အခန်း ၁၈၈
Vol. 19 Ch. 188
188 01
အပိုင်း (၁၈၈)
“ငါက တုရွှယ်ဖုန်းနဲ့ တစ်ကြိမ်ဆုံဖူးတယ်။ သူက သူ့ရဲ့ပုံစံကို တော်တော်လေး ဂရုစိုက်တဲ့လူဆိုတာ မြင်နိုင်တယ်။ သူက ဒီလောက် နိမ့်ချတဲ့ ပုံစံမျိုးနဲ့သွားဖို့ ရည်ရွယ်ထားတယ်ဆိုတော့ သူ့အတွက် အဓိပ္ပာယ်ရှိတဲ့ကိစ္စပဲ”
“တုရွှယ်ဖုန်းအတွက် ဘာက အဓိပ္ပာယ်ရှိမလဲဆိုတာ ဘယ်လိုသိမှာလဲ။ ငါတို့က သူနဲ့လည်း မရင်းနှီးဘူးလေ။ နောက်ပြီး သူ့ရဲ့ ဗိုက်ထဲက ပိုးကောင်လည်းမဟုတ်ဘူး”
ရှုရှင်းက စိတ်ရှုပ်ထွေးသလိုပြောသည်။
“ရှင်းပေါင် တုရွှယ်ဖုန်း ဘာလုပ်သလဲ။ တွေးကြည့်စမ်း”
ယန်မော့ကလည်း အချို့သော ကိစ္စများကို သူမကိုယ်တိုင်သာ တွေးတောနိုင်ရန် ရည်ရွယ်ချက်ရှိရှိဖြင့် လမ်းညွှန်ပေးသည်။
“သူက သုတေသန အသက်မွေးဝမ်းကြောင်းလုပ်…”
ရှုရှင်းက ရုတ်တရက် စကားတစ်ခွန်းကတဆင့် သံချေးတက်နေသော ဦးနှောက်က အလုပ်ဆက်လုပ်သည်။
“သူက သုတေသန ဌာနကပဲသူ့လို နှာဗူးကျတဲ့ သုတေသန ပညာရှင်မျိုးက သက်ရှိတွေရဲ့ အသက်ကိုတောင် စတေးပြီး လက်တွေ့စမ်းသပ်မှု လုပ်နေတာဆိုတော့…”
“ဆိုတော့ တုရွှယ်ဖုန်းအတွက် အရေးလည်းပါ အဓိပ္ပာယ်လည်း ရှိတဲ့ လက်တွေ့စမ်းသပ်မှုက ဘာ….မီးသင်္ဂြိုလ်စက်ပဲ”
နေရာ လေးနေရာလုံးက စိတ်ထဲတွင် ပေါ်လာပြီး ရှုရှင်းက အဖြေကို သိလိုက်သည်။
“ရှင်းပေါင်က တကယ် ဉာဏ်ကောင်းတာပဲ ဟုတ်တယ် မီးသင်္ဂြိုလ်စက်”
ယန်မော့က ခပ်ဟဟရယ်ရင်း ပြောသည်။
“မီးသင်္ဂြိုလ်စက်က အလောင်းတွေ မီးရှို့တာ။ တုရွှယ်ဖုန်းက လက်တွေ့စမ်းသပ်မှုမှာ လူအရှင်ကို သုံးရဲကတည်းက လူအသေကိုလည်း လက်လွှတ်ပေးမှာ မဟုတ်ဘူးပေါ့”
“သူက လူအရှင်တွေ အများကြီး တောင်းဆိုထားတာ ဆိုတော့ အလောင်းဖျောက်ဖို့ အများကြီး လိုအပ်လိမ့်မယ်။ အလောင်းဖျောက်ဖို့ အကောင်းဆုံးက မီသင်္ဂြိုလ်စက်ပဲ”
“အခု ပစ်မှတ်ကို ဆုံးဖြတ်ပြီးပြီဆိုတော့ ငါတို့ မီးသင်္ဂြိုလ်စက်ကို ဆက်ပြီး စောင့်ကြည့်မှာလား”
ပုယွမ်ကျိုးက မေးသည်။
“မလိုဘူး ယန်ပြောင်ဆီကိုပဲ အကြောင်းကြားလိုက်ပြီး လူလွှတ်ခိုင်းလိုက်မယ်။ ပညာရှင်တွေက ခြုံခိုတိုက်ခိုက်ဖို့ ကျွမ်းကျင်တယ်လေ။ အချို့ကိစ္စတွေကိုတော့ သူ့တို့ပဲ လုပ်လိမ့်မယ်”
ယန်မော့က ခေါင်းခါသည်။
ရှုရှင်းနှင့် ပုယွမ်ကျိုးတို့က နားလည်သွားသလို ခေါင်းညိတ်သည်။ သူတို့သည်လည်း ဗဟုသုတ အသစ်ရလိုက်သကဲ့သို့ဖြစ်နေသည်။
ပေါ်သွားကြောင်း မသိသေးသော တုရွှယ်ဖုန်းကမူ ယန်ချွယ်၏ လူများက လာပို့သော စွမ်းအားရှင်အသစ်များကို လက်ခံနေသည်။
“ဒါရိုက်တာတု ဒီလူငါးယောက်က က အသစ်စက်စက်ပို့လိုက်တဲ့ အထူးစွမ်းရည်နဲ့ လူတွေပဲ။ ကျေးဇူးပြုပြီး ပြဿနာရှိမရှိ စစ်ဆေးကြည့်ပါအုံး။ ပြီးရင် ငါပြန်ပြီး အကြောင်းကြားရမှာ”
“အခုဒီတစ်ခေါက် ရောက်လာတဲ့သူတွေက ဘယ်လိုစွမ်းအားတွေရှိလဲ”
“နှစ်ယောက်ကတော့ မီးစွမ်းအားပဲ တစ်ယောက်က မြေကမ္ဘာစွမ်းအား၊ တစ်ယောက်က ရွှေအဆင့် စွမ်းအား၊ နောက်ဆုံး တစ်ယောက်ကတော့ ဒုတိယအဆင့် မဟုတ်ဘူး အဆင့်သုံး ရေစွမ်းအား”
“ကျွတ် သာမာန်စွမ်းအားတွေချည်းပဲ ဘာမှ မထူးခြားဘူး”
“ဒါရိုက်တာတု ဒီတစ်ခေါက်ပို့လိုက်တဲ့ ရေအခြေပြုစွမ်းအားရှင်က စွမ်းအား ထူးခြားတယ်။ သူတို့နဲ့အတူ တာဝန်တွေသွားလုပ်တဲ့ သူတွေကို စောင့်ကြည့်ထားတဲ့အတိုင်းဆိုရင် သူ့ရဲ့ စွမ်းအားက ကုစားနိုင်စွမ်းရည်ရှိတယ်”
188 02
“အိုး ဒါဆိုရင်လည်း ငါ သူ့ကို ကောင်းကောင်းဂရုစိုက်ပေးရမှာပေါ့”
အစပိုင်းတွင် စိတ်ဝင်စားမှု ပျောက်ဆုံးနေသော တုရွှယ်ဖုန်းကလည်း ထိုအကြောင်းအရာကို ကြားပြီး ရုတ်တရက် တက်ကြွသွားသည်။ လက်တွေ့စမ်းသပ်မှု၏ သက်ရောက်မှုအား မသက်ရောက်စေရန်အလို့ငှာ လက်တွေ့စမ်းသပ်ခန်း တစ်ခုချင်းစီတိုင်းက တင်းကြပ်သော ခန္ဓာကိုယ်ပိုင်းဆိုင်ရာ စစ်ဆေးမှုကို လုပ်ပြီးမှသာ စမ်းသပ်မှုကို အောင်မြင်ကြောင်း သေချာပြီးမှ စမ်းသပ်မှုကို စတင်တတ်သည်။
အကယ်၍ ခန္ဓာကိုယ်ထဲတွင် ပုန်းကွယ်နေသော ဒဏ်ရာများရှိသော စွမ်းအားရှင်များဖြစ်စေ သို့မဟုတ် စမ်းသပ်မှုရလဒ်ကို သက်ရောက်စေနိုင်သော ပြဿနာများရှိသော သူများကိုဖြစ်စေ တွေ့ဆုံလျှင်မူ တုရွှယ်ဖုန်းကလည်း မစမ်းသပ်ခင်ကတည်းက သေချာပေါက် ကုသရန် လူရှာတတ်သေးသည်။ ရောဂါကို ကု၍မရလျှင်မူ စိတ်မရှည်စွာနှင့်ပင် ဖယ်ရှားရပေလိမ့်မည်။
“ဒါရိုက်တာတု ငါတို့ အရင် စည်းမျဉ်းအဟောင်းအတိုင်းပဲ တစ်ယောက်ချင်းစီ စစ်ဆေးမှာလား”
“မလိုဘူး မလိုဘူး မလိုဘူး။ ရေစွမ်းအားပညာရှင်ကို အရင်ဦးဆုံး စစ်ရအောင်။ အားလုံးက စံချိန်စံနှုန်းနဲ့ ကိုက်ညီရင် အားလုံးကို ဓာတ်ခွဲခန်းထဲသို့ အပြေးအလွှား မခေါ်သွားနဲ့အုံး။ ငါတို့ကို သူ့ကို ကောင်းကောင်း ကျွေးမွေးထားပြီး သူ့မှာ တကယ်ပဲ ကုသနိုင်စွမ်းရည်ရှိလား ကြည့်ရမယ်”
“တကယ်လို့ ရှိနေရင်တော့ ငါ ဒီတစ်ခေါက် ရတနာကြီး ရလိုက်တာပဲ”
တုရွှယ်ဖုန်း၏ မျက်လုံးက ရှုးသွပ်မှုများနှင့် ပြည့်နှက်လာသည်။
******