← Chapters

အခန်း ၁၉၁

Vol. 20 Ch. 191

အခန်း ၁၉၁

Vol. 20 Ch. 191

191 01

အပိုင်း (၁၉၁)

မီတာ တစ်ဆယ်ကျော် ရှည်လျားသော ယာဉ်တန်းကြီးက လေးရက်ခန့် အရှိန်ယူပြီးမှသာ ပန်းတိုင်သို့ ရောက်သွားသည်။ ကမ္ဘာ့အဆုံးသတ်ကာလပြီးနောက် တိရစ္ဆာန်များနှင့် အပင်များအားလုံးက ဆင့်ကဲပြောင်းလဲကုန်သည်။ တောင်တန်းက စိမ်းလန်းစိုပြေ နေသေးသည်။ အပင်များ ညိုးခြောက်သင့်သော ရာသီမျိုးတွင် စိမ်းလန်းနေသေးခြင်းဖြစ်သည်။ သို့သော် ဆင့်ကဲပြောင်းလဲထားသော အပင်အနည်းငယ်ကသာ နဂိုရာသီအတိုင်း အေးစက်သော ကာလတွင် ဆောင်းခိုကြသည်။ သို့ရာတွင် ထိုကဲ့သို့ အပင်အနည်းငယ်ကသာ လှုပ်ရှားနေခြင်း ရှိနေသေးသည့်တိုင်အောင် တောင်တန်းနှင့် တောအုပ်မှ အန္တရာယ်အများကြီး လျော့သွားလေသည်။

သူတို့သည် တောင်ခြေတွင်သာ စခန်းချရန် ရည်ရွယ်လိုက်ကြသည်။ ကားများအားလုံးကိုလည်း ရွှက်ဖျင်တဲ၏ အပြင်ဘက်တွင် ရပ်ထားလိုက်သည်။ ဒီနည်းအားဖြင့် အရိုးကွဲမတတ် အေးစိမ့်သော ရာသီဥတုကို ကာကွယ်နိုင်မည်ဖြစ်သည်။ အားလုံးက ရွက်ဖျင်တဲဆောက်ရန် နေရာရှာရင်း အလုပ်များနေကြသည်။ သူတို့က အတွင်းဘက်နှင့် နီးသော နေရာကို ရှာကြသည်။ ထိုအခါ ပို၍ လုံခြုံပေလိမ့်မည်။

ရှုရှင်းတို့အဖွဲ့ကမူ ဆန့်ကျင်ဘက်သာ လုပ်သည်။ သူတို့သည် အပြင်ဘက်ခြမ်းနှင့် နီးသော နေရာကို ရှာပြီး ခပ်မြန်မြန် လုပ်ထားပြီး ရွက်ဖျင်တဲများကို ခပ်မြန်မြန် လုပ်၍ ပြီးသွားသည်။ ဒီတာဝန်က အခြေစိုက်စခန်း၏အစိုးရဘက်နှင့် ပူးပေါင်းထားခြင်းဖြစ်သည်။ ထို့ကြောင့် စားစရာနှင့် ရိက္ခာကို ထောက်ပံ့ထားပြီးသားဖြစ်သည်။ တာဝန်ကို လာလုပ်သော သူများကလည်း အခြေစိုက်စခန်းက ပေးသော အရာများဖြစ်စေ ကိုယ်ပိုင် ရွက်ဖျင်တဲများပင် ဖြစ်စေ သုံးနိုင်သည်။

အခြေစိုက်စခန်းက ပေးသော ရွက်ဖျင်တဲများက အရည်အသွေး ကောင်းသည်လည်းမဟုတ် ဆိုးသည်လည်းမဟုတ် သာမာန်သာ ဖြစ်သည်။ ရှုရှင်းယူထားသော အထူးတလည်မှာထားသည့် ရွက်ဖျင်တဲများကမူ လေလုံ အအေးလုံ အနွေးဓာတ်ကောင်းကောင်းပေးနိုင်သည့်အပြင် အလွန်ခိုင်မာကာ ခိုင်ခံ့သည်။ နေရာလည်း ကျယ်သည်။

သူတို့သည် RV ထဲတွင် နေသလောက် မနွေးထွေးသလို သက်တောင့်သက်သာရှိသော အနေအထားမျိုးမဟုတ်သေးသော်လည်း အဆင်ပြေနေသည်။

လူငါးယောက်အတွက် ရွှက်ဖျင်တဲ နှစ်လုံးသာ လိုအပ်သည်။ ယန်မော့နှင့် ပုရှန်းဝမ်က တစ်ခုလုပ်ပြီး မူချီမိုင်နှင့် ပုယွမ်ကျိုးတို့က တစ်ခုလုပ်ပေးကြသည်။ အမှိုက်လေး ရှုရှင်းကမူ ဘောလုံးလေးကဲ့သို့ ကွေးနေပြီး ကားထဲတွင်သာ တိတ်တဆိတ် ထိုင်ကြည့်နေလိုက်သည်။

ပုရှန်းဝမ်တို့ သုံးယောက်အဖွဲ့က အရွယ်ရောက်ပြီးသား အမျိုးသားသုံးယောက် အတူအိပ်နိုင်သည်။ ရှုရှင်းကမူ သူတို့ကို ပိုကြီးသော ရွှက်ဖျင်တဲကို ပေးလိုက်သည်။ သို့မဟုတ်ပါက ထိုသုံးယောက်က ခြေလက်မဆန့်နိုင်မည်ကို စိုးရိမ်ရသည်။

အခြားသော သူများက သိသိသာသာကိုပင် သူတို့နှင့်ခြားနားသည့် ရွက်ဖျင်တဲကို လာကြည့်သည်။ ကိုယ်ပိုင်အကြံများ ရှိလာကြသည်။

ထိုသူများထဲတွင် အသင်းပေါင်းများစွာအကြားမှ ရှုပ်ထွေးနေသော အဖွဲ့တစ်ဖွဲ့ရှိသည်။ ထိုအဖွဲ့က သိသိသာသာကိုပင် စွမ်းရည်ကို သုံးကာ လှမ်းကြည့်နေသည်။

စခန်း၏ အလယ်တွင် မီးပုံငါးပုံခန်းကို ခပ်မြန်မြန် ဆောက်လိုက်ကြပြီး ကြီးမားသောအိုးကြီးကို အပေါ်ဖက်မှ တင်၍ ညစာကို စတင်ကာ ပြင်ဆင်ကြသည်။

ဒါဟာ ယခင်ရက်အနည်းငယ်အတွင်းတွင် ထိုကဲ့သို့သာ စားသောက်ကြသည်။ အသင်းအများစုကမူ ရိက္ခာများက မလောက်ကြပေ။ ထို့ကြောင့် အခြေစိုက်စခန်းက ထောက်ပံ့ပေးသော ရိက္ခာများအတိုင်း အိုးကြီးဖြင့်သာ စားကြသည်။

ရှုရှင်းကမူ ချက်ပြုတ်သည့် ဖြစ်စဉ်ကို မြင်ထားသည်။ အချို့သော အရွက်ခြောက်အထုပ်လေးများနှင့် ခေါက်ဆွဲများကို ပွက်ပွက်ဆူသော ရေထဲသို့ လောင်းထည့်ခြင်း သို့မဟုတ် ပစ္စည်းများကို သုံး၍ ဆန်ပြုတ်ချက်ခြင်းတို့သာဖြစ်သည်။ အလွန်အမင်း ရိုးရှင်းသော်လည်း ရှားရှားပါးပါး ကောင်းကောင်းမွန်မွန် စားသောက်နိုင်သေးသည်။

ဒီနေ့အတွက်မူ အလျှင်လိုနေသည့်အတွက် အနားယူချိန်ကို တိုထားသည်။ ထို့ကြောင့်အားလုံး၏ မျက်နှာက နွမ်းနယ်မှုများ ပြည့်နှက်နေသည်။ ညဂျူတီအတွက် တာဝန်ကျသော သူကို စီမံပြီးသည်နှင့် အခြားသော သူများက အိပ်ယာစောစော ဝင်ကြသည်။ ပုံမှန်အတိုင်းလိုလိုပင် ရှုရှင်းက တာ့ပိုင်နှင့် ရှောင်ပိုင်တို့ကို အိပ်ယာအပြင်ဘက်သို့ ထုတ်ကာ စောင့်ကြည့်ခိုင်းထားသည်။ ကျွိမ်းဖုန်းနှင့်တာ့ယွင်တို့ကမူ သူတို့၏ နံဘေးမှ ရွှက်ဖျင်တဲအသီးသီးထဲသို့ ဝင်သည်။

“အချစ် ငါ ဒီမှာ ဟီးဟီး”

191 02

ရှုရှင်းက ရွှက်ဖျင်တဲသို့ ရောက်သည်နှင့်‌ ယောကျ်ားဖြစ်သူ၏ နွေးထွေးသော အိပ်ယာထဲသို့ အတင်းပြေးဝင်လိုက်ကာ တစ်ဖက်သူ၏ခြေထောက်ထဲတွင် သူမ၏ အေးနေသော ခြေထောက်ကို ထိုးထည့်လိုက်ပြီး နွေးအောင်လုပ်သည်။

ထိုအမျိုးသားက ဒေါသမထွက်သည့်အပြင် သူမ၏ခြေထောက် သေးသေးလေးကိုပင် ခြေထောက်ကြားထဲညှပ်ကာ နွေးအောင် လုပ်ပေးသည်။

ရှုရှင်းကလည်း နည်းနည်း ရှက်သွားပြီး ခြေထောက်ကို ပြန်ဆွဲထုတ်လိုက်သည်။ သို့သော် သူမက လှုပ်လိုက်သည်နှင့် တစ်ဖက်သူက ခြေထောက်ကိုညှပ်ထားပြီး ဩရှသော လေသံနှင့် ပြောသည်။

“မလှုပ်နဲ့ ခြေထောက်က ဒီလောက်အေးနေတာ။ ငါ နွေးအောင် လုပ်ပေးမယ်”

“ဟီးဟီး‌ ယောကျ်ားက အရမ်းကောင်းတာပဲ။ ငါ အနမ်းတစ်ပွင့်လေး ဆုချပါအုံးမယ်”

သူမက အနားသို့ သွားပြီး ယန်မော့၏ ပါးကို ခပ်မြန်မြန် နမ်းသည်။

သူမကပင် ကိုယ်ကို နောက်သို့ မဆုတ်ရသေးခင် တစ်ဖက်သူက တစ်ဖက်သို့လှန်ပြီး အောက်ဖက်သို့ ဖိချလိုက်သည်။ ထို့နောက် မင်းမူမှုအပြည့်နှင့် နှုတ်ခမ်းများကို နမ်းရှိုက်လာသည်။ အသက်ရှူရပ်မတတ် ဖြစ်သွားလေသည်။

ယန်မော့သည် ထိန်းချုပ်မှု မလွှတ်ကင်းခင် သုံးစက္ကန့်ခန့်အလိုတွင်သာ ကိုယ်ကို ရပ်တန့်လိုက်သည်။ ထို့နောက် သူ၏ ခေါင်းကို ရှုရှင်း၏ ရင်ဘတ်နားတွင် ကပ်ထားရင်း လေးလံစွာ အသက်ရှူသွင်းရှူထုတ်လုပ်နေသည်။ သို့သော် ပူနွေးသောလေက သူမ၏ နုနယ်သော အရည်ပြားကို ထပ်ခါတလဲလဲ လာရိုက်သည်။

အချိန်တန်ကြာမှသာ အသက်ရှူနှုန်းက ပြန်လည်တည်ငြိမ်သွားသည်။

“ပေါင် ပေါင် အိပ်တော့ မစနဲ့”

သူက တစ်ဖက်သို့လှည့်ကာ ပက်လက်လှန်လိုက်ပြီး သူမကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ရင်း နဖူးကို နမ်းသည်။

ရှုရှင်း : ငါ အပြစ်ကင်းပါတယ်

ရှုရှင်းကလည်း မှားယွင်းခံလိုက်ရသလို ခံစားရသည်။ သို့သော် ပြန်မငြင်းရဲသလို လှုပ်လည်း မလှုပ်တော့ဘဲ နာနာခံခံလေးသာ အိပ်တော့သည်။

သူတို့က နီးကပ်လွန်းနေသောကြောင့် ဖြစ်လောက်သည်။ သူမသည်လည်း အမျိုးသားထံမှ ခြိမ်းခြောက်မှုက မငြိမ်းသွားသေးမှန်း ခံစားမိသည်။

မလှုပ်ရဲဘူး မလှုပ်ရဲဘူး….(စာစစ်_ လှုပ်လိုက်ပါ လှုပ်လိုက်ပါ…အဟဲဟဲ)

******

All Chapters