← Chapters

အခန်း ၁၉၅

Vol. 20 Ch. 195

အခန်း ၁၉၅

Vol. 20 Ch. 195

195 01

အပိုင်း (၁၉၅) အနက်ရောင်လက်

အဝတ်အစားလဲကာ စားသောက်ပြီးနောက် အခြေစိုက်စခန်းထဲမှ သူများကလည်း လက်နက်တိုက်၏ တံခါးကို မဖွင့်နိုင်ကြသေးပေ။ ထို့ကြောင့် သူတို့ကလည်း ရွက်ဖျင်တဲတွင်သာ နေပြီး အနားယူနေကြသည်။

ရွှက်ဖျင်တဲက နှစ်ကန့်ပါသည်။ ယန်မော့နှင့် ရှုရှင်းတို့က အတွင်းဘက်အကန့်တွင် နေပြီး ကျန်သော သူများက အပြင်ဘက် အကန့်တွင် နေသည်။

ယန်မော့က ရှုူရှင်း၏ ကျောပေါ်သို့ လက်ကို ပုတ်လိုက်ပြီး အိပ်ပျော်အောင် အသာပုတ်ကာ ချော့ပေးသည်။ သူ၏ မျက်လုံးကလည်းနူးညံ့မှုများ ပြည့်နှက်နေသည်။

သူက မိနစ်လေးဆယ်ခန့်နီးပါး ငိုက်မြည်းနေသည်။ ထို့နောက် ပွင့်သွားပြီ ပွင့်သွားပြီ ဆိုသော အသံကို ကြားရသည်။ ယန်မော့က မျက်လုံးကို ချက်ချင်း ဖွင့်လိုက်သည်။ ယခုလေးတင် အိပ်ယာနိုးကာစဖြစ်သော်လည်း မျက်လုံးထဲတွင် စိတ်ထွေပြားမှုများ ရှိမနေပေ။ သူ၏ မျက်လုံးက အလွန်ရှင်းလင်းနေသည်။

“ရှင်းပေါင် ရှင်းပေါင် ထတော့”

ရင်ခွင်ထဲတွင် အိပ်ပျော်နေသော ရှင်းပေါင်ကိုတစ်ချက် ငုံ့ကြည့်ပြီးနောက် မနေနိုင်ဘဲ သူမ၏ ဖြားယောင်းသော အနီရောင် နှုတ်ခမ်းပါး တစ်စုံကို အသာနမ်းလိုက်ပြီး ခပ်တိုးတိုး နှိုးလိုက်သည်။

“ဟင်”

သူ၏ရင်ခွင်ထဲမှ ရှင်းပေါင်က မျက်လုံးကို ပွတ်ပြီး ငေးငိုင်ကာ မေးသည်။

“လက်နက်တိုက်ရဲ့ တံခါးက ပွင့်သွားပြီလား”

“အင်း ပွင့်လောက်ပြီ။ အပြင်က အသံကြားတယ်။ ထွက်ပြီးကြည့်ရအောင်”

“အင်း”

ယန်မော့က အရင်ထသည်။ သူသည် လက်ကို ဆန့်ထုတ်ကာ ရှုရှင်းကို ထူပေးသည်။ ထို့နောက် သူမကို မာဖလာဖြင့် ပတ်ပေးပြီးမှသာ အပြင်ဘက်သို့ ခေါ်ထုတ်သည်။

မူချီမိုင်တို့ကလည်း အပြင်ဘက်သို့ စောစောထွက်လာကြသည်။ ယန်မော့က ရှုရှင်းကို သူတို့၏ အနားသို့ ခေါ်သွားပေးပြီးနောက် လူအုပ်ကို ကြည့်လိုက်သည်။

“ဘာဖြစ်တာလဲ”

“ကျွတ် လက်နက်တွေ အများကြီး မြင်သော အားလုံးက အားကျပြီးလိုချင်နေကြတာလေ”

ပုရှန်းဝမ်က နှာခေါင်းရှုံ့လိုက်ပြီး‌ ခေါင်းခါသည်။

သူတို့တွင် လက်နက်ပူ မရှားပေ။ ထို့ကြောင့် အပျော်ဝင်မပါချင်ကြပေ။

ထိုနေရာတွင် အရေးပေါ် ဖြစ်နေသည်နှင့် တူသည်။ ရှုရှင်းက ရွှက်ဖျင်တဲကို ခေါက်ကာ သိမ်းလိုက်ပြီး နေရာလပ်နယ်မြေထဲမှ ထိုင်ခုံအသေးငါးလုံးကို ထုတ်လိုက်ကာ တစ်ယောက်တစ်လုံးစီ ပေးသည်။ ထို့နောက် ချောကလက်ချောင်းလည်း တစ်ယောက်တစ်ချောင်းစီ ပေးလိုက်ပြီး ခပ်အေးအေးပွဲထိုင်ကြည့်နေလိုက်သည်။

ထိုမျှများပြားသောလက်နက်များကို မြင်သောအခါ အချို့သောသူများက မနာလိုဖြစ်သွားကြပြီး လောဘကို ဖုံးကွယ်ရန် ခက်သွားသည်။

လက်နက်တိုက်၏ တံခါးက မဖွင့်ခင်မှာတင် ယန်ယင်ရီက သူ့လက်ထောက်ကို လွှတ်ကာ အသီးသီးသော ခေါင်းဆောင်များကို ရှာပြီး အသင်းအတွက် လက်နက်အနည်းငယ်ကို ဆုလာဘ်အဖြစ် ပေးမည် ဖြစ်ကြောင်း ပြောထားပြီးသားဖြစ်သည်။

195 02

တစ်သင်းချင်းစီမှ မဟာမိတ်ကို ကြိုတင်ကာ ဖြတ်တောက်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် အခြားသော သူများက မည်မျှပင် ဆန္ဒမရှိနေစေကာမူ တစ်ခဏခန့် ပြဿနာရှာပြီးသည်နှင့် သက်ရောက်မှု မဖြစ်လာတော့ပေ။

လမ်းကြုံ အခြားသော သဘာဝလွန်အသင်းများ၏ ထောင်လွှားမှုကိုလည်း ဖျက်ဆီးနိုင်သေးသည်။

တစ်ယောက်နှင့်တစ်ယောက် ပြင်းထန်စွာငြင်းခုံနေကြချိန်တွင် အမှောင်ထုထဲမှ ပုန်းကွယ်နေသော အန္တရာယ်က တဖြည်းဖြည်းချင်းကပ်လာသည်။ သေးငယ်သော အသံလေးကလည်း ထွက်လာသည်။ သို့သော် မည်သူမှ သတိမထားမိကြပေ။ ယန်မော့နှင့် မူချီမိုင်တို့က အနားတွင် ထိုင်ကာ ပွဲကြည့်နေခြင်းဖြစ်သည်။ သူတို့နားက ချက်ချင်းလှုပ်သွားပြီး အခြားသော သူများအာလုံးကို သုံးမီတာခန့်အထိ ကပ်သွားစေသည်။

နောက်တစ်ခဏတွင် သူတို့ နဂိုထိုင်နေသော နေရာအောက်မှ ကြီးမားသော ဆူးချွန်နွယ်ပင်ကြီးက ဝုန်းကနဲထွက်လာသည်။

“အား…”

ရုတ်တရက် အပြောင်းအလဲက လူအုပ်ကို လန့်သွားစေသည်။

ကြီးမားသော နွယ်ပင်ကြီး ပေါ်ထွက်လာခဲ့ခြင်းက အားလုံးကို ခလုတ်တစ်ခု ဖွင့်လိုက်သကဲ့သို့ ဖြစ်သွားပြီး တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်ကာ ငြိမ်းချမ်းမှုက ပျက်ဆီးသွားစေသည်။

ထိုလက်နက်တိုက်၏ ပတ်ဝင်းကျင်တွင် မျိုးရိုးဗီဇ ပြောင်းလဲသွားသော တိရစ္ဆာန်နှင့် အပင်ပေါင်းများစွာက ခုန်ထွက်လာကြပြီး သူတို့၏ပိုင်နက်နယ်မြေထဲကို ကျူးကျော်လာသော လူများကို ဝိုင်းကြည့်ကြသည်။

မည်သို့ပင်ဆိုစေ သူတို့အားလုံးက တာဝန်ပေါင်းများစွာကို လုပ်ဆောင်ခဲ့ဖူးသော စိတ်စွမ်းအားပညာရှင်များဖြစ်သည်။ အစောပိုင်း ထိတ်လန့်ကြောက်ရွံ့မှု ပြီးသွားသည်နှင့်အားလုံးက တဖြည်းဖြည်း စိတ်ပြန်ငြိမ်သွားကာ အသီးသီးသော စွမ်းအားများကို ထုတ်လွှတ်၍ လက်နက်များကို ကိုင်စွဲကာ တိုက်ခိုက်ရန် အသင့်ပြင်ထားကြသည်။

ထို့နောက် ပို၍များပြားသော တိရစ္ဆာန်များ အပင်များက ပေါ်လာသည်။ မှေးမှိန်သော အလင်းရောင်အောက်တွင် မျိုးရိုးဗီဇ ပြောင်းလဲထားသော တိရစ္ဆာန်များ၏ မျက်လုံးများက လင်းလက်နေသည်။ စွမ်းအားရှင်အသင်းမှ လူတိုင်း၏ သွေးကြောများကလည်း တောင့်တင်းလာကြသည်။

ခရက်…

မည်သည့် နေရာက သစ်ကိုင်းခြောက်နင်းသံက ထွက်လာမှန်းမသိလိုက်ပေ။ သို့သော် သေးငယ်သော အသံက အချက်ပြလိုက်သကဲ့သို့ ဖြစ်သွားသည်။ မျက်တောင်တစ်ခတ်အချိန်အတွင်းတွင် နှစ်ဖက်လုံးက စတင်ကာ တိုက်ခိုက်ကြသည်။

ယန်မော့က ရှုရှင်းက လုံခြုံသော ထောင့်တစ်နေရာသို့‌ ခေါ်သွားပြီး ကျောဖက်တွင် ထားထားကာ သူမ၏ အရှေ့ဖက်မှ ပိတ်ထားပြီး အခြားသော တိရစ္ဆာန်များနှင့် အပင်များကို တိုက်ခိုက်နေသည်။ ပုရှန်းဝမ်နှင့်မူချီမိုင်တို့ကလည်း အနားတွင် ကပ်ကာ တိုက်ခိုက်ကြသည်။

အပေါ်ယံတွင် နေရာလပ် စွမ်းအားပိုင်ဆိုင်သည်ဟုသာ ပြောထားသော ရှုရှင်း : …

ကောင်းပြီလေ လက်နက်ပဲထုတ်လိုက်ရုံပေါ့ ဟွန့် ငါ့ကို တစ်ချက်ထိရင် တစ်ကောင်ပဲ

တိုက်ပွဲနယ်မြေက ဝရုန်းသုန်းကား ဖြစ်ပွားနေသည်။ ရှုရှင်းကလည်း အခြားသော သူများ သတိမထားမိသည့်အခြေအနေကို အခွင့်ကောင်းယူခြင်းအားဖြင့် သူမ၏ သဘာဝလွန်စွမ်းအား အနည်းငယ်ကို ထုတ်ကာ ယန်မော့တို့ အဖွဲ့ဝင်များကို အားဖြည့်ပေးလိုက်သည်။ သူမ၏ ပထမစွမ်းရည် အကာအကွယ်စက်ကွင်းကလည်း ဇွန်ဘီများနှင့် အလုပ်လုပ်သည်ဖြစ်သည်။ ယခုအခါ အသုံးမဝင်ပါပေ။

195 03

တာ့ပိုင်တို့ကလည်း ထုတ်ရန်မသင့်တော်သေးပေ။ အခြားတစ်ဖက်တွင် လက်ရှိအနေအထားမျိုးအရ အထူးစွမ်းရည်ရှိသော သူများကိုလည်း ထိခိုက်စေနိုင်သေးသည်။

အခြားတစ်ဖက်တွင်လည်း ယန်မော့က တောင်ပေါ်သို့ မတက်ခင်ကတည်းက အခြားသော သူများနှင့် ဆွေးနွေးထားပြီးသားဖြစ်သည်။ တာ့ပိုင်တို့ကို သူမ၏ နေရာလပ်နယ်မြေအတွင်းတွင် ထားထားသည်။ မမျှော်လင့်ထားသော အခြေအနေ ဖြစ်လာခဲ့လျှင် ချက်ချင်းထုတ်ကာ သူမကို ကာကွယ်ပေးပေလိမ့်မည်။

အသင်း၏ အနောက်ဖက်နားတွင် ရပ်နေသော ကျိုးယီရှင်းကလည်း သူ၏ ဂွင်ရောက်လာပြီဟု သိလိုက်သည်။ ဘေးဘီကိုကြည့်လိုက်ပြီး အားလုံး၏ အာရုံက ထိုမျိုးရိုးဗီဇ ပြောင်းလဲသွားသော တိရစ္ဆာန်နှင့် အပင်များကိုသာ တိုက်ခိုက်ရင်း အာရုံများနေကြသည်။ ထို့ကြောင့် သူမက ခိုးကြောင်ခိုးဝှက်လှုပ်ရှားရင်း ရှုရှင်း၏ အသင်းနားသို့ ကပ်သွားသည်။

သူမကမူ သူမ၏ လှုပ်ရှားမှုကို မည်သူကမှ သတိမထားမိဟု ထင်လိုက်သည်။ သို့သော် ရှုရှင်း၏ အထွန့်တက်မှုကြောင့် ယန်မော့ကလည်း ရည်ရွယ်ချက် ရှိရှိဖြင့် သူ၏ စိတ်စွမ်းအားကို တစ်မျှင်ကို ချန်ထားပြီးသားဖြစ်သည်။ ထို့ကြောင့် သူမ၏ လှုပ်ရှားမှုတိုင်းကို သိရှိနိုင်ရန် ဖြစ်သည်။ သူမက ပုံမှန်မဟုတ်သည့် လှုပ်ရှားမှုကို လုပ်သည်နှင့် သူက တန်းသိနိုင်သည်။

ယန်မော့ကလည်း အသံတစ်ချက်ပင် မထွက်စေဘဲ တည်နေရာကို ပြောင်းလိုက်ပြီး ရှုရှင်း၏ အနားသို့ ကပ်သွားသည်။

သူမက ရှုရှင်း၏ အနောက်ဖက်သို့ တဖြည်းဖြည်းချင်းစီ ကပ်သွားချိန်တွင် ကျိုးယီရှင်း၏ မျက်လုံးထဲတွင် ရက်စက်သော အလင်းကလက်သွားသည်။ ထို့နောက် နံဘေးနားရှိ အလွတ်နေရာကို ရှာတွေ့လိုက်သည်နှင့် လက်ကို ဆန့်ထုတ်လိုက်သည်။

“အား….ကယ်…ကယ်…ကယ်ကြပါ”

ရှုရှင်းကလည်း ယန်မော့က သူမကို ရုတ်တရပ် ရင်ခွင့်ထဲ ဆွဲသွင်းလာသောအခါ ရုတ်တရက် ကြောင်သွားသည်။ ထို့နောက် သူမ၏ အနောက်ဖက်မှ ကျိုးယီရှင်းကို မြင်သောအခါ ချက်ချင်းဆိုသလို နားလည်သွားသည်။

ဘေးဘက်မှ နေရာအလွတ်နားသို့ ဆူးချွန်ကြီးတစ်ခုက ဆွဲခေါ်သွားခံလိုက်ရသည်နှင့်ကျိုးယီရှင်းကလည်း သူမ ကျရှုံးသွားမှန်း သိလိုက်သည်။ သို့သော် မည်သို့ ကျရှုံးသွားမှန်း နားမလည်လိုက်ပေ။

ဘယ်လိုရှာတွေ့သွားတာလဲ

ကံဆိုးသည်မှာ သူမ၏ မေးခွန်းကို မည်သူကမှ မဖြေတော့ပေ။ သူမတွင် အခွင့်အရေးပင် မရှိတော့ပါပေ။ သူမက သေစေနိုင်သော အခိုက်တန့်တွင်ပင် ပြင်းထန်သော မုန်းတီးမှုကို ခံစားနေရသေးသည်။

“ရှင်းပေါင် အဆင်ပြေရဲ့လား”

ရင်ခွင်ထဲမှ လူကို လွှတ်ပေးပြီးသည်နှင့် ယန်မော့က သူမ၏ နေရာ အစိတ်အပိုင်းများကို သေချာ စစ်ဆေးကြည့်သည်။

သူဟာ တစ်ဖက်သူက ရှင်းပေါင်ကို မထိခင် ရင်ခွင်ထဲ ဆွဲသွင်းလိုက်ကြောင်း သိနေသေးသည့်တိုင်အောင် သူ၏ နှလုံးသားက မသက်မသာဖြစ်နေသေးသည်။

“အင်း အဆင်ပြေပါတယ်။ ငါ ဘာမှတောင် မသိလိုက်သေးခင် နင့်ရင်ခွင်ထဲကို ရောက်နေပြီလေ။ ဘာက ဖြစ်ရမှာလဲ”

ရှုရှင်းကလည်း ခေါင်းကို အသာခါပြီး တစ်ဖက်သူကို နှစ်သိမ့်ပေးသည်။

“အင်း လိမ္မာတယ် ငါ့အနောက်မှာ ပုန်းနေ”

တစ်ဖက်သူက အမှန်တကယ် အဆင်ပြေကြောင်း သေချာစေပြီးနောက်တွင် ယန်မော့က စိတ်အေးသွားသည်။ ထို့နောက် နောက်ထပ်တစ်ကြိမ် ထပ်ပြီး သတိပေးလိုက်ရင်း ဆက်ပြီး တိုက်ခိုက်သည်။ ထိုအချိန်တွင် မျက်နှာချင်းဆိုင် ဘောင်အမြင့်ပိုင်းတွင် ရပ်နေသာ ပုံရိပ်တစ်ခု ရှိနေသည်။

“ခံစားမိလား”

“အင်း”

“သွား အဲဒီလူကို လုံလုံခြုံခြုံ ပြန်ခေါ်လာခဲ့”

အမိန့်ကို ရသည်နှင့် သူ၏အနားတွင် ရပ်နေသော ပုံရိပ်တစ်ခုက တောထဲသို့ ခုန်ချကာ ပျောက်သွားသည်။

******

All Chapters