← Chapters

အခန်း ၂၀၂

Vol. 21 Ch. 202

အခန်း ၂၀၂

Vol. 21 Ch. 202

202 01

အပိုင်း ၂၀၂

အမျိုးသား လေးယောက်ထဲတွင် ယန်မော့က ဒဏ်ရာအနည်းဆုံးဖြစ်သည်။ သူက ထွက်လာသည်နှင့် ရှုရှင်း၏ ယာဉ်မောင်းသူနေရာကို အစားထိုး ဝင်ယူသည်။ သူ၏ ဒဏ်ရာကသာ သည်ထက် ပိုမဆိုးရွားခဲ့လျှင် ကားနောက်ခုံမှ လူများ၏ ဒဏ်ရာက ဆိုးရွားတော့ပေမည်။ အပြင်ဒဏ်ရာ မဟုတ်ဘဲ အတွင်းဒဏ်ရာ ဖြစ်လောက်သည်။

“အား”

ရှုရှင်းကလည်း စတီယာတိုင်ကို ကိုင်ခွင့် ပျောက်သွားသည့်အခါ သက်ပြင်းချ သည်။

သူမ တကယ်ကို နားမလည်နိုင်ဘူး၊ တကယ်ကို နားမလည်နိုင်တာ

သိသိသာသာကိုပဲ အရမ်းတော်တဲ့ ယာဉ်မောင်းပါ ဟုတ်ပြီလား။

ဘာလို့ သဘောမကျ နေကြတာလဲ။

နောက်ပိုင်း မတော်တဆမှုများကို ရှောင်ရှားရန် အလို့ငှာ မှောင်ပြီးသည်နှင့် အနားယူရန် ရွေးချယ်ကြသည်။

သူတို့ဟာ အချိန်အတန် ကြာအောင် မောင်းနှင်ပြီးနောက် ၁၁ ရက်နေ့မြောက် ညနေပိုင်းတွင် အိတ်မြို့ အခြေစိုက်စခန်း၏ ဂိတ်ပေါက်ကြီးကို မြင်လိုက်ရသည်။

“အားလုံးပဲ လမ်းခရီးမှာ အတော်လေး ပင်ပန်းခဲ့ကြတယ်၊ နေရာလပ်စွမ်းအား အသုံးပြုသူတွေက ငါတို့ အရှေ့က နေရာကျယ်အောက်မှာ ပစ္စည်းတွေ တင်ထားခဲ့လို့ ရပါတယ်၊ မင်းတို့ မထွက်ခွာခင်ကတည်းက သတ်မှတ်ထားပြီးသား ဆုလာဘ်တွေကိုလည်း ခဏနေရင် ကိုယ်တိုင်ကိုယ်ကျ လာရောက် ပို့ဆောင်ပေးမှာပါ”

အခြေစိုက် စခန်းထဲသို့ လုံခြုံစွာ ပြန်ရောက်ပြီးသည်နှင့် ယန်ရင်ယီက အတော်လေး စိတ်အေးသွားသည်။ သူ၏မျက်နှာပေါ်မှ ဆယ်ရက်လုံးလုံး ပျောက်နေခဲ့သော အပြုံးက ပြန်ပေါ်လာ၏။

ဆယ်တိုက်ဆိုသလို ခရီးသွားလာခဲ့ရသည့်အခါ ရှုရှင်း၏ခန္ဓာကိုယ်ကလည်း ခြောက်ကပ်နေသလို ခံစားရသည်။ သူမက စကားတစ်ခွန်းပင် မဆိုနိုင်တော့ဘဲ နေရာလပ် နယ်မြေထဲမှ ပစ္စည်းများကို ထုတ်ပေးလိုက်သည်။ လူအဖွဲ့က အရေအတွက်ကို စစ်နေသည်ကို စောင့်ဆိုင်းပြီးသည်နှင့် တိုက်ခန်းသို့ပင် ပြန်သွားသည်။

သူတို့ ငါးယောက်က တိုက်ခန်းထဲတွင် သုံးရက်၊လေးရက်ခန့် အောင်းနေပြီး အပြင်သို့ မထွက်တော့ပေ။

သူတို့သည် အိမ်တွင် လွန်ကဲလွန်းစွာ နေထိုင်နေခြင်းဖြစ်သည်။ ဒီအတိုင်း တိုက်ခန်းထဲတွင် ဘာမှမလုပ်ဘဲ နေထိုင်နေခဲ့ခြင်း မဟုတ်ပေ။ ကုန်လွန်ခဲ့သော ရက်အနည်းငယ် အတွင်းတွင် ယန်ချွယ်နှင့် တုရွှယ်ဖုန်းကို ရင်ဆိုင်မည့် အသေးစိတ်အစီအစဉ်ကို စဉ်းစားထားပြီးသား ဖြစ်သည်။ သူတို့သည်လည်း Hမြို့တွင် အကြာကြီးနေရန် မစီစဉ်ထားပေ။ ထို့ကြောင့် မထွက်သွားသေးခင် ဖြစ်လာနိုင်သော အလားအလာရှိသည့် ပြဿနာများကို ဖြေရှင်းသွားရန် လိုအပ်သည်။

နောက်ဆုံး ကာလများတွင် ဉာဏ်ပညာအရှိဆုံးကိစ္စက ပုန်းကွယ်နေသော ပြဿနာများကို မချန်ထားရစ်ခြင်း ဖြစ်သည်။

“မနက်ဖြန် ငါ ချီမိုင်ကို ခေါ်ပြီး ယန်ချွယ်ရဲ့နေရာကို သွားမယ်၊ မျက်နှာပြင် အနေအထားကို ခံစားကြည့်ပြီး အခြေအနေကို ကြိုတင် စဉ်းစားကြည့်မယ်၊ အခြေစိုက်စခန်းက လူတွေနဲ့ ညှိနှိုင်းတဲ့ အခါမှာလည်း ပိုတောင်းလို့ ရတာပေါ့”

“ယွမ်ကျိုးနဲ့ ရှန်းဝမ်ကတော့ သုတေသနကျောင်းကို သွားပြီး အသုံးဝင်တဲ့ အချက်အလက် ရမရ စုံစမ်းကြည့်”

ယန်မော့က နောက်ပိုင်း ကိစ္စများကို သေချာ စီစဉ်ပေးနေသည်။

အချိန်အတန် ကြာသည့်တိုင်အောင် မည်သည့် တာဝန်မှ အပေးမခံရသည့်အတွက် ရှုရှင်းက ငြိမ်ငြိမ် မထိုင်နိုင်တော့ပေ။

“နေအုံး နေအုံး နင် ငါ့အကြောင်းကို မေ့သွားတာလား၊ ဘာလို့ ငါ့ကို တာဝန် မပေးတာလဲ”

“…”

ယန်မော့က ရပ်တန့်သွား၏။

နင့်ရဲ့တာဝန်က အရမ်းအရေးကြီးတယ်၊ အိမ်မှာပဲ နေပြီး အလုပ် ကောင်းကောင်း လုပ်”

ရှုရှင်း ; ???

202 02

ငါ့နားက တစ်ခုခု မှားနေတာလား၊ ထင်ယောင်ထင်မှား ဖြစ်နေတာလား။

သူတို့က တကယ် ငါ့လို အမျိုးသမီး တစ်ယောက်ကို အိမ်မှာ နေခိုင်းတယ်။

အကြောင်း မသိတာပဲ။

မည်သို့ပင်ဆိုစေ လက်မောင်းက ပေါင်ကို မယှဉ်နိုင်ပေ။ ထို့ကြောင့် ရှုရှင်းက ယောက်ျားဖြစ်သူ၏ အကျိုးအကြောင်း မသင့်သော စီမံမှုကို လက်ခံလိုက်ရသည်။

ရှုရှင်းက အိမ်တွင် တစ်ယောက်တည်းနေပြီး ပျင်းနေသည်။ သူမ၏ မျက်လုံးက နေရာလပ်နယ်မြေ၏ ဒုတိယအထပ်တွင် လှိမ့်ပြီး ဆော့နေသော ကျားဖြူနှင့် နှင်းဝံပုလွေများထံ ရောက်သွားကာ နတ်ဆိုးလက်ကို ထုတ်လိုက်သည်။

အပြင်ဘက်တွင် တစ်နေ့လုံး အလုပ် ပင်ပန်းပြီးနောက် လူလေးယောက်က တိုက်ခန်း၏ တံခါးကို ဖွင့်လိုက်ပြီးနောက် မင်သက်သွားကြသည်။

ဘန်း

ယခုလေးတင် ဖွင့်လိုက်သော တိုက်ခန်း တံခါးက ဝုန်းခနဲ ပြန်ပိတ်သွား၏။

“ဟား ဟား ငါ တံခါး မှားဖွင့်လိုက်တာ ဖြစ်မယ်၊ ပြန်လုပ်ကြည့်မယ်”

ပုရှန်းဝမ်၏ မျက်လုံးထဲတွင် အံ့အားသင့်မှုများ ရှိနေသေးသည်။ ထို့ကြောင့် သူ့ကိုယ်သူ ဦးနှောက် ဆေးချင်သည်။

အခြားသော အနောက်ဘက်မှ လူသုံးယောက်ကလည်း အခြေအနေ သိပ်မကောင်းကြပါပေ။ ထို့ကြောင့် သူ၏ရူးကြောင်ကြောင် အပြုအမူကို အနည်းနှင့်အများ လက်ခံပေးလိုက်သည်။

သူတို့ကပင် ကိုယ့်ကိုယ်ကို စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသေးသည်။ တံခါးက အတွင်းဘက်မှ ဆွဲ၍ ပွင့်သွားသည်။ ထို့နောက် သူတို့၏ အရှေ့တွင် အမျိုးမျိုးသော အလင်းများက လက်သွားသော မြင်ကွင်းကို မြင်လိုက်ရသည်။

အတုအယောင်

“ဒါ အတုအယောင်ဖြစ်မယ်”

“နင်တို့ ပြန်လာပြီလား၊ ဘာလို့ အရူးလို ရပ်နေတာလဲ၊ ဝင်လာပြီး ကူညီလေ”

“အာ ဝူး”

“အား”

ရင်းနှီးကျွမ်းဝင်သောအသံက သူတို့၏ မစစ်မှန်သော စိတ်ကူးယဉ် အိပ်မက်များကို ကွဲကြေသွားစေသည်။ သူတို့သည်လည်း အမှန်တရားကို လက်သင့်ခံသော အတွေးများဖြင့် ဝင်သွား၏။

******

All Chapters