အခန်း ၁၉၀
Vol. 19 Ch. 190
190 01
အပိုင်း (၁၉၀) မဟာမိတ်
မနေ့ညက တစ်ညလုံးနီးပါး မှောက်လိုက်လှန်လိုက်ဖြစ်နေခဲ့သော ရှုရှင်းကလည်း နောက်တစ်နေ့ မနက်စောစော မထနိုင်တော့ချေ။ အနောက်ဖက်မှ သူက အဝတ်အစား ဝတ်ပေးနေမှန်း ခပ်ရေးရေးခံစားမိသည်။ သို့သော် အိပ်ချင်နေသောကြောင့် မျက်လုံးပင် မဖွင့်နိုင်ပေ။ ထို့ကြောင့် မျက်လုံးသာမှိတ်ပြီး ဆက်အိပ်နေသည်။ ထို့နောက် ပြန်နိုးလာသောအခါ ကားထဲသို့ ရောက်နေပြီဖြစ်သည်။
သူမ၏ ခေါင်းက ယန်မော့၏ ပခုံးကို မှီထားပြီး ယန်မော့က သူမ၏ ခါးကို တစ်ဖက်ဖြင့် ဖက်ထားပြီး ခန္ဓာကိုယ်အား ကားနှင့်အတူ မယမ်းခါနေစေရန် ထိန်းထားပေးသည်။
“ငါတို့ အခု လမ်းရောက်နေပြီလား”
ရှုရှင်းက ခေါင်းကို အသာမော့သည်။ လည်ချောင်းကလည်း ခြောက်ကပ်ပြီး အသံကလည်း နည်းနည်း ဩရှနေသည်။
ယန်မော့က သူမကို ကူညီပြီး တည်တည်ငြိမ်ငြိမ် ထိုင်နိုင်အောင် လုပ်ပေးသည်။ ထို့နောက် နံဘေးမှ အပူဖန်ခွက်ကို အဖုံးဖွင့်ပေးပြီး ပေးလိုက်သည်။
“သောက်လိုက်အုံး ရေနွေးလေး သောက်လိုက်”
ရေနွေး သောက်ပြီးနောက် ရှုရှင်း၏ထုံထိုင်းနေသော ခေါင်းက နောက်ဆုံးတွင် ကြည်လင်သွားသည်။ သူမသည်လည်း အိပ်ပျော်နေစဉ်အတောအတွင်း ကားထဲသို့ အသယ်ခံရကြောင်း အခြားသောသူများကလည်း ကားထဲတွင် ရှိနေကြောင်း မြင်သွားသော် မျက်နှာက နီရဲသွားပြီး ယန်မော့၏ရင်ခွင်ထဲတွင်သာ ခေါင်းကို မြုပ်ထားလိုက်ကာ သေချင်ယောင် ဆောင်လိုက်သည်။
ရှက်စရာပဲ…
ရှုရှင်းသည် ကားထဲမှ ထွက်ပြီးမှသာ ကောင်းကင်ကို ကြည့်သည်။ မြေပြင်ကို ကြည့်သည်။ ရှုခင်းများကို ကြည့်သည်။ သို့သော် ပုရှန်းဝမ်တို့ကို မျက်နှာချင်းဆိုင်ရန် မျက်နှာပူနေသေးသည်။
ပုရှန်းဝမ် မူချီမိုင် ပုယွမ်ကျိုး : တကယ်တော့ သူတို့ ဒီခွေးစာစားတာ ကျင့်သားရနေပါပြီ
ထိုသုံးယောက်ကလည်း ကိစ္စကြီးဟု မထင်မှတ်ပါပေ။ ကောင်မလေးများက ရှက်တတ်မှန်းလည်း သိသည်။ ထို့ကြောင့် အထူးတလည်း ထုတ်မပြောကြပေ။ သူတို့၏ အပြုအမူကလည်း ပုံမှန်အတိုင်းသာ ဖြစ်သည်။ ထို့ကြောင့် ရှုရှင်းကလည်း တဖြည်းဖြည်း ပေါ့ပါးပြီး ထိုကိစ္စကို မေ့သွားသည်။
ဒီတစ်ခေါက် တာဝန်က လက်နက်များနှင့် ပတ်သက်သည်။ သဘာဝလွန်စွမ်းအား ပညာရှင်အဖွဲ့ကလည် အခြေစိုက်စခန်းက ဖန်တီးထားခြင်း ဖြစ်သည်။ထို့ကြောင့် ဆုလာဘ်ကလည်း အတော်လေး မြင့်သည်။ လူတိုင်းကလည်း အင်အားကြီးမားကြသည်။
အခြေစိုက်စခန်းမှ လူများကလည်း အရူးများမဟုတ်ကြပေ။ စာရင်းလာသွင်းသော လူတိုင်းကိုလည်း လက်ခံထားခြင်း မဟုတ်ပါပေ။ သေချာစုံစမ်းစစ်ဆေးပြီးမှသာ လက်ခံထားခြင်းဖြစ်သည်။ ထိုအချက်အပြင် သူတို့သည်လည်း အထူးစွမ်းအားရှိပြီး လုပ်နိုင်စွမ်းရည်မြင့်မားသော အသင်းအချို့ကိုလည်း တန်ကြေးကြီးကြီးပေးကာ ငှားရမ်းထားသည်။ ထိုသို့ဖြင့် သူတို့၏ ကိုယ်ပိုင်လူများနှင့် စာရင်းလာသွင်းသည့်အထဲမှ သန်မာသော လူများကို ပေါင်းစပ်ထားသည်။ အားလုံးပေါင်း အယောက်ခုနှစ်ဆယ် ရှစ်ဆယ်နီးပါးရှိသည်။
ယနေ့ခေတ်တွင် အယောက်ခုနှစ်ဆယ် ရှစ်ဆယ်နီးပါးရှိသောအသင်းက လုပ်ဆောင်ရသည့်တာဝန်ဟာ ကိစ္စကြီးမားသည်ဟု ပြောရပေမည်။
ရှုရှင်းတို့၏အဖွဲ့၏ ကားကအသင်း၏ အလယ်နားတွင်ရှိသည်။ နေ့လည်ခင်းတွင်လည်း ထိုအဖွဲ့ကြီးက နေ့လည်ခင်း နေ့လည်စာစားရန် အနားယူသည်။ ထို့နောက် ဆက်လက်ပြီး ထွက်ခွာကြသည်။
ရှုရှင်းတို့ကမူ နေ့လည်စာနားချိန်အတောအတွင်း ကားထဲမှပင် မဆင်းကြပေ။ သူတို့အနေဖြင့် ကားထဲတွင်သာ လျှို့ဝှက်ပြီး ချက်စားကြသည်။
အကြောင်းမူကား ရှုရှင်းသည်လည်း ထိုအနံ့များကို ဖုံးကွယ်နိုင်သောစွမ်းရည် ရှိထားပြီးချိန်ကတည်းက မသိသော သူများနှင့် တာဝန်အတူသွားချိန်တွင် ထိုကဲ့သို့ခိုးပြီး ချက်စားရန် လွယ်ကူသည်။ အရင်ကကဲ့သို့ အခြားသော စိတ်စွမ်းအားပညာရှင်များနည်းတူ ဘီစကစ်များ ထိုင်စားနေရန် မလိုအပ်ပါပေ။
“ဒီနေ့ နေ့လည် ထမင်းဗူးပဲ စားရအောင်။ ကားထဲမှာ စားတာ ပိုအဆင်ပြေတယ်”
အခြားသောသူများကလည်း ငြင်းစရာမရှိပေ။ ထို့ကြောင့် သူတို့၏ သဘာဝလွန်စွမ်းအားဖြင့် ကားကို အထပ်ထပ် အုပ်လိုက်ကြသည်။
190 02
ရှုရှင်းက မွှေးပျံ့ပူနွေးသော ထမင်းဗူးငါးဗူးကို ထုတ်လိုက်ပြီးသည်နှင့် အားလုံးကလည်း စစားကြသည်။
တစ်ဗူးလောက်က အမျိုသားတစ်ယောက်အတွက် မလုံလောက်ပေ။ ထို့ကြောင့် ယန်မော့တို့ လေးယောက်ကလည်း သုံးဗူးစီစားပြီး ဗိုက်ပြည့်သွားသည်။
အခြားသောသူများကသာ တစ်ဖက်မြင် မှန်မှတဆင့် အတွင်းမြင်ကွင်းများကို မြင်ရမည်ဆိုလျှင် သေအောင် အားကျသွားလောက်သည်။
ကမ္ဘာအဆုံးသတ်ကာလ စတင်ပြီးသည်မှာ နှစ်ပေါင်းများစွာ ကြာသွားပြီ ဖြစ်သည်။ ထို့ကြောင့် လတ်ဆတ်သော အရွက်နှင့် အသားများ မရှိတော့ပါပေ။ ရှိသော အရာများကိုလည်း အင်အားကြီးမားသော သူများကလက်ဝါးကြီး အုပ်ထားကြသည်။ ထို့ကြောင့် အခြားသော သူများက မမြင်နိုင်ကြပါပေ။ အသားကို စားလိုလျှင် အပြင်သို့ထွက်ပြီး သတ်ရပေမည်။ သို့သော် သုတေသန ဌာနမှ ရလဒ်များအရ စွမ်းအားနှိုးထထားသော တိရစ္ဆာန်များကလွဲပြီး အခြားသော တိရစ္ဆာန်များအားလုံးက ပိုးများကူးနေကြသည်။ ထို့ကြောင့် မစားနိုင်ကြပါပေ။
သာမာန် ဆင့်ကဲပြောင်းလဲထားသော တိရစ္ဆာန်များကလည်း လူသားများ၏ အမဲလိုက်နှုန်းထား လျော့ကျလာပြီးသားဖြစ်သည်။ တိရစ္ဆာန်များကလည်း အကျိုးအမြတ်ကို ရှာဖွေပြီး အန္တရာယ်ကို ရှောင်းရှားတတ်ကြသည်။ ထို့ကြောင့် ကျန်သော တိရစ္ဆာန်များကလည်း တောင်တန်းများ တောအုပ်များထဲတွင် ပုန်းအောင်းနေကြလေရာ အပြင်ဘက်တွင် မမြင်ရတော့ပါပေ။ ထို့အပြင် တစ်စုံတစ်ယောက်ကသာ တောကို ကျူးကျော်မည် ဆိုလျှင် အားလုံးက ထွက်ကာ မောင်းထုတ်ပေလိမ့်မည်။ ထိုသို့ဖြင့် သူတို့က အချင်းချင်း ကာကွယ်ပေးနေကြပြီး သဘာဝမဟာမိတ် ဖြစ်နေကြသည်။
ထိုလက်နက်များကို ဝှက်ထားသောတောင်က ထိုကဲ့သို့ မဟာမိတ်မျိုး ဖွဲ့စည်းထားသည့် တောင်တစ်နေရာတွင် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ထို့ကြောင့် အခြေစိုက်စခန်းဘက်က စိတ်စွမ်းအားပညာရှင် အမြောက်အများကို ပူးပေါင်းလှုပ်ရှားစေလိုခြင်း ဖြစ်သည်။
******