← Chapters

အခန်း ၁၉၃

Vol. 20 Ch. 193

အခန်း ၁၉၃

Vol. 20 Ch. 193

193 01

အပိုင် (၁၉၃) မုန်းတီးမှု

အေးစက်သော ရာသီတွင် မည်သည့်နေမှ မရှိပေ။ ကောင်းကင်တစ်ခုလုံးက မီးခိုရောင် သန်းနေသည်။ အလင်းကလည်း နေ့အချိန်ကလောက်ပင် မကောင်းမွန်တော့ချေ။ တောင်တန်းနှင့် တော့အုပ်က အမျိုးမျိုးသော အပင်ရှည်ကြီးများ ဝိုင်းနေသည့်အတွက် နွေရာသီးမိုးကြိုးမုန်တိုင်း မတိုက်ခတ်ခင် လက္ခဏာမျိုးနှင့် တူသည်။

တောင်ပေါ်သို့ မတက်ခင် အခြေစိုက်စခန်းက သူတို့အားလုံးအား အလင်းအတွက် ဓာတ်မီးတစ်လက်စီ ပေးသေးသည်။ ထိုဓာတ်မီးကလည်း အကန့်အသတ်နှင့်ရှိသော ဘက်ထရီအားနှင့်သာ ဖြစ်သည်။ အရင်းအမြစ်ကို ချွေတာရန်အလို့ငှာ အားလုံးကလည်း အဖွဲ့မှ တစ်ယောက်စီကိုသာ တစ်ခုစီပေးရန် ဆုံးဖြတ်ထားသည်။ အနားမှ သူများကလည်း အတူဝိုင်းပြီး သွားလိုက်ကြသည်။

ယန်မော့၏အသင်းကမူ အခြားထူးထူးခြားခြား ဘာကိုမှ မလိုအပ်ပေ။ အခြေစိုက်စခန်းက ပေးသော ဓာတ်မီးကိုသာ သုံးလိုက်သည်။ သို့သော် သူတို့သည်လည်း မီးအားကို‌ ချွေတာရန် မလိုအပ်ပေ။ ထို့ကြောင့် ဓာတ်မီးအားလုံးကို ဖွင့်ထား၏။ ထို့ကြောင့် ခြေထောက်အောက်မှ လမ်းက ရှင်းလင်းနေသည်။

ရှုရှင်း၏ လူနှစ်ယောက်၏လက်ကောက်ဝတ်ကို ကြိုးချည်ထားမည့် အကြံကလည်း မအောင်မြင်လိုက်ပေ။ အကြောင်းမူကား မမျှော်လင့်ထားသောအ ခြေအနေများ ဖြစ်လာလျှင် လှုပ်ရှားရန်မလွယ်ကူမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။

ထိုသို့ဖြစ်ပျက်ခဲ့ချိန်တိုင်းလိုလို ရှုရှင်းကလည်း နေရာလပ်နယ်မြေထဲသို့ ခေါ်မသွင်းနိုင်သည့်အတွက် အခြားသော သူများအတွက် စိတ်မကောင်းဖြစ်မိသည်။ အခြားသော သူများသာ နေရာလပ်နယ်မြေထဲသို့ ဝင်နိုင်မည်ဆိုပါက အခုလို ပြဿနာမျိုးကို ဖြေရှင်းရန် လိုအပ်လိမ့်မည် မဟုတ်ပေ။

အရမ်းလောဘကြီးလို့ မရဘူး အခြားသူတွေ မရတဲ့ ကံကောင်းမှုကို ပိုင်ဆိုင်တာကတင် အခွင့်အရေးကောင်း ဖြစ်နေပြီ။

ရှုရှင်းက မလိုအပ်သောအတွေးများကို ခါထုတ်လိုက်ပြီး လမ်းကိုသာ အာရုံပြန်စိုက်သည်။

ခြေထောက်နှင့် ပတ်ဝန်းကျင်ကို သေချာဂရုတစိုက် ကြည့်သည်။ ထိုအခါမှသာ မတော်တဆမှုများကို ရှောင်ရှားနိုင်မည်ဖြစ်သည်။ သူတို့ သတိမထားမိသော ထောင့်နေရာများတွင် သူတို့၏ခြေထောက်အောက်မှ သစ်ကိုင်းခြောက်များ သစ်ရွက်ခြောက်များ၏ အသံများနှင့် တူညီသော လှုပ်ရှားသံများကို ကြားရသည်။ သေးငယ်ပြီး မသိသာမထင်ရှားသော နွယ်ပင်များကလည်း အပြင်လူများကို သတိမထားမိစေဘဲ အနောက်မှ ကပ်လိုက်လာသည်။

“အချစ် တစ်ခုခုက ထူးဆန်းတယ်လို့ ခံစားမိလား။ ငါတို့ တောင်ပေါ်ကို တက်လေလေ မသက်မသာ ဖြစ်လေလေပဲ”

ရှုရှင်းက ယန်မော့၏ လက်ချောင်းကို လှမ်းဆွဲပြီး မော့ကြည့်သည်။ ယန်မော့ကလည်း တစ်ဖက်သူကို အနားသို့ လှမ်းဆွဲပြီး ဘေးဘီကို ကြည့်သည်။

“တစ်ခုခုမှားနေတာတော့ အမှန်ပဲ။ ငါတို့ တောင်ပေါ်ကို စတက်ကတည်းက အမှောင်ထဲကနေ တစ်ခုခုက ကြည့်နေသလို ခံစားရတယ်။ ပိုဆိုးတာက ငါတို့ရဲ့ ဒီနေရာကို လာတဲ့ခရီးက တအားကိုချောမွေ့နေတာပဲ။ ဘာတိရစ္ဆာန် ဘာအပင်နဲ့မှကို မတွေ့ဘူး။ အရမ်းကို ချောမွေ့နေတယ် ပုံမှန်ကို မဟုတ်ဘူး”

သူသည်လည်း ထိုသို့ ပြောချိန်တွင် သူ၏အသံကို ရည်ရွယ်ချက်ရှိရှိဖြင့် မတိုးထားချေ။ ထို့ကြောင့် အနီးအနားအသင်းမှ လူများကလည်း ကြားရသည်။ အားလုံး၏ မျက်နှာကလည်း တည်ကြည်သွားကြသည်။ အချို့သော သူများက အရှေ့မှ ခေါင်းဆောင်ကို သွားရှာကြသည်။ သိပ်မကြာခင်မှာတင် ဒီနေရာတွင် နားမည်ဆိုသော သတင်းကို ကြားရသည်။

အသင်းခေါင်းဆောင် ယန်ရင်ယီက ယန်မော့ထံမှ အချက်အလက်ရကြောင်း သိပြီးသည်နှင့် အလေးအနက် ထားသည်။ သူတို့ မထွက်လာခင်ကတည်းက အထက်မှသူများသည်လည်း သူတို့ကို အထူးတလည် ထုတ်ပြောခဲ့ပြီး ယန်မော့က ပေး‌သော အကြံပေးချက်များဆိုလျှင် အထူးတလည် အာရုံစိုက်ရန် မှာကြားထားပြီးသား ဖြစ်သည်။ သူ၏ အင်အားနှင့် စိတ်ကို အထင်သေး၍ မရချေ။

အရေးကြီးသောအချက်ကမူ ယန်မော့နှင့် သူတို့က တစ်လှေတည်း စီးသူများဖြစ်သည်။

ယန်ရင်ယီကလည်း အင်အားကြီးမားသော အသင်းအချို့မှ ခေါင်းဆောင်များအား ခေါ်ကာ ယန်မော့ဆီသို့ လာသည်။ ယန်မော့ကလည်း ရက်ရောစွာပင် ပြောပြသည်။

193 02

သူသည် နတ်ဘုရားကဲ့သို့ ပြိုင်ဘက်မျိုးကို မကြောက်ချေ။ ဝက်လို အသင်းဖော်ကိုသာ ကြောက်သည်။ အခြားသော အသင်းဖော်များကို ကြိုတင် ပြင်ဆင်ခိုင်းထားခြင်းအားဖြင့် အကာအကွယ်ဖြစ်နိုင်သည်။

“ငါတို့ရဲ့ လက်ရှိ ဒီနေရာက ဒီမှာ လက်နက်တိုက်က ဒီမှာငါတို့ ဒီနှုန်းထားအတိုင်းဆိုရင် နောက်ထပ် အနည်းဆုံး သုံးနာရီလောက်ဆိုရင် ရောက်ပြီ။ မင်းမှာ ဘာအတွေးအကြံများရှိလဲ”

ယန်ရင်ယီက တည်နေရာတစ်ခုကို ဝိုင်းပြပြီးသည်နှင့် အခြားသော ခေါင်းဆောင်များကို ကြည့်ကာ မေးသည်။

မည်သည့်ခေါင်းဆောင်ကမှ အရင်မပြောကြဘဲ ခေါင်းကိုသာ ငုံ့ကာ စဉ်းစားကြသည်။ ယန်မော့ကလည်း အလျှင်စလို ထုတ်ပြောရန် မလိုအပ်ပေ။ သို့မဟုတ်ပါက သူသည် ဦးဆောင်မှုကို ယှဉ်ချင်နေသည်နှင့်တူသွား နိုင်သည်။ သူ့တွင်လည်း ထိုကဲ့သို့ အကြံအစည်များ မရှိပေ။ စိတ်လည်း မဝင်စားပါပေ။

သူက အနည်းငယ်တွေးတောပြီးနောက် ရှုရှင်းကြိုက်သော ချောကလက် အထုတ်သေးတစ်ထုတ်ကို ခါးမှ အိတ်ထဲက ထုတ်လိုက်ပြီး ရှုရှင်းကို ကျွေးလိုက်သည်။ ရှုရှင်းကလည်း ပျော်ရွှင်စွာစားသည်။

ကျော်ကြားသော အသင်းများမှ ခေါင်းဆောင်များကလည်း ထိုနှစ်ယောက်ကို အာရုံစိုက်ထားကြသည်။ ယန်မော့က ချောကလက် ကျွေးနေကြောင်း မြင်သောအခါ သူတို့အားလုံးကလည်း အားကျသွားကြသည်။

အသင်းထဲမှ ကျိုးယီရှင်းက မနာလိုအားကျ ဖြစ်ကာ မျက်လုံးက နီရဲလာသည်။ သူမက ရှုရှင်းကို ခက်ထန်စွာကြည့်ပြီး အလွန်အမင်းကို မုန်းတီးနေသည်။

ငါတို့ အားလုံးက မိန်းမတွေပဲလေ။ ဘာလို့ ဒီကောင်မကတော့ဒီလိုမျိုး ချောမောပြီး လုပ်နိုင်စွမ်းရည်ပြင်းထန်တဲ့ ယောက်ျားတစ်ယောက်က ချစ်တာကိုခံရပြီး အခြားသူတွေမရနိုင်တဲ့ အရာအားလုံးကို ရနေတာလဲ။

ဒါပေမဲ့ အခြားမတူညီတဲ့ ရုပ်ဆိုးတဲ့ အကောင်တွေနဲ့ X ပဲလုပ်နေရတယ်။ ဒါကို လက်မခံနိုင်ဘူး။ သူမ အရမ်းကို မနာလိုဖြစ်တယ် မုန်းတီးတယ်။

စွမ်းအားရှင်တစ်ယောက်ဖြစ်သောရှုရှင်းကလည်း အထိမခံဖြစ်စွာနှင့် ခံစားမိလိုက်သည်။ ရန်လိုသောအကြည့်က စိုက်ကြည့်နေကြောင်းကိုလည်း ခံစားလိုက်မိသည်။ ခေါင်းကို ချက်ချင်းမော့ကာ အကြည့်လာရာဘက်သို့ ကြည့်လိုက်သည်။ ရှုရှင်းက လှည့်ကြည့်လိုက်ကြောင်း မြင်သောအခါ ကျိုးယီရှင်းက အလျှင်စလိုဖြစ်ပြီး ခေါင်းကို ချက်ချင်းလွဲသွားသည်။ သူမ၏ မျက်လုံးထဲတွင် အေးစက်သော အလင်းကလက်သွားသည်။

အချိန်က တိုတောင်းသော်လည်း တစ်ဖက်သူ၏မျက်လုံးထဲမှ ပြင်းထန်သော မနာလိုစိတ်နှင့် မုန်းတီးစိတ်ကို ရှုရှင်းမြင်လိုက်သေးသည်။ သူမ၏ နှလုံးသားထဲတွင်လည်း နည်းနည်းကြောက်သွားပြီး အလိုလျောက်ပင် ယန်မော့၏ အနားသို့ ကပ်သည်။ တစ်ချိန်တည်းတွင်ပင် ရှုရှင်းက စိတ်ရှုပ်သွားသည်။ သူမသည် ထိုကောင်မလေးနှင့် တစ်ခါမှ မဆုံဖူးကြောင်း သေချာသည်။ တစ်ဖက်သူမက မည်သည့်အတွက်ကြောင့် သူမအပေါ် ပြင်းထန်သည့်မုန်းတီးမှုမျိုး ရှိနေမှန်း နားမလည်နိုင်ပေ။

မသိရင် သူ့ယောကျားကို ဖောက်ပြန်နေတာ ကျနေတာပဲ

“ရှင်းပေါင်”

******

All Chapters