← Chapters

အခန်း ၁၈၁

Vol. 19 Ch. 181

အခန်း ၁၈၁

Vol. 19 Ch. 181

181 01

အပိုင်း (၁၈၁) ပျော်ရွှင်မှုနဲ့ဝမ်းနည်းမှုကို ဝေမျှ

ပုရှန်းဝမ်နှင့် မူချီမိုင်တို့၏ သဘာဝလွန်စွမ်းအားများကြောင့် တွင်းထဲမှ ဇွန်ဘီများကို နာရီဝက်တည်းနှင့် ရှင်းလင်း၍ ပြီးသွားကာ အောက်ခြေတွင် သိပ်သည်းသော ပြာများနှင့် ဇွန်ဘီသလင်းအမြူအတေများကိုသာ မြင်ရတော့သည်။

ယောက်ျားလေး လေးယောက်တို့က အောက်သို့ ဆင်းကာ အမြူအတေများကို ကောက်နေသည်။ ရှုရှင်းကလည်း သူတို့နှင့် သင့်တော်သော အကာအကွယ် ဝတ်စုံများကို နေရာလပ် နယ်မြေထဲမှ ထုတ်ကာ သူတို့ကို ပေးပြီး ဝတ်ခိုင်းထားလိုက်သည်။ ကျားဖြူနှင့် နှင်းဝံပုလွှေတို့ကလည်း ရှုရှင်း၏ နံဘေးနားတွင် နေကာ စောင့်ကြည့်ပေးနေကြသည်။

မူချီမိုင်၏ လေစွမ်းအားမျိုးကြောင့် သူသည် အနက်ရောင်ပြာတစ်လွှာကို အဝေးသို့ အလွယ်တကူ ဖယ်လိုက်ရုံဖြင့် အောက်ဖက်တွင် မြုတ်နေသော သလင်းအမြူအတေများကို မြင်နိုင်သည်။ ထို့ကြောင့် သလင်းအမြူအတေ ကောက်ရန် လွယ်ကူသည်။

“မြန်မြန်လုပ် ငါတို့ဆီ လာနေတဲ့အသင်းတစ်သင်းရှိတယ်။ မိနစ် နှစ်ဆယ်လောက်နေရင် ငါတို့ နေရာကို ရောက်တော့မှာ”

ယန်မော့က စိတ်စွမ်းအားကို ဖြန့်ကျက်မှုအား ဘယ်သောအခါမှ မရုတ်သိမ်းထားပေ။ ထို့ကြောင့် တစ်စုံတစ်ယောက်က ချဉ်းကပ်လာသည်နှင့် သိလိုက်သည်။

သူ၏ စကားကို ကြားသောအခါ အားလုံးကလည်း မြန်ဆန်သွားသည်။ ရှုရှင်းကလည်း သူမကို ပေးလာသမျှ ဇွန်ဘီသလင်းအမြူအတေအိတ်တိုင်းကို နေရာလပ် နယ်မြေထဲသို့ ထည့်လိုက်ပြီး ကားကိုပင် သိမ်းထားသည်။ တစ်ခဏခန့်ကြာလျှင် ရှောင်ပိုင်တို့ကို သယ်ဆောင်ကာ သွားခိုင်းမည် ဖြစ်သည်။ ဒီနည်းအားဖြင့် ပိုမြန်နိုင်သည်။

ကျွီ…

သူတို့က ကျားဖြူနှင့်နှင်းဝံပုလွေတို့ကို စီးကာ ထွက်သွားပြီး ငါးမိနစ်ခန့်သာ ကြာသေးသည်။ ရုတ်တရက် ကားဘရိတ်အုပ်သံကို ကြားရ၏။ တာယာက မြေပြင်တွင် ပွတ်ဆွဲသံကလည်း မီးပွားများထမတတ်ပင် ကျယ်လောင်လာသည်။ ထို့နောက် တွင်းကြီးအနားတွင် ရပ်သွားသည်။

ကားထဲမှ သူများကလည်း သတိလက်လွှတ်ဖြစ်သွားကြကာ ရှေ့ထိုင်ခုံသို့ မျက်နှာနှင့် ရိုက်ဆောင့်မိကြသည်။ ထို့နောက် ထိုင်ခုံခါးပတ်ကြောင့် အနောက်ဖက်သို့ ပြန်ဆွဲခေါ်ခံရပြီး အနောက်ခုံနှင့်ဝုန်းကနဲ့ ဆောင့်ရိုက်ကြသည်။

“ဟစ်”

“F*ck ဘယ်သူက အဲဒီလောက်ထိ ကောက်ကျစ်လို့ ဒီနေရာမှာ တွင်းအကြီးကြီး လာတူးသွားတာလဲ”

ယာဉ်မောင်းက ဆဲသည်။

“ဟပ်ချိုး”

ဝေးကွာလွန်းသော ရှောင်ပိုင်ပေါ်ရှိ ရှုရှင်းက ကျယ်လောင်စွာနှာချေသည်။ သူမက နှာခေါင်းကို ပွတ်ပြီး ရေရွတ်သည်။

“ဘာလို့ တစ်ယောက်ယောက်က ငါ့ကို ဆူပူနေတယ်လို့ခံစားမိနေတာလဲ”

“မင်း အအေးမိတာများလား။ အောက်ကိုဆင်းပြီး RV ထဲ ပြောင်းဝင်ရအောင်”

ယန်မော့က ရင်ခွင်ထဲမှ လူကို အသာထွေးပွေ့ထားပြီး လေအေးများမှ ကာထားပေးလိုက်သည်။ ထို့နောက် အောက်ဖက်မှ ရှောင်ပိုင်ကိုလည်း အသာပုတ်လိုက်သည်။

အမိန့်ကိုရသည်နှင့် ရှောင်ပိုင်ကလည်း ခပ်တိုးတိုးလှမ်းအော်ကာ တာ့ပိုင်တို့ကို လှမ်းပြောလိုက်သည်။ ထို့နောက် မြေပြင်ပေါ်သို့ ဆင်း၏။

ယခုက အေးသော ရာသီဖြစ်သည်။ နေ့အချိန်အပူချိန်ကပင် အနှုတ်လေးဆယ်ဝန်းကျင် ဒီဂရီဖြစ်နေသည်။ သဘာဝလွန်စွမ်းအားမျိုးကြောင့် သူတို့၏ ခန္ဓာကိုယ်က အခြားသော သူများထက် အအေးကို အများကြီး တွန်းလှန်နိုင်သည့်တိုင်အောင် သူတို့သည်လည်း အပြင်သို့ထွက်သည့်အခါ အနွေးထည်ထူထူကို ဝတ်ထားရသေးသည်။ ညအချိန်တွင်လည်း အပူချိန်က အနှုတ်ငါးဆယ်ဒီဂရီအထိပင် ထိုးကျသွားနိုင်သည်။ နှင်းကျချိန်တွင်ဆိုလျှင် ခြောက်ဆယ်ခုနှစ်ဆယ်အထိပင် ဖြစ်သေးသည်။ ထို့ကြောင့် အတော်လေး အေးသည်ဟု ပြောရပေမည်။

181 02

သူတို့က အပြင်ထွက်သောအခါ အလွန်နွေးသော ဝတ်စုံများကို ဝတ်ဆင်ထား၏။ ရှုရှင်းကလည်း အအေးကို အထူးတလည် ကြောက်သည်။ ထို့ကြောင့် သူမက အဖြူရောင်ဘောလုံးလေးနီးပါး ပတ်ထားခြင်းဖြစ်သည်။ ခေါင်းတွင်လည်း အမွှေးပွှဦးထုပ်ရှိသည်။ လည်ပင်းတွင်လည်း အဖြူရောင် အမွှေးပွှမာဖလာလေး ရှိနေသေးပြန်၏။ တဖြတ်ဖြတ်လက်နေသော မျက်လုံးတစ်စုံကသာ ပေါ်နေသည်။

ရှုရှင်းက ခြေလှမ်းအနည်းငယ်လှမ်းကာ ထွက်ပြီးရုံနှင့် နေရာလပ်နယ်မြေထဲမှ RV ကို ထုတ်ပြီးသားဖြစ်သည်။ အားလုံးကလည်း RV ထဲသို့ ခပ်မြန်မြန်ဝင်ကြသည်။

တာ့ပိုင်တို့ကလည်း ခန္ဓာကိုယ်အရွယ်အစားကိုကျုံ့ကာ အထဲသို့ လိုက်ဝင်သည်။

“ဟူး ကားထဲကပဲ သက်တောင့်သက်သာ ပိုရှိတယ်”

ရှုရှင်းက သက်ပြင်းရှည်ကို ချသည်။ ထို့နောက် ယန်မော့နှင့် ပူးပေါင်းကာ သူမ၏ ဦးထုတ် လည်စည်း၊ လက်အိတ် စသဖြင့်တို့ကို ချွတ်ရသည့်အပြင် အလွန်ကြီးကာ ထူထဲသော အနွေးထည်ကြီးများကိုလည်း ချွတ်လိုက်သည်။

RV ထဲမှ အပူပေးစက်ကလည်း မပိတ်ထားရသေးချေ။ ထို့ကြောင့် အတွင်းဘက်မှ အပူချိန်သည်လည်း 25 ဒီဂရီ ဝန်းကျင်ဖြစ်သည်။ သူတို့က အထဲသို့ ဝင်လိုက်သည်နှင့် နွေးသော လေက လာရစ်ပတ်သည်။ ထိုသို့ဖြင့် လက်နှင့်ခြေထောက်များကလည်း တဖြည်းဖြည်းထုံထိုင်းနေရာမှ အသိစိတ်ပြန်ရလာသည်။

“လာ မင်းအဖျားရှိနေလား။ ကြည့်ရအောင်”

ယန်မော့က သူ၏အနွေးထည်ကို ချွတ်ပြီးသည်နှင့် ဆေးဗူးထဲမှ သာမိုမီတာကို ထုတ်လာကာ အနားသို့ လျှောက်လာသည်။ ယန်မော့၏ မေးစေ့ကို လက်တစ်ဖက်ဖြင့်ကိုင်ပြီး အခြားသော လက်တစ်ဖက်ဖြင့် သာမိုမီတာကို ဖိသည်။

“မရှိပါဘူး မင်းမှာလည်း အဖျားမရှိပါဘူး။ ဒါပေမဲ့ ခဏနေရင်တော့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဆေးကြိုသောက်ထားလိုက်”

ရှုရှင်းက နှုတ်ခမ်းဆူသည်။ သူမသည်လည်း အခြားသော ကိစ္စများကို ဆွေးနွေး၍ ရသည်။ သို့သော် သူမ၏ ကျန်းမာရေးနှင့် ပတ်သက်လာသောအခါ ညှိနှိုင်းခွင့်မရှိမှန်း ကောင်းကောင်းနားလည်နေသည်။

အခြားသော သူများကလည်း ကျင့်သားရနေပြီသား ဖြစ်သည်။ ရှုရှင်းက ဆေးသောက်ရသည်အား သဘောမကျမှန်းလည်း သိသည်။ ထို့ကြောင့် သူတို့သည်လည်း ပွဲကြီးပွဲကောင်းကြည့်သလိုမျိုး စောင့်ကြည့်နေကြသည်။

ပွဲကြည့်နေသာ သူများ၏ မျက်နှာအမူအရာကို မြင်သောအခါ ရှုရှင်းက မျက်လုံးလှန်သည်။

“အခုလေးတင် ငါတို့အားလုံး အပြင်မှ ခဲမလိုဖြစ်နေတာနော်။ ငါတစ်ယောက်တည်းပဲ သောက်ရမှာလား ဆို‌တော့ ငါတို့ အကုန်အတူ သောက်သင့်တယ်လို့ ထင်တယ်။ ဘယ်သူ့ကိုမှ ဘက်မလိုက်ဘူး”

ပွဲကြည့်သော လူသုံးယောက် : “…”

အရမ်းကောင်းတယ်…

အဆုံးသတ်တွင် မည်သူကမှ ပြေးမလွတ်သွားခဲ့ပေ။ ထို့ကြောင့် အားလုံးကလည်း ဆေးတစ်ယောက်တစ်ခွက်စီရပြီး ပျော်ရွှင်မှု ဝမ်းနည်းမှုကို အတူမျှဝေခံစားကြသည်။

ရှုရှင်းကမူ အလွန်အမင်း ကျေနပ်နေသည်။

နာရီအနည်းငယ်အတွင်းတွင် သူတို့က ဒီနေကဲ့သို့ တူညီသောနည်းလမ်းကို သုံးကာ ဇွန်ဘီအမြူအတေ အမြောက်အများစုဆောင်းသည်။ ရှုရှင်းသည် နေ့တိုင်းလိုလို အချိန်ပိုဆင်းပြီး သဘာဝလွန်စွမ်းအားကို အသုံးပြု၍ အမြူအတေများကို သန့်စင်လေသည်။ နေရာလပ်နယ်မြေ၏ သုံးလွှာမှ အခြေစိုက်စခန်း၏ တိုးတက်မှုကလည်း သိသာထင်ရှားလာသည်။

******

All Chapters