← Chapters

အခန်း ၁၉၄

Vol. 20 Ch. 194

အခန်း ၁၉၄

Vol. 20 Ch. 194

194 01

အပိုင်း (၁၉၄)

ရှုရှင်းက အကြည့်ကို ပြန်ရုတ်လိုက်ပြီး ခေါင်းကို ခါသည်။ ထို့နောက် တစ်ချက်ကြည့်သည်။ : နောက်မှ ပြောမယ်

အနားတွင် လူအများကြီးရှိနေသည်။ လူများကလည်း ခပ်ကပ်ကပ်ထိုင်နေကြသည်။ ထို့ကြောင့် အတိုးဆုံးအသံကိုပင် ကြားသွားနိုင်သည်။ ယန်မော့ကလည်း နားလည်စွာ ခေါင်းငြိမ့်သည်။

အချိန်တန်ကြာအောင် စောင့်ဆိုင်းပြီးနောက် မည်သူကမှ မပြောကြပေ။ သူသည်လည်း ရှင်းပေါင်၏အခြေအနေကို သိချင်နေသည်။ ထို့ကြောင့် ဒီနေရာတွင် အချိန်မဖြုန်းချင်တော့ပေ။

“ဘယ်သူမှ မပြောဘူးဆိုရင် ငါရဲ့အတွေးကို ပြောပြမယ်”

“အပင်တွေက ဆင့်ကဲပြောင်းလဲသွားတယ်ဆိုရင်တောင်မှ ကိုယ်ပိုင် ဝိသေသ လက္ခဏာတွေတော့ ရှိနေအုံးမှာဆိုတော့ မီးကို ကြောက်တယ်။ ငါတို့ နောက်ပိုင်း ထပ်ထွက်သွားတဲ့အခါ အားလုံးက အတူစုကပ်နေပြီး မီးအခြေပြု စွမ်းအားပညာရှင်တွေက အပြင်ဘက်ခြမ်းမှာ နေနေတာ ပိုကောင်းမယ်ထင်တယ်။ ဒါမှ အရေးပေါ်အခြေအနေ ဖြစ်လာရင် ချက်ချင်း တုံ့ပြန်နိုင်မှာ။ ဒါပေမဲ့ သူတို့က လျှို့ဝှက်ပြီး စောင့်ကြည့်နေလောက်တယ်။ အလျှင်စလို မလှုပ်ရှားသေးဘူးဆိုတော့ ငါတို့ကလည်း အတတ်နိုင်ဆုံး ဟန်ချက်ညီအောင် ထိန်းထားရမယ်။ ငါတို့ရဲ့ပန်းတိုင်က လက်နက်တိုက်ထဲက လက်နက်တွေကို ယူဖို့ အတတ်နိုင်ဆုံး အရှုပ်အထွေးတွေ မဖြစ်အောင် ရှောင်မယ်။ ဒါက ငါတို့အတွက် အကောင်းဆုံးပဲ”

ယန်မော့၏ အကြံပြုချက်က အလွန်အမင်း သင့်လျှော်သည်။ ယန်ရင်ယီနှင့် အခြားသော ခေါင်းဆောင်များကလည်း အမှားရှာမရချေ။

ထိုသို့ အကြံရပြီးသည်နှင့် ယန်ရင်ယီကလည်း အချိန်ဖြုန်းမနေတော့ဘဲ ခပ်မြန်မြန်သွားရောက် စီစဉ်ကြသည်။ အခြားသော ခေါင်းဆောင်များကလည်း ထွက်သွားကြသည်။ ထိုသို့ဖြင့်ထိုနေရာက ရှင်းသွားသည်။

ယန်မော့ကလည်း အခြားသော အသင်းခေါင်းဆောင်များ မရှိတော့ကြောင်း သေချာသည်နှင့် သူဟာ ရှုရှင်း၏ အနားသို့ ကပ်ကာ ပြောသည်။

“ရှင်းပေါင် ဘာဖြစ်သွားလို့လဲ”

“ငါတို့ ခုနက ဆွေးနွေးနေတုန်းကလေ အရမ်းရန်လိုတဲ့အကြည့်က ငါ့ဆီ ရောက်လာတာ ခံစားမိတယ်။ ငါ လှည်ကြည့်လိုက်တော့ ငါ တစ်ခါမှ မမြင်ဖူးတဲ့ မိန်းမ တစ်ယောက်က ကြမ်းတမ်းခက်ထန်တဲ့ အကြည့်နဲ့ စိုက်ကြည့်နေတာပဲ။ သူ့ရဲ့ မျက်လုံးထဲက အကြည့်က အရမ်းကြောက်ဖို့ကောင်းတာပဲ။ ငါ့ကိုလည်း ကြက်သီးထစေတယ်”

ရှင်းပေါင်ကလည်း သူမ၏ ခေါင်းလေးကို အနားသို့ကပ်လိုက်ပြီး စိတ်ရှုပ်ထွေးသလို နားမလည်သလို ပြောသည်။

ရှုရှင်း၏စကားကို ကြားသောအခါ ယန်မော့က ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်သည်။ ရှုရှင်းကပင် အတည်ပြုစရာမလိုဘဲ ကျိုးယီရှင်းထံသို့ ရောက်သွားသည်။ အခြားသော အကြောင်းပြချက်များ မရှိပါပေ။ တစ်ဖက်သူက သိသာလွန်းသည်။ အခြားသော သူများက သိချင်စိတ်ပြင်းပြပြီး ခိုးကြည့်ကြလျှင်ပင် ဖမ်းမိသွားသောအခါ ကိုးရိုးကားရား ပြုံးတတ်ကြသည်။ သို့မဟုတ်လျှင်လည်း ဘာမှ မဟုတ်သလို အကြည့်လွဲတတ်သည်။ သို့သော် ကျိုးယီရှင်းကသာ အလွန်အမင်း ဖိအားများသွားပုံပေါ်ပြီး မသက်မသာ ဖြစ်သွားသည်။ သူမက ထိုမျှအထိ သိသာလွန်းနေသော အမူအရာမျိုး ရှိနေလေရာ သူက သတိမထားမိရန် ခက်သည်။ ကံဆိုးသည်မှာ သူမ၏ ဖုံးကွယ်နိုင်စွမ်းရည်က ဆိုးရွားလွန်းသည်။ ထို့ကြောင့် ချက်ချင်းဆိုသလို သတိထားမိသွားသည်။

“ကြည့် ဟိုဖက်က မီးခိုးရောင်ဝတ်ထားတဲ့ ဆံပင်ရှည်နဲ့တစ်ယောက်လေ”

ရှုရှင်းကလည်း လှမ်းကြည့်သည်။ သူမကလည်း မတရားစွပ်စွဲခံရသလို ခံစားနေရသည်။ အနိုင်ကျင့်ခံရသော မူကြိုကလေးလေးက ဆရာမကို တိုင်နေသည်နှင့် တူသည်။

“အင်း ငါသိပြီ ငါ့ရဲ့ ရှင်းပေါင်က မှားယွင်းခံရတာပဲ။ သူမမှာသာ တကယ်ကို မကောင်းတဲ့ရည်ရွယ်ချက် ရှိနေရင် နောက်ပိုင်း ဝရုန်းသုန်းကားဖြစ်လာတဲ့အခါ လာပြီး လှုပ်ရှားလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် တာဝန်လုပ်နေရင်း လူသေတာက ပုံမှန်ပဲလေ”

194 02

ရှင်းပေါင်က အထွန့်တက်နေချိန်တွင် ချစ်စရာကောင်းသော ပုံစံမျိုးပြသနေသောအခါ ယန်မော့က ချက်ချင်းဆိုသလိုပွေ့ဖက်လိုက်ပြီး ခေါင်းအား နမ်းရှိုက်ချင်သွားသည်။ သို့သော် ယခုမူ မလုပ်နိုင်သေးပေ။

ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက် စတင်ကာ ထွက်ခွာကြပြန်သည်။ ဒီတစ်ကြိမ်တွင် အသင်းက ယခင်က လူစုကွဲမနေတော့ဘဲ စုစုစည်းစည်း ဖြစ်သွားသည်။ မီးစွမ်းအားရှင်များက အပြင်ဘက်ခြမ်းတွင် နေကြသည်။ မီးစွမ်းအားရှင် တစ်ယောက်ဖြစ်သော ပုရှန်းဝမ်က သဘာဝကျကျပင် စီစဉ်ပေးခြင်းခံရသည်။ အခြားသော သူများကလည်း သူတို့အသင်းမှ မီးစွမ်းအားပညာရှင်များ၏ အနားတွင် သတိကပ်နေကြသည်။

မည်သို့ပင် ဆိုစေ လူ့သဘာဝအရ ကိုယ့်အသင်းဖော်ကိုသာ ယုံကြည်ကြလေသည်။

အားလုံးက ပြင်းပြင်းထန်ထန် ကြိုးစားကြပြီး အမြန်ဆုံးသွားကြသည်။ နဂိုခန့်မှန်းထားသော သုံးနာရီမှ နှစ်နာရီခွဲတည်းနှင့် ရောက်သွားသည်။

သူတို့က လက်နက်တိုက်နားသို့ ရောက်သွားသည့်တိုင် မမျှော်လင့်ထားသည့်အခြေအနေများ မဖြစ်လာသည့်အတွက် အားလုံးက စိတ်အေးသွားကြသည်။ ယန်ရင်ယီတို့ကလည်း ထိုလက်နက်တိုက်တံခါးနားတွင် စုစည်းပြီး တံခါးဖွင့်ရန် ကြိုးစားသည်။ အခြားသော သူများက အနားတွင် ခွဲနေကြပြီး အင်အားဖြည့်နေကြသည်။

တောင်ပေါ်သို့ နာရီပေါင်းများစွာ အနားမယူဘဲ တက်လာခဲ့ပြီးနောက် အားလုံးကလည်း စတင်ကာ မောပန်းနေကြသည်။ သူတို့က အနားယူနိုင်ပြီဟု ပြောသောအခါ မြေပြင်က အေးသည် ပူသည်ကိုပင် ဂရုမစိုက်တော့ဘဲ ထိုင်ချကာ စတင်ကာ လှုပ်ရှားကြသည်။

ရှုရှင်းက နေရာလပ် နယ်မြေစွမ်းအားရှိကြောင်း စာရင်းသွင်းထားခြင်း ဖြစ်သည်။ ထို့ကြောင့် နေရာလပ် နယ်မြေထဲမှ ရွက်ဖျင်တဲကို ထုတ်လိုက်ပြီး အသင်းဖော်များနှင့်အတူ အတွင်းထဲသို့ ဝင်သွားကာ အားလုံး၏ အကြည့်ကို ကာလိုက်သည်။ သူတို့က အထဲသို့ ဝင်သွားသည်နှင့် ရှုရှင်းက ယန်မော့၏ကိုယ်ပေါ်ကို မကျော့ရှင်းသော ပုံစံမျိုးနှင့် မှီလိုက်ပြီး နေရာလပ် နယ်မြေထဲမှ ပစ္စည်းများကို ဆက်တိုက်ဆိုသလို ထုတ်သည်။

ထို့အပြင် ပူပူနွေးနွေး ဂျင်းရေနွေးကြမ်း တစ်အိုးကို ထုတ်လိုက်ကာ အားလုံးကို တစ်ခွက်စီ တိုက်သည်။ ထို့နောက် အားလုံးဝတ်လာသော အဝတ်အစားများနှင့် ပုံစံတူသော အဝတ်အစား အသစ်များကိုထုတ်၍ ဘေးဘက်တွင် ချထားပေးသည်။ ယခုအေးမြသော ရာသီဥတု၏အပူချိန်က တော်တော်လေးကို အေးနေပြီ ဖြစ်သည်။ တောင်ပေါ်သို့ နာရီပေါင်းများစွာ တက်လာပြီးသည့်တိုင်အောင် သူတို့၏ အတွင်းထဲတွင် ချွေးများ ရွှဲနေလောက်သည်။

လှုပ်ရှားသည့်အချိန်တွင် သတိထားမိမည် မဟုတ်ပေ။ သို့သော် အနားယူပြီးသည်နှင့် ထိုချွေးများက စိုရွဲလာမည် ဖြစ်သည်။ ထိုချွေးများက ပြန်ပြီး အအေးပတ်နိုင်သေး၏။ ထို့ကြောင့် အဝတ်အစား လဲသင့်သည်။

သူတို့က စားသောက်ပြီး အဝတ်အစားလဲပြီးနောက်တွင် အတွင်းထဲမှ လုပ်ဆောင်သွားရာ မည်သူကမှ သတိမထားမိကြပေ။

ဘာပဲဖြစ်ဖြစ် သူများတွေလိုမျိုး အေးစက်တဲ့ မြေပြင်မှာ မထိုင်နိုင်ဘူးလေ။ သူ့ရဲ့ ဖင်ကိုတော့ သနားရမယ်။

ယန်မော့ : ရှင်းပေါင် မှန်တယ်

အခြားသော သူများ : …

******

All Chapters