အခန်း ၁၈၂
Vol. 19 Ch. 182
182 01
အပိုင်း (၁၈၂) ရိုးသားမှုကို ပြ
တတိယအလွှာမှ တိုးတက်မှုကလည်း သုံးပုံနှစ်ပုံသို့ပင် ရောက်ရှိသွားသည်။ ယခင်ကထက် ပို၍မြန်ဆန်လာသည်။
အခြားတစ်ဖက်တွင် ဇွန်ဘီများ၏အဆင့်က မြင့်တက်သွားသည့် အချက်လည်း ပါဝင်သလို အတွင်းမှစွမ်းအင်ကလည်း ပို၍သန့်စင်သွားသောကြောင့်ဖြစ်သည်။ ထို့ကြောင့် သလင်းအမြူအတေ တစ်ခုချင်းစီတိုင်းကလည်း ယခင်ကထက်ပို၍ များသော အမှတ်များကို ပေးနိုင်သည်။
တိုးတက်မှုက တဝက်ကျော်လာသောအခါ တတိယအလွှာမှ စာအသစ်တစ်ကြောင်း ပေါ်လာသည်။ : [တိုးတက်မှုဖြစ်စဉ်က တဝက်ကို ကျော်လွန်သွားပါပြီ။ အသုံးပြုသူ ကျေးဇူးပြုပြီး အခြေစိုက်စခန်းရဲ့ တည်နေရာကို ကြိုတင်ရွေးချယ်ပါ]
“ရှင်းပေါင် ပါးစပ်ဟ”
ယန်မော့က အခွံခွာပြီးသား ပျားလိမ္မော်သီးလေးကို ရှုရှင်းအသင့်ကိုက်စားနိုင်ရန် နှုတ်ခမ်းနား တေ့ပေးသည်။
“လက်ရှိ ဖြစ်စဉ်အတိုင်ဆိုရင် ငါတို့ သိပ်မကြာခင်မှာတင် ထုတ်လို့ရလောက်မယ်”
“ငါ စဉ်းစားတာက ငါတို့သိပ်မကြာခင်မှာတင် ငါတို့ရဲ့ကိုယ်ပိုင်အခြေစိုက်စခန်းကို ရတော့မှာဆိုတော့ ဘာကိုမဆို လုပ်လို့ရပြီ။ အောင်မြင်လာမယ့်အနာဂတ်ကို မျှော်လင့်မိတယ်”
ရှုရှင်းကပင် ပူးပေါင်း၍ ပါးစပ်ဟပေးသည်။ မျက်လုံးများကလည်း ကွေးနေသည်။
“အချစ် ငါတို့ အခြေစိုက်စခန်းရဲ့တည်နေရာနဲ့ ပက်သက်ပြီး တွေးမိထားတာများရှိလား”
“အင်း ငါတော့ နည်းနည်းတွေးမိထားတယ်။ ဒါပေမဲ့ အတည်မပြုသေးခင် အဲဒီနေရာကို အရင်သွားကြည့်ရမယ်”
ရှုရှင်းက ခေါင်းညိတ်သည်။ သူမယောက်ျားက ထိုကဲ့သို့သော ကိစ္စများကို ဂရုစိုက်နိုင်သည်။ သူမကိုယ်တိုင်က အသင့်တော်ဆုံးနေရာကိုလည်း မတွေးနိုင်လေရာ တွေးတောနေရန်လည်း မလိုအပ်တော့ပါပေ။
ထိုနေ့ညနေတွင် သူတို့က H မြို့ အခြေစိုက်စခန်း၏ အရာရှိများဘက်မှ ယန်မော့အား ကိစ္စများအား ဆွေးနွေးရန် လူလွှတ်လာသည်။
အားလုံးက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်သည်။ သူတို့သည် စိတ်ထဲတွင် တွေးမိပြီးသား ဖြစ်သည်။ တစ်ဖက်မှ တုန့်ပြန်မှုအရ သူတို့ ဒီတစ်ခေါက် ထွက်မသွားခင်ထားထားခဲ့သည့် ငါးစာက အလဟဿမဖြစ်ခဲ့ပေ။ ယန်ချွယ်နှင့် တုရွှယ်ဖုန်းတို့က ငါးစာဟပ်သွားသည်။
အစည်းအဝေးခန်းထဲတွင် ထိုင်နေသော လူသိပ်မများချေ။ ရှိသောသူများကလည်း အားလုံးက သိထားပြီးသားဖြစ်သည်။ ထို့ကြောင့်သူတို့၏ အသီးသီးသော အကြံများကိုသာ ပြောရန်လိုအပ်သည်။
“ခေါင်းဆောင်ယန် နောက်ဆုံးတော့ ပြန်လာပြီပေါ့။ ဒီတစ်ခေါက် အများကြီး ရခဲ့လား”
ယခင်က ယန်မော့နှင့် တွေ့ဖူးသည့်တစ်ဦးတည်းသောသူ ယန်ပြောင်က နှုတ်ဆက်ရင်း ပြောသည်။
“ကံကောင်းစွာနဲ့…ဒါပေမဲ့ အခြေစိုက်စခန်းထဲက ထွက်သွားတဲ့သူတွေကတော့ ထင်သလောက် ကံမကောင်းဘူးထင်တယ်”
ယန်မော့က ညင်သာစွာ ပြုံးပြီး ကျွမ်းကျင်စွာနှင့် ထိုက်ကျိကျင့်သည်။
“အရင်တစ်ခေါက် ငါပြောထားတဲ့ ကိစ္စကို စုံစမ်းစစ်ဆေးတာက ဘယ်လိုများနေလဲ”
“ခေါင်းဆောင်ယန် မင်းအရင်တစ်ခေါက်က ပြောတဲ့ ကိစ္စကို ငါတို့ တကယ်ပဲ လူလွှတ်ပြီး စုံစမ်းခဲ့တယ်။ ယန်ချွယ်က အမှန်ကို သုတေသန ကျောင်းနဲ့ ပူးပေါင်းထားတယ်။ ဒါပေမဲ့ သူကဘယ်သူနဲ့ ပူးပေါင်းထားတယ်ဆိုတာ မသိရသေးဘူး။ ငါဒီနေ့ မင်းအရင်တစ်ခေါက် ပြောထားတဲ့ ပူးပေါင်းမှုဆိုတဲ့ အကြောင်းကို ဆွေးနွေးချင်တာ။ ဘယ်လိုများ ပူးပေါင်းမှာလဲ”
182 02
နောက်ဆုံးတစ်ခေါက် အဆက်အသွယ်လုပ်ပြီးကတည်းက ယန်ပြောင်သည်လည်း ယန်မော့ဟာ ဝေ့လယ်ကြောင်ပတ် ပြောတတ်သူမဟုတ်ကြောင်း သိထားပြီးသားဖြစ်သည်။ တစ်ဖက်သူကလည်း ရိုးရှင်းစွာပင် ဒီနေ့ခေါ်ရသည့် ရည်ရွယ်ချက်ကို သိထားပြီးလောက်သည်။ ထို့ကြောင့် ဆိုင်းငံ့မထားတော့ဘဲ လိုရင်းကို ပြောလိုက်သည်။
“ခင်ဗျားတို့က ငါ့ကို ကူညီပြီး ယန်ချွယ်ကို ကိုင်တွယ်ပေး။ ငါတို့က ခင်ဗျားတို့ကို ကူညီပြီး သုတေသနကျောင်းကို ထိန်းချုပ်ပေးမယ်။ အခြေစိုက်စခန်းရဲ့ဒါရိုက်တာ ဖုန်းကျန်းကလည်း ပူးပေါင်းမှုကို စိတ်ဝင်စားရဲ့လားမသိဘူး”
ယန်မော့၏မဲမှောင်သော မျက်လုံးက ယန်ပြောင်၏ နံဘေးနားမှ တိတ်ဆိတ်စွာ ထိုင်နေသော အမျိုးသားကို ကြည့်လိုက်သည်။
“ဟားဟား သေချာပေါက်ငါက ခေါင်းဆောင်ယန်ပြောတဲ့ ပူးပေါင်းမှုကို စိတ်ဝင်စားတာပေါ့။ ဒါပေမဲ့ ဒါက ခေါင်းဆောင်ယန်အတွက် ပိုပြီးအကျိုးအမြတ်များတဲ့ပုံ ပေါက်နေတယ်”
ဖုန်းကျန်း၏ မျက်ဝန်းအနက်က ရုတ်တရက် ကျုံ့သွားသည်။ သိသာစွာပင် တစ်ဖက်သူ၏ ယခုစကားက သူ့ဆီ တိုက်ရိုက်ရည်ရွယ်သည်။ သို့သော် သူကလည်း အများရှေ့တွင် ထွက်ပြလေ့မရှိချေ။ အခြေစိုက်စခန်းက လူအများစုက သူ၏အမည်ကို မသိပါပေ။ သို့သော် တစ်ဖက်သူက ချက်ချင်း မှတ်မိနေသည်။
“ခေါင်းဆောင်ဖုန်း ခင်ဗျားက နောက်နေပြန်ပါပြီ။ ဒါက ခင်ဗျားအတွက် အကျိုးအမြတ်ပိုရှိတာ သိသာနေတာပဲ။ ခင်ဗျားက အဓိက ပြဿနာတစ်ခုကို တစ်ခါတည်းနဲ့ ဖြေရှင်းနိုင်တယ်။ အခုကစပြီး အခြေစိုက်စခန်းထဲက ဘယ်အင်အားစုအသစ်ကမှ ခင်ဗျားရဲ့ အုပ်ချုပ်မှုကို တိုက်ရိုက်မလှုပ်ခါနိုင်တော့ဘူးလေ။ ခေါင်းဆောင်ဖုန်း အိပ်မက်ထဲမှာတောင် ရယ်နိုင်မယ်ထင်တယ်”
ယန်မော့က ရေကို တစ်ငုံသောက်ပြီး တည်ငြိမ်စွာ ပြောသည်။
“ခေါင်းဆောင် ဖုန်း ငါ့ကို အပြေးအလွှား မငြင်းပါနဲ့။ ငါတို့က ပူးပေါင်းတယ်ဆိုကတည်းက ရိုးသားမှုကို ပြမှာပါ”
******