← Chapters

အခန်း ၁၈၄

Vol. 19 Ch. 184

အခန်း ၁၈၄

Vol. 19 Ch. 184

184 01

အပိုင်း (၁၈၄)

မီးခိုးရောင်ကောင်းကင်က အလင်းတစ်စက်မှ မရှိတော့ချေ။ အေးစက်သောလေကလည်း အခြေစိုက်စခန်း၏ ထောင့်တိုင်းကို ဖြတ်သန်းနေသည်။ လမ်းပေါ်တွင် လျှောက်နေသော လူတိုင်းကလည်း အဝတ်ကို တင်းတင်းကြပ်ကြပ် ပတ်ထားသည်။

H မြို့အပြင်ဘက် မြို့ငယ်…

ထိုနေရာက အခြေစိုက်စခန်းတစ်ခုလုံးအတွင်းမှ အဆိုးဆုံးသောနေထိုင်မှု ဝန်းကျင်နေရာဟု ပြောရပေမည်။ ထိုနေရာတွင် တည်ဆောက်ထားသောအိမ်များကလည်းအဆိုးရွားဆုံးသော ကုန်ကြမ်းပစ္စည်းများကို သုံးထားကာ အပူပေးနိုင်သောစွမ်းရည်မျိုးလည်း မရှိပေ။ ထို့ကြောင့် ထိုနေရာတွင် နေထိုင်သော လူများကလည်း မည်သည့်စွမ်းရည်မှ မရှိသော သာမာန်လူများသာဖြစ်သည်။

အေးစက်သော ရာသီဥတုအတွင်းတွင် လူအများစုက ခဲပြီးသေကြသည်။ ဒီနှစ်ကလည်း ချွင်းချက်မရှိပါပေ။

သေသောသူများ၏ အလောင်းများကလည်း အခြေစိုက်စခန်း၏ အနောက်ဖက်ခြမ်းတွင် ပုံထားသည်။ ထိုအလောင်းများအားလုံးကို သဂြိုလ်စက်ထဲသို့ ပစ်ထည့်လိုက်ခြင်းအားဖြင့် အချိန်တန်ကြာအောင် ဆွေးမြေ့ပုပ်သိုးကာ ရောဂါများ မထွက်လာအောင် ဖြေရှင်းတတ်သည်။

“ဒီနေ့က အလောင်းရဲ့ နောက်ဆုံးတစ်သုတ်ပဲ ဒီနေရာမှာလက်မှတ်ထိုး”

တင်းတင်းကြပ်ကြပ် ပတ်ထားသော လူတစ်ယောက်က ခြေကို တစ်ချက်ဆောင့်လိုက်ပြီး ခန္ဓာကိုယ်အပူချိန်ကို ရအောင် စုဆောင်းသည်။

“ဟုတ်ကဲ့”

တစ်ဖက်မှဝန်ထမ်းကလည်း ကျွမ်းကျင်စွာနှင့် နာမည်ကို ရေးထိုးပြီး တစ်ခါတည်း ကမ်းပေးသည်။ ထိုစာအုပ်ကို လက်ခံရရှိပြီးသည်နှင့် ထိုနေရာတွင် ဆက်မနေတော့ချေ။

“ဒီလောက် အေးစက်တဲ့ ရာသီဥတုမှာ ဘယ်သူက အပြင်မှာ နေချင်မှာလဲ”

သူသည် နောက်သို့ ခပ်မြန်မြန်လှည့်ပြီး ကားနားသို့ လျှောက်သွားရင်းမှ ရေရွတ်နေသည်။

“ဘာလို့ ဒီနှစ်ရာသီက လူသေတာ ပိုများနေတယ်လို့ ခံစားနေရတာလဲ”

အခုလေးတင် စာချုပ်တွင် လက်မှတ်ထိုးခဲ့သော ဝန်ထမ်းကလည်း တစ်ဖက်သူ၏ကား ထွက်သွားပြီးမှသာ တံခါးကိုပိတ်လိုက်သည်။ ထို့နောက် စက်ရုံထဲသို့ ခပ်မြန်မြန် ဝင်ပြီး ဖားယားလိုသော မျက်နှာထားမျိုးနှင့် ပြောသည်။

“ဒါရိုက်တာတု အလောင်းတွေအားလုံး ဒီမှာပါ။ သူတို့ကို ပို့ပေးဖို့လိုသေးလား”

“မလိုဘူး ငါ့လူတွေက တိုက်ရိုက်ယူသွားလိမ့်မယ်”

တုရွှယ်ဖုန်းက သလင်းအမြူအတေအိတ်လေးတစ်အိတ်ကို တစ်ဖက်သူ၏ လက်ထဲသို့ ပစ်ထည့်သည်။

“မင်းရဲ့ ကိစ္စကို ကောင်းကောင်းလုပ်နော်။ ပါးစပ်ကိုပိတ်ထား။ မပြောသင့်တာ မပြောနဲ့”

“ဟုတ်ကဲ့ ဟုတ်ကဲ့ ဒါရိုက်တာတု မစိုးရိမ်ပါနဲ့။ ငါ ဒီတံခါးက ထွက်သွားပြီးတာနဲ့ ဘာမှ မသိတော့ဘူး”

ထိုလူက သလင်းအမြူအတေအိတ်ကို စိတ်မရှည်သလို ယူပြီး ရေတွက်ကြည့်သည်။ ထို့နောက် ပျော်ရွှင်လွန်းသဖြင့် ပါးစပ်ကိုပင် မပိတ်နိုင်တော့ပေ။

တုရွှယ်ဖုန်းက အကြည့်ကို လွဲကာ လက်ကို ယမ်းလိုက်သည်။ ထိုလူ၏ မျက်နှာပုံစံကို မကြည့်ချင်တော့ပေ။ အနောက်မှ သူများက တိတ်တဆိတ်ထွက်ကာ အလောင်းများကို သူတို့၏ ကားထဲသို့ အစီအစဉ်တကျ ရွေ့ပေးသည်။ ရာဘာအချင်းချင်း ဖိပွတ်မိသည့် အသံကလွဲပြီး အခြားသော မလိုလားအပ်သည့် အသံကို မကြားရပေ။

လတ်လတ်ဆတ်ဆတ် ရလာပြီးကာစ အလောင်းများက သူ၏ ကားပေါ်သို့ တင်နေကြောင်း မြင်သောအခါ ထိုအလောင်းများကို မည်သို့ အသုံးချရမည်နည်းဟု သူက ကောင်းကောင်းစဉ်းစားနေသည်။

သူသည် သက်ရှိလူများကိုသာ စမ်းသပ်ခြင်းမဟုတ်ပေ။ လူသေများကိုလည်း စမ်းသပ်သည်။

184 02

ယန်ချွယ်က သူ့အား သက်ရှိ စမ်းသပ်မှု ပစ္စည်းများကို ပေးသည်။ လူသေစမ်းသပ်မှုကမူ သံသယဝင်ရန် မလိုလောက်အောင် ဒီနေရာဟာ အကောင်းဆုံး အထောက်အပံ့ဖြစ်သည်။ ဒီနေရာသို့ ပို့လာသော အလောင်းများဟာ အတွင်းသို့ တိုက်ရိုက်ပို့ဆောင်ခြင်း မရှိချေ။ လူအများရှိ အရှေ့တွင် မပေါ်သမျှ မည်သူကမှ သိလိမ့်မည် မဟုတ်ပေ။

နောက်ဆုံးအလောင်းကို ကုန်တင်ကားပေါ်သို့ တင်ပြီးနောက် တုရွှယ်ဖုန်းက ဘေးခုံနေရာတွင် ဝင်ထိုင်သည်။ စမ်းသပ်ခံပစ္စည်းများက သူ၏ ကိုယ်ပိုင်မျက်လုံးဖြင့် သုတေသန ကျောင်းထဲသို့ ဝင်သွားကြောင်းမြင်မှသာ သူဟာ စိတ်အေးနိုင်မည် ဖြစ်သည်။

မနက်စောစောထနေကျ မူချီမိုင်က ပုရှန်းဝမ်၊ ပုယွမ်ကျိုးတို့ကဲ့သို့ အားနည်းသော နှစ်ကောင်ကို ခေါ်ကာ မနက်ပိုင်း ပတ်ပြေးသည်။ သူတို့နေသော နေရာက လေ့ကျင့်ရေးကွင်းနှင့် အတော်လေး ဝေးသည်။ ထို့ကြောင့် သူတို့နေသော တိုက်ခန်းဘက်သို့သာ ပြန်ရန် ဆုံးဖြတ်လိုက်ကြသည်။

လေးလံသော အဝတ်အစားများနှင့် ပြေးလွှားရင်းမောပန်းနေသော ပုရှန်းဝမ်က ကူကယ်ရာမဲ့စွာ လမ်းလျှောက်လာရင်း အသက်မဲ့သော မျက်လုံးများဖြင့် ဘေးဘီကို ကြည့်သည်။

!!!

သူသည် ရင်းနှီးကျွမ်းဝင်သော လူတစ်ယောက်ကိုမြင်လိုက်သည်။

ဘာလို့ဒီတစ်ယောက်က တုရွှယ်ဖုန်းနဲ့ တူနေတာလဲ။

ပုရှန်းဝမ်၏ ပြေးနေသော ခြေထောက်က ထိုဦးတည်ရာဘက်သို့ အလိုလျောက် ရွေ့သွားသည်။ အနောက်ဖက်မှ ပုယွမ်ကျိုးကလည်း မော့ကြည့်သောအခါ အရှေ့ဖက်မှ ပျောက်သွားသော လူကို မြင်လိုက်ရသည်။ သိချင်စိတ်ပြင်းပြစွာဖြင့် သူသည် နောက်မှ လိုက်လာသည်။

“ဒါက တုရွှယ်ဖုန်း မဟုတ်ဘူးလား။ သူက မနက်အစောကြီး ဘာလုပ်နေတာလဲ”

“အိုး…မင်းငါ့ကို သေအောင် ခြောက်လိုက်တာပဲ။ ဘာလို့ နောက်ကနေ ရုတ်တရက် ရောက်လာတာလဲ”

ကိုယ်ပိုင်လောကထဲတွင် နစ်မြုပ်နေသော ပုရှန်းဝမ်က တစ်စုံတစ်ယောက်၏ ပြောစကားကို ကြားသောအခါ သေအောင် ကြောက်သွားသည်။ ဦးနှောက်ကပင် ပေါက်ကွဲမတတ်ဖြစ်သွားသည်။

“အာ…စိတ်မရှိပါနဲ့ ငါ လိုက်လာတာ မင်းသိတယ် ထင်နေတာ”

“ရပါတယ်။ ငါ ဒီအတိုင်း ရုတ်တရက် ဖြစ်သွားလို့ အခုဖြတ်သွားတဲ့တစ်ယောက်က တုရွှယ်ဖုန်း မဟုတ်လား။ ငါ အမြင်မှားတာလားလို့”

ပုရှန်းဝမ်ကလည်း သူ၏ ရင်ဘတ်ကို ပုတ်ပြီးနောက် ပုယွမ်ကျိုးကို ပြောသည်။

“ငါကတော့ သူဆိုတာတစ်ရာရာခိုင်နှုန်းသေချာတယ်။ ဒါပေမဲ့သူက မနက်အစောကြီး ဘာလုပ်တာလဲ”

ပုယွမ်ကျိုးကလည်း တုရွှယ်ဖုန်းစီးနေသော ကားထွက်သွားသောဘက်ကို ကြည့်သည်။

“သူက ဒီလောက်အစောကြီး လုပ်တာဆိုတော့ ကောင်းတဲ့ကိစ္စမဟုတ်နိုင်ဘူး။ ငါတို့ အဲ့ဒီကား ဘယ်ကလာလဲဆိုတာကို သိရအောင် လိုက်သွားကြည့်ရအော။င် ငါတို့ အရင်က ရှာမတွေ့ထားတဲ့ သဲလွန်စကိုလည်း တွေ့နိုင်တာပဲ”

ပုရှန်းဝမ်က အကြံပေးသည်။

“အင်း ရတယ်”

ပုယွမ်ကျိုးကလည်း ခေါင်းညိတ်သည်။

“ဒါဆိုရင် ငါက ဘာလုပ်ရမှာလဲ”

လူပြန်လာရှာသော မူချီမိုင်က သူတို့နှစ်ယောက်၏ အနောက်တွင် မဲမှောင်သောမျက်နှာဖြင့် လက်ပိုက်ပြီး ရပ်နေသည်။

******

All Chapters