← Chapters

အခြေတည်အဆင့်မှာ မိုးကြိုးပစ်ခံရတာလား

Vol. 6-10 Ch. 145

အခြေတည်အဆင့်မှာ မိုးကြိုးပစ်ခံရတာလား

Vol. 6-10 Ch. 145

အခန်း (၁၄၅)   :   အခြေတည်အဆင့်မှာ မိုးကြိုးပစ်ခံရတာလား

မီးတောက်များ ဖုံးလွှမ်းနေသည့် ရှန်ထျန်း၏ ပုံရိပ်ကား ကျန်ရှိနေသော အံ့ဖွယ်ရစ်ပတ်နွယ်ပင် သုံးပင်ကို ကြောက်လန့်သွားစေသည်။

သူတို့က မည်သို့ မကြောက်ဘဲ နေမည်နည်း။ သူတို့ရှေ့မှောက်ရှိ လူသားမှာ သူတို့ လုံးဝမထိုးဖောက်နိုင်သည့် လိပ်နက်ချပ်ဝတ်ကို ဝတ်ဆင်ထားသေး၏။

ပို၍ ရယ်စရာကောင်းသည်က အံ့ဖွယ်ရစ်ပတ်နွယ်ပင်များ၏ ခန္ဓာကိုယ်မာကြောမှုက ပြိုင်ဖက်ကင်းသောကြောင့် ဓမ္မလက်နက်များနှင့်ပင် ပိုင်းဖြတ်ဖို့ ခက်ခဲပေသည်။ သို့သော် ရှန်ထျန်းအတွက် ကြံချောင်းတစ်ချောင်း ဝါးစားနေရသလို ဖြစ်နေသည်။ သူ့ဆီတွင် ဖိအားလုံးဝ ရှိမနေဘဲ စားကောင်းသောက်ဖွယ် မြည်းစမ်းနေရသည့်နှယ် ပေါ်နေသည်။

နွယ်ပင်များက ရှန်ထျန်းကို တိုက်ခိုက်ခြင်း၌လည်း အနိုင်မယူနိုင်သလို စားသုံးခြင်း၌လည်း အနိုင်မယူနိုင်ပေ။ အစက သူတို့သည် အရေအတွက်ဖြင့် အနိုင်ပိုင်းကာ ဖမ်းဆီးနိုင်ခဲ့သော်လည်း ယခုအခါ သူတို့အနေနှင့် ဘာမှမတတ်နိုင်တော့ချေ။

ဤလူသားကား အခြေတည်အဆင့်မျှသာ ရှိသေးသော်လည်း အမြန်နှုန်း၊ စွမ်းအားနှင့် ကာကွယ်ရေးတို့က ထိပ်ဆုံးဖြစ်နေကာ သူ ဝတ်ဆင်ထားသော တစ်ခုချင်းစီကလည်း ယခင်ထက် ပို၍ကောင်းလာသည်။

သူက အားကောင်းပြီး ချမ်းသာကြွယ်ဝလွန်းနေလေရာ နွယ်ပင်တွေကို အနိုင်ကျင့်သလို ဖြစ်မနေဘူးလား ….

ရှန်ထျန်း ဆံပင်များက ထောင်နေဆဲ ဖြစ်သည့်အတွက် အားအပြည့်အဝ ရှိနေဆဲ ဖြစ်၏။ ထို့ကြောင့် အံ့ဖွယ်ရစ်ပတ်နွယ်ပင်များက တုံ့ဆိုင်းမနေတော့ဘဲ မြေကြီးပေါ် နွယ်ချောင်းများဖြင့် ရိုက်ခတ်ကာ ထွက်ပြေးဖို့ ရွေးချယ်လိုက်ကြသည်။ ထို့နောက် သူတို့၏ နွယ်ကိုင်းများက ရှန်ထျန်းဆီ မြွေတစ်ကောင်လို တိုးဝှေ့ဝင်ရောက်သွားလေသည်။

ရှန်ထျန်းက မဲ့ပြုံးပြုံးကာ  “ လာလေ ”

သူက ဓမ္မစွမ်းအားနှင့် ချီစွမ်းအားတို့ကို လှည့်ပတ်ရင်း  ထိုနွယ်ကိုင်းတွေဆီ ခရမ်းရွှေတူနှင့် ကျောက်စိမ်းရေစင်ဓားကို ဆွဲကိုင်ရင်း အပြေးအလွှား သွားလိုက်သည်။

ဝုန်း …

ခရမ်းရွှေတူက နွယ်ကိုင်းကို ပြားသွားစေသော်ငြား ရှန်ထျန်းက ခုခံမှု လုံးဝ မခံစားမိလိုက်ပေ။ အံ့ဖွယ်ရစ်ပတ်နွယ်ပင်များ၏ နွယ်ကိုင်းသာ ကျိုးပြတ်သွားခြင်း ဖြစ်နေသည်။

ထိုစဉ် တစ်ဖက်တွင် အံ့ဖွယ်ရစ်ပတ်နွယ်ပင် သုံးပင်၏ အဓိကကိုယ်ထည်ကား အမြစ်များကို ထိန်းချုပ်ရင်း မြူခိုးအတွင်း ဝင်ရောက်ထွက်ပြေးသွားလေပြီ။

မာတာနွယ်ပင်ကြီးရေ ကယ်ကြပါဦး … ဒီလူသားက အရမ်းအားကြီးလွန်းနေတယ်။ ကျွန်တော်တို့ အနိုင်မယူနိုင်တော့ဘူး … သေရပါတော့မယ် ကယ်ကြပါဦး …

အပင်အမျိုးအစား နတ်ဆိုးများ၏ ဉာဏ်ရည်သည် လူသားများထက် နိမ့်ကျသလို အဆင့်တူအတွင်းရှိ နတ်ဆိုးသားရဲများထက်လည်း နိမ့်ကျပေသည်။ ရွှေအမြုတေအဆင့် အံ့ဖွယ်ရစ်ပတ်နွယ်ပင်ကြီး၏ ဉာဏ်ရည်မှာ ကလေးငယ်လောက်သာ ရှိ၏။

ရှန်ထျန်းက သူတို့အပေါင်းအပါအများကြီးကို သုတ်သင်ပစ်ခဲ့ကြောင်း မြင်တွေ့ပြီးနောက် သူတို့အနေနှင့် မည်သို့ ဆက်လက်တိုက်ခိုက်ရဲမည်နည်း။ သူတို့က ရှန်ထျန်း မြင်ကွင်းရှေ့မှ မြန်မြန်ထွက်သွားဖို့ရာသာ တာစူနေမိသည်။

ရှန်ထျန်းက ထွက်ပြေးသွားသော နွယ်ပင်နောက် လိုက်သွားဖို့ ပြင်လိုက်မိသေး၏။ သူတို့၏ သွင်ပြင်မှာ အမြင်မတင့်တယ်သော်လည်း သူတို့အရသာကား သရေယိုချင်စရာလေး မဟုတ်ပါလော။

သို့သော်လည်း ရှန်ထျန်းက ယခင် အံ့ဖွယ်ရစ်ပတ်နွယ်ပင်တွေနောက်လိုက်လာရင်း အကျိုးဆက်ကို အမှတ်ရသွားကာ ချက်ချင်း ရပ်တန့်လိုက်မိသည်။

ထားလိုက်ပါတော့ … မြူခိုးဟင်းလင်းပြင်ထဲမှာ အရမ်းအန္တရာယ်များလွန်းတယ်…

ဘေးကင်းကင်းနဲ့ အသက်ဆက်ရှင်ဖို့က အဓိကပဲ

သူတို့နောက်လိုက်ပြီးမှ နောက်ထပ် ကနဦး ဝိညာဉ်အဆင့် အံ့ဖွယ်ရစ်ပတ်နွယ်ပင်နဲ့ တွေ့လာရင် ဘယ်လိုလုပ်မတုန်း …

ရှန်ထျန်းက သူ ထပ်မံလွတ်မြောက်နိုင်လိမ့်မည်ဟု အာမမခံနိုင်ပေ။

ကျင့်ကြံရေးလမ်းစဉ်၌ အင်အားတိုးလာစေဖို့ နည်းလမ်းများစွာ ရှိသော်လည်း အသက်လေး တစ်သက်တည်း ပါလေရာ ဘေးကင်းဖို့က ဦးစားပေး ဖြစ်၏။ စွန့်စားရာ၌ သတိမထားမိလျှင် ကိုယ့်သေတွင်းကို တူးသလို ဖြစ်သွားနိုင်သည်။

ရှန်ထျန်းက အခြားအရာများကို ဂရုမစိုက်တော့ဘဲ မြူခိုးဟင်းလင်းပြင်မှ အရင်ဆုံး ထွက်သွားဖို့ ဆုံးဖြတ်လိုက်သည်။ သူက မြူခိုးအတွင်းမှ ထွက်သွားနိုင်သည်နှင့် သူ့ သူတော်စင် အမှတ်အသားပြားမှတဆင့် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ အကြီးအကဲများဆီ လှမ်းသတင်းပို့နိုင်လိမ့်မည်။

ထိုအခါ နောက်ကွယ်မှ ကြိုးကိုင်သူ မည်မျှ အားကောင်းစေကာမူ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေတစ်ခုလုံးနှင့် ရင်ဆိုင်နိုင်စွမ်း ရှိမည် မဟုတ်ကြောင်း ရှန်ထျန်း ယုံကြည်ထားမိသည်။

အံ့ဖွယ်ရစ်ပတ်နွယ်ပင် အရည်များကို သောက်သုံးပြီးနောက် ရှန်ထျန်းက မြူခိုးအတွင်း သူ့စိတ်စွမ်းအားနှင့် အမြင်အာရုံတို့က တိုးတက်လာကြောင်း သိလိုက်ရသည်။ လက်ရှိ သူက မြူခိုးအတွင်း မီတာရာချီ မြင်နိုင်နေပြီ ဖြစ်သောကြောင့် တိုက်ပွဲအတွင်း ဓမ္မလက်နက်များနှင့် အဆောင်များကို ကောင်းကောင်း ထိန်းချုပ်နိုင်လိမ့်မည်။

ဓားပျံစီးနင်းမှုကို အသုံးပြုနိုင်ရုံမျှ ဖြစ်သော်လည်း တောင်နှင့် ဝင်တိုက်မိလျှင် အဆုံးသတ် ဆိုးသွားနိုင်သောကြောင့် မြန်မြန်မသွားဖို့ ရွေးချယ်လိုက်သည်။

ရှန်ထျန်း ခြေထောက်အောက်တွင် ကြာပစ်ခွင်း သေနတ် ရှိနေပြီး ညာဘက်လက်တွင် ခရမ်းရွှေတူနှင့် ဘယ်ဘက်လက်တွင် ကျောက်စိမ်းရေစင်ဓားကို ကိုင်ဆောင်ထားသည်။ သူ့တစ်ကိုယ်လုံးကို လိပ်နပ်ချပ်ဝတ်ဖြင့် ဖုံးအုပ်ထားပြီး ကျောဘက်တွင် လိပ်နက်ဒိုင်းကာကြီး ရှိနေသည်။ နတ်ဆိုးဖောက်ခွင်း သေနတ် ရှစ်လက်က သူ့နား ဝေ့ဝဲကနေကာ အချိန်မရွေး ပစ်ခွင်းနိုင်ရန် အဆင့်သင့် ပြင်ထားလေ၏။

ကနဦး ဝိညာဉ်အဆင့် တည်ရှိမှုသာ ရှိမနေသရွေ့ ရှန်ထျန်းက ဘာကိုမှ မကြောက်ပေ။

ရှန်ထျန်းအား စိတ်ဒုက္ခပေးနေသည့် တစ်ခုတည်းသော အရာမှာ သူက မြူခိုးအတွင်း မီတာရာချီ မြင်နိုင်သော်လည်း မြူခိုးဟင်းလင်းပြင်က အလွန်ကြီးမားနေခြင်း ဖြစ်၏။

ရှန်ထျန်းက ကြာပစ်ခွင်း သေနတ်ပေါ်တွင် ရပ်ကာ မြူခိုးဟင်းလင်းပြင်၏ အပြင်ဘက်နယ်နမိတ်ဆီ ဦးတည်လိုက်သည်။

အဆုံးသတ်၌ သူက မြူခိုးလွှမ်းခြုံထားသည့် နေရာထဲမှ မထွက်နိုင်ခဲ့ပေ။ ထိုနွယ်ပင်များ သူ့ကို ဖမ်းဆီးလာစဉ်အခါက သိပ်ဝေးဝေးမသွားခဲ့ရကြောင်း အမှတ်ရလိုက်သည်။

ရှန်ထျန်း ဝေးဝေး ပျံသန်းသွားလေလေ သူ့ခေါင်းအထက် အနက်ရောင်  တိမ်များ ရုတ်ချည်း ပေါ်လာကြောင်း သတိပြုမိလိုက်ရသည်။ သူက ထိုတိမ်တိုက်အတွင်းမှ အားကောင်းသည့် အရှိန်အဝါကို ပေးစွမ်းသော ခရမ်းနတ်နဂါးကဲ့သို့သော မိုးကြိုးလျှပ်စီးများကို မြင်တွေ့နေရသည်။

ဤသို့သော အရှိန်အဝါမျိုးကက ထိပ်တန်းတွေသာ ပိုင်ဆိုင်လေ့ရှိပြီး ဦးညွှတ်လိုစိတ်ကို ဖြစ်ပေါ်လာစေသည်။ ဤသည်မှာ အင်မတန် အားပြင်းလှပေသည်။

ရှန်ထျန်းက နတ်မိုးကြိုးငါးပါး ကျင့်စဉ်ကို ကျင့်ကြံသောကြောင့် ဤသည်မှာ ကောင်းကင်မိုးကြိုးစမ်းသပ်ချက်၏ ထူးခြားသည့် အရှိန်အဝါဖြစ်ကြောင်း ချက်ချင်း ခံစားမိလိုက်သည်။

ထိုစဉ် ရှန်ထျန်းတစ်ယောက် မင်သက်မိသွားသည်။

 ငါ့ခေါင်းပေါ်မှာ ကောင်းကင်မိုးကြိုးစမ်းသပ်ချက် ပေါ်လာတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ …

ပုံမှန်အားဖြင့် ကောင်းကင်မိုးကြိုးစမ်းသပ်ချက်သည် နောက်ပိုင်း ကနဦး ဝိညာဉ်အဆင့်များ အဆင့်တက်လှမ်းခါနီးတွင်သာ တွေ့ရလေ့ရှိသည်။ ကောင်းကင်မိုးကြိုးစမ်းသပ်ချက်သည် ကျင့်ကြံသူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို သန့်စင်ပေးပြီး ကောင်းကင်အငွေ့အသက်ကို ဖြစ်ပေါ်လာစေသည်။

ဒါပေမဲ့ ကောင်းကင်မိုးကြိုးစမ်းသပ်ချက် တိမ်တိုက်က မြူခိုးဟင်းလင်းပြင်ထဲမှာ ရှိနေတဲ့ ငါ့ခေါင်းပေါ်မှာ ဘာလို့ပေါ်လာတာတုန်း …

ငါက ကျင့်ကြံရေးလောကမှာ အလွန်ထူးချွန်နေတော့ အခြေတည်အဆင့်လေးနဲ့ စမ်းသပ်ချက် ခံယူဖို့ လိုလာတာလား …

ဒီလိုဇာတ်ကွက်က ရိုးနေပြီလေ … ငါလေးက သောက်ရမ်းတော်တဲ့ ပါရမီရှင် ဖြစ်နေတာနဲ့ပဲ ကောင်းကင်တာအိုရဲ့ ခွဲခြားဆက်ဆံမှုကို ခံယူရမယ်ပေါ့လေ ဟုတ်ရဲ့လားကွာ …

ရှန်ထျန်း တစ်ယောက် ထိုအတွေးဖြင့် ကြာပစ်ခွင်း သေနတ်ပေါ်မှ ဆင်းလိုက်တော့သည်။ ထို့နောက် သူ့အနားရှိ နတ်ဆိုးဖောက်ခွင်း သေနတ် ရှစ်လက်ကိုလည်း သိမ်းထားလိုက်တော့သည်။

အရင်ဦးစွာ သတ္တုအမျိုးအစား ပစ္စည်းများနှင့် ဝေးဝေးနေရမည်။ ဟာလာဟင်းလင်းပြင်မှာ မနေဘဲ တတ်နိုင်သမျှ အရိပ်အာဝါသကို အမြန်ဆုံး ရှာရမည်။

ဤသည်မှာ မူလတန်းကျောင်းတုန်းက ဆရာ သင်ပေးလိုက်ခြင်း ဖြစ်၏။

ရှန်ထျန်းက သူ့ဘာသာ မစိုးရိမ်ဖို့ နှစ်သိမ့်လိုက်သည်။

ကောင်းကင်မိုးကြိုးစမ်းသပ်ချက်က ငါ့အတွက် မဟုတ်ရင်ရော …

ယခု အရေးကြီးဆုံးကိစ္စမှာ အမိုးအကာ မြန်မြန် ရှာနေဖို့ ဖြစ်၏။ မဟုတ်လျှင် အန္တရာယ်များလာနိုင်သည်။

ရှန်ထျန်းက ဝိုးတိုးဝါးတား တောင်ကြားတစ်ခု မြင်သည့်အထိ မြူခိုးအတွင်း ပြေးလွှားနေလိုက်သည်။ ထို့နောက် စိတ်ပေါ့ပါးစွာဖြင့် ထိုတောင်ကြားဆီ မြန်မြန် ပြေးသွားလိုက်၏။

တစ်ချိန်တည်းတွင် သူက ဇာမဏီငှက်မွှေး မျက်နှာဖုံးကို ဝတ်ဆင်ထားလိုက်သည်။ မိုးကြိုးလျှပ်စီးသွားများဖြင့် ပြည့်နှက်နေသည့် တိမ်တိုက်များက ပို၍ ထူထည်းလာကာ အချိန်မရွေး ပစ်ချတော့မည်ဟန် ပေါ်လာသည်။ ကာကွယ်ရေးများလေလေ ပိုကောင်းလေလေ ဖြစ်၏။

…………....

တောင်ကြားကား အလွန်ကြီးမားလွန်းလှသည်။ အမြင့်တစ်ခုတည်းဖြင့် မီတာထောင်ချီ ရှိပြီး ကောင်းကင်ဆီ ထိုးထွက်နေသည်။  အကျယ်မှာလည်း အံ့ဩဖို့ ကောင်းလှသည်။ ရှန်ထျန်းတစ်ယောက် တောင်ကြားအဆုံးကို မမြင်နိုင်ပေ။

ကောင်းကင်မိုးကြိုးစမ်းသပ်ချက်၏ လွှမ်းမိုးမှုကြောင့်လား မသိသော်လည်း တောင်ကြားအတွင်းရှိ မြူခိုးများက သိပ်မထူထပ်ပေ။ ထို့အစား အလွန်နည်းပါးနေလေ၏။

ရှန်ထျန်းက ဓားဖြင့် အပေါက်တူးထားရင်း အပြည့်အဝ ပုန်းအောင်းနေလိုက်သည်။ ထို့နောက် သူက ဝင်ပေါက်ကို ကျောက်တုံးများဖြင့် ပြန်ကာထားလိုက်၏။

သူ အကုန်လုပ်ဆောင်ပြီးနောက် စိတ်သက်သာရာ သက်ပြင်းချလိုက်မိသည်။ ယခု ပြင်ဆင်မှုများစွာ ပြုလုပ်ပြီးနောက် မတော်တဆ ဖြစ်ရပ်များ ရှိမလာသင့်တော့ပေ။

ရှန်ထျန်းက ထိုမိုးကြိုးစမ်းသပ်ချက်သည် သူ့အတွက် မဟုတ်ကြောင်း သေချာယုံကြည်သွားတော့သည်။ အခြေတည်အဆင့် ကျင့်ကြံသူများအနေနှင့် မိုးကြိုးစမ်းသပ်ချက် ခံယူဖို့ လိုအပ်လာလျှင်ပင် အားပျော့သော စမ်းသပ်ချက်မျိုး ဖြစ်သင့်ပေသည်။

ကောင်းကင်ယံရှိ မိုးကြိုးသိပ်သည်းနှုန်းအရ အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်အနေနှင့် တောင့်ခံနိုင်မည့်အရာမျိုး လုံးဝ မဟုတ်ချေ။

ကနဦး ဝိညာဉ်အဆင့် ကျင့်ကြံသူဖြစ်နေလျှင်ပင် ထိုမိုးကြိုးသွားဖြင့် ထိရိုက်ခံရပါက ချက်ချင်း ပြာဖြစ်သွားနိုင်၏။

ဤမိုးကြိုးစမ်းသပ်ချက်မှာ တစ်ခြားတစ်ယောက်အတွက် ဖြစ်ကြောင်း သိသာနေသောကြောင့် သူ့အနေနှင့် ဝင်မရှုပ်သည်က ပို၍ ကောင်းပေမည်။

ရှန်ထျန်းက ဂူထဲ ပုန်းနေရင်း စိတ်အေးနေမိသည်။ သူက လုံးဝ ပင်ပန်းထားခဲ့သည် မဟုတ်ပါလော။

သူက အားပြန်ဖြည့်တင်းဖို့ ဝိညာဉ်ကျောက်တုံးများကို ထုတ်ပြီး အံ့ဖွယ်ရစ်ပတ်နွယ်ပင်တချိ့ကိုလည်း နှစ်ပိုင်းပိုင်းဖြတ်လိုက်သည်။ သူ အေးအေးဆေးဆေး မနေရသည်မှာ ကြာမြင့်နေလေပြီ။

သို့သော်လည်း ရှန်ထျန်းက ရုတ်ချည်းဆိုသလို တစ်ခုခု အမှတ်ရသွားကာ ကျောရိုးတစ်လျှောက် ကြက်သီးထလာမိလေ၏။

ဒါက ငါ့မိုးကြိုးစမ်းသပ်ချက် မဟုတ်ရင် ဘယ်သူ့ဟာလဲ …

သူက မာတာနွယ်ပင်ကြီးသည် သူတော်စင်နယ်ပယ်အဆင့်ထဲ တက်လှမ်းပြီးနောက် သူ့ကို အပိုင်သိမ်းမည်ဟု ပြောခဲ့ဖူးသည်ကို အမှတ်ရလာမိသည်။

ဒါဆို … မိုးကြိုးစမ်းသပ်ချက်က မာတာနွယ်ပင်ကြီးအတွက်လား …

ဒါပေမဲ့ သူမရဲ့ မိုးကြိုးစမ်းသပ်ချက်က ငါ့ခေါင်းပေါ် ရောက်နေရတာလဲ …

ရှန်ထျန်းက ဖြစ်နိုင်ခြေကို  စဉ်းစားမိသွားလေသည်။

မာတာနွယ်ပင်ကြီးက ဒီနားလေးမှာလား … ငါ ဓားပျံစီးပြီးတော့ လမ်းမှားလာမိတာလား …

အနိုင်မခံ အရှုံးမပေးစိတ်ဓာတ် ရှေ့ဆက်သွားပြီးတော့ နတ်ဆိုးအသိုက်ထဲ ကိုယ်တိုင် လျှောက်လာမိတာတဲ့လား …

All Chapters