← Chapters

အခန်း ၁၉၂

Vol. 20 Ch. 192

အခန်း ၁၉၂

Vol. 20 Ch. 192

192 01

အပိုင်း (၁၉၂)

လုံခြုံသော တစ်ညတာကို ကျော်ဖြတ်ပြီးနောက်တွင်း စခန်းမှ သူများကလည်း တစ်ယောက်ပြီးတစ်ယောက် နိုးလာကြသည်။ အပြင်ဘက်တွင် ရှိနေခြင်းက မလုံခြုံမှန်းသိနေသောကြောင့် ဖြစ်လောက်သည်။ အထူးတလည် စောစောထကြသည်။

အံ့အားသင့်စရာကောင်းလောက်အောင်ပင် ရှုရှင်းကလည်း စောစောနိုးသည်။

“ရှင်းပေါင် နိုးလိုက်မိတာလား။ ခဏလောက်အိပ်အုံးလေ ခဏနေမှ ခေါ်မယ်”

ယန်မော့က အဝတ်အစားဝတ်ပြီး တစ်ဖက်လှည့်လိုက်သောအခါ သူ၏ ဇနီးလေးက မျက်လုံးဝိုင်းကာ ပြူးကျယ်ပြီး လှမ်းကြည့်နေကြောင်း မြင်သောအခါ နားလည်သွားပြီး ခပ်တိုးတိုးမေးလိုက်သည်။

ရှုရှင်းက ခေါင်းခါသည်။ယန်မော့၏ လက်ကို လှမ်းဆွဲပြီး လက်ကို တင်သည်။ ထို့နောက် စေးကပ်သောအသံနှင့် ပြောသည်။

“ငါအိပ်မပျော်ဘူး။ ဘာဖြစ်လို့လည်း မသိဘူးဒီကိစ္စက မချောမွေ့ဘူးလို့ ခံစားနေရတယ်”

သူက ရှုရှင်း၏မျက်နှာလေးကို အသာဆိတ်လိုက်သေးသည်။ သူ၏မျက်လုံးက မဲမှောင်သွားသည်။

“ဒါဆိုရင် ရှင်းပေါင် မင်းငါ့အနားကို ကပ်နေရမယ်။ နောက်ဆုံးတစ်ခေါက်ကလို အဖြစ်အပျက်မျိုး မဖြစ်စေချင်ဘူးနော်။ ဒီလိုထပ်ဖြစ်ရင်ငါ ရူးသွားတော့မှာ”

“အင်း ယောက်ျား စိတ်ချ တကယ်တော့ ငါနင့်ကို မပြောရသေးတာရှိတယ်”

“ဘာ ကိစ္စလဲ”

“အရင်တစ်ခေါက်က ငါ့ကို ဖမ်းမိတဲ့ဇွန်ဘီ ငါ့ကို ထိခိုက်အောင် မလုပ်တာက တိုက်ဆိုင်မှုမဟုတ်ဘူးလို့ ခံစားရတယ်။ ယေဘုယျကျကျပြောရရင် ဇွန်ဘီတွေမှာ အတွေးမရှိဘူးလေ။ သူတို့ လူသားတွေကို ဖမ်းမိတာနဲ့ ပထမဦးဆုံးတုန့်ပြန်မှုက စားဖို့ပဲ ဒါပေမဲ့ သူက ငါ့ကို ထိခိုက်အောင် မလုပ်ခဲ့ဘူး။ အဲဒီအစား ငါ့ကို အဝေးကြီးသယ်သွားပြီး စိန်ပြေးတိုင်း ကစားနေသလိုပဲ။ ပြီးတော့ ငါ့ကိုတောင် ပြန်လာရှာသေးတယ်။ ဒါက ထူးဆန်းတယ်လေ”

ရှုရှင်းကလည်း အရင်တစ်ခေါက်က သူမကို ဖမ်းခဲ့သည့် ဇွန်ဘီ၏ ထူးဆန်းမှုကို ပြန်တွေးမိသွားသည်။ အချိန်တန်ကြာအောင် တုံ့ဆိုင်းနေပြီး နောက်ဆုံးတွင် ဖွင့်ဟထုတ်ပြောရန် ဆုံးဖြတ်လိုက်သည်။

သူမ ယခင်က မပြောခဲ့ချေ။ ပထမဦးဆုံးအနေဖြင့် မသေချာ၍ ဖြစ်သည်။ အလားတူ အခြေအနေမျိုးကလည်း ထပ်မဖြစ်ခဲ့ဖူးချေ။ ထို့ကြောင့် မေ့သွားခဲ့သည်။ ဒုတိယအချက်အနေဖြင့် ဒီနေ့ရသောခံစားချက်ကလည်း ပြောရန်တန်ပြီဟု ခံစားလိုက်ရသည်။

ယန်မော့က တိတ်ဆိတ်သွားသည်။

“ကောင်းပြီ။ ငါနားလည်ပြီး ဒီကိစ္စက အတည်မပြုနိုင်သေးဘူးဆိုတော့ သူတို့ကို မပြောနဲ့အုံး။ အများကြီးမတွေးပါနဲ့။ ငါဒီမှာရှိတယ်”

“အင်း ငါဒီနေ့ တာဝန်သွားတဲ့အချိန်မှာ ငါနင့်နောက်က တောက်လျှောက် လိုက်နေမယ်။ ငါ့လက်ကို ကြိုးချည်ထားလိုက်လေ”

ကိစ္စ၏ လေးနက်မှုကို နားလည်သော ရှုရှင်းကလည်း မနောက်ပြောင်တော့ပေ။ သူမသည်လည်း သူမခင်ပွန်းဖြစ်သူ၏ အစစ်အမှန်သဘာဝကို သိသည်။ သူဟာ နည်းနည်းရူးသွပ်သွားနိုင်သည်။ ရူးသွပ်စွာပင် ရှိနေလောက်၏။ ထို့ကြောင့် တစ်ဖက်သူကို အမှန်တကယ် လုံးလုံး မရူးသွားစေရန်အလို့ငှာ သူမက အရင်စပြီး လိမ္မာပြရပေမည်။

သူမက အဲဒီလောက် ဉာဏ်ကောင်းတာ မဟုတ်ဘူး။ မတုံးတာလေးပဲ…

192 02

ဝတ္ထုထဲမှ အမျိုးသားဇာတ်လိုက်နှင့် ယှဉ်လိုက်သော် တစ်ဖက်သူက ဒုတိယအမျိုးသား ဇာတ်လိုက်တင် မဟုတ်ချေ။ မည်သို့ပင် ဆိုစေ သူမက အဆုံးထို မဖတ်ထားရသေးပါပေ။

တစ်ဖက်သူ၏ အစစ်အမှန်အကျင့်စရိုက်ကိုလည်း သိလာပြီး ကုန်လွန်ခဲ့သော ကာလများအတွင်းမှ ဝတ္ထုဖတ်ခဲ့သည့် အတွေ့အကြုံများအရ သူမ၏ခင်ပွန်းဖြစ်သူက ဝတ္ထုထဲမှ ဖုံးကွယ်နေသော အင်အားအကြီးဆုံး ဗီလိန်ဖြစ်နိုင်ချေက 99% ဖြစ်နေသည်။ ကျန်သော 1 ရာခိုင်နှုန်းကလည်း စာရေးသူက မထည့်သွင်းရသေးရုံသာ ဖြစ်လောက်သည်။

ရှုရှင်းကလည်း ထိုသို့ပြောပြီးနောက် စိတ်အေးသွားသည်။ သူမသည်လည်း အဝတ်အစား ကောက်ဝတ်ပြီးနောက် ပုရှန်းဝမ်တို့ကို ခေါ်ကာ မနက်စာအတူသွားစားသည်။

မနက်စာ အတူစားနေရင်းမှ ဆက်သွယ်ရေးစက်က မြည်လာသည်။

“ရှစ်နာရီမှာ တောင်ပေါ်တက်ဖို့ စုစည်းမယ်။ အထူးစွမ်းရည် အသင်းတွေအားလုံး ပစ္စည်းတွေကို ကြိုတင်ပြီး သိမ်းထားပါ။ နောက်မကျစေနဲ့”

“ရှစ်နာရီမှာ တောင်ပေါ်တက်ဖို့စုစည်းမယ်။ အထူးစွမ်းရည် အသင်းတွေအားလုံး ပစ္စည်းတွေကို ကြိုတင်ပြီး သိမ်းထားပါ။ နောက်မကျစေနဲ့”

“ရှစ်နာရီမှာ တောင်ပေါ်တက်ဖို့စုစည်းမယ်။ အထူးစွမ်းရည် အသင်းတွေအားလုံး ပစ္စည်းတွေကို ကြိုတင်ပြီး သိမ်းထားပါ။ နောက်မကျစေနဲ့”

ယန်မော့က လက်ကို မြောက်ပြီး နာရီကို ကြည့်သည်။

“အခုက ခုနှစ်နာရီ တစ်နာရီတောင်လိုသေးတယ်။ အလျှင်မလိုဘူး”

“ငါတို့ ခဏနေရင် ကျောပိုးအိတ်တွေ လွယ်မှာလား”

ရှုရှင်းက ပူပူနွေးနွေး ဆန်ပြုတ်ကို သောက်နေရင်း မေးသည်။

“မင်းတို့ တစ်ယောက်ချင်းစီတိုင်း မင်းတို့ရဲ့ ခါးမှာ သေနတ်နဲ့ ကျည်ဆန်တွေ ဖြည့်ထား ကျောပိုးအိတ်တော့ မလိုဘူး။ အဝတ်ထူထူဝတ်ထားတာပဲ။ ကျောပိုးအိတ်သယ်နေရင် လှုပ်ရှားမှုက နှေးကွေးသွားလိမ့်မယ်”

ယန်မော့က ခေါင်းခါသည်။

“ဒီနေ့ တာဝန်ထွက်လုပ်တဲ့အချိန်မှာ လူစု မကွဲစေနဲ့ အတတ်နိုင်ဆုံး အတူစုပြီး လျှောက်ကြ ဒါမှ အရေးပေါ်အခြေအနေ ဖြစ်လာတဲ့အခါ အတူတုံ့ပြန်နိုင်မှာ”

“မော့ကော ဒီတောင်က တစ်ခုခုမှားနေလို့လား”

မူချီမိုင်က စောင့်ကြည့်အား ကောင်းသည်။ ထို့ကြောင့် တစ်စုံတစ်ခုကို နားလည်လိုက်သည်။

“ခံစားချက်မကောင်းဘူး။ ဒီအချိန်မှာအားလုံးပဲ သတိကပ်ထားကြရင် ကောင်းမယ်”

“အင်း ကောင်းပြီ”

******

All Chapters