← Chapters

အခန်း ၁၈၇

Vol. 19 Ch. 187

အခန်း ၁၈၇

Vol. 19 Ch. 187

187 01

အပိုင်း (၁၈၇)

“ဟေး မင်းက ဘယ်သူလဲ။ ဘာလာလုပ်နေတာလဲ”

စက်ရုံဂိတ် လုံခြုံရေးအစောင့်ခန်းထဲတွင် ပုန်းနေသော ရွှယ်မင်က အေးခဲနေသော ဖန်ပြတင်းပေါက်ကို တွန်းဖွင့်ပြီး မီးခိုးရောင် ခေါင်းကို ထုတ်၍ လှမ်းပြောကာ မေးသည်။ ပုယွမ်ကျိုးကလည်း မေးခွန်းထုတ်ခံရသည့်အတွက် သိပ်မရှက်သွားပေ။ ထိုအစား သူသည် ထိုလုံခြုံရေးအခန်းနားသိုသွားပြီး ယဉ်ကျေးစွာ မေးသည်။

“ဟယ်လို ငါမေးချင်တာက…”

“ရပ်ရပ်…ရပ် လူငယ် မင်း ဘာကိုပြောပြော ငါက အလောင်းတွေကို မီးရှို့ရုံထဲ ထည့်ခွင့်ပေးမှာ မဟုတ်ဘူး။ လောဘကြီးပြီး သလင်းအမြူအတေ မချွေတာချင်စမ်းပါနဲ့။ မီးရှိုးစက်ကလည်း သိပ်ပြီး ဈေးကြီးတာမှ မဟုတ်တာ။ မင်းကြည့်ရတာလည်း လူကောင်းပုံပါ။ ဘာလို့ ဒီလောက်ထိ ကပ်စေးနဲနေတာလား”

ရွှယ်မင်က လက်ကို စိတ်မရှည်သလို ယမ်းခါသည်။ သူသည် ဒီနေရာတွင် အလုပ်လုပ်နေသည်မှာ ကြာပြီ ဖြစ်သည်။ မကြာခဏဆိုသလို နောက်ရက်အထိ ဝန်ထမ်းက အလောင်းလာသိမ်းမည့် အချိန်အထိ မစောင့်လိုဘဲ အလောင်းကို လာပစ်လိုသူများလည်း ရှိသည်။

လူတိုင်းက ထိုသို့ ပစ်နေကြလျှင် သူတို့၏စက်ရုံက ဝင်ငွေအရင်းအမြစ်ရှိတော့မည် မဟုတ်ပေ။ ထိုအခါ စက်ရုံတွင် လည်ပတ်ရန်အတွက် စားရိတ်ပင် ရှိနိုင်တော့မည် မဟုတ်ပေ။ ထိုအတွက်ကြောင့်လည်း စက်ရုံက စည်းမျဉ်းထုတ်ထားသည်။ မည်သူကမှ အလောင်းများ လာယူပိုင်ခွင့် မရှိချေ။ ဝန်ထမ်းက လက်ခံထားမှသာ ထည့်သွင်းနိုင်သည်။

“အစ်ကိုကြီး ငါက အလောင်းတွေ သီးသန့် မီးလာရှို့တာ မဟုတ်ပါဘူး။ ငါ့ရဲ့အနောက်ကို ကြည့်လိုက် အလောင်းပါလို့လား”

ပုယွမ်ကျိုးက နည်းနည်းကူကယ်ရာမဲ့သလို ဖြစ်သွားပြီး မျက်နှာကြွက်သားများကလည်း မည်သည့်အရာကိုမှ ထုတ်ပြခွင့်မပြုပေ။ ကံကောင်းသည်မှာ သူ၏ မျက်နှာပေါ်တွင် မက်စ်တပ်ထားသေးသည်။ ထို့ကြောင့် လူအများစုက သူ၏ အစစ်အမှန်အမူအရာကို မမြင်နိုင်ပေ။ သို့မဟုတ်ပါက သူ၏ လေသံနှင့်မျက်နှာသွင်ပြင်က အတော်လေး ထူးခြားကြောင်း ခံစားမိလောက်လေသည်။

ရွှယ်မင်က သူ၏ အနောက်ဖက်ကို ကြည့်သည်။ သို့သော် အမှန်ပင် မည်သည့်အလောင်းကိုမှ မတွေ့ပေ။ ထို့ကြောင့် နားလည်လွဲမှားသွားကြောင်း နားလည်လိုက်ပြီး နည်းနည်းရှက်သွားသည်။ ထို့ကြောင့် သူ၏ အပြုအမူက အရင်ကထက် ပိုကောင်းလာသည်။

“ဆိုတော့ မင်းက ဒီလိုအချိန်ကြီး မီးသဂြိုလ်စက်နားကို ဘာလာလုပ်တာလဲ။ အခုက အလုပ်ချိန်မဟုတ်ဘူးလေ”

“အလုပ်ချိန်မဟုတ်ဘူးလား။ အခု နေ့အချိန်ပဲ ရှိသေးတာ မဟုတ်ဘူးလား။ ဘာလို့ အလုပ်ချိန် မဟုတ်သေးတာလဲ”

ပုယွမ်ကျိုးက အကင်းပါးစွာဖြင့် မေးသည်။

“တကယ်တော့ အခု ဒီသင်္ဂြိုလ်စက်ဆိုတာက အလောင်းတွေကိုပဲ အဓိကထားပြီး ကိုင်တွယ်ပေးနေတာလေ။ ဘယ်အလောင်းကို နေ့ခင်းကြောင်တောင်ကြီး ကိုင်တွယ်ပေးလို့လဲ။ ပုံမှန်အားဖြင့် လူအများစုအိပ်နေတဲ့ မနက်အစောပိုင်းမှာဖြစ်ဖြစ် ကိုင်တွယ်ပေးတာပေါ့။ ဒီလိုအခြေအနေမျိုးမှာ စက်ရုံက ဝန်ထမ်းက အိပ်နေတုန်းပဲ ရှိသေးတယ်။ တကယ်လို့ မင်း တစ်ခုခု လုပ်ချင်တာရှိရင်တော့ မင်းမနက်ဖြန် မနက်စောစော လာခဲ့လိုက်”

ရွှယ်မင်က ကြင်နာစွာသတိပေးသည်။

“ကောင်းပါပြီ ကျေးဇူးတင်ပါတယ်”

ပုယွမ်ကျိုးက လိုချင်သောအချက်အလက်ကို ရသွားသည်နှင့် ထိုနေရာတွင် ဆက်မနေတော့ဘဲ ထွက်လာခဲ့လိုက်သည်။

သူက ထွက်သွားပြီး သိပ်မကြာခင်မှာတင် အစိမ်းရောင် စစ်တပ်ကုတ်ကို ဝတ်ထားသောလူတစ်ယောက်က လုံခြုံရေး ဂိတ်တံခါးသို့‌ ရောက်လာပြီး မေးသည်။

“လောင်ရွှယ် မင်း အခု ဘယ်သူနဲ့ စကားပြောနေတာလဲ”

“အာ…လူငယ်လေးတစ်ယောက်ပါ။ သူ တစ်ခုခုလုပ်စရာရှိလို့ထင်တယ်။ ဝန်ထမ်းတွေ အလုပ်ဆင်းတဲ့အချိန်မှာလာခဲ့လို့ ငါပြန်ပြောလိုက်တာ”

187 02

ရွှယ်မင်ကလည်း ပုယွမ်ကျိုးထွက်သွားသော ဘက်သို့ ခပ်အေးအေးညွှန်ပြလိုက်သည်။ ယခုလေးတင် ရောက်လာသော သူကလည်း ခေါင်းအသာ ညိတ်သွားပြီး ဘာကိုမှ ထပ်မပြောတော့ပေ။ ဒီနေရာသို့ လာရောက်ကာ စုံစမ်းခြင်းမဟုတ်ကြောင်း သိသောအခါ စိတ်အေးသွားသည်။

ပုရှန်းဝမ်နှင့် မူချီမိုင်တို့ကမူ ထင်သလောက် ကံမကောင်းချေ။

မူချီမိုင်က ညာဘက်ခြမ်းမှ လမ်းကို ရွေးချယ်ထားသည်။ သူဟာ အချိန်တန်ကြာအောင် လျှောက်ပြီးနောက် စွမ်းအားရှင်များလေ့ကျင့်ရေးကွင်းသို့ ရောက်သွား၏။ ထိုလမ်းတွင် အခြားသော လမ်းခွဲများ မရှိနေကြောင်း သေချာနေသောကြောင့်သာ မဟုတ်နေခဲ့ပါက လမ်းမှားသည်ဟုပင် ထင်လောက်သည်။

ပုရှန်းဝမ်ကမူ ဘယ်ဘက်အစွန်အဖျားမှ လမ်းကိုသွားခြင်းဖြစ်သည်။ သူက လမ်းတောက်လျှောက် လျှောက်သွားပြီးနောက် မမျှော်လင့်ထားစွာပင် H မြို့အခြေစိုက်စခန်းမှ နာမည်ကျော် အနီရောင်လမ်းသို့ ရောက်သွားသည်။

ထိုအနီရောင်လမ်းက ကျော်ကြားသည်မှာအမျိုးသမီးများတင် မဟုတ်ပဲ အမျိုးသားများပါ ရှိနေသောကြောင့်ဖြစ်သည်။ အတွင်းမှ လူများသည် မည်သူလာလာ အမျိုးမျိုးသော နည်းလမ်းများဖြင့် ချုပ်ထိန်းရန် ကြိုးစားတတ်ကြသည်။ သူတို့ကသာ စိတ်လိုလက်ရ လာခြင်းဖြစ်စေ မတော်တဆရောက်လာခြင်းဖြစ်စေ ဂရုမစိုက်ကြပေ။ ထိုကြောင့် အားလှုံ့ဆော်မှုကို ခံနိုင်သော သူကလည်း နည်းသည်။ မည်သူကမှလည်း ဘာမှ မလုပ်ဘဲ ပြန်မထွက်သွားနိုင်ကြပါပေ။ ထို့ကြောင့် ပုရှန်းဝမ်က ဝင်သွားသည်နှင့် လူတစ်အုပ်က ချက်ချင်းဝိုင်းသွားသည်။ အတင်းရဲ‌သော သူများကဆိုလျှင် စတင်ကာ လှုပ်ရှားလာကြသည်။

သူက သေအောင် ကြောက်သွာပြီး ဝိုင်းနေသော လူအုပ်ကို အတင်းတွန်းကာ ထွက်ပြေးခဲ့သည်။ သူသာ အပြေးမမြန်ခဲ့လျှင် သူ၏ အပြစ်ကင်းစင်မှုက ကုန်သွားပေလိမ့်မည်။

လူလေးယောက်က သတ်မှတ်ထားသော နေရာတွင် ပြန်ဆုံပြီးနောက် တိုက်ခန်းသို့ ပြန်လာခဲ့ကြသည်။

“ရှင်းပေါင်နဲ့ငါ ဘာသိခဲ့ရလဲဆိုတာ ငါမင်းတို့ကို အရင်ပြောပြမယ်။ ငါတို့သွားခဲ့တဲ့ လမ်းက မှောင်ခိုဈေးကိုသွားတာ”

“ငါ့ရဲ့ လမ်းက မီးသင်္ဂြိုလ်စက်ပဲ”

“ငါကတော့ စွမ်းအားရှင်တွေရဲ့ လေ့ကျင့်ရေးကွင်း”

လူလေးယောက်က အသီးသီးပြောသွားသည်။ သို့သော် နောက်ထပ်တစ်ယောက်၏ ပြောစကားကို မကြားရချေ။ ထို့ကြောင့် ပြန်ရောက်လာကတည်းက ထူးထူးဆန်းဆန်း ပြုမူနေသော ပုရှန်းဝမ်ကို ကြည့်လိုက်သည်။ ပုံမှန်အားဖြင့် ဆိုလျှင် သူသည် စကားအများဆုံးဖြစ်သည်။ သို့သော် ဒီနေ့ကမူ တိတ်နေသည်။ ပုရှန်းဝမ်၏ မျက်နှာထားက ထူးဆန်းသည်။ သို့သော် အတော်လေးကို ခြောက်ခြားနေပုံရသည်။ နောက်ဆုံးတွင် ခက်ခက်ခဲခဲပြောသည်။

“အနီရောင်လမ်း”

ထိုအချိန်တွင် လေထုက တစ်ခဏခန့် တိတ်ဆိတ်သွားသည်။

“အိုး ဟားဟားဟား ကယ်ကြပါ ကယ်ကြပါ ငါ တကယ်ကို မရီချင်ပါဘူး။ တကယ် ဒါပေမဲ့ ငါ မရဘူး ဟားဟား ဟား”

အားလုံးက တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး အော်ရယ်ကြသည်။ သူ၏ အမူအရာက ထူးဆန်းနေသည်မှာ အံ့ဩစရာမရှိပေ။ သူဟာ ထိုနေရာသို့ ရောက်သွားသည်။ သူတို့ကလည်း ထိုအနီရောင်လမ်းအကြောင်း ကြားဖူးသည်။ ထို့အပြင် ပုရှန်းဝမ်၏ ပုံမှန်မဟုတ်မှုကတဆင့် ကောလဟာလများက မှန်လောက်ကြောင်းနားလည်သည်။

“မင်းတို့မှာ အသင်းဝင်ဆိုတဲ့ စိတ်များ မရှိဘူးလား။ ဟမ် ဘယ်လိုကြောင့် အသားကုန် အော်ရယ်နေတာလဲ ဟမ်… ငါ့ရဲ့မျက်လုံးတောင် နာတယ်”

ပုရှန်းဝမ် : အရမ်းဒေါသထွက်တယ်

“ကောင်းပြီ ကောင်းပြီ။ ငါတို့ မရယ်တော့ဘူးနော် အလုပ်ကို လုပ်ရအောင်”

ယန်မော့က သူ၏ ညီအစ်ကိုကို မျက်နှာသာ ပေးလိုသေးသည်။ ထို့ကြောင့် အပြုံးကို အတင်း တည်ပစ်လိုက်ပြီး အကြောင်းအရာကို‌ ပြောင်းသည်။

“ဒီနေရာ လေးနေရာကြားမှာ ဘာစပ်ဆက်မှုမှ မရှိဘူးဆိုတော့ ဖယ်ထုတ်ရလွယ်တယ်”

******

All Chapters