← Chapters

အခန်း ၁၈၆

Vol. 19 Ch. 186

အခန်း ၁၈၆

Vol. 19 Ch. 186

186 01

အပိုင်း (၁၈၆)

H မြို့၏ မှောင်ခိုဈေးက သေးလည်း မသေးသလို ကြီးလည်းမကြီးချေ။ အမျိုးမျိုးသော ဆိုင်များကိုလည်း လမ်း၏တစ်ဖက်တစ်ချပ်စီတွင် မြင်နိုင်သည်။

“လိုချင်တာရှိလား”

သူ၏ နံဘေးမှ ခေါင်းလေးက ဘယ်ပြန်ညာပြန်ယမ်းနေပြီး မျက်လုံးကလည်း ဟိုရွေ့ဒီရွေ့ဖြစ်နေမှန်းကို မြင်လိုက်သည်။ သူမက တစ်စုံတစ်ရာ လိုချင်နေလောက်မည်ဟု တွေးနေပြီး ယန်မော့က ခေါင်းကို စောင်း၍ မေးလိုက်သည်။

“အာ မလိုချင်ပါဘူး”

ရှုရှင်းက ခေါင်းကို အသာခါသည်။ သူမက အအေးကို ကြောက်သောကြောင့် အဝတ်အထူကြီး ဝတ်လာသည်။ ထို့ကြောင့် ဦးထုပ်နှင့် မာဖလာကလည်း ထူလွန်းနေလေရာ ခေါင်းလှည့်ချိန်တွင်ပင် သက်တောင့်သက်သာမရှိပေ။ ထိုဆိုင်ထဲမှ ပစ္စည်းအများစုက ရှင်သန်ရန် ပစ္စည်းများဖြစ်သည်။ ဥပမာအားဖြင့် ဆား၊ သကြား၊ ဆေး၊ စားနပ်ရိက္ခာ၊ ဓား၊ လက်နက်ပူ စသဖြင့်တို့သာ ဖြစ်သည်။ သူမ၏ နေရာလပ်နယ်မြေတွင်လည်း အများကြီး ရှိလေသည်။ ထို့ကြောင့် ဝယ်ရန်မလိုအပ်ပါပေ။

“တုရွှယ်ဖုန်းက မနက်အစောပိုင်းထွက်လာတာက မှောင်ခိုဈေးကို လာတာလို့ နင်ထင်လား”

ရှုရှင်းက ဘယ်ကိုကြည့်သည်။ ညာကို ကြည့်သည်။ သို့သော် သူတို့ကို မည်သူကမှ ကြည့်မနေကြောင်းကို မြင်လိုက်ရသည်။ ထို့ကြောင့် ခြေဖျားကို ထောက်လိုက်ပြီး ယန်မော့၏ အနားနားကပ်ကာ ခပ်တိုးတိုးပြောသည်။

ယန်မော့ကလည်း အထူကြီးဝတ်လာသောကြောင့် လှုပ်ရှားရအဆင်မပြေနေသော ချစ်စရာကောင်းသည့် ဇနီးလေးကို အသိအမှတ်ပြုချိန် မရှိသေးပေ။ သူ၏ အနားနားကပ်ကာ ခပ်တိုးတိုး ပြောနိုင်ရန်အလို့ငှာ ကိုယ်ကို အသားကုန် ငုံ့ကိုင်းပေးလိုက်ရသည်။

“မထင်ဘူး။ မှောင်ခိုဈေးကွက်က လူက နှစ်ဆယ့်လေးနာရီလုံး ရှိနေကြတာ။ သူက သိုသိုသိပ်သိပ်နေချင်ပြီး ခိုးပြီး လှုပ်ရှားချင်တယ်ဆိုရင်တောင်မှ ဒီလို မှောင်ခိုဈေးကွက်လို လူအုံတဲ့နေရာကို လာမှာမဟုတ်ဘူး”

“ဆိုတော့ ဒါက သူ့ရဲ့ နဂိုမူလ ရည်ရွယ်ချက်နဲ့ မကိုက်ညီနေဘူး”

သူက ခေါင်းကို အသာခါပြီး ဖြေလိုက်သည်။ သူတို့နှစ်ယောက်က အတန်းထဲမှ မူကြိုကလေးများကဲ့သို့ တီးတိုးပြောနေကြသည်။ အလွန်အမင်းလည်း နီးကပ်လွန်းနေသည်။

“အို ငါသိပြီ ဒါဆို သူက မှောင်ခိုဈေးကို မလာဘူးဆိုတော့ ဘယ်ကိုသွားတာလဲ”

“ရှင်းပေါင် မင်းဆက်ပြီး လိုက်ကြည့်ချင်သေးလား”

“အင်း အင်း စိတ်ဝင်စားစရာကောင်းတာ တစ်ခုခု တွေ့ရင်လည်း တွေ့မှာပေါ့လေ။ ဟုတ်တယ်မလား”

ရှုရှင်းက ခေါင်းကို ခပ်မြန်မြန် ညိတ်လိုက်သည်။ သူမက ဘာကိုမှ မဝယ်ချင်သော်လည်း လိုက်ကြည့်ချင်သည်။

“အင်း ဒါဆိုရင်လည်း ဆက်ကြည့်ရအောင်”

ယန်မော့နှင့် ရှုရှင်းတို့က ဆိုင်တစ်ဆိုင်ချင်းစီတိုင်းကို လိုက်ကြည့်သည်။

ဆိုင်ပိုင်ရှင်များကလည်း အမြင်အာရုံကောင်းသည်။ ထိုနှစ်ယောက်က မထင်မရှား ဝတ်ထားသောကြောင့် အခြားသောသူများနှင့် မခြားနားသော်လည်း အနီးကပ်ကြည့်သောအခါ ခြားနားမှုကို တွေ့နိုင်သည်။

186 02

အခြားသောသူများကမူ အဝတ်အစားများက အိုဟောင်းနေသည်။ သို့မဟုတ် ကွက်တိမတော်သည့် အနေအထားမျိုး ဖြစ်နိုင်သည်။ သို့သော် ထိုလူများကမူ ခေါင်းအစခြေအဆုံး သူတို့နှင့်တော်သော အဝတ်အစားများကို ဝတ်ဆင်ထားကြသည်။ ယခုလို အဆုံးသတ်ကာလတွင် အရင်းအမြစ်က ရှားပါးနေချိန်တွင် အင်အားကြီးမားသော သူ သို့မဟုတ် လုံလောက်အောင် လစာကောင်းသူများကသာ ထိုကဲ့သို့ အဝတ်အစားအသစ်များကို ဝတ်နိုင်ကြလေသည်။

ရှုရှင်းနှင့် ယန်မော့တို့က ဟိုဟိုဒီဒီကို လိုက်ကြည့်နေသေးသည်။ သို့သော် သူတို့ကို ထိတွေ့၍မရသော သူများအဖြစ် သတ်မှတ်ခံထားရကြောင်း မသိသေးပေ။

ရှုရှင်းက လိုက်ကြည့်နေသေးသည်။ ဆိုင်များမှ လူများကလည်း သာမာန်လူများနှင့် မခြားနားပါပေ။

ဆိုတော့ သူတို့က ပစ္စည်းတွေကို မဝယ်သမျှ ထိလို့မရဘူးဆိုတဲ့ ကြမ်းတမ်းတဲ့ မျက်နှာထားမျိုးဖြစ်နေရမှာပေါ့ မဟုတ်ဘူးလား။

အခုတလော ဝန်ဆောင်မှုတွေ အရမ်းကောင်းတာများလား။

သို့သော် သူမ မသိသည်မှာ ထိုဆိုင်ရှင်များက အခြားသော သူများကို ရင်ဆိုင်ချိန်တွင် သူမ မျှော်လင့်ထားသည့်အတိုင်း ပြုမူတတ်သည်။ ယန်မော့ကလည်း ကောင်းကောင်းသိသည်။ သို့သော် ဇနီးလေးကို ရှင်းပြလိုစိတ် မရှိပေ။ တစ်ခါတစ်ရံတွင် အားလုံးသိနေခြင်းကလည်း မကောင်းမွန်ပါပေ။

တစ်ဖက်မှ ပုယွမ်ကျိုးက ဒုတိယတစ်လှမ်းကို ရွေးသည်။ ပတ်ဝန်းကျင်က ပိုပို၍ လူသူရှင်းလင်းလာသည်။ အနီးအနားတွင် မည်သူကမှ မပေါ်လာတော့ပေ။

အခြေစိုက်စခန်းထဲမှာ လူ ဒီလောက် နည်းတဲ့ နေရာရှိတာလား။

သူသည်လည်း နာရီဝက်ခန့်နီးပါး ဆက်သွားပြီးနောက် သူ၏အရှေ့မှ အဆောက်အဦးတစ်ခုကို လှမ်းမြင်လိုက်ရသည်။ သူဟာ နီးကပ်သွားပြီးနောက်တွင် အမှိုက်စတွေကို ဖျက်ဆီးရန် မီးပြင်းဖိုဆိုသော စာကို ရေးသားထားသည့် နေရာကို မြင်လိုက်ရသည်။

အရှေ့မှ စာကို တစ်ချက်ကြည့်နေရင်းမှ ပုယွမ်ကျိုး၏စိတ်ထဲတွင် စူးစမ်းနေရင်း အချက်အလက်များကို ရှာဖွေသည်။

“ဟေး ဘယ်သူလဲ ဘာလုပ်တာလဲ။ ဘာလို့ ဒီနေရာမှာ လာရပ်နေတာလဲ”

******

All Chapters