← Chapters

အခန်း ၁၉၉

Vol. 20 Ch. 199

အခန်း ၁၉၉

Vol. 20 Ch. 199

199 01

အပိုင်း (၁၉၉) ထွက်ပြေးခြင်း

အနက်ရောင်ဝတ်စုံနှင့် ဇွန်ဘီက သေသွားပြီးနောက် အခြားသောသူများကလည်း စိတ်အေးသွားကြသည်။ တိုက်ပွဲကို ဆက်လက်တိုက်ခိုက်ပြီးနောက် အားလုံး၏ခန္ဓာကိုယ်နှင့် စိတ်အခြေအနေက အတော်လေးကို အကန့်အသတ်သို့ ရောက်နေကြပြီ ဖြစ်ပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။

“အားလုံးပဲ ငါတို့ ဒီမှာအကြာကြီး နေလို့မရဘူး။ နေရာလပ် စွမ်းအားရှိတဲ့သူတွေက လက်နက်တိုက်ထဲဝင်ပြီး ပစ္စည်းတွေကိုသိမ်းလိုက်ကြ။ အခြားသူတွေကတော့ နားကြအုံး။ ငါတို့ ပစ္စည်းတွေ ယူပြီးတာနဲ့ တောင်ပေါ်ကနေ အမြန်ဆုံး ဆင်းမယ်”

အင်အားနည်းနည်း ပြန်ရသည်နှင့်ယန်ရင်ယီက အရင်ထကာ ဒဏ်ရာရနေသော လက်မောင်းကိုအုပ်ပြီး ကိစ္စများကို စီမံရသည်။ ကျန်ရစ်သော သူများကလည်း ငြင်းစရာ မရှိကြပေ။

သူတို့သည်လည်း အခြားသော ကိစ္စများကို မတွေးနိုင်တော့ပါပေ။ ထို့ကြောင့် ကံကောင်းပြီး ရှင်သန်နိုင်သည်ဟုသာ ယူဆကြသည်။

ယန်ရင်ယီက ရှုရှင်းကိုလာရှာကာ ပစ္စည်းများကို သိမ်းခိုင်းသည်။ ဒီတစ်ခေါက် နေရာလပ် စွမ်းအားရှိသော လူတစ်ယောက်ကိုလည်း ဆုံးရှုံးလိုက်ရသေးသည်။ ထို့ကြောင့် လက်နက်တိုက်ထဲတွင် ပစ္စည်းကအများကြီး ရှိနေသည်။ ကျန်ရှိနေသာ အရေအတွက်အရ အများကြီး မစုဆောင်းနိုင်လောက်ပါပေ။ လက်ရှိ ရှိသူများ၏ အဆင့်က အလယ်အလတ် ဒုတိယအဆင့်များသာ ဖြစ်သည်။ တတိယအဆင့်က နှစ်ယောက်သာ ပါသည်။ ထိုထဲမှ တစ်ယောက်က ရှုရှင်းဖြစ်သည်။

အခြေစိုက်စခန်းကလည်း ယန်မော့၏အသင်းနှင့် ပူးပေါင်းထားသော်လည်း နေရာလပ် စွမ်းအားရှိသော ရှုရှင်းကို ဒီကိစ္စတွင် ပါဝင်ရန် မစဉ်းစားထားပါပေ။ ဒါဟာ နှစ်ဖက်လုံးက လက်ခံထားသောအခြေအနေမျိုး ဖြစ်သည်။ ယန်ရင်ယီက ရွေးချယ်စရာမရှိဘဲ အကူအညီ တောင်းရခြင်းဖြစ်သည်။

“ငါ့ကို လုပ်ခိုင်းတာလား”

ရှုရှင်းက နည်းနည်း အံ့ဩသွားသည်။

“အင်း ငါတို့ ပြန်ရောက်တဲ့အခါ မင်းကို ရလဒ်အတိုင်း ဆုချီးမြင့်မှာပါ”

အခြားသူ၏ဖော်ပြရန် ခက်ခဲသော အကြည့်ကို မြင်သည့်အခါ ယန်ရင်ယီကလည်း အံကိုကြိတ်ပြီး ဆက်ပြောသည်။

ရှုရှင်းက ယန်မော့ကို ကြည့်သည်။ တစ်ဖက်သူ၏ ခေါင်းညိတ်ပြသည်။ ထို့ကြောင့် သူမသည်လည်း လက်ခံလိုက်သည်။

“ဒါပေမဲ့ ငါ ကြိုပြောထားမယ်နော် ငါက တတိယအဆင့်ပဲ‌ ရောက်သေးတာဆိုတော့ အများကြီး မသယ်နိုင်ဘူး”

“ငါ သိပါတယ် သယ်နိုင်သလောက်သာ သယ်ပေးပါ”

ယန်ရင်ယီက သက်ပြင်းချသည်။ သူသည်လည်း အဆင့်သုံးနေရာလပ် စွမ်းအားရှိသူ တစ်ယောက်ကို ထပ်ရလျှင်ပင် အားလုံးကို မသယ်သွားနိုင်မှန်း သိထားသည်။ သို့သော် ထိုသို့သာ လုပ်ရတော့ပေမည်။

အဆုံးသတ်ကာလတွင် လက်နက်က အရေးပါလွန်းသည်။ အခြေစိုက်စခန်းတစ်ခုအတွက် မရေမတွက်နိုင်သောလူပေါင်းများစွာကို ကာကွယ်ပေးထားရလေရာ ဒီလိုအခြေအနေမျိုးကို လက်လွှတ်၍ မရပေ။ လက်နက်များက နောက်တစ်ကြိမ်ဆိုလျှင် ပြန်လာယူရန် မဖြစ်နိုင်တော့လောက်ပေ။

ထို့ကြောင့် တတ်နိုင်သမျှ ပြန်ယူသွားရပေမည်။ ရှုရှင်းကလည်း သဘောတူပေးသောအခါ ယန်ရင်ယီကလည်း တစ်ဖက်သို့လှည့်ကာ အခြားသော ကိစ္စများကို သွားလုပ်သည်။ သူ၏ ဆုံးဖြတ်ချက်ကို စောင့်နေသော ကိစ္စပေါင်းများစွာ ရှိသေးသည်။

ရှုရှင်းက ခိုးပြီး အထွန့်တက်သည်။ : ယူနိုင်သလောက် ယူရမှာလား

အကုန်လုံး ယူသွားလို့ရလား။

ရှုရှင်းက ယန်မော့ကို ခေါ်ကာ ပစ္စည်းသွားသိမ်းသည်။

အခြေစိုက်စခန်းက သူများကသာ စာရင်းသွင်းရန် ကျန်ရစ်ခဲ့သည်။ ယူသွားသောအခါ စာရင်းသွင်းရသော်လည်း အခြေစိုက်စခန်းသို့ ပြန်ရောက်သောအခါ ပြန်တောင်းရန် သက်သေဟုသာ ပြောရပေမည်။

199 02

ဒီနည်းအားဖြင့် မကောင်းသော ရည်ရွယ်ချက် ရှိသူများက ခိုးဝှက်ထားနိုင်လိမ့်မည် မဟုတ်ပေ။

ရှုရှင်းကလည်း ပစ္စည်းများကို နေရာလပ် နယ်မြေထဲသို့ ထည့်ရန် အလျှင်မလိုပါပေ။ သူမက အခြားသော သူများကို တစ်ချက်ခိုးပြီး စောင့်ကြည့်လိုက်သေးသည်။ တတိယအဆင့် စာရင်းသွင်းထားသော်လည်း သူမက တတိယအဆင့် မဟုတ်ပါပေ။ ထို့ကြောင့် တတိယအဆင့်တွင် မည်မျှထည့်သွင်းနိုင်မှန်းလည်း မသိပေ။

ယန်မော့ : အဆင်ပြေတယ် ကြိုက်သလိုသာလုပ်

“ခုနှစ်ဆယ်ကနေ ကိုးဆယ်စတုရန်းမီတာ”

ယန်မော့က ခပ်တိုးတိုးပြောသည်။ ရှုရှင်းကလည်း နားလည်စွာ ခေါင်းညိတ်သည်။ ထို့နောက် နံဘေးတွင် ရပ်နေသော ကြီးကြပ်သူ တစ်ယောက်ကို သွားရှာလိုက်ပြီး ပစ္စည်းများကို ထည့်သွင်းသည်။

“နင် ဒီနံပတ်ကို မှတ်ထားနော်။ တစ်ခုပိုတာဖြစ်ဖြစ် တစ်ခုလျော့တာဖြစ်ဖြစ် ငါ လျော်ကြေးမပေးနိုင်ဘူး”

ရှုရှင်းက အရှေ့မှလူကို ပြောလိုက်သည်။ သူမ၏ လေသံက ပေါ့ပါးသည်။ သို့သော် လူများကို ကျောစိမ့်သွားစေသည်။

“ငါ…ငါ ဘယ်လိုလုပ်ရမလဲ မသိဘူး”

ကြီးကြပ်သူက တံတွေးမြိုချသည်။ သူက ဘောပင်ကို ကိုင်ထားရင်း တုန်နေသည်။

သူတို့ ထွက်သွားပြီးမှသာ သူ၏ ကျောတွင် ချွေးများ စိုရွှဲနေကြောင်း ခံစားလိုက်ရသည်။

ကျောချမ်းလိုက်တာ။

ပုံမှန်ဆိုရင် လိမ်လိမ်မာမာနဲ့ ခြိမ်းခြောက်နိုင်စွမ်းရည် မရှိဘူးလို့ ထင်ရတဲ့သူက ဒီလောက် ကြောက်စရာကောင်းတဲ့ အရှိန်အဝါရှိမယ်လို့ မထင်ထားဘူး။ လက်စသတ်တော့ မိန်းမတစ်ယောက်က ပိုလှလေလေ အန္တရာယ်များလေလေပဲ။

ဝေးဝေးနေရမယ်…

“ဘယ်လိုလဲ ဘယ်လိုလဲ ငါ အခု အရှိန်အဝါ အပြည့်နဲ့မလား”

လုံလောက်အောင် ဝေးကွာလာြပီးမှသာ သူမက နံဘေးနားရှိ ယန်မော့ကို ပြောပြသည်။ ယန်မော့က အလိုလိုက်သလို ပြုံးသည်။

“အင်း ဒါပေမဲ့ နည်းနည်းလိုသေးတယ်။ ရဲဘော်အနေနဲ့ ကြိုးစားလိုက်ပါအုံး”

ရှုရှင်းကလည်း သူမဟာ တစ်ဖက်သူ၏ဆိုလိုသည့် အဓိပ္ပါယ်ကို နားမလည်လေဘဲ သဘောတကျ ဖြစ်သွားသည်။

အနက်ရောင်ဝတ်စုံနှင့် ဇွန်ဘီ၏ ခေါင်းထဲမှ သလင်းအမြူအတေကို ယန်ရင်ယီကယူသည်။

သူတို့က လက်နက်တိုက်ထဲမှ ထွက်လာပြီးနောက် သိပ်မကြာခင်မှာတင် အနက်ရောင်ဝတ်စုံနှင့်ဇွန်ဘီ၏ အလောင်းနံဘေးနားတွင် အနက်ရောင်ဝတ်စုံနှင့် ပုံရိပ်တစ်ခုက ပေါ်လာသည်။

“ငတုံး”

သူက လက်ကို တစ်ဖက်ယမ်းလိုက်သောအခါ ထိုဇွန်ဘီ၏အလောင်းကို မီးလုံးက လွှမ်းခြုံသွားပြီး ပြာဖြစ်သွားသည်။

အလောင်းကို ကိုင်တွယ်ပြီးသည်နှင့် ပျောက်ကွယ်သွားသည်။

တောင်အောက်သို့ ဆင်းသည့်လမ်းတွင် မည်သည့် ပုံမှန်မဟုတ်မှုမှ မရှိတော့ပါပေ။ ထို့ကြောင့် အင်အားနည်းနေသော သူများကလည်း စိတ်အေးသွားကြသည်။

ယန်ယင်ယီက တောင်ခြေတွင် တစ်ညနားရန် အမိန့်ထုတ်လိုက်ပြီးနောက် နောက်တစ်ရက်တွင် ထွက်ခွာရန်ပြောလိုက်သည်။

အနားယူရန် အမိန့်ရသည်နှင့် အားလုံးကလည်း မြေပြင်ပေါ်သို့ လဲကျသွားကြသည်။ သူတို့အားလုံး ပင်ပန်းနေကြလေပြီ။

ရှုရှင်းက အခြားသူများ၏ အကြည့်ကို ဂရုမစိုက်တော့ဘဲ ရွှက်ဖျင်တဲကြီးကို ထုတ်ကာ အားလုံးကို ခေါ်သွင်းလိုက်သည်။

“မော့ကော အနက်ရောင်ဝတ်စုံနဲ့ဇွန်ဘီနဲ့ ပတ်သက်ပြီး ဘာတွေ ရှာတွေ့ခဲ့လဲ”

ပုယွမ်ကျိုးက ကုလားထိုင်အနောက်ဖက်သို့ ပျင်းတိပျင်းရွဲ့မှီလိုက်ပြီး ရုတ်တရက် ပေါ်လာသည့် အနက်ရောင်ဝတ်စုံနှင့် ဇွန်ဘီ၏အကြောင်းကို တွေးနေသည်။

“အင်း သူ့ရဲ့ကိုယ်ပေါ်မှ အဲဒီ စွမ်းအင်လှုပ်ခတ်မှုက အရမ်းကို ထူးဆန်းတယ်”

******

All Chapters