အခန်း ၂၀၆
Vol. 21 Ch. 206
206 01
အပိုင်း ၂၀၆ ယန်မိသားစု၏ ပျက်စီးမှု
အခြေစိုက်စခန်းထဲမှ အဓိက အင်အားစု နှစ်စုက တစ်ချိန်တည်း လှုပ်ရှားလိုက်လေရာ အခြေစိုက် စခန်းကြီးတစ်ခုလုံး၏ လေထုအခြေအနေက အလွန်အမင်း တင်းကြပ်နေသည်။
သာမန်လူများကလည်း ဘာဖြစ်နေမှန်း မသိကြပေ။ သို့သော် တင်းကြပ်သော လေထု၏ သက်ရောက်မှုကို ခံရလေသည်။ သူတို့သည် ပို၍ပင်သတိထားကာ စကားပြော လှုပ်ရှားကြသည်။ ပုံမှန်အားဖြင့် ပြဿနာရှာ တတ်သော လူရမ်းကား နှစ်ယောက်က တိတ်သွားကြ၏။ နှစ်ဖက်လုံးက ပြင်းထန်သော ပြင်ဆင်မှုကို လုပ်ကြသည်။ စစ်ပွဲက ဖြစ်ပျက်တော့မည့် လက္ခဏာမျိုး ဖြစ်သည်။
အရေးမပါသော ကိစ္စများ အားလုံးကို ဘေးဖယ်ထုတ်ထားပြီးသော ယန်မော့တို့အဖွဲ့က စိတ်ငြိမ်သွားကြပြီး သူတို့၏အခြေအနေကို ညှိယူကြသည်။
အကောင်းဆုံး အနေအထားမျိုးဖြင့် လာရောက်မည့် တိုက်ပွဲကို ပြင်ဆင်ကြလေသည်။
တိုက်ပွဲက အလွန်အမင်း သာမန်ကျသော နေ့လည်ခင်း တစ်ခုတွင် ဖြစ်ပွားသည်။
ကိစ္စ၏လားရာက အလွန်ရိုးရှင်းသည်။ ယန်မိသားစုနှင့် အခြေစိုက်စခန်းထဲမှ အရာရှိ အင်အားစုတို့၏အဖွဲ့က တာဝန်ခန်းမထဲတွင် ထိပ်တိုက် တွေ့ဆုံကြခြင်း ဖြစ်သည်။ နှစ်ဖက်လုံးက တစ်ဖက်ကိုတစ်ဖက် အထင်သေးကြသည်။ ထိုသို့ဖြင့် နှုတ်ဖြင့် အရင် စကားများကြသည်။ ထိုသို့ဖြင့် ဝရုန်းသုန်းကား ဖြစ်လာကြပြီး မည်သည့်ဘက်က စတင် တိုက်ခိုက်လိုက်မှန်း မသိဘဲ နှစ်ဖက်လုံးက လူရှေ့တွင်ပင် ရန်ဖြစ်ကြသည်။
အရာရှိ အင်အားစုနှင့် ယန်မိသားစု၏ အင်အားစုက လုံးဝမသင့်မြတ်ကြပေ။ နှစ်ဖက်လုံးမှ ဆက်ဆံရေးကလည်း ယခုထက် ပို၍ပင်ဆိုးရွားလာသည်။ ထို့ကြောင့် လုံးဝ ပေါက်ကွဲသော အနေအထားမျိုး ဖြစ်သည်။
သေးငယ်သော ချုပ်ထိန်းမှုက ကြီးမားသော ကိစ္စကြီး ဖြစ်သွားသည်။ နဂိုကတည်းက တိုက်ခိုက်ရန် ပြင်ဆင်ထားပြီးသား နှစ်ဖက်လုံးကလည်း စတင်ကာ တိုက်ခိုက်ကြတော့သည်။
ရှုရှင်းတို့ အဖွဲ့က အိမ်တွင် ညစာ စားရန် ပြင်ဆင်နေချိန်တွင် ထိုသတင်းကို ရလိုက်သည်။
“ကြည့်ရတာ ငါတို့ ဒီညစာ မစားရတော့ဘူးဘဲ”
ထိုသို့ပြောပြီးသည်နှင့် သူမက ပစ္စည်းများ အားလုံးကို ခပ်မြန်မြန် ပြန်သိမ်းသည်။
“အကြာကြီး လှုပ်ရှားပြီးတဲ့ နောက်မှာ နောက်ဆုံးတော့ လှုပ်ရှားပြီ”
ပုရှန်းဝမ်ကလည်း လက်ခုပ်တီးသည်။ သူသည် စိတ်လှုပ်ရှားနေ၏။
“ဆယ်မိနစ် အဝတ်အစားလဲ၊ လိုအပ်တဲ့ ပစ္စည်းတွေ ယူပြီးတာနဲ့ အစီအစဉ်အတိုင်း သွားမယ်၊ မနက်ဖြန် အာရုဏ်တက်ချိန်မှာ အခြေစိုက် စခန်းထဲက ယန်မိသားစု အဖွဲ့ဝင်တွေကို မမြင်ချင်တော့ဘူး”
နံဘေးနားတွင် စိတ်လှုပ်ရှားစွာ ရပ်နေသော ချီမိုင်ကို ကောက်မပြီးသည်နှင့် စကားတစ်ခွန်း မဆိုဘဲ အိပ်ခန်းထဲသို့ အပြေးဝင်သည်။ ထိုအခြေအနေကို မြင်သောအခါ အားလုံးကလည်း အခန်းအသီးသီးသို့ ဝင်ကာ အဝတ်အစား လဲကြသည်။
သူတို့၏ လှုပ်ရှားမှုများကလည်း လိုအပ်သည်။ သို့သော် သူတို့သည် ပို၍ပင် သိုသိုသိပ်သိပ်နိုင်မည့် အဝတ်အစားမျိုးကို ပြောင်းလဲ ဝတ်ဆင်ရလေသည်။ ပုရှန်းဝမ်၊ မူချီမိုင်နှင့် ပုယွမ်ကျိုးတို့က အခြေစိုက်စခန်းကို အရင်သွားရောက် ကူညီပေးသည်။ သူတို့ သုံးယောက်က တိုက်ခိုက်နိုင်စွမ်းအား ပြင်းထန်သည်။ ထို့ကြောင့် သိပ်မကြာခင်မှာပင် အခွင့်ကောင်း ရလာကြပြီး ယန်မိသားစု၏ အင်အားစုကို ဖိနှိမ့်၍ တုရွှယ်ဖုန်း၏ အာရုံကို အနှောင့်အယှက် ဖြစ်အောင် ကူညီပေးရန် သူတို့၏လက်ကို လှုပ်နိုင်သွားသည်။
ယန်မော့နှင့် ရှုရှင်းတို့က နှစ်ဖက်ကြားမှ တိုက်ပွဲ၏ ကြမ်းတမ်းသော အခြေအနေကို အခွင့်ကောင်း ယူခြင်းအားဖြင့် ယန်ချွယ်နေသော စံအိမ်သို့ သွားရောက်ပြီး တစ်တိုက်လုံးကို သွားရှင်းသည်။ ယန်ချွယ် ကိုယ်တိုင်လည်း ပါ၏။
သူတို့ နှစ်ယောက်က အနောက်တံခါးမှ အစောင့်ကို သတ်ပြီးသည်နှင့် စံအိမ်ထဲသို့ ဝင်သည်။ အခြားသော ခြံဝန်းထဲမှ အစောင့်များကပင် သတိမထားမိကြပေ။
စံအိမ်၏ အနီးအနား အားလုံးကို ဖွင့်ထားသည်။ အတွင်းမှ ခပ်တိုးတိုး စကား ပြောသံကိုပင် ကြားနိုင်၏။
ယန်မော့က ရှုရှင်းကို ထောင့်တစ်နေရာတွင် ပုန်းနိုင်အောင် ခေါ်သွားပြီးနောက် သူ၏ စိတ်စွမ်းအားကို ဖြန့်ကျက်လိုက်ကာ အခြေအနေ စုံစမ်းသည်။
206 2
သူ၏နံဘေးမှ ရှုရှင်းကိုလည်း ပြန်လည်ပြီး ပြောပြရသေးသည်။
ရှုရှင်းကလည်း ဟန်အမူအရာပြပြီး ရယ်သည်။
ယန်ချွယ်ဟာ သေအောင် ကြောက်နေသည်မှာ မှန်ကန်သည်။ စံအိမ်ထဲတွင်လည်း အဆင့် ၄ စွမ်းအားပညာရှင် တစ်ယောက်ကို ထားထားသလို အဆင့် ၃ အဆင့်က ငါးယောက် ရှိနေသည်။ ထို့အပြင် အဆင့် ၂ က ဆယ်ယောက်ပင် ရှိနေ၏။
ထိုမျှ လူပေါင်းများစွာ ရှိသည်။ ထို့ကြောင့် အချို့သော လူများကို မျှထုတ်ရန် လိုအပ်သည်။ ရှုရှင်းကလည်း သူမ၏လက်ထဲမှ ချိန်ကိုက်ဗုံး၏ ခလုတ်ကို နှိပ်လိုက်သည်။
ဘန်း
စံအိမ်၏ အဓိက ဝင်ပေါက်နားတွင် ဖောက်ခွဲမည့် ပစ္စည်းများကို ချထားလိုက်ပြီး နံရံဘေးထောင့်နားတွင် တစ်ခု၊ ခြံ၏အလယ်နားတွင် တစ်ခု ထားလိုက်သည်။
ဗုံးသုံးလုံးက တစ်ချိန်တည်းတွင်ပင် ပေါက်သွားသည်။ စံအိမ်တစ်ခုလုံးကပင် လှုပ်ခါသွား၏။
စံအိမ်ထဲတွင် ထိုင်နေသော ယန်ချွယ်ကလည်း ငြိမ်ငြိမ် မထိုင်နိုင်တော့ဘဲ ခပ်မြန်မြန် လူလွှတ်ကာ ခြံတစ်ခုလုံးကို စစ်ဆေးခိုင်းရသည်။ စံအိမ်တစ်ခုလုံးက ဝရုန်းသုန်းကား ဖြစ်သွား၏။
အချိန်တို တစ်ခုအတွင်း ပြန်မလာနိုင်သော အဆင့် ၃ နှစ်ယောက်နှင့် အဆင့် ၂ ဆယ်ယောက်တို့က လွဲပြီး အဆင့် ၄ တစ်ယောက်နှင့် အဆင့် ၃ သုံးယောက်တို့က ကျန်ရစ်ခဲ့သည်။ ထို့ကြောင့် အခြားလူများ ပြန်မလာသေးခင် သူတို့ကို ရှင်းရန် မခက်ခဲပါပေ။
ယန်မော့က ရှုရှင်းကို တစ်ချက်ကြည့်သည်။ ရှုရှင်းကလည်း သူ၏ဆိုလိုရင်းကို နားလည်သည်။ သူမက သင့်တော်သော နေရာကို နောက်ဆုတ်လိုက်ပြီး နေရာလပ် နယ်မြေထဲမှ စက်သေနတ်ကို ထုတ်ကာ သူ့ကိုပေး၏။
နေရာကောင်းနှင့် ရှုထောင့်ကို ကောင်းကောင်း ချိန်ပြီးသည်နှင့် ယန်မော့က သူ၏ စိတ်စွမ်းအားဖြင့် စုံစမ်းထားသော နေရာကို သုံးချက် ပစ်လိုက်သည်။ ထို့နောက် တစ်ဖက်သူကို တုံ့ပြန်ရန် အခွင့်အရေး မပေးခဲ့ပေ။
ထိုစက်သေနတ်ဟု ခေါ်သော်လည်း ပုံသဏ္ဍာန်တူသည့် အသံတိတ် ပစ်ခတ်နိုင်သော လက်နက် တစ်မျိုးဖြစ်ပြီး သာမန်ဖောက်ခွဲရေး ပစ္စည်းကဲ့သို့ ကျယ်လောင်သော အသံမျိုးကို သယ်ဆောင်ထားသည်။ ထို့ကြောင့် ဆူညံသံများ ဖြစ်ပွားခြင်း မရှိပါပေ။
ယန်မော့က သူ၏စိတ်စွမ်းအားကို အသုံးပြုထားပြီး ပတ်ဝန်းကျင် တစ်ခုလုံးကို ကာထားပြီးသား ဖြစ်သည်။ သူသည်လည်း တိုက်ခိုက်နေရင်းမှ ထိုနည်းလမ်းကို မတော်တဆ သိလာခဲ့ခြင်းလည်း ဖြစ်သည်။
ထိုသို့ဖြင့် တိုက်ခိုက်သူ၏ စိတ်စွမ်းအားကို ချက်ချင်းဆိုသလို အင်အား မြှင့်လိုက်ခြင်းအားဖြင့် လေထဲတွင် ပေါက်ကွဲ ထွက်လာသော ကျယ်လောင်သော အသံကိုပင် ချုပ်ထိန်းနိုင်စွမ်းအားရှိသည်။ ထိုကဲ့သို့သော စွမ်းအား အားဖြည့်မှုမျိုးဖြင့် တိုက်ခိုက်လိုက်သည့် တိုက်ကွက်မျိုးကို အထင်သေး၍ မရပါပေ။
ထိုသို့ဖြင့် သုံးကြိမ်ဆက်တိုက် ပစ်ခတ်ပြီးနောက် စံအိမ်အတွင်းမှ ကျန်ရစ်သော စိတ်စွမ်းအားပညာရှင် သုံးယောက်ခန့်က သေဆုံးသွားကြပြီး အဆင့် ၄ တစ်ယောက်ကသာ ပြင်းပြင်းထန်ထန် ဒဏ်ရာရရင်း ကျန်ရစ်၏။
ယန်ချွယ်က သေရမည်ကို ကြောက်ရွံ့သည့်တိုင်အောင် သူသည်လည်း မြောက်မြားလှစွာသော သလင်းအမြူတေများကို အသုံးပြုခဲ့ပြီး အဆင့် ၄ ဖြစ်လာသည့်အချက်ကို ကျေးဇူးတင်ရမည်။ ထိုနည်းအားဖြင့် သူသည် အသက်ရှင်သွားပြီး ချက်ချင်း မသေသွားခဲ့ချေ။
******