောက်၏အမူအရာကို ကြည့်သည်။ မူချီမိုင်ကလည်း မျက်မှောင်ကြုတ်သည်။ ပုယွမ်ကျိုး….
ထားပါတော့ ပုယွမ်ကျိုးရဲ့ အမူအရာက ကြည့်လို့မှ မရတာ…
ထို့ကြောင့် သူသည် ပုရှန်းဝမ်၏ စကားကို ခေါင်းအသာညိတ်ပြသည်။
“ငါတို့က ညီအစ်ကိုတွေ၊ မိသားစုတွေ ငါ ဒီလိုစကားတွေ မပြောသင့်ဘူး တောင်းပန်ပါတယ်”
ယန်မော့ကလည်း စိတ်ရင်းဖြင့်ပင် ပြုံးလိုက်သည်။
******