← Chapters

အခန်း ၁၈၅

Vol. 19 Ch. 185

အခန်း ၁၈၅

Vol. 19 Ch. 185

185 01

အပိုင်း (၁၈၅)

ဆယ့်ငါးမိနစ်ခန့်ကြာပြီးနောက်…

လူသုံးယောက်က ရပ်တန့်ကာ သူတို့၏ အရှေ့မှ လမ်းလေးခု ငါးခု ဇုန်အခွဲကို ကြည့်သည်။

“ငါတို့ အခု ဘယ်လိုလုပ်ကြမလဲ။ လူစုခွဲသင့်လား ဒါမှမဟုတ် မော့ကောကို ပြန်ခေါ်ပြီးမှ ပြန်လာသင့်လား”

မူချီမိုင်က မျက်မှောင်ကြုတ်ကာ ပြောသည်။

“အရင်ပြန်ရအောင် ဒီလမ်းလေးခုဆုံနေရာမှာ ငါတို့ သုံးယောက်ပဲရှိတာ။ အရင်ပြန်ပြီးမှ မော့ကောနဲ့ ဆွေးနွေးမယ်”

သူတို့သုံးယောက်သည်လည်း တစ်ဖက်သို့ လှည့်ကာ တိုက်ခန်းသို့ အမြန်ပြန်သည်။ ယန်မော့၏ ဇီဝနာရီကလည်း ပိုစောလေသည်။ ထို့ကြောင့် သူတို့ သုံးယောက်က မထွက်ခင်ကတည်းက ယန်မော့ကို နှုတ်ဆက်ထားပြီးသားဖြစ်သည်။

တံခါးဖွင့်သံကို ကြားသည်နှင့် လေသာဆောင်တွင် ထိုင်ကာ စာအုပ်ဖတ်နေသော ယန်မော့ကလည်း မော့ကြည့်ပြီး စာအုပ်ကို ချသည်။

“မော့ကော ငါတို့ ဒီမနက် ထွက်ပြေးရင်းနဲ့ စောစောစီးစီးထွက်လာတဲ့ တုရွှယ်ဖုန်းကို တွေ့ရတယ်”

တံခါးက ပိတ်သွားသည်နှင့် ပုရှန်းဝမ်ကလည်း ဖိနပ်ကိုပင် မလဲတော့ဘဲ အပြေအလွှား သွားပြောပြသည်။

ယန်မော့က လက်ထဲမှ စာအုပ်ကို ပိတ်လိုက်ပြီး ရှင်းရှင်းလင်းလင်း ပြောသည်။

“မင်းတို့က တုရွှယ်ဖုန်းကို မြင်ခဲ့တာလား။ ဘာဖြစ်တာလဲ”

“အင်း ရှန်းဝမ်နဲ့ ငါ မြင်ခဲ့တာ။ တုရွှယ်ဖုန်းက သိပ်ပြီး မသိသာ မထင်ရှားတဲ့ ပစ္စည်းအတင်အချလုပ်တဲ့ ကုန်တင်ကားရဲ့ဘေးခုံမှာ ထိုင်နေတာ။ အရင်တစ်ခေါက်ကလိုလည်း ထူးထူးခြားခြား တောက်တောက်ပြောင်ပြောင် ဝတ်ထားတာ မဟုတ်ဘူး။ သူ့ရဲ့ မျက်နှာပေါ်မှာလည်း အနက်ရောင် မက်စ်တပ်ထားတယ်။ နောက်ပြီး တစ်ကိုယ်လုံးကလည်း အမဲဝတ်ထားတာ။ အခြားသူတွေက မှတ်မိသွားမှာကို ကြောက်နေတဲ့အတိုင်းပဲ။ သူက ဒီလောက် မနက်အစောကြီး ထွက်ပြီး ဒီလောက် သိုသိုသိပ်သိပ် နေနေတယ်ဆိုတော့ တစ်ခုခုတော့ ဖြစ်ရမယ်”

“ငါတို့ သုံးယောက်လည်း အဲ့ဒီကုန်တင်ကား မောင်းထွက်သွားတဲ့ ဦးတည်ရာဘက်ကို လိုက်သွားခဲ့သေးတယ်။ နောက်ဆုံးတော့ လမ်းလေးခုဆုံတဲ့ နေရာမှာ ပျောက်သွားလို့”

ပုယွမ်ကျိုးနှင့် မူချီမိုင်တို့ကလည်း ဝင်ပေါက်နားတွင် ကုတ်အင်္ကျီကို ချွတ်နေရင် ဖိနပ်ပါးကို ပြောင်းစီးရင်း ဝင်လာသည်။

“ကြည့်ရတာ တုရွှယ်ဖုန်းမှာ လျှို့ဝှက်ချက်တွေအများကြီး ရှိနေတာပဲ။ ဒီညနေပဲ တစ်ခေါက်လောက်ထွက်ပြီး အခြေအနေ ကြည့်ရအောင်”

ယန်မော့ကလည်း အေးဆေးပေါ့ပါးစွာဖြင့် အဓိပ္ပာယ်ရှိသော လေသံမျိုးဖြင့် ပြောသည်။

ရှုရှင်းက သဘာဝကျကျပင် မနက်ကိုးနာရီအထိ အိပ်ပြီးမှသာ ထွက်လာသည်။ ထမင်းစား စားပွဲသို့ ရောက်မှသာထိုလူများက အပြင်ဘက်သို့ ထွက်ပြီး စုံစမ်းမည့်အကြောင်းကို ပြောနေသော အခါမှသာ သိလိုက်သည်။

xxxx

ပုံမှန်ထက် နှစ်နာရီလောက်ပဲ နောက်ကျပြီး အိပ်လိုက်တာပါ။ ဘာဖြစ်သွားတာလဲ။

ဘယ်လိုဖြစ်ပြီး ဘာမှ နားမလည်တော့တာလဲ။

ရှုရှင်းကလည်း သူမ၏ ပါးစပ်ထဲမှ သလင်းပုဇွန်ဖက်ထုပ်က မမွှေးတော့ဟု ခံစားလိုက်ရသည်။ နောက်ထပ်တစ်ခု ထပ်ယူမယ်

“နင်တို့ ဘာတွေ ပြောနေတာလဲ။ အပြင်ထွက်ပြီး တုရွှယ်ဖုန်းကို စုံစမ်းမယ်ဆိုတာက ဘာအဓိပ္ပာယ်လဲ။ နင်တို့ မနေ့ကပြောတော့ အခြေစိုက်စခန်းက အရင်လှုပ်ရှားမှာ မဟုတ်ဘူးလား။ ဘယ်လိုဖြစ်ပြီး ဒီနေ့ စုံစမ်းရမှာလဲ”

ပန်းကန်လုံးထဲမှ နောက်ဆုံးဖက်ထုပ်ကို ကုန်အောင်စားပြီးမှသာ နောက်ဆုံးတွင် ရှုရှင်းက ပါးစပ်ကို သုတ်ပြီး မေးတော့သည်။

185 02

“ချီမိုင်တို့ ဒီမနက် အပြေးလေ့ကျင့်ရင်းနဲ့ မတော်တဆ တုရွှယ်ဖုန်းက ကုန်တင်ကားတစ်စီးရဲ့ဘေးခုံမှာ ထိုင်နေတာကို တွေ့လိုက်ရတယ်။ သူက တစ်ခုခုလုပ်နေတာလို့ ငါတို့ ယူဆတယ်။ ဒါကြောင့် ချီမိုင်တို့က နောက်ကနေ လိုက်ကြည့်တော့လည်း လမ်းလေးခုဆုံတဲ့ နေရာမှာ ပျောက်သွားတာတဲ့။ ဒါကြောင့် ညနေကျမှ သွားပြီး စုံစမ်းကြည့်မလို့”

ယန်မော့ကလည်း ပုံပြင်တစ်ပုဒ်လုံးကို ရှင်းပြပေးသည်။

“ညနေကျရင် ငါလည်း လိုက်မယ်လေ”

ရှုရှင်းကလည်း ဝင်ပြောသည်။

ယန်မော့က ခေါင်းအသာညိတ်သည်။

“အင်း ကောင်းပြီ။ ငါမင်းကို တိုက်ခန်းမှာတစ်ယောက်တည်း ထားခဲ့ရမှာလည်း စိတ်မချဘူး”

ထိုညနေတွင် ရှုရှင်းတို့အဖွဲ့က နေ့လည်စာစားပြီးသည်နှင့် နှစ်နာရီခွဲလောက်တွင် ထွက်သည်။ မူချီမိုင်က ဒီမနက်က သူတို့ ရပ်တန့်ခဲ့သော လမ်းလေးခု ဆုံသောနေရာသို့ ခေါ်သွားသည်။

“ဒါပဲ”

“ကောင်းပြီ ငါတို့ လူစုခွဲကြမယ် ငါတို့ဘာကိုပဲ ရှာတွေ့ ရှာတွေ့ ဘာကိုပဲ မတွေ့မတွေ့ နှစ်နာရီနေတာနဲ့ ဒီနေရာကို လာရမယ်။ ရှင်းပေါင် လာ ငါနဲ့လိုက်ခဲ့”

“အင်း”

အားလုံးက ခေါင်းညိတ်ပြီးနောက် လမ်းအသီးသီးခွဲကာ သွားသည်။

ရှုရှင်းနှင့် ယန်မော့က တော်တော်ဝေးသော ဘက်ခြမ်းမှ လမ်းကို ရွေးချယ်လိုက်သည်။

သူတို့က ထိုနေရာကို ကွေ့ပြီး လျှောက်သထက် လျှောက်ရင်း ဆယ့်ငါးမိနစ်နီးပါးခန့် လျှောက်ပြီးနောက် အရှေ့မှလူများ၏ ပြောစကား ခပ်တိုးတိုးသံကို ကြားရသည်။ ရင်းနှီးသော အသံကိုလည်း ကြားရသည်။ ယန်မော့က ရှုရှင်းကို ရပ်တန့်ခိုင်းလိုက်ပြီး နံရံနားကို ကပ်လိုက်သည်။ သူမကိုလည်း စကားမပြောရန် အမူအရာပြပြီး စိတ်စွမ်းအားကို ဖြန့်ကျက်လိုက်သည်။

စိတ်စွမ်းအားက ဖြတ်သန်းသွားသောအခါ ယန်မော့သည်လည်း တစ်စုံတစ်ယောက်က စိတ်စွမ်းအားကိုသုံးပြီး ဒီနေရာကို ကာထားကြောင်း ခံစားလိုက်ရသည်။ သို့သော် သူ၏ အဆင့်က တစ်ဖက်သူထက် ပိုမြင့်သည်။ သူက တစ်ဖက်သူကို ရှာတွေ့သည်။ သို့သော် တစ်ဖက်သူက သူ့ကို ရှာမတွေ့နိုင်ပေ။ အတွင်းမှ အခြေအနေကို ရှင်းလင်းစွာ မြင်ရပြီးနောက် မျက်ခုံးကိုအသာပင့်သည်။

လက်စသတ်တော့ မှောင်ခိုဈေးပဲ..

“အရှေ့မက H မြို့ရဲ့ မှောင်ခိုဈေးပဲ။ ရှင်းပေါင် အထဲကို ဝင်သွားတဲ့အခါ ငါ့နောက်ကနေ ကပ်လိုက်။ အဲဒီမှာ လူအမျိုးမျိုးရှိတယ်။ ဝရုန်းသုန်းကားနဲ့ မလုံခြုံဘူး”

သူ၏ စိတ်စွမ်းအားကို ပြန်ရုတ်ပြီးသည်နှင့် ယန်မော့က တစ်ဖက်သို့ လှည့်ကာ ခပ်တိုးတိုး ပြောသည်။

“အင်း”

ရှုရှင်းကလည်း ခေါင်းညိတ်သည်။ သူမ၏ မျက်လုံးက တဖြတ်ဖြတ် လက်နေသည်။

သူမ C မြို့တွင် ရှိနေချိန်ကလည်း အခြေစိုက်စခန်းတွင် မှောင်ခိုဈေးများရှိကြောင်း ကြားထားသည်။ သို့သော် တစ်ခါမှ သွားမကြည့်ခဲ့ဖူးချေ။ ဒီနေ့တွင်မူ သွားကြည့်ရန် အခွင့်အရေးရှိလာလေပြီ။

မှောင်ခိုဈေးက အခြေစိုက်စခန်းတိုင်းက ခွင့်ပြုထားသော အရာမျိုးလည်း ဖြစ်သည်။ အချို့သော အရာများက ပေါ်တင် ခွင့်ပြု၍မရပေ။ ပေါ်တင် ရောင်း၍ မရသောအခါ ထိုနေရာတွင် ရောင်း၍ရသည်။

မှောင်ခိုဈေးတွင် လုံလောက်သော သလင်းအမြူအတေရှိသမျှ ဘာမဆို ဝယ်နိုင်သည်။ ရှုရှင်းနှင့် ယန်မော့က ထိုဈေးထဲသို့ ဝင်သွားသည်နှင့် ဖျော့တော့သော စိတ်စွမ်းအားက သူတို့၏ ကိုယ်ပေါ်သို ဖြတ်သန်းသွားကြောင်း ခံစားမိသည်။ ထို့နောက် အပြင်ဘက် နံရံနားတွင် ရပ်နေသော သန်မာသော လူကြီးများက သူတို့ကို အပေါ်အောက် သေချာကြည့်သည်။

185 03

နှစ်ယောက်လုံးက မျက်နှာဖုံးတပ်ထားသည်။ ယန်မော့ကလည်း စိတ်စွမ်းအားက ရှင်းပေါင်၏ မျက်နှာပေါ်တွင် အချိန်တန်ကြာအောင် ရစ်ဝဲသွားမှန်း သိပြီး သူ၏နှလုံးသားထဲ ဒေါသက မြင့်တက်လာကာ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူ၏ စိတ်စွမ်းအားကို လက်ကြီးတစ်ဖက် အသွင်ပြောင်းကာ တစ်ဖက်သူ၏ စိတ်စွမ်းအားကို ရိုက်ချပစ်လိုက်သည်။

မှောင်ခိုဈေးအနောက်ဖက် ကျယ်ပြောသော ခန်းမအတွင်းမှ နာကျင်သော အော်ဟစ်သံက ရုတ်တရက် ထွက်ပေါ်လာသည်။ လူတစ်ယောက်က သူ၏ ခေင်းကို ကိုင်ပြီး မြေပြင်တွင် လိမ့်နေသည်။ အခြားသော အနားမှလူများကလည်း အပြေးအလွှားလာကာ အခြေအနေကို စစ်ကြည့်ကြသည်။

“ရတယ် ရတယ် ရတယ်။ ငါ ခဏနေရင် အဆင်ပြေသွားလိမ့်မယ် ငါ စိတ်စွမ်းအား အလွန်အကျွံ သုံးလိုက်မိလို့ဖြစ်မှာ ခေါင်းက တော်တော်နာတယ်”

အခြားသော သူများက အဖြစ်အပျက်ကို မေးသောအခါ စိတ်စွမ်းအား ထိခိုက်သွားသော ထိုစိတ်စွမ်းအားပညာရှင်ကလည်း အမှန်တရားကို မပြောရဲဘဲ အလိမ်အညာကို ပြောလိုက်ရသည်။

မှောင်ခိုဈေးမှ လူများကလည်း အတော်လေးကို လာရဲသူတွေ ရှိကြသည်။ မည်သူ့ကို ရန်စ၍ရသည်။ မည်သူ့ကို ရန်စ၍ မရမှန်းသိကြ၏။ ပိုဆိုးသည်မှာ တစ်ဖက်သူကြောင့် စိတ်စွမ်းအားအလွန်အကျွံ ထိခိုက်သွားသည်။ သူကသာ လက်ရှိနေရာတွင် ဆက်ပြီး နေလိုလျှင် ထိုအကြောင်းကို အခြားသော သူများအား အသိပေး၍ မရပေ။ သို့မဟုတ်ပါက ယခုလောက် လခမြင့်သော အလုပ်က ပျောက်သွားပေလိမ့်မည်။

တစ်ဖက်သူကို သင်ခန်းစာပေးပြီးသည်နှင့် ယန်မော့ကလည်း မှောင်ခိုဈေးထဲတွင် လျှောက်သွားကြည့်သည်။ ဒီတစ်ခေါက်တွင်မူ သူက နှစ်ယောက်လုံး၏ ကိုယ်ပေါ်တွင် စိတ်စွမ်းအားတစ်လွှာကို ကပ်တွယ်ထားခြင်းအားဖြင့် အခြားသော သူများ၏ စူးစမ်းမှုများကို ကာထားသည်။

မှောင်ခိုဈေးက ရှုရှင်း မျှော်လင့်ထားသည်ထက် ဝရုန်းသုန်းကားဖြစ်နေသည်။ မီတာတစ်ရာပင် မရှိသော အကွာအဝေးအတွင်းတွင်ပင် အမျိုးမျိုးသော ပစ္စည်းများကို ရောင်းချနေသည်အား မြင်ရသည်။ ထိုထဲတွင် ဆား၊ ဆင့်ကဲပြောင်းလဲလာသော တိရစ္ဆာန်များ၏ အသား၊ လက်နက်၊ အခြားကာကွယ်ရေး ပစ္စည်းထိန်းချုပ်ဒိုင်းများအပြင် လူသတ်တာဝန်များကိုပင် လက်ခံပေးသော ဆိုင်များကို မြင်ရသည်။

ရှုရှင်းက အံ့အားသင့်နေသော်လည်း မကြောက်ပါချေ။ သူမ၏ဘယ်ဘက်လက်မှ လာသော အင်အားအားကိုးနှင့် သူမ၏ စိတ်က ငြိမ်းချမ်းနေသည်။ ယန်မော့က အနားတွင် ရှိနေသမျှ မကြောက်ပါပေ။ (ဘယ်ဘက်လက်ကို တွဲထားသော ယန်မော့ “…”)

******

All Chapters