← Chapters

အခန်း ၁၈၉

Vol. 19 Ch. 189

အခန်း ၁၈၉

Vol. 19 Ch. 189

189 01

အပိုင်း (၁၈၉)

“အား…”

အခန်း၏အလယ်တွင် လဲနေသော အမျိုးသားထံမှ ကျောရိုးကိုပင် တုန်ခါစေသော အော်သံမျိုးက ခြောက်ခြားစွာ ထွက်ပေါ်လာသည်။

စမ်းသပ်ကိရိယာများထံမှ ဒေတာများကို မှတ်တမ်းတင်ရန် တာဝန်ယူထားရသော အခန်းထဲမှ သုတေသန ပညာရှင်ကပင် ထုံထိုင်းသော မျက်နှာ ထိုင်းမှိုင်းသော မျက်လုံးမျိုးနှင့်ဖြစ်သည်။ သူသည် အလုပ်လုပ်သည့်အချိန်အတောအတွင်း ထိုကဲ့သို့သော အသံများကို ကြားနေကျ ဖြစ်သည်။ အစပိုင်းတွင် သူသည် သေအောင် ကြောက်ခဲ့သည်။ သို့သော် ယခုမူ ထုံထိုင်းသွားပြီ ဖြစ်သည်။

မှန်ကာထားသော အလွှာတစ်ထပ်ကတစ်ဆင့် စမ်းသပ်မှု ကုတင်ပေါ်တွင် ကြိုးဖြင့် ချည်နှောင်ထားခြင်းခံရသော ရုန်းကန်နေသည့်အမျိုးသားကို တုရွှယ်ဖုန်းက သေချာကြည့်သည်။ တစ်ဖက်သူ၏ တုံ့ပြန်မှုကို အလွှတ်မခံပေ။ သိပ်မကြာခင်မှာတင် ထိုအသံက တိုးသထက် တိုးသွားပြီး အသက်ရှူရပ်သကဲ့သို့ ဖြစ်သွားသည်။

လေးလံသော ပစ္စည်းက နံရံကို လာရောက်တိုက်မိသောအသံက ကြည့်နေသော သူတိုင်း၏ နှလုံးသားကို တုန်ယင်သွားစေသည်။ တုရွှယ်ဖုန်း၏ မျက်လုံးကလည်း နီရဲသွားသည်။ သူ ထပ်ပြီးကျရှုံးသွားပြန်သည်။

ကျရှုံးပြန်ပြီ။ ဘာက မှားသွားတာလဲ

“တု…ဒါရိုက်တာ တု”

စစ်ဆေးမှုရလဒ်ကို တင်ပြရန် အပို့ခံရသော ဝန်ထမ်းကလည်း လေထု အခြေအနေက တစ်စုံတစ်ရာမှားယွင်းနေမှန်းသိလိုက်သည်။ သူသည် စကားတဝက်ကိုသာ ပြောပြီး ပြန်လည်း မျိုချလိုက်ရသည်။ ဆက်ပြောသင့် မပြောသင့် မသေချာပေ။

တုရွှယ်ဖုန်းကို အသက်ကို ပြင်းပြင်းရှူပြီးသည်နှင့် တစ်ဖက်သို့ပြန်လှည့်ကာ ပုံမှန်မျက်နှာထားမျိုးပြ န်ဖြစ်သွားသည်။

“ဘာကိစ္စလဲ”

“ဒါရိုက်တာတု လွန်ခဲ့တဲ့ သုံးရက်က ပို့လိုက်တဲ့ ရေအခြေပြုစွမ်းအားရှင်ရဲ့ စမ်းသပ်မှု ရလဒ်‌တွေ ထွက်လာပြီ”

“ရလဒ်က ဘာလဲ”

တုရွှယ်ဖုန်းက အနားသို့ လျှောက်လာပြီး လက်ထဲမှ မှတ်တမ်းလွှာကို ယူသည်။ စစ်ဆေးမှု ရလဒ်များက သိပ်အရေးမကြီးတော့ပေ။ သူ အခု ဂရုအစိုက်ဆုံးက နောက်ဆုံးစာမျက်နှာဖြစ်သည်။

ကုသနိုင်သော စွမ်းရည်ပမာဏအနည်းငယ် ပါဝင်သည်ဆိုသော စကားလုံးများကို မြင်လိုက်သည်နှင့် သူက စိတ်လှုပ်ရှားသွားသည်။

“ကောင်းပြီ ကောင်းပြီ ဒီတစ်ခေါက် ငါ့အတွက် အံ့အားသင့်စရာအကြီးကြီး ရလာတာပဲ”

စမ်းသပ်မှု ရလဒ်ကကျရှုံးသွားသောကြောင့် စိတ်ရှုပ်နေသည့် ခံစားချက်ပင် ပျောက်ဆုံးသွားသည်။

အခြားသောသူများကလည်း သူ၏စိတ်အခြေအနေ အပြောင်းအလဲကို ခံစားမိကြသည်။ အားလုံးကလည်း သက်ပြင်းကို ချလိုက်ကြပြီး တောင့်တင်းနေသော ခန္ဓာကိုယ်ကပင် ပြေလျော့သွားသည်။

“နောက်ထပ် ငါတို့ ဒီစမ်းသပ်ခံနဲ့အတူ ကောင်းမွန်တဲ့ ခံစားချက်တွေကို ဖလှယ်ရအောင်”

တုရွှယ်ဖုန်းက အခန်းထဲသို့ပြန်ကာ အဝတ်အစားလဲသည်။ ထို့နောက် ဆံပင်ကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ဖီးတင်လိုက်သေးသည်။ သူဟာ စမ်းသပ်ခံကို သွားတွေ့မည်နှင့်ပင် မတူဘဲ ဒိတ်သွားလုပ်မည့် ပုံစံမျိုးနှင့်တူသည်။

…

ယန်မော့ထံမှ သတင်းကို ရသည်နှင့် ယန်ပြောင်ကလည်း မီးသင်္ဂြိုလ်စက်ရုံ၏ ဂိတ်ပေါက်တွင် စောင့်ဆိုင်းရန် လူလွှတ်ထားသည်။ တာဝန်ကျနေသော ဝန်ထမ်းများ မပင်ပန်းစေရန်အလို့ငှာ ယန်မော့၏ အကြံပြုချက်အတိုင်း တစ်နေ့လုံး စောင့်ခိုင်းထားခြင်းမရှိဘဲ မနက် သုံးနာရီ သို့မဟုတ် လေးနာရီခန့်မှ ခုနှစ်နာရီအထိ စောင့်ခိုင်းထားလေသည်။

189 02

နောက်ဆုံးတွင် သူတို့စောင့်ဆိုင်းနေသည့် အကြားမှ ဒုတိယနေ့ ဖြစ်သော တနင်္လာနေ့မနက်ပိုင်းတွင် တစ်စုံတစ်ရာကို ရှာတွေ့လိုက်သည်။

မနက်ငါးနာရီတွင် သူတို့တစ်ခါမှ မမြင်ဖူးသော ကုန်တင်ကားက အနောက်ဖက်ပေါက်ကတဆင့် မီးသင်္ဂြိုလ်စက်ထဲ ဝင်သွားသည်။ မီးသင်္ဂြိုလ်စက်က အခြေစိုက်စခန်း၏ စီမံခန့်ခွဲမှုအောက်တွင် တည်ရှိသည်။ ယာဉ်များအားလုံးကလည်း သတ်မှတ်ထားပြီးသားဖြစ်သည်။ ထို့ကြောင့် ယာယီအားဖြင့် အစားထိုးစရာ အကြောင်းမရှိပေ။ ထိုအချက်အပြင် သူတို့သည် ထိုနေရာတွင် တစ်ပတ်လုံးလုံး စောင့်နေရသည်။ ယာဉ်များအားလုံးကလည်း မနက်ခြောက်နာရီမှသာ အဓိက ဂိတ်ပေါက်က ဝင်သည်။ ထို့နောက် အနောက်ဖက်ပေါက်က ပြန်မထွက်တတ်ပေ။

“ဒါက အသစ်တွေ့ရှိတာပဲ အဖြူရောင်ကုန်တင်ကားတစ်စီးက အနောက်ဖက်ပေါက်ကနေ မီးသင်္ဂြိုလ်စက်ထဲ ဝင်သွားတယ် ဒီအဖြူရောင်ကုန်တင်ကား အနောက်ဖက်ကနေ ဝင်သွားတာ”

ခြုံပုတ်နားတွင် စောင့်နေသော သူက သူ၏လက်မှ စက်ကတဆင့် နောက်ဆုံးသတင်းကို အကြောင်းကြားသည်။

“အလျှင်စလိုမလုပ်နဲ့အုံး။ ဒီနေ့ သူတို့နောက်က လိုက်ကြည့်ပြီး ဘယ်လမ်းကြောင်းကနေ ဘယ်ကိုသွားလဲဆိုတာကို ကြည့်ထား၊ နောက်ပြီး ဘယ်အလောင်းတွေကို ယူသွားလဲဆိုတာကို ကြည့်ရမယ်”

“ဟုတ်ကဲ့ပါ”

ယန်မော့နှင့် အဖွဲ့ကလည်း အားမနေချေ။ သူတို့ကလည်း တာဝန်အဖွဲ့နှင့်‌ ရောနှောကာ အခြားသော အသင်းများနှင့် ပူးပေါင်းပြီး တစ်ဖွဲ့အနေဖြင့် ထွက်လာခဲ့ကြသည်။

အခြားတစ်ဖက်တွင် အချက်အလက်များများ စုံစမ်းရှာဖွေရန်ဖြစ်ပြီး အခြားတစ်ဖက်တွင်မူ သဲလွန်စရှာတွေ့မတွေ့ စစ်ဆေးရန်ဖြစ်သည်။ မူချီမိုင်နှင့်ပုယွမ်ကျိုးတို့ကလည်း ဒီနေ့ တာဝန်ကို လွဲပြောင်းယူရန် တာဝန်ခန်းမသို့ သွားသည်။ သူတို့ပြန်လာသောအခါ ယန်မော့က အခြေအနေကို မေးသည်။

“မနက်ဖြန်ရဲ့တာဝန်က ဘယ်မှာလဲ”

“H မြို့အပြင်ဘက် တောင်တစ်လုံးကို သွားရမှာ။ ဒီအဖွဲ့က အခြေစိုက်စခန်းဘက်ကပဲ။ သူက ငါတို့နဲ့အတူသွားဖို့ ငါတို့ကို လာရောက်ဖိတ်ခေါ်တာ။ အခြားအထူးစွမ်းရည်ရှိတဲ့အသင်းတွေကတော့ တော်တော်လေး အင်အားကြီးတယ်”

“စခန်းဘက်ကလား”

“ကမ္ဘာ့အဆုံးသတ်ကာလမတိုင်ခင်က တာဝန်လို့ ပြောတာပဲ။ H မြို့ တောင်တန်းထဲမှာ ဝှက်ထားတဲ့လက်နက်တွေကို သွားယူရမှာ။ အခု ငါတို့ဒီလိုအေးနေတဲ့ ရာသီဥတုကို အခွင့်ကောင်းယူပြီး တောင်ပေါ်ကအပင်တွေ တိရစ္ဆာန်တွေ နည်းနေတဲ့အခိုက်အတန့်ကို အမိရ ဖမ်းဆုပ်ရမှာတဲ့။ ပြီးတော့ ပြန်သယ်လာရမှာ”

“အင်း ငါတို့မှာ မနက်ဖြန်အတွက် တာဝန်ရှိပြီ ဆိုတော့ အားလုံးပဲ ဒီည ညစာစားပြီးတာနဲ့ စောစောအိပ်ယာဝင်ကြတော့ လုံလောက်အောင် နားရမယ်”

အားလုံးက အလေးအနက်ထားပြီး ခေါင်းငြိမ့်ကြပြီး အိပ်ခန်းထဲသို့ဝင်ကြသည်။

“နင်အရင်ချိုးမလား ငါအရင်ချိုးရမလား”

ရှုရှင်းက ဗီရိုထဲမှ ညအိပ်ဝတ်စုံကို ငုံ့ကိုင်းကာ ရှာနေရင်းမှ နောက်လှည့်မကြည့်ဘဲ ယန်မော့ကို မေးသည်။

“ရှင်းပေါင် ငါတို့အတူ ချိုးလို့ရတယ်လေ”

သူမကပင် သတိမထားမိသေးခင် ထိုလက်တစ်ဖက်က သူမ၏ အနောက်ဖက်သို့ ရောက်လာသည်။ ထို့နောက် အနောက်ဖက်မှ နေ၍ သူမ၏ခါးကို လာဖက်သည်။ နွေးထွေးသော ဝင်သက်ကလည်း ဂုတ်အနောက်ဖက်ကို ပွတ်သပ်လာကာ ခန္ဓာကိုယ်ကို တုန်ယင်သွားစေသည်။

“နင်…နင်…နင်မျိုးမစစ်”

ရှုရှင်းက ချက်ချင်းခေါင်းလှည့်ကာ သူ့ကို စိုက်ကြည့်သည်။ သို့သော် သူမ၏ ထိုကဲ့သို့သော နီးကပ်လွန်းသော အပြုအမူက သူ့ကို မည်မျှအတိုင်းအတာအထိ ရူးသွပ်စေမှန်းမသိပေ။

“အို… မျိုးမစစ်လို့ အခေါ်ခံရတယ်ဆိုရင်တော့ တစ်ခုခုမလုပ်ဘူးဆိုရင် ဒီလို အခေါ်ခံရတာက မထိုက်တန်တော့ဘူး ဖြစ်သွားတော့မယ်”

189 03

ထိုအမျိုးသားက ထိုအမျိုးသမီးအား မည်သည့်စကားမှ မဆိုဘဲ ရေချိုး ခန်းထဲသို့ ခေါ်သွားသည်။ သိပ်မကြာခင် ရေကျသံများကို ကြားရသည်။ ပူနွေးသော ရေနွေးကလည်း မြောက်တက်လာပြီး မှန်များကို ရိုက်ခတ်လာသည်။

ရုတ်တရပ် သွယ်လျှဖြူဖွေးသော လက်တစ်စုံက မှန်ပြတင်းပေါက်ကို ဖိကပ်လာသည်။ ထို့နောက် ပူကြီးပြီး အားပါသော လက်တစ်စုံကလည်း အပေါ်မှ ဖိကပ်၍ ထိုလက်ချောင်းများကို ယှက်ထွေးလိုက်သည်။

အမျိုသမီး၏ ဒေါသထွက်သံ၊ အမျိုသား၏ သာယာသောညည်းသံနှင့် ရေသံများကလည်း ရောနှောသွားသည်။

“အင်း ကောင်းပြီ။ မနက်ဖြန် ငါတို့ အဖွဲ့နဲ့အတူ တာဝန်သွားလုပ်ရအုံးမှာ”

“ရှင်းပေါင် လိမ္မာတယ်။ နောက်ဆုံးတစ်ခေါက်”

တစ်နာရီခန့်ကြာပြီးနောက် …

“ဝူး နင်လိမ်တယ် နင်ပြောတော့ နောက်ဆုံးတစ်ခေါက်ဆို”

******

All Chapters