အခန်း ၁၉၈
Vol. 20 Ch. 198
198 01
အပိုင်း (၁၉၈)
“လမ်းဖယ်”
လူအုပ်ထဲမှ တစ်ယောက်က လှမ်းအော်သည်။ သေရေးရှင်ရေး အခြေအနေမျိုးတွင် အားလုံးက ခပ်မြန်မြန် တုန့်ပြန်ကြသည်။ အသံထွက်လာပြီး တစ်စက္ကန့်အတွင်းတွင်ပင် အသံကြားပြီး တုန်ပြန်သော သူတိုင်းကလည်း အမြန်ဆုံးသော အရှိန်နှုန်းဖြင့် ဘေးဘက်သို့ ပြေးကြသည်။
“ရှောင်ပိုင်”
ထိုအခိုက်အတန့်တွင်ပင် ရှောင်ပိုင်နှင့် ကျွိမ်းဖုန်းတို့ကို နေရာလပ်နယ်မြေထဲမှ ထုတ်လိုက်သည်။ ရှောင်ပိုင်နှင့် ကျွိမ်းဖုန်းတို့က သားရဲလေးကောင်ထဲတွင် အမြန်ဆုံးဖြစ်သည်။ ကျွိမ်ဖုန်းက လေအခြေပြု စွမ်းအားကို ပိုင်ဆိုင်ထားပြီး ရှောင်ပိုင်ကမူ အတောင်ပံရှိသည်။
ရှောင်ပိုင်က ယန်မော့နှင့် ရှုရှင်းတို့ကို ကောင်းကင်ပေါ်သို့ တိုက်ရိုက်ပျံတက်ရန် ခေါ်သွားပေးပြီး ကျွိမ်းဖုန်းကမူ အခြားသော သုံးယောက်ကို တောက်လျှောက်ခေါ်၍ နှစ်မီတာခန့်အကွာသို့ ချက်ချင်းရွေ့ပစ်လိုက်သည်။ ထိုသို့ဖြင့် အနက်ရောင် ဇွန်ဘီ၏ တိုက်ကွက်မှ လွှတ်သွားသည်။
အနက်ရောင်ဇွန်ဘီမှ လွှတ်လိုက်သော စွမ်းအင်လုံးက တောင်နံရံကို ရိုက်မိသွားသောအခါ ကျောက်စရစ်ခဲများဖုန်များကို ချက်ချင်း ပြုတ်ကျလာစေသည်။ မြေပြင်ကိုပင် လှုပ်ခါသွားစေသေး၏။ ထို့ကြောင့် ထိုအကွက်ကိုသာ မရှောင်ခဲ့ပါက မည်မျှအထိ ထိခိုက်သွားနိုင်ကြောင်းသိနိုင်သည်။
ကျောင်းသားများ ပြိုကျလာခြင်းက ဖုန်ပေါင်းများစွာ မြောက်တက်လာစေပြီး လူတိုင်း၏ မြင်ကွင်းကို ပိတ်လိုက်သည်။
“ရှောင်ပိုင် ကျွိမ်ဖုန်းဆီသွား”
ယန်မော့က ရှုရှင်းကို လက်တစ်ဖက်ဖြင့် ဖက်ထားရင်း အောက်ဖက်မှ ရှောင်ပိုင်၏ ကျောကို အသာပုတ်သည်။
သူတို့က ပြန်လည် စုစည်းသွားပြီးသည်နှင့် အမြင်အာရုံကာထားသည့် အခြေအနေကို အခွင့်ကောင်းယူခြင်းအားဖြင့် သူမ၏အထူးစွမ်းရည်ကို သုံးကာ လေးယောက်လုံးကို ခပ်မြန်မြန် ကုစားပေးလိုက်သည်။
လူလေးယောက်လုံး၏ ဒဏ်ရာများက သိသိသာသာ သက်သာလာသည်။
အခြားသောသူများက အနက်ရောင်ဝတ်စုံနှင့် ဇွန်ဘီ တိုက်ကွက်ကို ရှောင်ရှားနေကြသော်လည်း ပြုတ်ကျလာသောကျောက်သားများကို အပြည့်အဝ မရှောင်ရှားနိုင်ပေ။ ထို့ကြောင့်အားလုံးက ဒဏ်ရာအသီးသီး ဖြစ်သွားကြသည်။ နဂိုက ပတ်တီးစည်းထားသော ဒဏ်ရာများကလည်း သွေးပြန်ထွက်လာသည်။
လူသားက ဇွန်ဘီများ ဖြစ်လာသောအခါ သူတို့၏ အာရုံခံစားနိုင်စွမ်းရည်က နည်းပါးသွားသည်။ သို့သော် သူ၏အရသာကိုမူ အတော်လေး အထိမခံဖြစ်သည်။ လတ်ဆတ်သော သွေးနှင့် အသားရနံ့က နေရာတိုင်းတွင် ပျံ့နှံ့နေသည်။ မွှေးပျံ့သော ရနံ့ကလည်းဇွန်ဘီများ၏ အာရုံကို သေအောက်အောင် ဆွဲဆောင်နိုင်သည်။ အနက်ရောင်ဝတ်စုံနှင့် ဇွန်ဘီကလည်း ချွင်းချက် မရှိပါပေ။
သူဟာ အဆင့်မြင့် ဇွန်ဘီဖြစ်နေသော်လည်း သူ၏ အာရုံခံစားနိုင်စွမ်းရည်က အပြည့်အဝ မရသေးပေ။ သူ၏ အမြင်အာရုံက အနှေးကွေးဆုံး ပြန်လည်ရရှိခြင်း ဖြစ်သည်။ ထို့ကြောင့် သူ၏မျက်လုံးက ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။ သို့သော် သွေး၏ ရနံ့ကမူ နှာခေါင်းနားတွင် ရစ်ဝဲနေသည်။ အနက်ရောင်ဝတ်စုံနှင့်ဇွန်ဘီကလည်း သွေးရနံ့ကြောင့် စိတ်လွတ်သွားသည်။ ထို့ကြောင့် နဂိုမူလ တာဝန်ကိုပင် မေ့သွားပြီး ရှိနေသမျှ လူတိုင်းကို ခွဲခြားဆက်ဆံခြင်း မရှိဘဲ တိုက်ခိုက်တော့သည်။
“မြန်မြန် မြန်မြန် အခုမြန်မြန် စုပ်ယူလိုက် အမြန်ဆုံး သက်သာအောင်လုပ်”
ရှုရှင်းကလည်း နေရာလပ် နယ်မြေထဲမှ အလယ်အလတ် အရွယ်အစားခန့်ရှိသော အဝတ်အိတ်ကို ထုတ်လိုက်သည်။ အတွင်းတွင် ဇွန်ဘီအမြူအတေများ ပြည့်နှက်နေသည်။ လူတိုင်းကလည်း ချက်ချင်း အပြေးအလွှားယူကြသည်။
ထိုဇွန်ဘီအမြူအတေများက စွမ်းအားရှင်များကို အဆင့်တက်နိုင်အောင် ကူညီပေးနိုင်ရုံသာ မကသေးလေဘဲ သူတို့၏ စိတ်စွမ်းအားများကိုလည်း ပြန်လည် ဖြည့်တင်းရန် ကူညီပေးနိုင်သေးသည်။ ထိုအတွက်ကြောင့် အခြေအနေရှိသော အထူးစွမ်းအားရှင်များသည်လည်း ဇွန်ဘီအမြူအတေများကို သိုလှောင်ထားတတ်သည်။ အရေးအပေါ် အခြေအနေမျိုးတွင် ထုတ်သုံးနိုင်မည်ဖြစ်သည်။
198 02
ရှုရှင်း သဘာဝလွန်အားက သန့်စင်ပြီးထားသော ဇွန်ဘီ အမြူအတေများသည် မသန့်စင်ထားသော ဇွန်ဘီအမြူအတေများထက် ပိုပြီး သက်ရောက်မှုကြီးသည်။ ထို့ကြောင့် ခန္ဓာကိုယ်ကို အားပြန်ဖြည့်နိုင်စွမ်းရည်ကလည်း ပို၍ပင် မြန်ဆန်သေးသည်။
တာ့ပိုင်နှင့် တာ့ယွင်တို့ကိုလည်း နေရာလပ်နယ်မြေထဲမှ ထုတ်လိုက်သည်။ တာ့ပိုင်နှင့်တာ့ယွင်တို့က ပေါ်လာသည်နှင့် အနက်ရောင်ဝတ်စုံနှင့် ဇွန်ဘီအပေါ် ရွံရှာမှု ကြောက်ရွံ့မှုက သိသာထင်ရှားလွန်းလေရာ ယန်မော့နှင့် ပုယွမ်ကျိုးတို့ကပင် အာရုံစိုက်သွားသည်။
ထူးဆန်းလိုက်တာ
တာ့ပိုင်နဲ့ တာ့ယွင်တို့က အခြားသော ဇွန်ဘီများကို ရင်ဆိုင်တိုက်ခိုက်ချိန်တွင် ထိုကဲ့သို့ မတုန့်ပြန်ဖူးသေးချေ။ ရှောင်ပိုင်နှင့်ကျွိမ်ဖုန်းတို့က ထွက်လာပြီးနောက် အနက်ရောင်ဝတ်စုံ ဇွန်ဘီအနားသို့ မကပ်သွားခဲ့ချေ။ ထို့ကြောင့် ထိုအချိန်တွင် ပုံမှန် မဟုတ်မှုကို သတိမထားမိလိုက်ပါပေ။
ပြဿနာက အနက်ရောင်ဝတ်စုံနှင့်ဇွန်ဘီ ဖြစ်သည်။ ယခုအခါ တာ့ပိုင်နှင့် တာ့ယွင်၏ အမူအရာကို ကြည့်ခြင်းအားဖြင့် ယခင်က ဆင့်ကဲပြောင်းလဲလာသောတိရစ္ဆာန်နှင့် အပင်များ ပျောက်ကွယ်သွားသည့် အခြေအနေကို ဆက်စပ်တွေးတောကြည့်နိုင်သည်။
ထိုအနက်ရောင်ဝတ်စုံဇွန်ဘီ၏အနောက်တွင် လျှို့ဝှက်ချက် ရှိနေရမည် ဖြစ်သည်။
ယန်မော့နှင့် ပုယွမ်ကျိုးတို့ကလည်း တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်သည်။ ဉာဏ်အကောင်းဆုံး လူနှစ်ယောက်ကလည်း တစ်ယောက်၏ အဓိပ္ပာယ်ကိုတစ်ယောက်က နားလည်သည်။
“ရှန်းဝမ် အနက်ရောင်ဝတ်စုံနဲ့ဇွန်ဘီကို သွားပြီး တိုက်ခိုက်ကြည့်ပါအုံး”
တစ်ခဏခန့် စဉ်းစားပြီးနောက် ယန်မော့က ပုရှန်းဝမ်ကို သွားပြီးတိုက်ခိုက်ခိုင်းသည်။ မူလကမူ သူက သွားပြီး တိုက်ခိုက်လျှင် အသင့်တော်ဆုံးဖြစ်သည်။ သို့သော် ပြိုင်ဘက်က ကြမ်းတမ်းလွန်းသည်။ သူ၏ပစ်မှတ်က ရှင်းပေါင် ဖြစ်နေသည်။ ထို့ကြောင့် သူသည် မရင်းရဲပေ။
အနက်ရောင်ဝတ်စုံနှင့် ဇွန်ဘီက အသိစိတ်လွတ်နေပုံရပြီး ရှင်းပေါင်ကို အာရုံမစိုက်တော့ပေ။
ဒါပေမဲ့ ဒါက အတုအယောင်လား သူ့မှာ အပေါင်းအဖော်ရှိလားဆိုတာကို ဘယ်သူက သိမှာလဲ။
ယန်မော့က အလောင်းအစား မလုပ်ရဲပေ။ ထို့ကြောင့်သူ၏ ရတနာကို ပျောက်ဆုံးရမည့်အ နည်းဆုံးသော ဖြစ်နိုင်ချေကိုပင် လက်မခံနိုင်ပါပေ။ သူသည် ခြေတစ်လှမ်းကိုသာ ဆုတ်ပြီး ပုရှန်းဝမ်ကဲ့သို့ အနက်ရောင်ဝတ်စုံဇွန်ဘီနှင့် အလိုက်ဖက်ဆုံးစွမ်းအားရှိသော သူကိုသာ သွားတိုက်ခိုက်ခိုင်းလိုက်သည်။
ယန်မော့နှင့်ပုယွမ်ကျိုးတို့ကလည်း အနက်ရောင်ဝတ်စုံနှင့်ဇွန်ဘီကို စောင့်ကြည့်လိုသေးသည်။
အချိန်တန်ကြာအောင် စောင့်ကြည့်ပြီးနောက် ပုံမှန်မဟုတ်သည့်အရာကို မတွေ့ရသည့်အခါ ယန်မော့က မျက်မှောင်ကြုတ်သည်။ စိတ်စွမ်းအားကို လွှတ်ကာ ပတ်ဝန်းကျင်ကို အာရုံခံကြည့်သည်။
ဒီတစ်ခေါ်တွင်မူ ပုံမှန်မဟုတ်မှုကို သိသိသာသာမြင်လိုက်ရသည်။ အနက်ရောင်ဝတ်စုံနှင့်လူထံမှ သိပ်သည်းသောအနက်ရောင် အငွေ့များက ဖြာထွက်နေသည်။ သူ၏ စိတ်စွမ်းအားက ထိုအနက်ရောင်အငွေ့ကို ထိလိုက်မိသည်နှင့် မသက်မသာဖြစ်သော အရှိန်အဝါကို ခံစားမိလိုက်သည်။ အလွန်အမင်းကို အေးစက်ကာ သွေးသံရဲရဲနိုင်ပြီး စေးကပ်နေသည်။
“ရှန်းဝမ် ပြန်လာခဲ့”
ယန်မော့က မျက်မှောင်ကို နက်ရှိုင်းစွာ ကြုတ်သည်။စိတ်စွမ်းအားကို ပြန်လည် ရုတ်သိမ်းကာ သဘောမကျ ဖြစ်သွားသည်။
ယန်မော့၏ အသံကို ကြားသည်နှင့်ပုရှန်းဝမ်ကလည်း အခွင့်ရေးတစ်ခုကို အရရှာကာ ထွက်ပြေးလာသည်။ သူ၏နောက်ဆုံးတိုက်ခိုက်မှုက ဒဏ်ရာရထားပြီးသား အနက်ရောင်ဝတ်စုံနှင့်ဇွန်ဘီကို ပို၍ပင်ဆိုးရွားသော အနေအထားသို့ ရောက်ရှိသွားစေသည်။ သူ၏ တိုက်ခိုက်နိုင်စွမ်းအားနှင့် ခုခံနိုင်စွမ်းအားကလည်း အများကြီး ထိခိုက်သွားသည်။ ထို့ကြောင့် ကျန်သော စိတ်စွမ်းအားပညာရှင်များက သူ့ကို သတ်ဖြတ်လိုက်ကြသည်။
“ဘာတွေ့ခဲ့လဲ”
******