← Chapters

အခန်း ၂၀၅

Vol. 21 Ch. 205

အခန်း ၂၀၅

Vol. 21 Ch. 205

205 01

အပိုင်း ၂၀၅

တုရွှယ်ဖုန်းက ခေါင်းပိုကိုက်လာ၏။ မေးခွန်းများ ထပ်မေးရန် မလိုအပ်တော့ပေ။ ယန်ချွယ်၏ အပြစ်မကင်း ဖြစ်နေသော အမူအရာကို ကြည့်ရုံနှင့်ပင် သူသည် ဘာကိုမှ နားမလည်သေးကြောင်း သိနိုင်၏။

သူ အဲဒီအချိန်က ဘာလို့ ဒီအကောင်နဲ့ အလုပ်တွဲလုပ်ဖို့ သဘောတူခဲ့တာလဲ။

ဦးနှောက်ကို မြည်း အကန်ခံရတာလား။

“ကောင်းပြီ ကောင်းပြီ အပြင်ဘက်က သတင်းတွေကို မင်း ဘာလို့ အာရုံမစိုက်လဲဆိုတာကို ငါ မမေးတော့ဘူး၊ ငါတို့ အခု အရေးကြီးဆုံး လုပ်ရမယ့် ကိစ္စက အခြေစိုက်စခန်းက ရုတ်တရက် လှုပ်ရှားလာတဲ့ အရင်းအမြစ်ကို ရှာဖို့ပဲ၊ သတင်းကို အရင် စုံစမ်းလိုက်၊ ပြီးတော့မှ မနက်ဖြန် ငါတို့ တူညီတဲ့ အချိန်မှာပဲ တွေ့ကြမယ်”

တုရွှယ်ဖုန်းက ခေါင်းကို ဆက်တိုက် ဖိပွတ်နေသော လက်ကို ပြန်ချလိုက်ပြီးနောက် စကားပြောခန်းကို အဆုံးသတ်ပြီးသည်နှင့် ပြန်ထွက် လာခဲ့လိုက်သည်။

အသုံးဝင်သော အချက်အလက် မရသောအခါ ဒီနေရာတွင်လည်း ဆက်ထိုင်နေရန် မလိုအပ်တော့ပါပေ။

သူတို့ နှစ်ယောက်က တစ်လကျော်ကျော်ခန့် ကြာပြီးနောက် ပထမဦးဆုံးအကြိမ် ပြန်တွေ့သည်။ ထို့နောက် ဆယ်မိနစ်ပင် မကြာခင် လူစုခွဲလိုက်၏။

ယန်ချွယ်က တစ်ရက်တည်းနှင့် အသုံးဝင်သော အချက်အလက်များကို ရှာတွေ့နိုင်ခြင်း ရှိမရှိ ဆိုသည့် အတွက်ကမူ …

ဖုန်းကျန်းကလည်း အိပ်မက် မက်နေသည်ဟုသာ ပြောရပေမည်။

ယန်မိသားစုက အခြေစိုက် စခန်းထဲတွင် ကြာရှည်စွာ ကိုင်ဆွဲထားသော တည်ငြိမ်သော အင်အားမျိုးက ဖုန်းကျန်းဘက်မှ ကြာရှည်စွာ မြုပ်နေခဲ့သော ဆူးဖြစ်နေပုံရသည်။ သူသည် သည်စီမံကိန်းတွင် အပြည့်အဝ ပူးပေါင်း ပေးထားသည်။ ကောင်းမွန်သော ပါတနာကို ပိုင်ဆိုင်ထားခြင်းက ကိစ္စများကို လုပ်ဆောင်ရာတွင် ပို၍ပင်အဆင်ပြေ ချောမွေ့စေသည်။

ယန်ချွယ်က သတင်းကို စုံစမ်းရန် လူလွှတ်မည့် အကြောင်းကို မျှော်လင့်ထားပြီးသား ဖြစ်သည်။ ရရှိသော သတင်းက မှန်ကန် မမှန်ကန်ဆိုသည့် အခြေအနေကမူ ….

ဒါဟာ ကြားရသော သူတို့၏ ကြားချင်သော သတင်း ဟုတ်မဟုတ် ဆိုသည့် အချက်အပေါ် မူတည်သည်။ ထိုသတင်းများ အားလုံးကလည်း အတုအယောင်များသာ မဟုတ်ချေ။ အစစ်အမှန်နှင့် အတုအယောင်ကို ရောနှောထားမှသာ လက်ခံနိုင်ခြေ ပိုများပေလိမ့်မည်။

နောက်တစ်ရက်တွင် ယန်ချွယ်က သူ၏မနေ့က စိုးရိမ် သောကများ ကင်းရှင်းနေပုံရပြီး တုရွှယ်ဖုန်းအား အသစ်စက်စက် ရထားသော သတင်းများကို ပြောပြ၏။

“အခြေစိုက် စခန်းက ဘာလို့ အကြီးကြီး လှုပ်ရှားနေလဲ ဆိုတာ ငါ သိလာပြီ”

“ပြောပါအုံး”

ကောင်းကောင်း အိပ်စက်ပြီးသောအခါ တုရွှယ်ဖုန်းကလည်း မနေ့ကထက် ပို၍ တည်ငြိမ်သည်။

“သိပ်မကြာခင်ကမှ ဖုန်းကျန်းက လူလွှတ်ပြီးတော့ လက်နက်တိုက်ထဲက လက်နက်တွေ အပြုံလိုက် ယူခိုင်းခဲ့တယ်၊ အခြေစိုက်စခန်းရဲ့ ဂုဏ်သတင်းက တိုးတက်သွားတယ်၊ သူက ဒီအခြေအနေကို အခွင့်ကောင်းယူပြီး ငါ့ကို ကိုင်တွယ်ချင်တာ၊ ငါ့ဆီကနေ အင်အား နည်းနည်းကို ယူသွားတာလေ၊ အဲ့ဒီလိုနဲ့ အခြေစိုက် စခန်းကို ပိုပြီး ထိန်းချုပ်ချင်တာပေါ့”

“နောက်ပြီး အားကိုး ယုံကြည်လို့ရတဲ့ သတင်းအရင်းအမြစ်က ဘယ်မှာလဲ”

“ယုံကြည်လို့ ရတယ်၊ ဒီတစ်ခေါက်မှာ ငါက အခြေစိုက် စခန်းထဲမှာ ခပ်နက်နက် မြှုပ်ထားတဲ့ ဆူးချွန်တွေကို သုံးပြီး အချက်အလက်တွေကို စုဆောင်းလိုက်တာ၊ ဒီလူတွေက ငါ့လူတွေဆိုတာ ဘယ်သူမှ မသိဘူး”

ယန်ချွယ်ကလည်း ထိုလူများကို အလွန်ယုံကြည်သည်။ ထိုလူများအားလုံးကို သူကိုယ်တိုင် လေ့ကျင့်ပေးထားခြင်း ဖြစ်သည်။ ထို့ကြောင့် ဘယ်သောအခါမှ သူ့ကို သစ္စာဖောက်လိမ့်မည် မဟုတ်ပေ။

“အခု ဖုန်းကျန်းရဲ့ရည်ရွယ်ချက်က ဘာဆိုတာကို ငါ သိရပြီ၊ ဆိုတော့ ဖြေရှင်းချက်ကို ရှာဖို့ ဦးတည်ရာဘက် သိပြီ”

သတင်းအချက်အလက်၏လားရာက ယုံကြည်အားကိုးရကြောင်း နားလည်လိုက်သည်နှင့် တုရွှယ်ဖုန်း၏ အမူအရာက အေးဆေးသွား၏။

205 02

“အင်း သူတို့က မင်းကို တိုက်ခိုက်ချင်တယ် ဆိုကတည်းက ငါတို့က ဘာလို့ ဒီအခြေအနေကို အခွင့်ကောင်း ယူပြီး Hမြို့ရဲ့ စီမံခန့်ခွဲမှုကို ဖမ်းဆုပ်လို့ သူတို့ ရထားတာထက် ပိုဆုံးရှုံးသွားအောင် မလုပ်ရမှာလဲ”

တုရွှယ်ဖုန်း၏ အကြံပြုချက်ကို ရသောအခါ ယန်ချွယ်က ချက်ချင်း မတုံ့ပြန်လိုက်သေးပေ။ သူသည် တိုင်းတာနေသည်။ အောင်မြင်နိုင်ခြေ ရှိမရှိ သိမ်းယူနိုင်ခြေ ရှိမရှိ တိုင်းတာနေသည်။ မည်သို့ပင်ဆိုစေ အာဏာဆိုသော အရာက လူတိုင်း၏ နှလုံးသားကို လှုပ်ခတ်စေသည်။ ယန်ချွယ်က သဘောတူလိုက်၏။

သူ၏ အာဏာအပေါ် တပ်မက်သော စိတ်ကို မည်သည့် အရင်းအနှီးကမှ မတွန်းလှန်နိုင်ချေ။ သူ၏နှလုံးသားကလည်း သူဟာ Hတစ်မြို့လုံးကို ထိန်းချုပ်နိုင်မည်ဆိုသော အကြောင်းအရာကို တွေးမိရုံနှင့် စိတ်လှုပ်ရှားမှုများ ပြည့်နှက်လာသည်။ တုရွှယ်ဖုန်းက ယန်ချွယ်က စိတ်လှုပ်ရှားစွာ ထွက်သွားကြောင်းကို ကြည့်နေရင်း သူ၏ မျက်လုံးထဲမှ ရည်မှန်းချက် ကြီးသော အလင်းက လက်သွားသည်။ ထို့နောက် သုတေသနကျောင်းဘက်သို့ ပြန်ထွက်လာလိုက်၏။

ယန်ချွယ်က စံအိမ်သို့ ပြန်သွားပြီး သူ၏လူများ အားလုံးကို ဆင့်ခေါ်ကာ ပြန်လည်တိုက်ခိုက်ရန် အစည်းအဝေး ထိုင်သည်။ အတွင်းဘက်မှ ခေါင်းကြည်သောသူများက ယန်ချွယ်၏အကြံအစည်ကို ကြားပြီးသည်နှင့် ကြောက်လန့်တကြား ဖော်ပြကြ၏။

“သခင် ငါတို့ ရထားတဲ့ သတင်း အချက်အလက်တွေက အရမ်းကို ယေဘူယျ ဆန်တယ်၊ တစ်ဖက်သူက ဒီအကြံအစည်နဲ့ ပတ်သက်ပြီး ယာယီ ပြောင်းလဲမှု လုပ်လိုက်မယ်၊ မူလ အကြံအစည်အတိုင်း မလုပ်တော့ဘူးဆိုရင် ငါတို့ အလဟသ ဖြစ်သွားမှာနော်”

“ဟုတ်တယ် ဟုတ်တယ်။ မိသားစုခေါင်းဆောင် မလှုပ်ရှားခင် အရင်ဆုံး နှစ်ကြိမ်လောက် ထပ်တွေးပါအုံး၊ ဒီစီမံကိန်းရဲ့ အရင်းအနှီးက တအားကြီးတာနော်၊ လူတွေ အားလုံးကို လွှတ်လိုက်မယ်ဆိုရင် သခင့်ရဲ့လုံခြုံရေးကို ဘယ်သူက ကာကွယ်မှာလဲ”

“ကောင်းပြီ ကောင်းပြီ ငါ စိတ်ဆုံးဖြတ်ပြီးပြီ၊ ငါ့ရဲ့ ညွှန်ကြားချက်အတိုင်းကို သာ လိုက်လုပ်ကြ၊ ငါ့ရဲ့ လုံခြုံရေးကို ကာကွယ်တဲ့လူက ရှိမှာပေါ့”

ယန်ချွယ်က အာဏာအတွက် ရူးသွားပြီး လက်အောက်ငယ်သားများက ပေးသော ထင်မြင်ချက်များကို နားထောင်ရန် ငြင်းဆန်လိုက်ကာ သူ့ဘာသာသူ လှုပ်ရှားရန် ဆုံးဖြတ်လိုက်သည်။ ဒါကလည်း ယန်မော့ အလိုချင်ဆုံးကိစ္စ ဖြစ်လေသည်။

******

All Chapters